ⓘ Free online encyclopedia. Did you know? page 103



                                               

ကွားလားကောင်

ကွားလားကောင်သည် ဩစတြေးလျတိုက်တွင် တွေ့ရ သော သားပိုက်ကောင် တစ်မျိုးဖြစ်၍ ဝက်ဝံနှင့် တူသည်။ ကိုလာဝက်ဝံဟုလည်း ခေါ်သည်။ တိရိစ္ဆာန်ငယ် တစ်မျိုးဖြစ်၍ သစ်ပင်တက်နိုင်သည်။ ယင်း၌ ဝဖိုင့်သောကိုယ်လုံး၊ တိုတုတ်သော ခြေထောက်နှင့် ထူထဲသော အမွေးနုများ ရှိ၍ အမြီးမ ...

                                               

ကွိုင်းယုတ်

ကွိုင်းယုတ် ကို အမေရိကန် ခွေးအ သို့မဟုတ် ပရေရီဝံပုလွေ ဟုလည်း ခေါ်ဆိုကြသည်။ ခွေးမျိုးရင်းဝင်ဖြစ်ပြီး မြောက်အမေရိက နှင့် အလယ်အမေရိက တလျှောက်တွင် တွေ့ရသည်။ တောင်ဘက် ပနားမားနိုင်ငံမှ စ၍ မက္ကဆီကိုနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံများတွင် တွေ့ ...

                                               

ချင်ချီလာရှဉ့်

ချင်ချီလာ သည် လှပသော ရှဉ့်ကလေးတစ်မျိုးသည် တောင်အမေရိကတိုက်ရှိ မြင့်မားသော အန်းဒီးတောင်တန်းများပေါ်၌ နေထိုင်သည်။ နူးညံ့သောသားမွေးရှိခြင်းကြောင့် ချင်ချီလာ ရှဉ့် ကလေးများသည် လူတို့၏ ရှာဖွေသတ်ဖြတ်ခြင်းကို ခံကြရလေသည်။ ဤရှဉ့်ကလေးမျိုးသည် ပူးအနွယ်ဝင်ဖြ ...

                                               

ချင်ပန်ဇီမျောက်ဝံ

လူနှင့် ပုံပန်းအနီးစပ်ဆုံး သတ္တဝါများဖြစ်သော မျောက်ဝံ မျိုး အားလုံးထဲ၌ အာဖရိကတိုက်ရှိ ချင်ပန်ဇီခေါ် မျောက်ဝံ တစ်မျိုးမှာ လူသိအများဆုံး ဖြစ်သည်။ ကမ္ဘာတစ်ဝှန်းလုံးရှိ တိရစ္ဆာန်ရုံအသီးသီး၌ ချင်ပန်ဇီမျောက်ဝံများကို မလွဲတမ်း တွေ့နိုင်သည်။ ကမ္ဘာအနှံ့ က ...

                                               

ချစ်ပမန့်ရှဉ့်

ချစ်ပမန့်ခေါ် ချစ်စရာကောင်းသော ရှဉ့်ကလေးတစ်မျိုးကို မြောက်အမေရိကတိုက်၌ တွေ့ရသည်။ ယင်း၏အရွယ်မှာ နှာဖျားမှ အမြီးဖျားအထိ ၉ ၁/၂ လက်မ ၁ဝ လက်မခန့် ရှည်၍၊ ကြွက်၊ ပူးတို့ကဲ့သို့ ကိုက်ဖြတ်သတ္တဝါမျိုးပင် ဖြစ် သည်။ နှုတ်သီးချွန်၍ အမြီးစုတ်ဖွား ဖြစ်သည်။ အရော ...

                                               

ချေ၊ (ဂျီ)

ချေ ကို မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်ဝမ်၊ ဂျားဗားကျွန်း၊ ဆူမတြားကျွန်း၊ ဂျပန်နိုင်ငံတို့တွင် တွေ့ရသည်။ ချေကို ဂျီဟုလည်း ခေါ်ကြသည်။ စာရေးဆရာအချို့က "ဂျီ" ဟုပင် ရေးလေ့ရှိကြသည်။ ဟောက်ကောင်ဟုလည်း ခေါ်သည်။ ချေသည် သမင်မျိုးဝင် တိရစ္ဆာန်ဖြစ်ပြီး အိမ်မွေ ...

                                               

ခွေးတူဝက်တူ

ခွေးတူဝက်တူဟူသော အမည်ကပင် ထိုတိရစ္ဆာန်မျိုး၏ ပုံပန်းသဏ္ဌာန်ကို ဖော်ပြလျက် ရှိပေသည်။ ဝက်ဝံနှင့်လည်း ဆင်တူ၏။ ခွေးတူဝက်တူသည် လူကို ရန်မမူဘဲ အေးအေးပင် နေလေ့ရှိသည်။ သို့သော် သားစားတိရစ္ဆာန်မျိုး ဖြစ်သည့် အတိုင်း တိရစ္ဆာန်ငယ်ကလေးများကို ဖမ်းဆီးသတ်ဖြတ်၍ ...

                                               

ခွေးအ

အိမ်ခွေးများသည် ခွေးအတို့မှ ဆင်းသက်ပေါက်ဖွားလာကြ သည်ဟု သုတေသီများက ယုံကြည်ကြလေသည်။ ခွေးအ သည် အိမ်ခွေးနှင့် ဆင်ဆင်တူသော်လည်း ကိုယ်လုံးသေး၍ နှုတ်သီး ချွန်သည့်အတွက် မြေခွေးနှင့် သာ၍တူသည်။ အရောင်မှာ အဝါ ညစ်ဖြစ်၍ ကျောဘက်တွင် အရောင်ပိုမွဲလာပြီးလျှင် ရင ...

                                               

ဂက်ဇယ်ဆိတ်

အာဖရိကတိုက်နှင့် အာရှတိုက်တို့တွင် အလွန်နှစ်သက်ဖွယ်‌ကောင်းသည့် ‌တောဆိတ် အမျိုး‌ပေါင်း ‌မြောက်မြားစွာရှိ ‌သေးသည်။ ယင်းတို့အနက် ဂက်ဇယ်‌ဆိတ်တစ်မျိုးသည် အလွန်လှပ‌လေသည်။ ဂက်ဇယ်ဆိတ်များသည် ‌ပေါ့ပါး ‌သေးသွယ်‌သော ကိုယ်လုံးရှိကြသည်။ ‌ခြေ‌ထောက်များ မှာလည်း ...

                                               

ဂင်းစဗုတ်တောဆိတ်

ဂင်းစဗုတ်တောဆိတ်ကို ဂျမ်းဘော့တောဆိတ်၊ ဂင်းစဗုတ်ဆိတ်သမင်၊ ဂျမ်းဘော့ဆိတ်သမင်ဟုလည်း ခေါ်သည်။ အာဖရိကတိုက်တောင်ပိုင်းရှိ ခြောက်သွေ့သောအရပ်များတွင် ကျက်စားသော တောဆိတ် တစ်မျိုး ဖြစ်သည်။ နမီးဘီးယား၊ ဘော့ဆွာနာနှင့် တောင်အာဖရိကနိုင်ငံများတွင် တွေ့ရသည်။ ‌ထိ ...

                                               

ဂိုးရယ်

ဂိုးရယ် သည် Nemorhaedus သို့မဟုတ် Naemorhedus ဟူသော မျိုးစု၌ မျိုးစိတ် လေးခု ရှိသည်။ ဆိတ်လိုလို ဒရယ်ငယ်လိုလို ပုံပန်းသွင်ပြင်ရှိသော ခွာပါသည့် အကောင်ငယ်မျိုး ဖြစ်သည်။ မူရင်းအမည်မှာ လက်တင်စာလုံးဖြစ်သည့် nemor-haedus ဖြစ်ကာ nemus, nemoris သူဌေး နှင့ ...

                                               

ဂေါ်ရီးလားမျောက်ဝံ

ဂေါ်ရီးလားမျောက်ဝံတို့သည် အာဖရိကတိုက် အနောက်ပိုင်း ရှိ တောနက်ရာဒေသများတွင် နေထိုင်ကြသည်။ ဂေါ်ရီးလား သည် လူနှင့်အတူဆုံးသော မျောက်ဝံမျိုး ဖြစ်သည်။ မျောက်ဝံ မျိုးအားလုံးတွင် ဂေါ်ရီးလားသည် အကြီးဆုံးဖြစ်၏။ ရှားလည်း အရှားပါးဆုံး ဖြစ်သည်။ ဂေါ်ရီးလား၌ အမ ...

                                               

ဂျာဗိုးအာကောင်

ဂျာဗိုးအာကောင်သည် အာရေဗျနိုင်ငံနှင့် မြောက်အာဖရိကတိုက်တို့တွင် များသောအားဖြင့် တွေ့ရသော နို့တိုက်သတ္တဝါတစ်မျိုး ဖြစ်၏။ ဒစ်ပိုဒီဒီးမျိုးရင်းတွင် ပါဝင်၏။ ယင်း၌ ကြွက်သွားကဲ့သို့ သေးငယ်၍ ချွန်ထက်သော သွားမျိုး ရှိသည်။ အီဂျစ်နိုင်ငံရှိ ဂျာဗိုးအာကောင်မှ ...

                                               

ဂျိုက်ဂွါး

ဂျိုက်ဂွါး ကျားသစ် သည် ပင်သီရာအုံကာ မျိုးစိတ်ဖြစ်၍ ကြောင်မျိုးရင်း ဝင်ဖြစ်ပြီး တောင်အမေရိကနှင့် အမေရိကအလယ်ပိုင်းတွင် နေထိုင်ကျက်စားကြသည်။ ဂျိုက်ဂွါးသည် ကျားနှင့် ခြင်္သေ့တို့ ပြီးလျှင် တတိယမြောက် အကြီးဆုံးသော ကြောင်မျိုးရင်းဝင် သတ္တဝါဖြစ်သည်။ အနေ ...

                                               

စပရင်းဗုတ်‌တောဆိတ်

စပရင်းဗုတ်တောဆိတ် သည် အရွယ်အစား အလယ်အလတ်ရှိပြီး အဖြူရောင်နှင့် အညိုရောင်ရှိသည့် တောဆိတ် တစ်မျိုး ဖြစ် သည်။ စပရင်းဘော့တောဆိတ်ဟုလည်း အသံထွက်သည်။ အာဖရိကတိုက်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် တွေ့ရသည်။ တောင်အာဖရိက၊ နမီးဘီးယား၊ ဘော့ဆွာနာနှင့် အင် ...

                                               

စာမရီ

စာမရီ သည် နွားမျိုးရင်းဝင်ဖြစ်၍ ယင်းကို "အောင်း"ဟူ၍လည်းခေါ်ကြသည်။ မြေမျက်နှာပြင်မှ ပေ ၁၆၀၀၀ ကျော်မြင့်သော တိဗက်ဒေသတွင် တွေ့ရသည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံရှိ အချို့ဒေသများတွင်လည်း တွေ့နိုင်သည်။ စာမရီ၏ အမြင့်သည် ပခုံး၌တိုင်းလျှင် ၆ ပေကျော်သ ...

                                               

စားမြုံ့ပြန်ကောင်

စားမြုံ့ပြန်တတ်သည့် သတ္တဝါများတွင် နွား၊ သိုး၊ ကုလားအုပ်၊ သမင်၊ ဆိတ်၊ တောဆိတ်၊ သစ်ကုလားအုပ် စသော တိရစ္ဆာန်များ ပါဝင်သည်။ ဤတိရစ္ဆာန်များ၌ ထူးဆန်းသော အစာချေနည်းရှိသည်။ အများ အားဖြင့် ယင်းတိရစ္ဆာန်များသည် အစာကို ကြိတ်ခြင်းမပြုဘဲ တံထွေးနှင့်ရော၍ မျို ...

                                               

စိုင်

စိုင်သည် သတ္တဗေဒအရ ဗိုင်ဗော့ ဗန်တင်းဗာမင်နိ ကပ်ဖြစ်သည်။ ဗိုးဗိဒီးမျိုးရင်းတွင်ပါဝင်သည်။ ပြောင်ထက်အရွက်ငယ်၍ ကိုယ်လုံးထွားကျိုင်းသည်။ အမြင့် ၅ ပေခွဲရှိ သည်။ထို့ထက်မြင့်သော စိုင်များ လည်းရှိသည်။ ဦးချိုမှာ ပျမ်းမျှခြင်းအားဖြင့်၂၄ လက်မရှည်၍၊ လုံးပတ် ၁ ...

                                               

ဆင်

ရှေးပဝေသဏီအခါက ကမ္ဘာမြောက်ဘက်ခြမ်း၌ ဆင်ကြီးများ ကျက်စားခဲ့ကြသည်။ ယခုအခါ ထိုဆင်ကြီးမျိုးမှ ဆင်းသက်သော ဆင်အမျိုးနှစ်မျိုးကိုသာလျှင် တွေ့ရှိနိုင်တော့သည်။ ယင်းတို့မှာ အဲလီဖတ် အာဖရိကန်နပ်ခေါ် အာဖရိကဆင်မျိုးနှင့် အဲလီဖတ် အာရှတိကပ်ခေါ် အာရှဆင်မျိုးတို့ဖ ...

                                               

ဆင်အမျိုးအစားများ (မြန်မာ)

အရှားပါးဆုံး အမျိုးအစား ဖြစ်သည်။ မွေးကတည်းကပင် အစွယ်တစ်ချောင်းတည်းသာ ပါ၏။ အစွယ်မှာ အလွန် သန်မာထွားကျိုင်းပြီး ထိုတစ်ချောင်းတည်းသော အစွယ်ကို အလွန် အားကိုးသော ဆင် ဖြစ်သည်။ ထို့ကြောင့် တည်ဆင်များသည် များသော အားဖြင့် အုပ်မှ ထွက်၍ ထီးတည်း နေတတ်ကြသည်။ ...

                                               

ဆတ်

ဆတ်၌ တင့်တယ်ကြီးမားသော ဦးချိုများရှိသည်။ အသား အတွက်၎င်း၊ ဦးချိုအတွက်၎င်း လူတို့သည် ဆတ်များကို လိုက် လံပစ်ခတ်တတ်ကြသည်၊ ဆတ်ချိုကို အိမ်တွင်းအလှအပ ပစ္စည်း အဖြစ်ဖြင့် ထားလေ့ရှိကြ၏။ ဆတ်ချိုနုသည်ကား ဆေးဘက် ဝင်၏။ ဆတ်သည် ကိုယ်ထည်ကြီးမားသည်။ ပျမ်းမျှခြင်း ...

                                               

ဆတ်ကျွဲ

ဆတ်ကျွဲ ကို ဝိုင်းလ်ဒီးဘီးစ် ဟုလည်းကောင်း၊ နူး‌ ဟုလည်းကောင်း ခေါ်တွင် သည်။ နူး‌တောဆိတ်၊ နူး‌သမင် စသည်ဖြင့်လည်း ခေါ်တွင်သည်။ ဘိုဗီးဒီးမျိုးရင်းတွင် ပါဝင်သည်။ မျိုးစိတ်နှစ်မျိုး ရှိသည်။ ဆတ်ကျွဲနက်နှင့် ဆတ်ကျွဲပြာတို့ ဖြစ်သည်။

                                               

ဆတ်နွား

ဆတ်နွားကို အီလန်တောဆိတ်၊ အီလန်ဆိတ်သမင်၊ ရိုးရိုးအီလန်၊ တောင်ပိုင်းအီလန် စသည်ဖြင့်လည်း ခေါ်တွင်သေးသည်။ အာဖရိကတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ လွင်ပြင် များနှင့် ဆာဗားနားမြက်ခင်းပြင်များတွင် ကျက်စားသော တောဆိတ် တစ်မျိုး ဖြစ်သည်။ ဘိုဗီဒေးမျိုးရင် ...

                                               

ဆလောက်ကောင်

ဆလောက်ကောင်သည် ပါဏဗေဒအရ အီဒင်တာတာ မျိုးစဉ်ဝင် ဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် မျောက်နှင့်တူသည်။ တိုဝိုင်းသော ဦးခေါင်း၊ ကြီးသောမျက်လုံး၊ သေးငယ်သော နားရွက်တို့ရှိသည်။ သုန်သုန်မှုန်မှုန် နေတတ်သည်။ အမွေးများ မှာ အလွန်ရှည်၍ ညစ်ပတ်ပေကျံလျက်ရှိ၏။ အမြီးဟူ၍ ပ ...

                                               

ဆာဗို လူသားစား ခြင်္သေ့များ

ဆာဗို လူသားစား ခြင်္သေ့များ မှာ နာမည်ဆိုးဖြင့် အလွန်ကျော်ကြားသော ဆာဗိုမှ ခြင်္သေ့များဖြစ်ပြီး ၁၈၉၈ ခုနှစ် မတ်လမှ ဒီဇင်ဘာလ အတွင်း ကင်ညာ-ယူဂန်ဒါ ရထားလမ်း ဖောက်လုပ်ရာတွင် လုပ်ကိုင်နေသော ဆောက်လုပ်ရေး အလုပ်သမား များ၏ သေဆုံးမှု အတွက် အဓိက တရားခံ များ ဖ ...

                                               

ဆိတ်

ဆိတ် သည် ပါဏဗေဒအလိုအရ ကက်ပရာမျိုးစုဝင် စားမြုံ့ပြန်ကောင်ဖြစ်သည်။ သိုးနှင့် ဆိတ်တို့သည် ပုံပန်းချင်း အလွန်ဆင်တူလေသည်။ သားမွေးအတွက် မွေးမြူ သော သိုးတစ်မျိုးမှာ ဆိတ်နှင့် ခွဲ၍မရေအောင် ဆင်တူနေ သဖြင့် တိရစ္ဆာန်အကြောင်း မကျွမ်းကျင်သူများအဖို့ အမြီးအနေ ...

                                               

ဆိုက်ဘေးရီးယားကတိုးကောင်

ဆိုက်ဘေးရီးယားကတိုးကောင် ကို အာရှတိုက်အရှေ့မြောက်ဘက်ရှိ တောင်ပေါ်တောအုပ်များတွင်တွေ့ရသော ကတိုးကောင်တစ်မျိုး ဖြစ်လေသည်။ သိပ္ပံအမည်မှာ မော့စ်ချက်စ် မော်ချီဖားရက်စ် ဖြစ်သည်။ ယင်းတို့ကို ဆိုက်ဘေးရီးယား တောင်ပိုင်းရှိ အဖျားချွန်သောအရွက်များရှိသည့်အပင် ...

                                               

ဆိုင်ဂါးတောဆိတ်

ဆိုင်ဂါးတောဆိတ် သည် ထူးခြားသောတောဆိတ်တစ်မျိုး ဖြစ်သည်။ သိုးနှင့်တူ၍ အုပ်ဖွဲ့ကာ ဆိုက်ဗီးရီးယားလွင်ပြင်များတွင် ‌နေကြသည်။ ထို‌တောဆိတ်မျိုးကို ဆိုက်ဗီးရီးယန်းများက ချစ်စနိုး‌မွေးမြူထား‌လေ့ရှိသည်။

                                               

ဆေဗယ်‌တောဆိတ်

ဆေဘယ်တောဆိတ်ကို ဆေဘယ်ဆိတ်သမင်ဟုလည်း ခေါ်တွင်သည်။ အာဖရိကတိုက်တွင် တွေ့ရသော တောဆိတ် တစ်မျိုး ဖြစ် သည်။ အာဖရိကတိုက်အရှေ့ပိုင်းတွင် ကင်ညာနိုင်ငံ၏တောင်ဘက်ရှိ သစ် တောဖုံးလွှမ်းနေသော ဆာဗားနားမြက်ခင်းပြင်များတွင် လည်းကောင်း၊ အာဖရိကတိုက်တောင်ပိုင်းတွင်လည် ...

                                               

တရုတ်ကန္တာရကြောင်

တရုတ်ကန္တာရကြောင် ၏ ဦးခေါင်းနှင့်ကိုယ်အရှည်မှာ ၂၈လက်မမှ ၃၄လက်မအထိ ဖြစ်ပြီး အမြီးအရှည်မှာ ၁၂လက်မမှ ၁၄လက်မအထိ ဖြစ်သည်။ အရောင်အသွေးမှာ အဝါရောင်ဖြစ်ပြီး ကျောကုန်းအရောင်ဖျော့သည်။ ကိုယ်ဘေးဘက်များသည် အ ရောင်အနည်းငယ်ပိုရင့်ပြီး ဝမ်းဗိုက်နှင့် ရင်ဘတ်တို့မ ...

                                               

တောကြောင်

တော‌ကြောင်ကို ဇီဝ‌ဗေဒအလိုအရ ‘ဖဲလစ်‌ကေးအပ်’ဟု ‌ခေါ် သည်။ ‌ကိုယ်အရွယ်အစား အလယ်အလတ်ရှိသော ကြောင်တစ်မျိုး ဖြစ်သည်။အရှေ့အလယ်ပိုင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်ပြည်တောင်ပိုင်း တို့တွင် တွေ့ရသည်။ စိမ့်တောများတွင် ကျက်စားသည်။ သားမွေးမှာ သဲရောင်၊ ...

                                               

တောင်ဆိတ်

‌ တောင်ဆိတ်များသည် အလွန်မြင့်မား၍ ဆီးနှင်းခဲ‌သော ဟိမဝန္တာ‌တောင်၊ အဲ့လပ‌တောင်တန်း၊ ‌ကော်‌ကေးဆပ်‌တောင်နှင့် ပီးရနီး‌တောင်စသည့် ‌တောင်တန်းကြီးများ‌ပေါ်တွင် ‌နေထိုင်ကြ သည်။ ‌တောင်ဆိတ်အဖိုတို့၏ ဦးချိုများသည် ဓားလွယ် ‌ကောက်ကြီး ၂ ခုနှင့်တူလျက်၊ ‌ရှေ့ဘက ...

                                               

တောင်မျောက်ကလေး

တောင်မျောက်ကလေး၏ အင်္ဂလိပ်အမည်ဖြစ်သော မိုနီတို ဒယ်လ် မွန်တီ ဟူသောအမည်သည် စပိန်ဝေါဟာရဖြစ်ပြီး တောင်မျောက်ကလေးဟုပင် အဓိပ္ပါယ်ရလေသည်။ ၎င်းတို့သည် အလွန်သေးငယ်သော သားပိုက်အိတ်ပါ နို့တိုက်သတ္တဝါများဖြစ်ပြီး တောင်အမေရိကတိုက်အနောက်တောင်ပိုင်းဒေသဖြစ်သည့် ...

                                               

တောဆိတ်

အင်္ဂလိပ်ဘာသာဖြင့် အန်တီလုပ် ဟု ခေါ်တွင်သော တိရစ္ဆာန်ကို တောဆိတ်၊ ဆိတ်သမင်၊ ဆိတ်နွား၊ ဒရယ်ငယ်၊ အာဖရိကသမင် စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ တောဆိတ်တို့သည် ဆိတ်နှင့် နွားများပါဝင်သည့် ‘ဗိုဗီဒီး’ မျိုးရင်းဝင် နို့တိုက်သတ္တဝါ များဖြစ်ကြသည်။ ‌တောဆိတ် ...

                                               

တောဝက်

တောဝက် သည် ဝက်အမျိုးအနွယ် ဆွီဒေး မျိုးရင်း တွင် ပါဝင်ပြီး အာတီယိုဒတ်တိုင်း မျိုးစစ်ဖြစ်သည်။ သူတို့သည် ယနေ့အချိန်တွင် ကမ္ဘာအရပ်ရပ်ရှိ နေရာဒေသတိုင်းလိုလိုတွင် ကျက်စားလေ့ ရှိကြပြီး ၎င်းတို့၏ စားကျက် မဟုတ်သော နေရာများတွင်ပင် ကျင်လည်နေထိုင်ကြသည်။ တောဝ ...

                                               

ဒင်ဂိုးခွေးရိုင်း

ဒင်ဂိုးခွေးရိုင်း၏ သိပ္ပံအမည်မှာ ကဲနစ် လူးပတ်စ် ဖြစ်သည်။ ဩစတြေးလျတွင် တွေ့ရသည့် ခွေးတစ်မျိုး ဖြစ်သည်။ ဩစတြေးလျခွေးရိုင်းဟုလည်း ခေါ်တွင်သည်။ အသွင်သဏ္ဌာန်မှာ ဝံပုလွေနှင့် ဆင်သည်။ ဒင်ဂိုး၏နားရွက်သည် တိုပြီး ထောင်နေသည်။ အမြီးမှာ အမွေးဖွားသည်။ အရောင်အ ...

                                               

ဒရယ်

ဒရယ် သည် စားမြုံ့ပြန်တတ်သည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ဒရယ်သည် ကိုယ်လုံးကိုယ်ထည်အသွင်သဏ္ဌာန်အားဖြင့် သမင်နှင့်ဆင် သည်။ ကိုယ်ထည်လုံးပြီး မွဲညစ်ညစ်မီးခိုးရောင် ရှိသည်။ ဒရယ်၏ဦးချိုသည် သမင်တို့ကဲ့သို့ ရှည်လျားခြင်းမရှိဘဲ အတန်ငယ်တိုသည်။ ဒရယ်ဖို ...

                                               

ဒရယ်ငယ်

ဒရယ်ငယ် သည် စားမြုံ့ပြန်တတ်ပြီး ခွာရှိသော နို့တိုက်သတ္တဝါဖြစ်သည်။ ဒရယ်ငယ်သည် Bovidae မျိုးရင်းတွင်ပါသည်။ ထိုသတ္တဝါတို့သည် Bovidae မျိုးရင်းရှိ မျိုးရင်းသေးအများအပြားတွင် ပျံ့နှံ့လျှက်ရှိကြပြီး သူတို့အချင်းချင်းထက် ဆိတ်များ သို့မဟုတ် နွားများနှင့် ...

                                               

နို့တိုက်သတ္တဝါ

နို့တိုက်သတ္တဝါ များသည် ကျောရိုးရှိတိရစ္ဆာန်တစ်မျိုး ဖြစ်သည်။ နို့တိုက်သတ္တဝါများ၏ ထူးခြားချက်မှာ ကိုယ်ခန္ဓာတွင် အမွှေးအမှင်များ၊ ချွေးဂလင်းများ၊ နားစည်ရိုးများနှင့် ဦးဏှောက်တွင် neocortex ရှိပြီး အမများတွင် နို့ရည်စစ်ထုတ်ပေးသည့် ဂလင်းများ ပါရှိခ ...

                                               

နွားနောက်

နွားနောက် သည် ကြီးမားသည့် မွေးမြူရေးနွားအမျိုးအစားဖြစ်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာပြည်မြောက်ပိုင်းနှင့် တရုတ် ယူနန်ပြည်နယ်တို့တွင် အဓိက မွေးမြူကြသည်။

                                               

နှင်းကျားသစ်

နှင်းကျားသစ် သည် ပင်သီရာအန်စီအား မျိုးစိတ်ဖြစ်၍ ကြောင်မျိုးရင်း ဝင်ဖြစ်ပြီး အာရှအလယ်ပိုင်းတွင် နေထိုင်လေ့ ရှိကြသည်။ နှင်းကျားသစ်ကို ကျားသစ် အဖြစ်ခေါ်ဆိုကြသော်လည်း ကျားသစ်အကောင်အသေးများနှင့် သာ ခပ်ဆင်ဆင်တူပြီး အမျိုး အနေဖြင့် နီးကပ်စွာ ဆက်နွယ်မှု ...

                                               

နှုတ်ခမ်းဖြူသမင်

နှုတ်ခမ်းဖြူသမင် ၏ သိပ္ပံအမည်မှာ ဇာဗောစကီးယမ် အယ်လ်ဘီရိုစထရစ် ဖြစ်သည်။ နှုတ်ခမ်းဖြူသမင်သည် တိဘက်ကုန်းပြင်မြင့်အရှေ့ပိုင်း၏ အမြင့်ပိုင်းမြက်ခင်းပြင်များတွင်တွေ့ရသော သမင်မျိုးစိတ်တစ် မျိုး ဖြစ်သည်။ သိုရိုးလ်သမင် Thorolds deerဟုလည်း ခေါ်တွင်သည်။ ယင် ...

                                               

နှုတ်သီးရှည်ဝက်ဝံ

နှုတ်သီးရှည်ဝက်ဝံ ကို စလော့တ်ဝက်ဝံ ဟုလည်း ခေါ်ဆိုလေ့ ရှိကြသည်။ အိန္ဒိယတိုက်တွင် တွေ့ရလေ့ရှိပြီး ညဘက်တွင် ကျင်လည်ကျက်စားကာ အင်းဆက်များကို စားသုံးလေ့ ရှိသည်။ သီရိလင်္ကာတွင် တွေ့ရသော ဝက်ဝံများကို မျိုးစိတ်တစ်ခု အဖြစ် သတ်မှတ်ထားကြသည်။ ဝက်ဝံညို ဝက်ဝံန ...

                                               

ပန်ဒါနီ

ပန်ဒါနီ သည် ဟိမဝန္တာ တောင်တန်း၏ အရှေ့ခြမ်းနှင့် တရုတ်ပြည် အနောက်ပိုင်းတွင် ကျက်စားသော နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သည်။ ပန်ဒါနီကို ICUN ၏ မျိုးတုံးမည့် အန္တရာယ် အလွန်ကြီးသော တိရစ္ဆာန် စာရင်းတွင် ထည့်သွင်းထားခြင်း ခံရသည်။ စားကျက်ပျောက်ဆုံးခြင်း၊ တရာ ...

                                               

ပန်ဒါဝက်ဝံကြီး

ပန်ဒါဝက်ဝံကြီး ခေါ် ဝက်ဝံမျိုးကို တရုတ်နိုင်ငံ အနောက်ပိုင်းတို့တွင် တွေ့ရသည်။ ပန်ဒါဝံကြီး၏ ပါဏဗေဒ အမည်မှာ အီလျူရော့ပိုဒါ မီလာနိုလျူကာ ဖြစ်သည်။ ပန်ဒါဝံကြီးမျိုးသည် ဝက်ဝံအငယ်စား အရွယ်ခန့်ရှိသည်။ တရုတ်နိုင်ငံ အနောက်ပိုင်း ဝါးရုံတောများတွင် တွေ့နိုင် ...

                                               

ပရောင်းဟွန်းတောဆိတ်

ပရောင်းဟွန်းတောဆိတ် ကို အမေရိကန်တောဆိတ်ဟုလည်း ခေါ်တွင်သည်။ တောဆိတ် အစစ် မဟုတ်သော်လည်း အခြား ကျွဲ နွားမျိုးနှင့်စာလျှင် ‌တောဆိတ် နှင့်ပို၍ နီးစပ်သည်။ ကမ္ဘာဟောင်းမှ တောဆိတ် အစစ်များနှင့် များစွာဆင်တူသည်။ မြောက်အမေရိကတိုက်၏ အနောက်ပိုင်းနှင့် အလယ်ပို ...

                                               

ပူမာ

ပူမာသည် ပူမာကွန်ကိုလား မျိုးစိတ်ဖြစ်၍ ကြောင်မျိုးရင်း ဝင်ဖြစ်သည်။ ကူဂါ ၊ တောင်ခြင်္သေ့ ၊ တောင်ကြောင် ၊ ကတ်တမောင့် သို့မဟုတ် ပန်သာ ဟု နေရာဒေသအလိုက် သိကြသည်။ သည် အမေရိကန် မျိုးစိတ် ကြောင်မျိုးနွယ်ဝင် ဖြစ်သည်။ ဤကြီးမားသော ကြောင်သည် ကမ္ဘာ့အနောက်ခြမ်း ...

                                               

ဖြူကောင်

ဖြူကောင် သည် မြေတွင်းအောင်းသတ္တဝါတမျိုး ဖြစ်သည်။ ၎င်းသည် အန္တရာယ်နှင့် ကြုံတွေ့ပါက ခန္ဓာကိုယ်ကို လှုပ်ရမ်းခြင်းအားဖြင့် ဆူးတောင်များကို ပစ်လွှတ်ကာကွယ်လေ့ရှိသည်။ ဖြူဆူးသည် ချွန်ထက်၍ အလွန်မာကျောပြီး ခန္ဓာကိုယ်တခုလုံးကို ဖုံးလွှမ်းထားသည့် အမွေးအမင်သ ...

                                               

ဖက်ချေ

ဖက်ချေ ကို ဖက်ဂျီဟုလည်းကောင်း၊ ပူတာအိုချေဟုလည်းကောင်း ခေါ်တွင်သည်။ ချေမျိုးစိတ်အငယ်စား ဖြစ်လေသည်။ သိပ္ပံအမည်မှာ မန်တီးယားကပ်စ် ပူတာအိုအင်းဆစ် ဖြစ်သည်။ ဖက်ချေကို ၁၉၉၇ခုနှစ်ကမှ ဇီဝဗေဒပညာရှင် အလန် ရာဘင်နိုဝဇ့်က မြန်မာနိုင်ငံမြောက် ပိုင်းရှိ ဝေးလံသီခ ...

                                               

ဘဲတူဖျံတူကောင်

ဘဲတူဖျံတူကောင် သည် ငါးလည်းမဟုတ်၊ ကြက်ငှက်လည်းမဟုတ်၊ ဖျံဟုလည်း လုံးလုံးလျားလျား မခေါ်သာ၊ တွားသွားသတ္တဝါဟုလည်း မဆို နိုင်သော်လည်း ထိုသတ္တဝါလေးမျိုးတို့၏ အနေအကျင့် အသွင်အပြင်များ ရောထွေးရှိနေသည့် ထူးဆန်းသော သတ္တဝါမျိုးဖြစ်သည်။ ဘဲနှုတ်သီးကဲ့သို့နှုတ် ...

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →