ⓘ Free online encyclopedia. Did you know? page 228



                                               

လှိုင်မြို့နယ်အမှတ်(၂)ရပ်ကွက်မီးလောင်မှု(၂၀၁၀)

၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က လှိုင်မြို့နယ် အမှတ် ၂ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဇန်နဝါရီလ ၇ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လှိုင်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ သီရိ ၄ လမ်းတွင် နေအိမ်တစ်အိမ်မှစ၍ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ...

                                               

သင်္ဃန်းကျွန်းဈေးကြီးမီးလောင်မှု(၂၀၁၀)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ သင်္ဃန်းကျွန်းဈေးကြီးတွင် ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ၊ ၁၂ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ဝန်းကျင် အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှုမှာ ည ၇နာရီ ၃၀မိနစ်အချိန်တွင် စတင ...

                                               

ဦးကျားကြီးဝင်း မီးလောင်မှု

ဦးကျားကြီးဝင်း မီးလောင်မှု သည် ၁၉၈၄ခုနှစ် မတ်လအတွင်းတွင် မန္တလေးမြို့ ၈၄လမ်းနှင့် ၃၅လမ်းထောင့်ရှိ ဦးကျားကြီးဝင်းမှ စတင်လောင်ကျွမ်းသော မီးလောင်မှုဖြစ်သည်။ဤမီးလောင်မှုမှာ မန္တလေးမြို့သမိုင်းတွင် ထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ဤဖြစ်စဉ်တွင် လူ​ပေါင်း ...

                                               

၂၀၁၁ ကျောက်ဆည်ရေကြီးမှု

စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်ချောင်းများ၊ တူးမြောင်းများနှင့်ဆည်များအတွင်း၌ ရေပြည့်လျှံနေချိန်တွင် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၂ရက်နေ့ညပိုင်းမှ စတင်ကာ ထပ်မံ၍ မိုးဆက ...

                                               

၂၀၁၁ ဆင်ဖြူကျွန်းရေကြီးမှု

မိုးဆက်တိုက်ရွာသွန်းမှုနှင့်အတူ စလင်းဆည်ရေလွှတ်မှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆင်ဖြူကျွန်းမြို့၌ ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရသည်။ အဆိုပါရက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ရက်နေ့ ညပိုင်းမှ စတင်ကာ စလ ...

                                               

၂၀၁၁ ပခုက္ကူရေကြီးမှု

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး လေဖိအားနည်းရပ်ဝန်း အဖြစ် ဆက်လက်တည်ရှိခဲ့ရာမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့တွင် မ ...

                                               

၂၀၁၁ ပုဂံညောင်ဦးမိုးကြီးမှု

ပုဂံညောင်ဦးမြို့တွင် ၂၀၁၁ခုနှစ်၊ အောက်တိုဘာ ၁၉ရက်နေ့ညမှ ၂၀ရက်နေ့နံနက် ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ထိုနေ့နံနက်၉နာရီအချိန် ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒဌာန ၏ တိုင်းထွာချက်များအရ မိုးရေချိန် ၈လက်မ ရှိခဲ့သည်။ အဆိုပါမိုးကြီးမှုကြောင့် ပုဂ ...

                                               

၂၀၁၁ မုံရွာရေကြီးမှု

ဘင်္ဂလားပင်လယ်အော်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် အောက်တိုဘာလ၊ ရက်နေ့တွင် မုံရွာမြို့နယ်အတွင်း ရေကြီးမှု ဖြစ်ပွားခဲ့၍ မြို့နယ်တွင်း သွားလာရေးခက်ခဲပြီး တောင်သူများနှင့် ခြံစိုက်ပျိုးရေးသမားများ ဆုံးရှုံးမှု ...

                                               

၂၀၁၁ မြစ်သာမြစ်ရေကြီးမှု

ဘင်္ဂလားပင်လယ်အော်မှ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်သာမြစ် ရေကြီးခဲ့ကာ ကလေးမြို့၊ ဂန့်ဂေါမြို့တွင် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဆက်သွယ်ရေး ပြတ်တောက်ခ ...

                                               

၂၀၁၅ မြန်မာနိုင်ငံ ရေကြီးမှု

ထိုရေကြီးမှုမှာ မိုးရေသည်းထန်စွာရွာသွန်းခြင်းမှ စတင်ပြီး ဆည်၊ တာတမံများမှ ရေများလျှံကျကာ လူနေမြို့များအတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၂ ခုထိ ရေကြီးမှုကို ကြုံတွေနေရပြီး တနင်္သာရီတိုင်းဒေသကြီးနှင့ ...

                                               

၂၀၁၉ မြန်မာနိုင်ငံတောင်ပိုင်း ရေကြီးမှု

၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တောင်ဘက်ပိုင်းဒေသများဖြစ်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများနှင့် မ ...

                                               

မဲခေါင်မြစ်

အရှည် ၄,၈၀ဝ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎င်းမြစ်ဖျားခံရာတိဘက်ဒေသမှ ဗီယက်နမ် မြစ်ဝှမ်းဒေသများအထိ လွှမ်းခြုံမှ ...

                                               

ဘီရှကက်မြို့

ဘီရှကက်မြို့ သည် ကာဂျစ္စတန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်ပြီး ယခင်က ပီရှပက်မြို့ သို့မဟုတ် ဖရန်ဇယ်မြို့ဟူ၍ သုံးနှုန်းခဲ့ကြသေးသည်။ ထို့ပြင် ချူအီဒေသကြီး၏ ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။ မြို့တော်ကို စီရင်စုများဖြင့် ဝန်းရံထားသော်လည်း မြိ ...

                                               

ကွန်ဂိုမြစ်

ကွန်ဂိုမြစ် ကို ဇိုင်ရီမြစ်ဟုလည်း ခေါပြီး အာဖရိကတွင် ရှိသော မြစ်တစ်စင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် အနက်ဆုံးမြစ်ဖြစ်ပြီး ၇၅၀ပေ ကျော်မျှ နက်ရှိုင်းသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးမြစ်ဖြစ်သော အမေဇုံမြစ်၏ ထုထည် ၅ပုံ၁ပုံ မျှသာ ရှိသော်လည်း ကမ္ဘာပေါ်ရှိ မြစ်မျာ ...

                                               

ကာဟူးဇီ ဘီယဲဂါ အမျိုးသားဥယျာဉ်

ကာဟူးဇီ-ဘီယဲဂါ အမျိုးသားဥယျာဉ် သည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်း ဘူကာဗူးမြို့ အနီးတွင် တည်ရှိသော ထိန်းသိမ်းစောင့်ရှောက်ထားသည့် နယ်မြေဖြစ်သည်။ ကီဗူးရေကန်၏ အနောက်ဘက် ကမ်း နှင့် ရဝမ်ဒါနိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသည်။ ၁၉၇၀ ခုနှစ်တွင် ...

                                               

ဂါရမ်ဘာ အမျိုးသားဥယျာဉ်

ဂါရမ်ဘာ အမျိုးသားဥယျာဉ် သည် အာဖရိကတိုက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အိုရီယန်တေးပြည်နယ်တွင် တည်ရှိပြီး ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အာဖရိကရှိ အစောဆုံး အမျိုးသားဥယျာဉ်များတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၉၈၀ ခုနှစ်မှစ၍ ယူနက်စကို ၏ ကမ္ဘာ့အမွေအ ...

                                               

ဗီရွန်းဂါ အမျိုးသားဥယျာဉ်

ဗီရွန်းဂါ အမျိုးသား ဥယျာဉ်အား ယခင်က အဲလ်ဘတ်အမျိုးသား ဥယျာဉ်ဟု ခေါ်ဆိုခဲ့ကြပြီး ၃,၀၀၀ စတုရန်းမိုင် မျှ ကျယ်ဝန်းသော အမျိုးသား ဥယျာဉ် ဖြစ်ကာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ အရှေ့ဘက်ပိုင်း တောင်ဘက် ဗီရွန်းဂါ တောင်တန်းများ ဆီမှ မြောက်ဘက် ရိုဝန်ဇိုရီ ...

                                               

ကျိုတိုမြို့

ကျိုတိုမြို့ သည် ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်း အလယ်ပိုင်း ဒေသတွင် တည်ရှိသည့် ရှေးဟောင်း မြို့တစ်မြို့ ဖြစ်သည်။ လူဦးရေ ၁ သန်းခွဲခန့် ရှိပြီး ဂျပန်၏ မြို့တော်ဟောင်း ဖြစ်သည်။ ဤမြို့သည် ဂျပန်ယဉ်ကျေးမှု စတင်ထွန်းကားရာ မြို့ဖြစ်သည်။ "အရှေ့ဖျား ရောမမြို့တ ...

                                               

ခိဟိုခုမြို့၊ မိအဲ

ခိဟိုခုမြို့ သည် ဂျပန်နိုင်ငံ၊ မိအဲခရိုင် တွင် တည်ရှိသည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် မြို့နေလူဦးရေသည် ၁၇၈၈၅ ဦး ရှိသည်။ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၆၉.၆ ဦး ရှိသည်။ စုစုပေါင်း ဧရိယာသည် ၂၅၇.၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

                                               

တိုကျိုမြို့

တိုကျိုမြို့ သည် ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး ဟွန်ရှူးကျွန်း အရှေ့ပိုင်းဒေသတွင် တစိတ်တပိုင်း တည်ရှိကာ အိဇုကျွန်း နှင့် အိုဂါဆာဝါရာ ကျွန်းတို့လည်း ပါဝင်သည်။ တိုကျို မက်ထရိုပိုလစ်သည် ၁၉၄၃ ခုနှစ်တွင် တိုကျို အုပ်ချုပ်ရေးမြို့ နှင့် တိုကျိုမြို့တေ ...

                                               

နာဂိုယာမြို့

နာဂိုယာမြို့ သည် ဂျပန်နိုင်ငံ၊ ချူဘူဒေသကြီးတွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်သည်။ ထို့မြို့သည် ဂျပန်နိုင်ငံတွင် တတိယမြောက်အကြီးဆုံးမြို့တစ်မြို့ ဖြစ်ပြီး စတုတ္ထမြောက် လူအနေထိုင်မှုအများဆုံး မြို့ပြဧရိယာရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ဟွန်ရှူးကျွန ...

                                               

ယဝတမြို့

ယဝတမြို့ သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စုတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ ၂၀၁၁ မေ ၃၁ ထိအရ၊ ယင်းမြို့တွင် ခန့်မှန်းခြေအနီးစပ်ဆုံး လူဦးရေ ၇၄၁၅၀၊ အိမ်ထောင်စုပေါင်း ၃၁၁၂၀ နှင့် လူဦးရေ သိပ်သည်းဆ တစ်စတုရန်းကီလိုမီတာလျှင် ၃၀၄၂.၆၈ ယောက်နှုန်း ရှိသည် ...

                                               

ယိုကိုဟားမားမြို့

ယိုကိုဟားမားမြို့ သည် ဟွန်ရှူးကျွန်း အရှေ့ဘက်ကမ်းပေါ် တွင် တည်ရှိ၍ တိုကျိုမြို့မှ အနောက်တောင်ဘက် ၁၈ မိုင်ခန့် ကွာဝေးသည်။ ဂျပန်နိုင်ငံတွင် ပဉ္စမမြို့ကြီးဖြစ်၍ ထင်ရှားသော သင်္ဘောဆိပ်မြို့လည်း ဖြစ်သည်။ ဆိပ်ကမ်းအပြင်ဘက်တွင် ကြီးကျယ်ခိုင်ခံ့သော ရေကာတံ ...

                                               

ရှိဘဲဆွတ်မြို့၊ ဟော့ကိုင်းဒိုး

ရှိဘဲဆွတ်မြို့ သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး၊ ခမိခဝစီရင်စုခွဲတွင် တည်ရှိသည့် မြို့တစ်မြို့ ဖြစ်သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် မြို့တွင် လူဦးရေသည် ခန့်မှန်းခြေ ၁၉၇၉၄ ဦးရှိပြီး လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၁၈ ဦး ဖြစ်သည်။ စုစုပေါင် ...

                                               

ဟီရိုရှီးမားမြို့

ဟီရိုရှီးမားမြို့သည် ဂျပန်နိုင်ငံ ဟွန်းရှူးကျွန်းတောင်ဘက် ကမ်းခြေပေါ်တွင် တည်ရှိသော ဆိပ်ကမ်းမြို့ဖြစ်သည်။ အရှေ့မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် တောင်ကုန်းများခြံရံလျက် ရှိသည်။ ယွန်းထည်၊ ကြေးထည်နှင့် အလှအပကုန်ပစ္စည်းများ ထွက်၍ စက်မှုလုပ် ငန် ...

                                               

အဲ့လဗမြစ်

အဲ့လဗမြစ်သည် ဂျာမနီနိုင်ငံတွင် ရိုင်းမြစ် မှလွဲလျှင် အထင်ရှားဆုံးမြစ်ဖြစ်သည်။ ထိုမြစ်သည် ချက်ကို ဆလိုဗားကီးယားနိုင်ငံ၊ ဗိုဟီးမီးယားပြည်နယ်ရှိ တောင်များတွင် မြစ်ဖျားခံ၍ အနောက်မြောက်ဘက်သို့ မိုင် ၁၅ဝ ခန့်စီးဆင်း ပြီးလျှင် ဂျာမနီနိုင်ငံကိုဖြတ်လျက် မ ...

                                               

ဒမားစကပ်မြို့

ဒမားစကပ်မြို့သည် ဆီးရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် ရှေးအကျဆုံးသော မြို့ကြီးတမြို့ဖြစ်၍ လွန်ခဲ့သော အနှစ် ၄၀၀၀ ကျော်ကစ၍ တည်ရှိခဲ့ကြောင်း အထောက်အထားများ တွေ့ရသည်။ ကမ္ဘာအရပ်ရပ်မှ ထောင်ပေါင်းများစွာသော မွတ်စလင်ဘုရားဖူးတို့သည် မက္ကာ ...

                                               

ဘော့စ်ရာမြို့

ဘော့စ်ရာမြို့ သည် ဆီးရီးယားနိုင်ငံ တောင်ပိုင်း တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ ဒါရာပြည်နယ် ဒါရာခရိုင်၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ပထဝီ အနေအထားအရ ဟော်ရန်ဒေသတွင်လည်း တစိတ်တပိုင်း ပါဝင်သည်။ ဆီးရီးယား ဗဟိုစာရင်းအင်းဌာန၏ စာရင်းဇယားအရ ၂၀၀၄ ...

                                               

အယ်လက်ပိုမြို့

အယ်လက်ပိုမြို့ သည် ဆီးရီးယားနိုင်ငံတွင် လူနေ အထူထပ်ဆုံးဖြစ်သည့် အယ်လက်ပိုပြည်နယ်၏ မြို့တော် ဖြစ်သည်။ ၂၀၀၄ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၂,၁၃၂,၁၀၀ ဦး ရှိပြီး ဆီးရီးယား ပြည်တွင်းစစ် မတိုင်မီက အယ်လက်ပိုမြို့သည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံး မြို့ ဖြစ်ခ ...

                                               

ယူဖရေးတီးမြစ်

ယူဖရေးတီးမြစ် သည် အာရှတိုက်အနောက်ပိုင်းတွင် အကြီးဆုံး ဖြစ်၍ တူရကီနိုင်ငံ မြောက် ပိုင်းရှိ တောင်တန်းများတွင် မြစ်ဖျားခံပြီးလျှင် ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံတို့ကို ဖြတ်သန်း စီးဆင်းလာ ရာ မိုင်ပေါင်း ၁၇ဝဝ ခန့် ရှည် လျားသည်။ မြစ်ဝမှ အထက် မိုင် ...

                                               

ရိုင်းမြစ်

ရိုင်းမြစ်သည် ဂျာမန်လူမျိုးအတွက် ယင်းတို့၏ အမျိုး သားရေးဆိုင်ရာ သမိုင်းနှင့် ဆက်စပ်လျက်ရှိသော အထိမ်း အမှတ် ဖြစ်သည်။ ရိုင်းမြစ်ဝှမ်းသည်လည်း ထင်ရှားသော သမိုင်းပုံပြင်များ ပေါ်ထွက်ရာဒေသ ဖြစ်၏။ ထိုကြောင့် ဂျာမန် တို့သည် ဖခင်ရိုင်းမြစ် ဟူ၍ပင် ခေါ်စမှတ ...

                                               

ရုန်းမြစ်

ရုန်းမြစ် သည် ဥရောပတိုက် ယဉ်ကျေးမှုခေတ်ဆန်းချိန်မှ စ၍ တောင်ဘက် မြေထဲပင်လယ်မှ ပြင်သစ်နိုင်ငံကို ဖြတ်ပြီး လျှင် မြောက်ပင်လယ်သို့ ပေါက်သော ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း ဖြစ်ခဲ့လေသည်။ရှေးအခါက မြေထဲပင်လယ်ဘက် မှ ကုန်သည်တို့သည် ဗြိတိန်နိုင်ငံမှ သံဖြူက ...

                                               

ဇမ်ဗီဇီမြစ်

အိန္ဒိယသမုဒ္ဒရာထဲသို့ စီဆင်းသော အာဖရိကတိုက်ရှိမြစ် များထဲတွင် ဇမ်ဗီဇီမြစ်သည် အကြီးဆုံးမြစ် ဖြစ်သည်။ မိုင် ၁၆ဝဝ ခန့်ရှည်လျားသည်။ မြစ်ဝမှစ၍ မိုင် ၃ဝဝ ခန့်အထိ ပေါ်တူဂီတို့က ပိုင်သည်။ မြစ်ဖျားခံရာဒေသမှာ ဘယ်လ်ဂျီယမ်ကွန်ဂိုနှင့် အန်ဂိုလာနယ်စပ်ဖြစ်သည်။ ...

                                               

ဒါအက်စ် ဆယ်လန်းမြို့

ဒါအက်စ် ဆယ်လန်းမြို့သည် တန်ဇေးနီးယား နိုင်ငံ၏ အကြီးဆုံးနှင့် အချမ်းသာဆုံး မြို့တစ်မြို့ ဖြစ်ပြီး အရှေ့အာဖရိကတွင် လူဦးရေ အများဆုံး မြို့ဖြစ်ကာ ဒေသအတွင်း စီးပွားရေး အချက်အချာကျသော မြို့တစ်မြို့ ဖြစ်သည်။ တန်ဇေးနီးယားရှိ အနုပညာ၊ဖက်ရှင်၊ မီဒီယာ၊ ဂီတ၊ ...

                                               

ကွေ့လိန်မြို့

ကွေ့လိန်မြို့သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ပရီဖက်ချာ အဆင့် မြို့တော် တစ်ခုဖြစ်ကာ လီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် ဟူနန်ပြည်နယ် နှင့် ကပ်လျှက် တည်ရှိသည်။ မြို့အမည်၏ အဓိပ္ပာယ်မှာ ...

                                               

မေ ၂၀၁၅ နီပေါ ငလျင်

၂၀၁၅ ခုနှစ် မေလ ၁၂ ရက်နေ့ နီပေါစံတော်ချိန် ၁၂:၃၅ နာရီတွင် ပြင်းအား ၇.၃ မဂ္ဂနီကျူ့ရှိ ငလျင်ကြီးတစ်ခုသည် နီပေါနိုင်ငံ ဆင်ဒူပါချုပ်ခရိုင် ကိုဒါရီရွာ၏ အရှေ့တောင်ဖက် ၁၈ ကီလိုမီတာ အကွာ၊ မြေအနက် ၁၈.၅ ကီလိုမီတာ ကိုဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သည်။ ငလျင်ဗဟိုချ ...

                                               

ဧပြီ ၂၀၁၅ နီပေါ ငလျင်

ဧပြီ ၂၀၁၅ နီပေါငလျင် သည် ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက် တနင်္ဂနွေနေ့ နီပေါစံတော်ချိန် ၁၁:၅၆ နာရီ တွင် လှုပ်ခတ်သွားခဲ့သော ပြင်းအား ၇.၈ M w ရှိ ငလျင် တစ်ခုဖြစ်သည်။ ငလျင်ဗဟိုချက်မှာ နီပေါနိုင်ငံ၊ လမ်ဂျန် ခရိုင် အရှေ့-အရှေ့တောင်ဖက် ၃၄ km အကွာ၊ အနက် ၁၅ km ကိ ...

                                               

၂၀၁၁ မြန်မာ ငလျင်

၂၀၁၁ မြန်မာ ငလျင် သည် ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ည ၈ နာရီ ၂၅ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့ နှင့်လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ လှုပ်ခတ်သွားသည့် ယင်းငလျင်၏ပြင်းအားမှာ ရစ်ချ်တာစကေး ၆.၈ ...

                                               

တရုတ်အလယ်ပိုင်း

တရုတ်အလယ်ပိုင်း သည် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၊ ဟူပေပြည်နယ်နှင့် ဟူနန်ပြည်နယ်တို့ ပါဝင်သော ရောထွေးနေသည့် ယဉ်ကျေးမှုများ ရှိသည့် ပထဝီဝင်ဒေသတစ်ခု ဖြစ်သည်။ ရံဖန်ရံခါတွင် ကျန်းရှီးပြည်နယ်ကို ဤဒေသ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရည်ညွှန်းလေ့ရှိသည်။ တရုတ်အလယ်ပို ...

                                               

တာပိန်မြစ်

တာပိန်မြစ် သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် စတင်မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင်းသို့ စီးဝင်လာကာ ဗန်းမော်မြို့အနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ဧရာဝတီမြစ်၏ ပထမဆုံးမြစ်လက်တက်လည်းဖြစ်သည်။ အချို့အပိုင်းများသည် တရုတ်-မ ...

                                               

မြစ်ဝါမြစ်

မြစ်ဝါမြစ် သည် ၅,၆၄၆ ကီလိုမီတာ ရှည်လျားပြီး တရုတ်ပြည်တွင် ယန်ဇီမြစ်ပြီး ဒုတိယ အရှည်လျားဆုံး၊ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။ တရုတ်ပြည် အနောက်ပိုင်းဒေသ ချင်းဟိုင်ပြည်နယ် ဘာရန်ဟာတောင်တန်းတွင် မြစ်ဖျားခံကာ ပြည်နယ်ပေါင်း ၉ ...

                                               

ယန်ဇီမြစ်

ယန်ဇီမြစ် သည် အာရှတိုက်တွင် အရှည်လျားဆုံးနှင့် ကမ္ဘာပေါ်တွင် တတိယမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။ ယန်ဇီမြစ်ကို တရုတ်အသိုင်းအဝိုင်းတွင် ချန်ကျန်း ဟု အဓိက ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ ၆၃၀၀ ကီလိုမီတာ ရှည်လျားသည့် ယန်ဇီမြစ်သည် တရုတ်ပြည် အနောက်ပိ ...

                                               

ရွှေလီမြစ်

ရွှေလီမြစ် ကို ရှမ်းပြည်နယ်တွင်နမ့်မောင်း၊ တရုတ်နိုင်ငံတွင် ၏ ရွေ့လိကျန်း ဟုခေါ်ကြသည်။ မြစ်၏အစပိုင်းနေရာအချို့သည် တရုတ်-မြန်မာနယ်နိမိတ်မျဉ်းအဖြစ် စီးဆင်းသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုန်းမြင့်ဒေသများတွင် စတင်မြစ်ဖျားခံကာ ရှမ်းပြည်နယ် နှင့် စ ...

                                               

ဝှန်ဟိုမြစ်

ဝှန်ဟိုမြစ် သည် တရုတ်နိုင်ငံတွင် ယန်စီမြစ်မှလွဲလျှင် အရှည်ဆုံး မြစ်ဖြစ်၍ အလျားမိုင် ၂၆ဝဝ ခန့်ရှိသည်။ တိဗက်ပြည်ရှိ တောင်တန်း များတွင် မြစ်ဖျားခံ၍ အရှေ့ဘက်သို့ စီးဆင်းပြီးလျှင် ပင်လယ်ဝါထဲသို့စီး ဝင်သည်။ မြစ်အထက်ပိုင်းတစ်လျှောက် သုံးပုံးနှစ်ပုံသည် တ ...

                                               

သံလွင်မြစ်

သံလွင်မြစ် သည် မြန်မာနိုင်ငံ၏အရှည်ဆုံးမြစ်ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။ ဤမြစ ...

                                               

အိန္ဒုမြစ်

အိန္ဒုမြစ် သည် ပါကစ္စတန်နိုင်ငံကို ဖြတ်သန်းစီးဆင်းသော အဓိက မြစ်တစ်စင်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ကို သည်း ဖြတ်သန်းစီးဆင်းသည်။ အိန္ဒုမြစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်း တိဘက်ကုန်းပြင်မြင့်ဒေသ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွ ...

                                               

တိုင်းဂရစ်မြစ်

တိုင်းဂရစ်မြစ် သည် မိုင်‌ပေါင်း ၁၁၅၀ မျှရှည်လျားသည်။ မိုဆူမြို့မှ ‌အောက်သို့ ၂၁ ရာသီပတ်လုံး သင်္ဘောများ ဆန် တက်သွားလာနိုင်၏။ အာရှတိုက်အ‌နောက်ပိုင်းရှိ ကူးဒစ္စ တန်‌တောင်တန်းများမှာ မြစ်ဖျားခံ၍ စီးဆင်းခဲ့ရာ မြစ်ညာတွင် အ‌ရှေ့ဘက်မှစီးဝင်‌သော မြစ်လက်တ ...

                                               

တုဂီလာမြစ်

တုဂီလာမြစ် သည် တောင်အာဖရိက၊ KwaZulu-Natal စီရင်စုတွင် တည်ရှိသည့် အကြီးဆုံးမြစ်တစ်ခု ဖြစ်သည်။ နိုင်ငံ၏ အရေးအပါဆုံးမြစ်များထဲတွင် ပါဝင်သည့် မြစ်တစ်စင်းလည်း ဖြစ်သည်။ မြစ်သည် Drakensberg တောင်များ၏ Mont-aux-Sources မှ မြစ်ဖျားခံ စီးစင်းလာခဲ့သည်။ မြစ် ...

                                               

၂၀၁၈ ဟွာလီယန် ငလျင်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ဒေသစံတော်ချိန် ၂၃:၅၀ အချိန်တွင် ပြင်းအား ရစ်ချက်စတာ စကေး ၆.၄ ရှိ ငလျင်တစ်ခုသည် ထိုင်ဝမ်နိုင်ငံတွင် လှုပ်ခတ်သွားခဲ့သည်။ မြေငလျင်ဗဟိုချက်သည် ဟွာလီယန်မြို့အနီးရှိ ပင်လယ်ကမ်းရိုးတန်းတွင် ဖြစ်ပြီး ဟွာလီယန်မြို့သည် ပျက ...

                                               

ကျောက်ဖယားမြစ်

ကျောက်ဖယားမြစ် သည် ထိုင်းနိုင်ငံ၏ အဓိကမြစ်ကြီးတစ်စင်းဖြစ်သည်။မြို့တော်ဘန်ကောက်ကို ဖြတ်၍ စီးဆင်းကာ ထိုင်းပင်လယ်ကွေ့အတွင်း စီးဝင်သည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →