ⓘ Free online encyclopedia. Did you know? page 236



                                               

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး အရှင်ဉာဏဝန္တ

ထွဋ်ခေါင်ဆရာတော် အလောင်းအလျာအား ဟင်္သာတမြို့နယ်၊ လေးမျက်နှာမြို့အနီး မြင်းကကုန်းရွာတွင် အဖ ဦးလူကြီး၊ အမိ ဒေါ်မေတို့မှ ၁၁၆၀ ပြည့်နှစ် တပေါင်းလပြည့် အင်္ဂါနေ့ နေတက်ချိန်၌ မီးရှုးသန့်စင် ဖွားမြင်ခဲ့၏။ ငယ်အမည်မှာ မောင်စို ဖြစ်၏။ သားချင်းမှာ အစ်မ မငွေ ...

                                               

ဒုတိယ မောင်းထောင်ဆရာတော်

ဒုတိယ မောင်းထောင် ဆရာတော် သည် ကန္နီမြို့ကျေး၊ နတ်ရဲတောင်ရွာ၌ ဦးထွန်းဝါ၊ ဒေါ်ယာတို့မှ သက္ကရာဇ် ၁၁၆၁ ခုနှစ် ပထမဝါဆိုလဆန်း ၁ဝ ရက် အင်္ဂါနေ့တွင် ဖွားမြင် သည်။ ငယ်မည် ဦးသံမှို ဖြစ်သည်။ ၁ဝ နှစ်သားအရွယ်တွင် မိဘများက ဦးရီးတော်ဖြစ်သော ရှင်ကလျာဏဝံသ၊ ရှင်ပု ...

                                               

ဓမ္မဝိလာသမထေရ်၊ သျှင်

သျှင်ဓမ္မဝိလာသမထေရ်သည် မြန်မာပြည် အောက်ပိုင်း ဒလမြို့စီရင်စု၊ ပတိဗ္ဗဇေယျ ရွာ၌ ဖွားမြင်သည်။ ဘွဲ့မည်မှာ သျှင်သာရိပုတ္တရာဖြစ်၏။ သာမဏေဘဝမှပင် ပုဂံ နေပြည်တော်သို့ လာရောက်၍ သျှင်အာနန္ဒာမထေရ်ထံ၌ ခိုဝင်ကာ စာပေပရိယတ်များကို သင်ကြား ဆည်းပူးလေသည်။ သျှင်သာရိ ...

                                               

နန္ဒာသီရိ ဘဒ္ဒန္တ အမြင့်ရပ်သစ်ကျောင်းဆရာတော်

ဆရာတော်မှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့သား ဇာတိဖြစ်ကြောင်း သိရပါသည်။ ပျံလွန်တော်မူပြီးနောက် ဆေးထိုးခြင်း၊ ပြုပြင်စီမံခြင်း လုံးဝမရှိကြောင်း ချောင်းဦးမြို့နယ် ဆရာဝန်နှင့် အမြင့်တိုက်မြို့နယ် ဆရာဝန်များက လာရောက် စမ် ...

                                               

နန္ဒိယ၊ အရှင် (တောင်ပုလုတောရဆရာတော်)

မြန်မာနိုင်ငံသာမက ကမ္ဘာသို့ပါ ဗုဒ္ဓသာသနာ ပြန့်ပွား ထွန်းကား‌အောင် စွမ်း‌ဆောင်‌တော်မူသည့် ‌တောင်ပုလု‌တောရ ကမ္ဘာ‌အေးဆရာ‌တော်ဘုရားကြီးဟု ထင်ရှား‌တော်မူ‌သော အရှင်နန္ဒိယကို မန္တ‌လေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တဲစု‌ကျေးရွာ၌ ခမည်း‌တော် ဦးရံ၊ မယ်‌တော် ‌ဒေါ ...

                                               

နန်းကျောင်းဆရာတော်

နန်းကျောင်းဆရာတော်သည် ပါဠိစာပေသင်ရိုးကျမ်း ဖြစ်သော သဒ္ဒါကျမ်းကို နိဿယ ပြန်ဆိုတော်မူသဖြင့် ထင်ရှားလာသော ဆရာတော် ဖြစ်သည်။ ဆရာတော်၏ နိဿယကျမ်း ကြီးမှာ ကောင်းမွန် မြင့်မြတ်လှသဖြင့် ခေတ်အဆက်ဆက် စာသင်သားတို့၏ လက်သုံးကျမ်းကြီး တစ်ဆူ ဖြစ်ခဲ့ပေသည်။ ထို့ကြေ ...

                                               

အရှင်နာဂသေန

အရှင်နာဂသေန သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထင်ရှားသည့် ရဟန္တာတစ်ပါး ဖြစ်၏။ မိလိန္ဒမင်း၏ ခက်ခဲနက်နဲသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အမေးပုစ္ဆာများကို ဖြေကြားခဲ့သည့် ရဟန္တာ ဖြစ်၏။ ဗုဒ္ဓဘာသာတွင် အရှင်နာဂသေနှင့် မိလိန္ဒမင်းတို့ အမေးအဖြေပြုခဲ့သည်ကို မှတ်တမ်း ...

                                               

ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်

ကျေးဇူးတော်ရှင်ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာဆရာတော်ကြီးသည် ကောဇာသက္ကရာဇ် ၁၂၈၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၉ ရက် ကြာသာပတေးနေ့တွင် ရန်ကုန်မြို့ တံတားကလေးကျေးရွာ ရွှေဘိုစု၌ ခမည်းတော် ဦးဖေ၊ မယ်တော် ဒေါ်ချစ်စုတို့မှ ဖွားမြင်ခဲ့သော နဝမသားရတနာ ဖြစ်ပ ...

                                               

ပညာဇောတ၊ ဦး (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

ဆရာတော်လောင်းလျာသည် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ကွေ့တတ်အုပ်စု အင်တိုင်းရွာ ခမည်းတော် ဦးအောင်ဆေး၊ မယ်တော် ဒေါ်ရွှေမှုံတို့မှ ၁၂၈၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀ ရက် တွင် ဖွားမြင်တော်မူသော သားရတနာ တစ်ပါး ဖြစ်သည်။

                                               

ပညာဝရ၊ ဦး (ဆားတောင် ဓမ္မဒူတ ဆရာတော်)

ဓမ္မဒူတ ဆရာတော် အရှင်ပညာဝရ သည် သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိခဲ့သည့်အပြင် နယ်လှည့်သာသနာပြုဓမ္မကထိကအဖြစ် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ ဓမ္မဒူတ ပရိယတ္တိစာသင်တိုက်တွင်သာမက မြန်မာနိုင်ငံအနှံ့အပြားတွင် ဗုဒ္ဓဘာသာတရားတော်များ ဟောကြားပို့ချလျက်ရှိသည်။ ဆားတောင် ဓမ ...

                                               

ပညာဝံသ

ယခုအခါ သက်တော် ၈ဝ၊ ဝါတော် ၆ဝ ရ ပီနန် ဆရာတော်ကြီးသည် ဝါးခယ်မ ဇာတိ ဖြစ်ပြီး ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီ ၁ဝ မှာ မွေးဖွားခဲ့သည်။ အသက် ၁၄ နှစ်သားတွင် ရှင်သာမဏေဘောင် ဝင်ခဲ့ပြီး၊ ၁၉၄၈ ဧပြီ ၁၆ မှာ ရဟန်းဘောင် ဝင်ခဲ့သည်။ ဝါးခယ်မ၊ ညောင်တုန်း၊ မန္ဈလေးတို့တွင် ပညာသ ...

                                               

ပထမ မောင်းထောင်ဆရာတော်

ပထမ မောင်းထောင်းဆရာတော် သည် အလုံမြို့ကျေး၊ မောင်းထောင်ရွာ၌ အဖ နတ်ရှင်ရိက္ခာ ဘွဲ့ခံ ဦးစံအူး၊ အမိ ရှင်ခွေးတို့မှ သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် ဖွားမြင်သည်။ နံအင်္ဂါသား၊ ငယ်မည် ဦးမြတ်နေ ဖြစ်သည်။ ၁ဝ နှစ်သားအရွယ် ကျောင်းနေ၍ ၁၃ နှစ်သားအရွယ်တွင် သာမဏေ ပြုသည် ...

                                               

ပထမကျော်အောင်စံထားဆရာတော်

ပထမ ကျော်အောင်စံထား ဆရာတော် အရှင်ဉာဏဝရ လောင်းလျာကို ပုခန်းကြီးမြို့ မြောက်လက်ပိုင်သင်ရွာ၌ အဖ ဦးရွှေအောင်၊ အမိ ဒေါ်ကြုတ်တို့မှ သက္ကရာဇ် ၁၀၆၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပန်းအောင် ဖြစ်သည်။ ငါးနှစ်သား အရွယ်သို့ ရောက်သောအခါ မိဘနှစ်ပါးက ...

                                               

ပုဂံဆရာတော်

သက္ကရာဇ် ၈၈ဝ-ပြည့်နှစ်တွင် ဆရာတော် သျှင်မဟာသီလဝံသ ပျံလွန်တော်မူခဲ့၏။ ထိုအခါ ဆရာတော်ရေးသားခဲ့သော ဓမ္မပါလပျို့မှာ ၁၇-ပိုဒ်မျှ ပြီးစီး၍ လက်စတင်းလင်းနှင့် ကျန်ရစ်သည်။ ထိုပျို့ကို ဆက်လက်၍ ရေးသားဖွဲ့ဆိုသူကား ပုဂံဆရာတော် ဖြစ်သည်။ ဆရာတော် သျှင်မဟာသီလဝံသ ...

                                               

ဗုဒ္ဓဃောသ

မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် ဗုဒ္ဓဘုရားရှင်၏ ပိဋကတ်သုံးပုံနှင့် တကွ အဋ္ဌကထာတို့ကို သီဟိုဠ်ဘာသာမှ မဂဓဘာသာသို့ပြန်ဆိုကာ အဓိပ္ပာယ်ရှင်းလင်း ဖွဲ့ဆိုသော အဋ္ဌကထာသစ်များကို ပြုစုခဲ့သဖြင့် ကျော်ကြားထင်ရှားခဲ့သော ပုဂ္ဂိုလ်ထူးတစ်ပါး ဖြစ်ပေသည်။ ထိုမထေရ်မြတ်၏ မ ...

                                               

ဗုဓ်၊ ဦး (ဆရာတော်)

ဆရာတော်ဦးဗုဓ် သည် ကုန်းဘောင်ခေတ်တွင် ပရိယတ္တိသာသနာ၌ နေမင်းတဆူပမာထင်ရှားကျော်ကြားတော်မူသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်ဦးဗုဓ်ကို ၁၁၄၉-ခု၊ နယုန်လပြည့်ကျော် ရက် အင်္ဂါနေ့တွင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၊ သာခေါင်ရပ်၌ မွေးဖွားသည်။ မိဘမ ...

                                               

ဗောဓိဓမ္မ၊ ဆရာတော်

ဆရာတော် ဗောဓိဓမ္မ သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။ မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် က ...

                                               

ဘုရားကြီးဆရာတော်

မန္တလေးမြို့၊ ဘုရားကြီး ဆရာတော်ဘုရားသည် မိတ္ထီလာမြို့ ရွှေပြည်ရန်အောင် အရှေ့လက်တာ ၂ ထောင်ကျော်ကွာ ကဖြူရွာ၌ သက္ကရာဇ် ၁၁၇၂ ခုနှစ်တွင် ဖွားမြင်တော် မူသည်။ ငယ်မည်တော် ဦးညိုဖြစ်သည်။ ဘွဲ့အမည်တော်ကား ဦးဇာဂရ ဖြစ်သည်။ ဆရာတော်၏ ငယ်ဆရာရင်းကို မသိရချေ။ မှတ်တ ...

                                               

ဘုရားကြီးဆရာတော် (ရှင်စာရိန္ဒာသဘ)

ဆရာတော်ကို ၁၂၂၉ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၃ ရက် အင်္ဂါနေ့တွင် ဟင်္သာတခရိုင်၊ သရဝေါရွာကြီးတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ယုန် ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးပုဏ္ဏား − ဒေါ်ဥ ဖြစ်သည်။ သာရဝေါကျောင်းတိုက် အရှင်ကလျာဏတိဿမထေရ်ထံတွင် စာပေများ သင်ကြားခဲ့သည်။ ...

                                               

မေတ္တာစာရ၊ အရှင်

အရှင် မေတ္တာစာရ သည် မြန်မာနှင့် နိုင်ငံတကာဘလော့ဂ်လောက၌ ရဟန်းတော်တစ်ပါးအဖြစ်ဖြင့်ထင်ရှားသည် ။ အရှင် မေတ္တာစာရ ကို မေလ ၁ ၊ ၁၉၈၂ခုနှစ်တွင် စစ်ကိုင်းတိုင်း ဝန်သိုမြို့၌ ဦးမြသီး+ဒေါ်ညိုဥတို့မှ မွေးဖွာ:သည်။ ၁၉၉၄ ခုနှစ်တွင် ကိုရင်စဝတ်ပြီး ၂၀ဝ၀ခုနှစ်အရော ...

                                               

မငေးဆရာတော်

ဆရာတော်ကို ၁၂၂၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်နေ့တွင် မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်း အရှေ့ဘက် ဆင်ခေါင်းရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးရွှေလှ - ဒေါ်ထိမ်း ဖြစ်သည်။ အသက် ၁၂ နှစ်အရွယ်တွင် ရှင်သာမဏေပြုခဲ့ပြီး မန္တလေးမြို့သို့ ကြွတော်မူခဲ့ကာ ...

                                               

မင်းကွန်းဇေတဝန်ဆရာတော်

မင်းကွန်းဇေတဝန် ဆရာတော် ဘုရားကြီးသည် စစ်ကိုင်းမြို့မြောက်ဘက်၊ မြန်မာတာ ၅ တိုင် မျှဝေးသော မင်းကွန်းအနောက်ရှိ ကံကြီးကုန်းရွာ၌ အဖဦးညို၊ အမိဒေါ်ပိုင်တို့မှ သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ် တပို့တွဲလဆန်း ၅ ရက် စနေနေ့ ညနေ ၆ နာရီ၊ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့ အချိန် ...

                                               

မင်းကွန်းတိပိဋကဆရာတော်

မင်းကွန်း တိပိဋကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ သည် မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ကို ပထမဆုံးရရှိခဲ့သော ဆရာတော်တစ်ပါးဖြစ်၍ ဂင်းနစ်စံချိန်မှတ်တမ်းတွင် မှတ်ဉာဏ် အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သူလည်း ဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲ၏ အဓိကက ...

                                               

မန်ယုတ်ဆရာတော်

ကြေးစီမန်စံနယ် ၊ မန်ယုတ်ကျောင်းတွင် သီတင်းသုံးတော်မူသည်။ ငယ်နာမည် မောင် ဩ ဖြစ်၍ ရဟန်းဘွဲ့ ဦးအာလောက ဖြစ်သည်။ ရဟန်ငယ်ဘဝနှင့်စစ်ကိုင်းမြို့ဆရာတော်ဦးသုမနထံ လောကုတ္တရာပညာများကို သင်ကြားတတ်မြောက်ခဲ့သည်။ သင်ကြားသမျှ စာပေများကိုလည်း အာဂုံအရကျက်မှတ်နိုင်စ ...

                                               

မန်လည်ဆရာတော်

မန်လည်ဆရာတော် သည် အထက်မြန်မာနိုင်ငံ၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် မန်လည်မြို့၌ အဖ သစ်ကုန်သည် ဦးထင်ညို၊ အမိ ဒေါ်ဖြေတို့မှ မြန်မာ သက္ကရာဇ် ၁၂ဝ၃ ခုနှစ်၊ နှောင်းတန်ခူး လဆန်း ၁၂ ရက် ၊ အင်္ဂါနေ့ ညဉ့် ၃ ချက်တီးကျော်တွင် ဖွားမြင်သည်။ ငယ်နာမည်မှာ မောင်မာ ဖြ ...

                                               

မဟာတိဿထေရ်

သာဝတ္ထိပြည်တွင် တိဿဟု အမည်ရှိသည့် သူကြွယ်၏သားသည် ရှိ၏။ တိဿသည် ကုဋေလေးဆယ်သော ရွှေငွေတို့ကို စွန့်လွှတ်ကာ မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းပြုခဲ့သည်။ ထို့နောက်တွင် တောအရပ်တွင် သင်္ခန်းကျောင်းကလေး ဆောက်လုပ်ကာ သီတင်းသုံးလေသည်။ ထိုတိဿမထေရ်၏ ခယ်မ ညီ၏ဇန ...

                                               

မဟာအရိယဝံသ၊ ရှင်

ရှင်မဟာ အရိယဝံသသည် အင်းဝခေတ် သက္ကရာဇ် ၈ဝ၄ ခုနှစ်တွင် နန်းတက်သော ထူပါရုံဒါယကာ နရပတိမင်းလက်ထက်တွင် ကျမ်းဂန် တတ်မြောက်လှသဖြင့် ကျော်စောထင်ရှားသော ဆရာတော် ဖြစ်သည်။ ပင်းယမြို့တောင်စကားအင်းရွာသား ဇာတိဖြစ် လေသည်။ ပင်းယမြို့၊ အင်းဝမြို့များ၌၊ အဋ္ဌကထာ၊ ဋီ ...

                                               

မာလာ၊ ရှင်

ရှင်မာလာ ကို ရွှေဘိုမြို့နယ်၊ ကန်တော်ရွာ၌ ဦးကင်း၊ ဒေါ်လုံမတို့မှ သက္ကရာဇ် ၁ဝ၅၈-ခုနှစ်၌ ဖွားမြင်၍ ငယ်မည်မှာ မောင်မှို ဖြစ်လေသည်။ ရှင်မာလာ ဟူသောဘွဲ့ဖြင့် ဘုန်းကြီးဦးညိုထံ သာမဏေပြုပြီး အလောင်းမင်းတရားကြီး လက်ထက်မှ ဆင်ဖြူရှင် လက်ထက်တိုင် ပင့်ဆောင်ကို ...

                                               

မိုင်းခိုင်းဆရာတော်

မိုင်းခိုင်းဆရာတော်သည် အမရပူရ ဒုတိယမြို့တည် နန်းတည် သာယာဝတီ မင်းတရားကြီးလက်ထက် မြန်မာ သက္ကရာဇ် ၁၂ဝ၄ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက် ကြာ သပတေးနေ့တွင် မုံရွာခရိုင် အလုံမြို့နယ် သာစည်ရွာ၌ ဖွားမြင် တော်မူသည်။ ၇ နှစ်အရွယ်သို့ ရောက်သောအခါ ဂိုဏ်းအုပ် ဆရ ...

                                               

မုံရွေး ဇေတဝန်ဆရာတော်

ကုန်းဘောင် ဒုတိယခေတ်တွင် ပေါ်ထွန်းလာသော ရဟန်း စာဆိုများအနက် မုံရွေးဇေတဝန်ဆရာတော်သည် ထင်ရှားသောစာဆိုတစ်ဦးဖြစ်၏။ ဆရာတော်ကို သက္ကရာဇ် ၁၁၂၈ ခုနှစ် နယုန်လဆန်း ၄ ရက်နေ့တွင် မုံရွာမြို့ စီရင်စုကြေးမုံရွာ၌ အဖ ဦးဇေယျ၊အမိ မမင်းလှတို့မှ ဖွားမြင်လေသည်။ မိဖတိ ...

                                               

မေဓာဝီ

မေဓာဝီ သည် မြန်မာနိုင်ငံသား ထေရဝါဒဗုဒ္ဓဘာသာရဟန်းတစ်ပါး ဖြစ်သည်။ ခေတ်သစ်ဝိပဿနာလက်စွဲကျမ်းစာအုပ်ကို ပထမဆုံးရေးသားခဲ့သည့် စာရေးဆရာလည်း ဖြစ်သည်။ ခေတ်သစ်ဝိပဿနပျံ့ပွားရေးတွင် ပါဝင်ခဲ့သည့် ပထမဆုံးသော ဆရာတစ်ဦးလည်း ဖြစ်သည်။ မေဓာဝီ၏ ပထမဆုံးသော လက်စွဲကျမ်းသ ...

                                               

ယွန်းဂိုဏ်းဆရာတော် ကမ်းဆေ

မိုးနဲမြို့နယ် တောရွာကလေးတရွာမှ တောင်ယာလုပ်ကိုင်စားသောက်သူ အဖပူခို ၊ အမိ နိုင်းခိုတို့မှ မြန်မာသက္ကရာဇ် ၁၂၁၁-ခု ၊ ဝါဆိုလဆန်း ရက် ကြာသပတေးနေ့တွင် ဖွားမြင်သည်။ ငယ်မည် အောင်ခçခေါ်သည်။ ဆရာကောလီနှင့်မိုးနဲမြို့ဦးသုမနကျောင်းတွင် ကျောင်းနေဖက်ဖြစ်သည်။ လေ ...

                                               

ရောဟဏ

မိလိန္ဒမင်း သည် ရဟန်းတို့အား အမေးပုစ္ဆာတို့ဖြင့် နှိပ်စက်နေ၏။ ထို့ကြောင့် ရဟန်းတို့သည် တာဝတိံသာနတ်ပြည်ရှိ နာဂသေနနတ်သားအား လူ့ပြည်သို့လာကာ မိလိန္ဒမင်း၏ ယုံမှားသံသယကို ဖြေဖျောက်ပေးပါရန် သွားရောက်တောင်းပန်၏။ နတ်ပြည်မှ ပြန်လာပြီးသော် ရဟန်းတို့သည် ဟိမ ...

                                               

ရွှေကျင်ဆရာတော်

ရွှေကျင်ဆရာတော်သည် မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရဟန်းတော်များ အတွင်း ပြုပြင်ပြောင်းလဲရေး ဂိုဏ်းတစ်ဂိုဏ်းကို စတင်တည်ထောင်သည့် ဆရာတော်တပါး ဖြစ်ပါသည်။ စတင်တည်ထောင်သည့် ဆရာတော်အမည်ကိုယူ၍ ယင်းဂိုဏ်းကို ရွှေကျင်ဂိုဏ်းဟု ခေါ်သည်။ ဆရာတော်- ...

                                               

ရွှေရေးဆောင်ဆရာတော်

ရွှေရေးဆောင်ဆရာတော်သည် ရွှေပြည်ရန်အောင် အနောက်လက် ကျောက်ဆောင်မြို့အပိုင်ဖြစ်သော ယခု မြင်းခြံ ခရိုင် တောင်သာမြို့နယ် မန်ကျည်းချိုရွာတွင် သက္ကရာဇ် ၁၂၁၉ ခု၊ ဝါဆိုလဆန်း ၈ ရက် တနင်္ဂနွေနေ့၌ ဖွားမြင်တော်မူသည်။ မိဘများမှာ ရွှေပြည်ရန်အောင် မြင်းတပ်မှူး ဦ ...

                                               

ရွှေဥဒေါင်းတောင်ဆရာတော်

ရွှေဥဒေါင်းတောင် ဆရာတော်ဟု ထင်ရှားတော်မူသော ဆရာတော် ဘဒ္ဒန္တ ကုမာရ ကို ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်၊ တီကျစ်မြို့ အနောက် ၅၆ မိုင်အကွာ ပင်ခင်ကျေး ရွာတွင် ခမည်းတော် ရှမ်းတရဲအမျိုးသား ဦးခိုင်၊ မယ်တော် ပအိုဝ်းအမျိုးသမီး ဒေါ်အွတ်တို့က သက္ကရာ ...

                                               

ရှင်ကလျာဏဝံသ

ဆရာတော်ကို ၁၁၃၁ ခုနှစ်တွင် ပင်းမြို့၊ မဲထီးရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ" မောင်ဝက်” ဖြစ်သည်။ ရှင်ပြုသည့်အခါ ဘွဲ့တော်မှာ" ရှင်ကလျာဏ” ဖြစ်သည်။ အရွယ်ရောက်သည့်အခါ" ရှင်ကလျာဏဝံသ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ အင်းဝမြို့ အနောက်တောင်ထောင့် မဟာအော ...

                                               

ရှင်ကဝိ (လောကမှန်ကင်းဆရာတော်)

ဆရာတော်ကို ၁၁၂၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်နေ့တွင် အလုံမြို့၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ" မောင်ကံရ” ဖြစ်သည်။ အရွယ်ရောက်သည့်အခါ" ရှင်ကဝိ” ဟူသည့် ဘွဲဖြင့် ရဟန်းပြုခဲ့သည်။ ရဟန်း ၁၆ ရသည့်အခါ လူထွက်ခဲ့၍ ရန်ကုန်မြို့တွင် တရားဟောပြာသည်။ ရတနပုရစတုတ္ထမ ...

                                               

ရှင်ကဝိဓဇ

ဆရာတော်ကို သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင်၊ မိတ္ထီလာကန်တော်အောက် ခြောက်ပင်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေမင်း ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးမြ − ဒေါ်ဖွေး ဖြစ်သည်။ ငယ်စဉ်က သိမ်ကျောင်းဆရာတော် ရှင်ပဏ္ဍိစ္စထံတွင် စာပေများ သင်ကြားခဲ့သည်။ အသက် ၂၀ အရွယ်တွင ...

                                               

ရှင်ကဝိဓဇ (ဗဟန္တောင်ဆရာတော်)

ဆရာတော်ကို ၁၂၅၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ မြောက်ဖက် လက်ပံကြီးရွာ၌ ဦးမောင်သာဖြူ - ဒေါ်အောင်သာဖြူတို့မှ ဖွားမြင်ခဲ့သည်။ ငယ်စဉ်ကပင် လက်ပံရွာကျောင်း၌ စာပေများ သင်ကြားခဲ့သည်။ ထို့နောက်တွင် ရှင်တိလောကဂုရုဆရာတော ...

                                               

ရှင်ကဝိန္ဒ (စတုတ္ထကျော်အောင်စံထားဆရာတော်)

ဆရာတော်ကို ၁၁၄၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်နေ့တွင် ဗန့်ကျီတိုက်၊ ငလည်ငေါက်ရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်သူနှင့် ရှင်မြို့ ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်ရွဲ ဖြစ်သည်။ ရှင်ပြုသည့်အခါ" ရှင်ကဝိန္ဒ” ဟူသည့်ဘွဲ့ ခံယူခဲ့သည်။ ဘကြီးတော် ...

                                               

ရှင်ကဝိန္ဒာဘိ (ပင်းဆရာတော်)

ဆရာတော်ကို ၁၁၅၅ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်နေ့တွင် မိတ္ထီလာမြို့၊ သပြေကုန်းရွာတွင် မောင်ကြာ - ရှင်ဖြူတို့မှ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်လွမ်းပြေ ဖြစ်သည်။ ရှင်သာမဏေပြုသည့်အခါ" ရှင်ကဝိန္ဒ” ဘွဲ့ကို ယူခဲ့သည်။ ရဟန်းပြုသည့်အခါ" ရှင်ကဝိန္ဒာဘိ” ဘွဲ့ကိ ...

                                               

ရှင်ကေတုမာလာလင်္ကာရ

ဆရာတော်ကို ၁၂၂၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်နေ့တွင် ပန်းတောင်းမြို့အပိုင် မြစိမ်းကျွန်းရွာကြီး၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်အောင်ကျော် ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးကြာနု − ဒေါ်ကောင်းသာ ဖြစ်သည်။ ငယ်စဉ်အခါက ကျီးသဲမြို့ သင်္ဂဇာဆရာတော်ကြီး၏ ပညာဆွေးန ...

                                               

ရှင်ဂုဏ

ဆရာတော်ကို ၁၁၁၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ပုဂံမြို့စီရင်စု မြစ်မြောက်ဖက် ကူရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးညိမ် ဖြစ်သည်။ ငယ်စဉ်ကပင် သာမဏေဝတ်ခဲ့သည်။ အရွယ်ရောက်သည့်အခါ" ရှင်ဂုဏ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ဆရာတော်ကို ...

                                               

ရှင်ဂုဏဓဇ

ဆရာတော်ကို သက္ကရာဇ် ၁၁၅၃ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်နေ့တွင် လယ်ကိုင်းမြို့တွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်နိုးနှင့် ရှင်အိုတို့ ဖြစ်သည်။ ငယ်မည်မှာ မောင်ကံပေး ဖြစ်သည်။ ရှင်သာမဏေပြုသည့်အခါ" ရှင်ကရဝိက” ဘွဲ့ကို ယူခဲ့သည်။ ရဟန်းပြုသည့်အခါ" ရှင်ဂု ...

                                               

ရှင်ဂုဏမုနိန္ဒ

ရှင်ဂုဏမုနိန္ဒသည် မန်လည်သာသနာပိုင်ဟု ထင်ရှားသည့် ဆရာတော် တစ်ပါး ဖြစ်သည်။ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်းများကို သက္ကတမှ ပါဠိမြန်မာသို့ ပြန်ဆိုခဲ့သည့် ကျမ်းတတ်ဆရာတော် တစ်ပါး ဖြစ်သည်။

                                               

ရှင်ဂုဏမုနိန္ဒ (ဘုတ်ကန်ဆရာတော်)

ဆရာတော်ကို ၁၁၂၈ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်နေ့တွင် ကောလင်းမြို့၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးတော၊ ရှင်ထွေး တို့ ဖြစ်ကြသည်။ အရွယ်ရောက်လာသည့်အခါ" ရှင်ကဝိ” ဟူသည့် ဘွဲ့ဖြင့် သာမဏေ ပြုခဲ့သည်။ ရဟန်းပြုသည့်အခါတွင်" ရှင်ဂုဏမုနိန္ဒ” ဘွဲ့ကို ယူခဲ့သည်။ ...

                                               

ရှင်ဂုဏဝံသ

ဆရာတော်ကို ၁၂၂၃ ခုနှစ်၊ တပို့တွဲလဆုတ် ၁၁ ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သံကြိုးရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးထွန်းဦး-ဒေါ်သဲကြာ ဖြစ်သည်။ ငယ်စဉ်က ညောင်ချောင်းရွာ ခါးပန်းနီဘုန်းတော်ကြီးထံ၌လည်းကောင်း၊ ကလျာဏီဘုန်းတော်ကြီးထံ၌လည်းကောင်း စာပေများ ...

                                               

ရှင်ဂုဏာဘိ

ရှင်ဂုဏာဘိ သည် စဉ့်ကူးမင်းနှင့် ဘိုးတော်ဘုရား လက်ထက်တွင် ကျော်ကြားခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်သည် ကျမ်းဂန်တတ်မြောက်သော်လည်း ကျမ်းများ ပြုစုခဲ့မှု မရှိပေ။ ဗားကရာဆရာတော် အရှင်ဓမ္မာဘိနန္ဒ၊ မောင်းထောင်ဆရာတော် အရှင်ဉာဏာဘိဝံသ၊ ကတိုးဆရာတော် အရ ...

                                               

ရှင်ဂုဏာဘိ (တောင်ပေါ်ဆရာတော်)

ဆရာတော်ကို ၁၁၂၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက်နေ့တွင် ပင်းတလဲမြို့စီရင်စု အုတ်ဖိုကန်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ကျော်လှဖြစ်သည်။ မိဘနှစ်ပါးမှာ မောင်ခဲနှင့် ရှင်လှထွန်းတို့ ဖြစ်သည်။ ရှင်ဂုဏ” ဟူသည့် ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။ အရွယ်ရောက်သည့်အခါတွင်" ...

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →