ⓘ Free online encyclopedia. Did you know? page 254



                                               

ဆင်ဖြူတော် ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေ

ဆင်ဖြူတော်ဝင်ကိန်းရှိရာတွင် ချည်တစ်ခင် ဝင်လာသည်နှင့် ကျိန်းကျေသွားသကဲ့သို့ ပစ္စည်းဥစ္စာ အခုလိုက် အပုံလိုက် ဝင်ကိန်းရှိရာတွင် မဖြစ်လောက်သည့် ပစ္စည်းတစ်ခုဝင်လာသည်နှင့် ကျိန်းကျေသွားသည်။ ရှေးအခါက တစ်ချိန်တည်း မွေးဖွားလာကြသော မင်းသားငယ်တစ်ဦးနှင့် ပုဏ ...

                                               

ဆင်ဖြူတော်ဝင်မယ့်ကိန်း ချည်တစ်ခင်နှင့် ကျိန်းကျေ

ဆင်ဖြူတော်ဝင်မယ့်ကိန်း ချည်တစ်ခင်နှင့် ကျိန်းကြေ ဟူသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။ ဆင်ဖြူတော်ဝင်မှာ ချည်တစ်ဝင်နှင့် ကျိန်းကျေ ဆိုသည့်စကားပုံသည်လည်း အတူတူပင်ဖြစ်သည်။ ချည်ဝင်ဆိုသည်မှာ ချည်ငင်ပြီး၍ ဝင်ရိုးမှ ချွတ်ထားသော ချည်လုံးကလေးဟု အနက်ရရှိသည်။

                                               

ဆင်မတတ်နိုင်၊ ကြွက်တတ်နိုင်၏

ဆင်သတ္တဝါ မဆောင်ရွက်နိုင်သော ကိစ္စကို ကြွက်သတ္တဝါက ဆောင်ရွက်နိုင်သည်ဆိုသကဲ့သို့ တစ်ခါတစ်ရံ အင်အားကြီးသူ ရာထူးဂုဏ်သိန်ကြီးသူတို့ မဆောင်ရွက်နိုင်သော ကိစ္စကို ထိုအောက်ငယ်သူတို့က စွမ်းဆောင်နိုင်သည်။

                                               

ဆင်လည်း ဆင့်အထွာနှင့်၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာနှင့်

ဆင်သည် အကောင်ကြီးသဖြင့် ဆင်နှင့်လိုက်ဖက်အောင် အထွာကြီးပြီး ပုရွက်ဆိတ်သည် အကောင်ငယ်သဖြင့် ပုရွက်ဆိတ်နှင့်လိုက်ဖက်အောင် အထွာငယ်သကဲ့သို့ အရာရာတွင် သဘာဝတရားအရ အချိုးအစား ညီမျှသည်သာ ဖြစ်သည်။

                                               

ဆန်ခိုးမမိ ဖွဲခိုးမိ

ဆန်ကို ခိုးစဉ်က မမိဘဲ ဖွဲကို ခိုးခါမှ မိသကဲ့သို့ ကြီးလေးသောပြစ်မှု ကျူးလွန်စဉ်က အမှုမဖြစ်ဘဲ သေးငယ်သော ပြစ်မှုကို ကျူးလွန်သည့်အခါမှ အမှုဖြစ်သည်။ အခြားဆိုလိုရင်းတစ်ခုမှာ ဆန်ခိုးသူအား မမိဘဲ ဖွဲခိုးသူကျမှ မိသကဲ့သို့ ကြီးလေးသောပြစ်မှု ကျူးလွန်သူကို မမ ...

                                               

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်

မောင်း၌ တပ်ဆင်ထားသော ကျည်ပွေ့သည် ဆုံမှ စဉ်ထွက်သမျှ ဆန်စေ့များ၏နောက်သို့ လိုက်၍မထောင်းနိုင်သကဲ့သို့ ပင်မကိစ္စကို လွှတ်ပြီး နှီးနွယ်ရာ အသေးအမွှားကိစ္စများနောက်သို့ လိုက်၍ မလုပ်နိုင်ချေ။

                                               

ဆန်ရင်း နာနာဖွပ်

ဆန်ကွဲ ဆန်နုပ် ဖြစ်သွားသော ဆန်သည် ဖွပ်စရာမလို၊ ဆန်ရင်းကိုသာလျှင် ဖြူသည်ထက်ဖြူအောင် နာနာဖွပ်ရသကဲ့သို့ ဆုံးမစရာရှိလျှင် ရင်းနှီးပြီး ကောင်းဖို့အလားအလာရှိသူကို ဖိ၍ဆုံးမသည်။

                                               

ဆရာကာပြန် အာခေါင်လှံစူး

ဗျိုင်းကို ဆရာအဖြစ် အသိအမှတ် မပြုသော လှံကစားသမားသည် အာခေါင်လှံစူး၍ သေရသကဲ့သို့ ဆရာကို ဖက်ပြိုင် အန်တုသူသည် နောက်ဆုံးတွင် ပျက်စီးရသည်။ ရှေးအခါက ယောက်ျားတစ်ယောက်သည် မြစ်အနီးရှိ ကတွတ်ပေါက်၌ ငါးကို မြှောက်ကစားနေသော ဗျိုင်းကို မြင်တွေ့ရာ အတုယူပြီး သစ် ...

                                               

ဆရာများ သားသေ

မလိုအပ်ဘဲ ဆေးဆရာအမျိုးမျိုး၏ ကုသမှုကို ခံယူမိသဖြင့် သားလူနာ သေဆုံးရသည်။ အခြားဆိုလိုရင်းတစ်ခုမှာ ဆေးဆရာအမျိုးမျိုး၏ လက်တည့်စမ်း ကုသမှုကို ခံယူမိသဖြင့် သားလူနာ သေဆုံးရသကဲ့သို့ တစ်ယောက်တစ်ပေါက် ဩဇာပေးမှုများသောကြောင့် လုပ်ငန်းပျက်စီးဆုံးရှုံးရသည်။

                                               

ဆိတ်ဆိတ်နေ ထောင်တန်

မပြောသင့်သော အခြေအနေတွင် ဆိတ်ဆိတ်နေခြင်းသည် တောတစ်ထောင်တန်သည်ဆိုသကဲ့သို့ မပြောသင့်သည့် အချိန်မျိုးတွင် နှုတ်စောင့်စည်းခြင်းသည် အကျိုးများစွာ ရှိသည်။ တစ်ရံရောအခါ ကေသရာဇာခြင်္သေ့မင်းသည် မြေခွေးမနှင့် ပေါင်းဖော်ရာ ခြင်္သေ့ငယ်တစ်ကောင် ဖွားမြင်၏။ ခြင် ...

                                               

ဆေးစက်ကျရာ အရုပ်ထင်

ကျွမ်းကျင်သော ပန်းချီဆရာသည် ဆေးစက်ကျရာမှာ ရုပ်ပုံဖြစ်အောင် စွမ်းဆောင်နိုင်သကဲ့သို့ အတတ်ပညာတစ်ခု၌ ကျွမ်းကျင်သူသည် ထိုအတတ်ပညာဆိုင်ရာတွင် ပြုလုပ်သမျှ တင့်တယ်သည်။

                                               

ဆေးသမားမထောင်းတာ၊ လူနာမခံချိ

ဆေးသမားက မဖြစ်စလောက်သာ ဝေဒနာခံရမည်ဟု ယူဆသော ကုထုံးသည် လူနာအဖို့ မခံမရပ်နိုင်အောင် ဝေဒနာခံရသကဲ့သို့ ပြုမူသူအဖို့ မဖြစ်မလောက်ဟု ထင်ရသော အမူသည် အပြုခံရသူအဖို့ မခံမရပ်နိုင်အောင် ဖြစ်ရသည်။

                                               

ဇာတ်တူသားစား၍ ဟင်္သာကိုးသောင်းပျက်

ဟင်္သာအချင်းချင်းပြန်စား၍ ဟင်္သာကိုးသောင်းပျက်စီးသကဲ့သို့ မိမိတို့အချင်းချင်း သစ္စာမဲ့၍ အားလုံးပျက်စီးရသည်။ ရှေးအခါက စိတ္တကုဋ်တောင် ရွှေဂူကြီးတစ်ခုအတွင်းတွင် ဟင်္သာကိုးသောင်းတို့ ခိုအောင်းနေထိုင်ကြသည်။ မိုးတွင်းကာလတွင် အပြင်သို့မထွက်ဘဲ နွေအခါက သိ ...

                                               

ဈေးမတတ် ရွာအနှုန်း၊ ဆံထုံးမတတ် ရွာဓလေ့

ပစ္စည်းတစ်ခု၏ ဈေးနှုန်းကို မသိလျှင် မိမိရောက်ရှိရာ ရွာ၏ ပေါက်ဈေးအတိုင်း ရောင်းဝယ်ရသည်။ တော်ဝင်ဆံထုံးမျိုး မထုံးတတ်လျှင် ရွာ၏ဓလေ့အတိုင်းထုံးဖွဲ့ရသည်။ ထို့အတူ မိမိကောင်းစွာ မကျွမ်းကျင်သော ကိစ္စ၌ အများနည်းကို လေ့လာ၍ လုပ်ဆောင်ရသည်။

                                               

ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်

ညောင်သီးစားနေသောငှက်သည် တစ်ဖက်မှ မိမိကို အန္တရာယ်ပြုမည့် လေးသံကို နားစွင့်ရသကဲ့သို့ လုပ်ငန်းတစ်ခုကို ဆောင်ရွက်နေစဉ် အန္တရာယ်ကိုလည်း တစ်ဖက်က သတိပြုရသည်။

                                               

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး

ညောင်ဦး ကမ်းပါးပြိုသောကြောင့် စမ္ပာနဂိုရ်က နွားမပေါင်ကျိုးရသည်ဟု မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုသကဲ့သို့ အဆက်အစပ်မရှိသော ဖြစ်ရပ်တစ်ခုကို မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုသည်။

                                               

တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ်

စောင်းကြိုး ညှိရာတွင် တင်းလွန်းလျှင် စောင်းကြိုးပြတ်တတ်၍ လျော့လွန်းပြန်လျှင်လည်း စောင်းကြိုးချင်း ရစ်ပတ်ရှုပ်ထွေးတတ်သကဲ့သို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ဆက်ဆံရေးတို့တွင် တင်းလွန်းလျှင်သော်လည်းကောင်း၊ လျော့လွန်းလျှင်သော်လည်းကောင်း အကျိုးမထင် ဖြစ်သည်။

                                               

တစ်ကောင်ရ ငါ့သမီးရှင်ထွေး

ငါးတစ်ကောင် ရတိုင်းရတိုင်း ငါ့သမီးရှင်ထွေးဖို့ဟု ရည်စူးသကဲ့သို့ အခွင့်အလမ်း ပေါ်လာသည့်အခါတိုင်း အခါတိုင်း တစ်ယောက်တည်းအဖို့သာ ရည်စူးသည်။ ရှေးအခါက တံငါသည်လင်မယားနှစ်ယောက်တွင် မယ်ထွေးဟုခေါ်သော အလွန်လှပချောမောသည့် သမီးတစ်ယောက်ရှိသည်။ မိခင်ဖြစ်သူသည် ...

                                               

တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း

တစ်ကျောင်းနှင့်တစ်ကျောင်း ရွတ်ဆိုသော ဂါထာ၊ တစ်ရွာနှင့်တစ်ရွာ သီဆိုသော တေးသီချင်းတို့ မတူကြသကဲ့သို့ သူ့နေရာနှင့်သူ အသုံးအနှုန်း လုပ်ထုံးလုပ်နည်း ကွဲပြားသည်။

                                               

တစ်ခါလာ မဲပြာပုဆိုး

တစ်ခါဝတ်လာလျှင်လည်း မဲပြာပုဆိုး နောက်တစ်ခါ ဝတ်လာလျှင်လည်း မဲပြာပုဆိုးသာ ဖြစ်သကဲ့သို့ ပြုမူပြောဆိုဖြစ်ပျက်သမျှသည် ထူးခြားဆန်းသစ်မှုမရှိဘဲ ထပ်တလဲလဲ ဖြစ်နေသည်။

                                               

တစ်တောစောင့်သည် ခြေတိုင်ကုပ်ကား၊ တစ်အိုင်စောင့်သည် ငါးရံ့တင်ပြောက်

ကေသရာဇာခြင်္သေ့မင်း တာဝန်ပေးသဖြင့် တောကို စောင့်သော ခြေတိုင်ကုပ်ကားကိုလည်းကောင်း၊ အိုင်ကို စောင့်သော ငါးရံ့တင်ပြောက်ကိုလည်းကောင်း အခြားသတ္တဝါများက လေးစားရသကဲ့သို့ အကြီးအကဲက သင့်လျော်သောသဖြင့် တာဝန်ပေးသည်ကို ကျန်လူအများက လေးစားရသည်။ ရှေးအခါက ကေသရာ ...

                                               

တပည့်မကောင်း၊ ဆရာ့ခေါင်း

တပည့်များ အကျင့်စာရိတ္တမကောင်းသူ ဖြစ်လာလျှင် ဆရာ့ဝတ္တရား ပျက်ကွက်သည်ဟု ဆရာ့အပေါ် အပြစ်ပုံကျသည်။ အခြားဆိုလိုရင်းတစ်ခုမှာ တပည့်မလိမ္မာလျှင် ဆရာတွင် တာဝန်မကင်းသကဲ့သို့ ငယ်သူမလိမ္မာလျှင် ကြီးသူများတွင် တာဝန်မကင်းချေ။

                                               

တရုတ်ပြည် အပ်ရောင်းသွား

အပ်ပေါများသော တရုတ်ပြည်သို့ အပ်သွားရောင်းသကဲ့သို့ ဒေသတစ်ခုတွင် ပေါများစွာ ရှိနေသော အရာမျိုးကို ထိုဒေသသို့ သွားရောက်ဖြန့်ဖြူးရန် အကြောင်းမတန် အားထုတ်သည်။

                                               

တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်

မိမိကိုယ်နှင့် တိုင်း၍ ရက်ထားသကဲ့သို့သော ပက္ကလာကို မိုးရွာသည့်အချိန်နှင့် တိုက်ဆိုင်စွာ အခန့်သင့်ရသကဲ့သို့ အကြောင်းနှစ်ရပ်သည် အခန့်သင့်စွာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်သည်။

                                               

တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်

တောင်တို့သည် မည်မျှပင် မြင့်မားစေကာမူ တောင်တက်သူတို့၏ ဖဝါးအောက် ရောက်ရသည်။ လှိုင်းလုံးတို့ မည်မျှပင် ကြီးမားစေကာမူ လှေ၏အောက်သို့ ရောက်ရသည်။ ထို့အတူ အခက်အခဲ မည်မျှပင် ကြီးမားစေကာမူ ကြိုးစားအားထုတ်မှု၏ အောက်၌ ပပျောက်သွားသည်။ အခြားဆိုလိုရင်းတစ်ခုမှာ ...

                                               

တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်

တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင် ဆိုသကဲ့သို့ နှစ်ဖက်စလုံး သူ့နည်းနှင့်သူ လွန်ကြသည်ချည်းဖြစ်သည်။ နှစ်ဖက်စလုံးမှားယွင်းနေသည်ကို ဖျန်ဖြေထောက်ပြသည့် အခါမျိုးတွင်လည်း ဤစကားကို သုံးလေ့ရှိသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်တွင် ပထ ...

                                               

တောင်လဲရာ မြက်ပြတ်

တောင်ပြိုလဲရာတွင် တောင်နှင့် မကင်းသော မြက်ပင်များစွာ ပျက်စီးရသကဲ့သို့ မှီခိုအားထားရာ ပျက်စီးသောအခါ မှီခိုသူတို့ပါ ဒုက္ခရောက်ရသည်။ အခြားဆိုလိုရင်းတစ်ခုမှာ တောင်လဲပြိုရာတွင် တောင်၏ဝန်းကျင်ရှိ မြက်ပင်များ ပျက်စီးရသကဲ့သို့ အင်အားကြီးမားသော အခါတစ်ခု ပ ...

                                               

ပိုနေမြဲ ကျားနေမြဲ

ရှေးသရောအခါ တောအုပ်တစ်ခုအနီးတွင် အဘိုးအိုနှင့် အဘွားအို လင်မယားနှစ်ယောက်တို့သည် တဲကလေးထိုးကာနေထိုင်ကြသည်။ တနေ့တွင် အဘိုးအိုသည် ဟင်းရွက်ရှာသွားရင်းနှင့် မွေးကာစ ကျားကလေး တစ်ကောင်ကို တွေ့ရသောကြောင့် သနားချစ်ခင်စွာဖြင့် တဲသို့ ပြန်ယူလာကာ သားသမီးအမှတ ...

                                               

မသူတော်ခုနစ်ပါး

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး ဟူသည့် စကားပုံမှ လာသည်။ မိမိဂုဏ်ပုဒ်ကို ထုတ်ဖော်ဝင့်ကြွားသူသည် မသူတော်များသာ ဖြစ်သည်ဟု ဆိုလိုသည်။ ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန် သတ္တဝါများကား ခုနစ်ပါးရှိသည်။ ထိုခုနစ်ပါးမှာ - တောက်တဲ့။ ဇီ ...

                                               

မီးကြီး ငြမ်းခို၊ ကျောက်ကြီး ငါးခို

မီးရှူးဒုံးပျံကြီး ကောင်းကင်သို့ တက်နိုင်ရန် ခိုင်ခံသော ငြမ်းကို အားပြုမှီခိုရသကဲ့သို့၊ ငါးများသည် ကြီးမားသော ကျောက်ဆောင်ကို သဘာဝအလျောက် မှီခိုကြသကဲ့သို့ ခိုင်ခံ့ကြီမားသော အမှီအခိုကို သူသူငါငါ မှီခိုကြရသည်။

                                               

ယာလည်းညက်စေ ကြက်လည်းပန်းစေ

ဒီစကားပုံရဲ့ ဗျုပ္ပတ် ကတော့ …. မြန်မာသက္ကရာဇ် ၇၃၂-ခုနှစ်တွင် ကလေးနှင့် မိုးညှင်း စစ်ဖြစ်ကြရာ ကလေးစား သိုချည်ဘွားက အင်းဝဘုရင် မင်းကြီးစွာစော်ကဲ ထံ ‘ကျွန်ုပ်ကို ကူညီပါ၊ အောင်မြင်လျှင် မိုးညှင်းကို ဆက်ပါမည်’ ဟု လျှောက်လာသည်။ မိုးညှင်းစား စောခုံမှိုင ...

                                               

ဝိနည်းတတ် ကြက်သတ်

ဝိနည်းတတ်သူသည် ဝိနည်းလွတ်အောင် လက်တစ်လုံးခြားရှောင်၍ ကြက်သတ်သည်ဆိုသကဲ့သို့ ဥပဒေစည်းကမ်းတတ်ကျွမ်းသူက ဥပဒေလွတ်အောင် လက်တစ်လုံးခြားရှောင်၍ အပြစ်ကျူးလွန်သည်။

                                               

သံဃာအား ဘုရားမဆန်သာ

သံဃာအများစု၏အလိုကို မြတ်စွာဘုရားသော်မှ လွန်ဆန်၍ မပြုသကဲ့သို့ ဦးစီးခေါင်းဆောင်ပြုသူသည် အများစု၏ ဆန္ဒ ကို မလွန်ဆန်သာချေ။ မြတ်စွာဘုရား ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဃောသိတာရုံကျောင်းရှိ ဝိနည်းဓိုရ်ရဟန်းနှင့် ဓမ္မ ကထိက ရဟန်းနှစ်ပါးတို့ ဝိနည်း ကိ ...

                                               

အကြံကုန် ဂဠုန်ဆားချက်

ရှေးသရောအခါ ရေနေနဂါးတစ်ကောင်သည် လူအသွင်ကို ဖန်ဆင်း၍ မဟာသမုဒ္ဒရာကြီးအနီးတွင် ပျော်မွေ့စွာနေထိုင်၏။ ထိုအခါ ဂဠုန်တစ်ကောင်သည်လည်း လူ၏အသွင်ကို ဖန်ဆင်းကာ သမုဒ္ဒရာအနီး၌ပင် လွတ်လပ်စွာဖြင့် ပျော်ပါးကာနေလေ၏။ တစ်နေ့သောအခါ နဂါးနှင့် ဂဠုန်တို့သည် မထင်မှတ်ဘဲ ရ ...

                                               

အပ် ဦးပဲ့ထမ်း

ချုပ်အပ်တစ်ချောင်းကိုပင် ဦးကတစ်ယောက် ပဲ့ကတစ်ယောက် ညီညီညွတ်ညွတ် ထမ်းသည်ဆိုသကဲ့သို့ အရာရာ၌ ညီညီညွတ်ညွတ် စုပေါင်းလုပ်ဆောင်သည်ကို ဆိုလိုသည်။ အခြားဆိုလိုရင်းတစ်ခုမှာ အပ်တစ်ချောင်းကိုပင် မိမိတစ်ဦးတည်းဆိုလျှင် မထမ်းဘဲ သူ ဦးက ထမ်းမှ ကိုယ် ပဲ့က ထမ်းနိုင်မ ...

                                               

အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ

တနင်္ဂနွေဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် တေဇောဓာတ်ချင်းအားဖြင့်လည်းကောင်း၊ တနင်္လာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့သည် ပထဝီဓာတ်ချင်းအားဖြင့်သော်လည်းကောင်း၊ အင်္ဂါဂြိုဟ်နှင့် ရာဟုဂြိုဟ်တို့သည် ဝါယောဓာတ်ချင်းအားဖြင့်သော်လည်းကောင်း၊ ဗုဒ္ဓဟူးဂြိုဟ်နှင့် သေ ...

                                               

ဦးဝေစံကူး၊ ရေဘူးတောသူ၊ ဓာတ်ရန်ဟူ

တနင်္ဂနွေဂြိုဟ်သည် တေဇောဓာတ်ဖြစ်၍ ဗုဒ္ဓဟူးဂြိုဟ်သည် အာပေါဓာတ်ဖြစ်၍လည်းကောင်း၊ အင်္ဂါဂြိုဟ်သည် ဝါယောဓာတ်ဖြစ်၍ တနင်္လာဂြိုဟ်သည် ပထဝီဓာတ်ဖြစ်၍လည်းကောင်း၊ ရာဟုဂြိုဟ်သည် ဝါယောဓာတ်ဖြစ်၍ ကြာသပတေးဂြို်ဟ်သည် ပထဝီဓာတ်ဖြစ်၍လည်းကောင်း၊ စနေဂြိုဟ်သည် တေဇောဓာတ် ...

                                               

ဌာန်းကရိုဏ်းပယတ်

အက္ခရာတို့၏ ဖြစ်ရာအရပ်ကို ဌာန်ဟုခေါ်ဆိုသည်။ အက္ခရာများ ဖြစ်ပေါ်ခြင်း၏ အကြောင်းကို ကရိုဏ်းဟု ခေါ်ဆို သည်။ အက္ခရာများ ဖြစ်ပေါ်လာအောင် အားထုတ်မှုကို ပယတ် ဟု ခေါ်ဆိုသည်။ ထိုတွင် ဌာန်ဟူသည် ဌာနဟူသောပါဠိပုဒ်ကို မြန်မာသံ ဖြင့် ခေါ်ဆိုထားခြင်းပင်ဖြစ်သည်။ ...

                                               

တန်းနိမ့်မြန်မာစာ

၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်လာပြီးနောက် မြန်မာစာ ဌာနဟူ၍ တန်းမပေါ်ပေါက်လာသေးဘဲ ပါဠိဌာနဟူ၍ အလျင် တည်ထောင်သည်။ ပါဠိဌာနမှတဆင့် အရှေ့တိုင်းပညာဌာန ဟူ၍ ဖြစ်လာကာ၊ အရှေ့တိုင်းစာပေလေ့လာရေးဌာန၊ အရှေ့တိုင်းဘာသန္တရဌာနဟူ၍လည်း မြန်မာလို ခေါ်ပြီး ...

                                               

မြန်မာ အက္ခရာ

မွန်တို့ထံမှ ဆင်းသက်သည့် မြန်မာတို့ ရေးသားသတ်မှတ်အပ်သော အက္ခရာအရေအတွက်မှာ ရှေးရဟန်းရှင်လူပညာရှိတို့ အလိုအားဖြင့် ၄၁-လုံးရှိ၏။ ခေတ်သစ်မြန်မာသဒ္ဒါတို့အလိုအားဖြင့် အ အာ ဣ ဤ ဥ ဦ ဧ ဩ ကိုထည့်သွင်းရေတွက်ခြင်း မပြုဘဲ ၃၃-လုံးဟု သတ်မှတ်သည်။ အက္ခရာ ၄၁-လုံးတ ...

                                               

မြန်မာစာစတင်ဖြစ်ပေါ်လာပုံ

မြန်မာစာစတင်ဖြစ်ပေါ်လာခြင်းသည် မြန်မာသည် ပျူနှင့်မွန်စာရေးနည်းကို စံတင်ပြီး ရာစုတွင် မြန်မာဘာသာ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စတင်တည်ထောင်စဉ်ကာလ အနော်ရထာမင်း၏ လက်ထက်တွင် သက္ကတဘာသာစာဖြင့် ရေးသောအုတ်ခွက်စာများ၊ ပါဠိစာများဖြင့်ရေးသော အုတ ...

                                               

မြန်မာသင်ပုန်းကြီး

က ကာ ကိ ကီး ကု ကူး ကေး ကဲ့ ကော့ ကော် ကံ့ ကား။ ခ ခါ ခိ ခီး ခု ခူး ခေး ခဲ့ ခေါ့ ခေါ် ခံ့ ခါး။ ဂ ဂါ ဂိ ဂီး ဂု ဂူး ဂေး ဂဲ့ ဂေါ့ ဂေါ် ဂံ့ ဂါး။ ဃ ဃာ ဃိ ဃီး ဃု ဃူး ဃေး ဃဲ့ ဃော့ ဃော် ဃံ့ ဃား။ င ငါ ငိ ငီး ငု ငူး ငေး ငဲ့ ငေါ့ ငေါ် ငံ့ ငါး။ စ စာ စိ စီး စု စ ...

                                               

သင်ပုန်းကြီး (မြန်မာ)

သင်ပုံကြီးမှသင်ပုန်းကြီးသို့ပြောင်းသလော မြန်မာစာသင်ပုံသင်နည်း အခြေခံကျမ်း၊ သရနှင့်ဗျည်းတို့ကို စည်းကမ်းတကျရေးသားပုံ၊ သတ်ဖတ်ပုံမှ အစလိုသေးမရှိပြည့်စုံလုံလောက်စွာပြုစုထားသည်။ သင်ပုန်း ကြီးအကျဉ်းသုံးမျိုးအကျယ်သုံးဆယ်ရှိသည်။ သင်ပုန်းကြီးကို လေ့လာလျှင ...

                                               

သမ္ဗန္ဓ

ပုဒ်တို့ကိုဖြစ်စေ၊ ဝါကျတို့ကိုဖြစ်စေ ဆက်စပ်ပေးသောစကားရပ်ကိုသမ္ဗန္ဓဟု ခေါ်သည်။ သမ္ဗန္ဓ၏အနက်မှာဆက်စပ်ခြင်းဟုရ၏။ သမ္ဗန္ဓနှစ်မျိုးရှိသည်။ သမာနသမ္ဗန္ဓနှင့်နိဿိတသမ္ဗန္ဓတို့ဖြစ်သည်။ သမာနသမ္ဗန္ဓဆိုသည်ကားသ ဘောတူသည့်ပုဒ်ဝါကျတို့ကို ဆက်စပ်ရန်သုံးခြင်းဖြစ်သည ...

                                               

ဧကဗျည်း ဝါကျ

မြန်မာစာတွင် ဗျည်းတစ်ခုတည်းကိုသာ သုံး၍ ဝါကျ တည်ဆောက်နိုင်ပြီး အရှည်ဆုံး ဝါကျများကို ကြံဆလေ့ရှိသည်။ အများသိ ၎င်း ဧကဗျည်း ဝါကျများမှာ - တ ၆၅ လုံး။ ။ တော်တော် တော်တဲ့ တို့တတွေ တောတွေ တတိတိတိုး တောင်တွေ တတိတိတက်တော့ တစ်တောင် တိတိ တိုင်းတာ တူးတဲ့ တွင် ...

                                               

ခွဲခွဲခြားခြား

ခွဲခွဲ ခြားခြား လားလား မုန်းထား။ ။ ကျွန်မမှာ မိန်းမသား။ ။ တူ မပျော်ဘူး။ စိတ်ထဲ-မှန်စွဲ။ ကျွန်မကို မုန်းရလေနဲ့။ ။ ဝမ်းကွဲ။ ဝမ်းနဲ။ နဲလေ အောင်။ ။ ထွေထွေ၊ ပြားပြား။ ဆန်းဆန်း၊ ထူးထူး။ ဘယ်ခင်းမှ ရှိပါဘူး။ ။ စာနာပါဦး ထိပ်ထား။ တွယ်တာပါ ကောင်းရှင့်ဘုရား။ ...

                                               

စိမ်းလဲ့လဲ့ညိုပြာ

စိမ်းလဲ့လဲ့ညိုပြာ။ ဇေယျာအောင်ခန်း။ ဘောင်တော်ဆိုက်ခါ မြန်းပါလို့။ ရွှေပြည်သူစုံပေါင်း ရှိပန်း။ ။ နန်းနှင့်ယာဉ်ဧရာ။ ပြည့်မျှရံဗိုလ်ပါ။ ကြွေးရင့်ဆော်သံဝွ။ နှဲနှင့်စည် တံမြွာ ။ ဆေးလေးညီညာ။ သင်္ခါငါးမည်။ ညှင်းညှင်း တံရှည်ကျူး။ ဘယ်ရာဝင်ရှေးမှာမှ။ တူဟန် ...

                                               

စံရာဘုံမြင့်

စံရာဘုံမြင့် ညီးလင်း ဝေယန်နှုန်းမယွင်း။ ။ ရာပြည်ပြည်မင်းမှန်ကူ။ ထွတ်ထိပ်သယမ္ဘူ။ ။ စံတော်မူ။ လျှံလူအောင်မြေကျွန်းဝယ်ပလေ။ ရှုငြောင်းအီ။ ရှေ့ဆီ ပြုဗ္ဗာစွန်းမှာတဲ့လေး။ ။ ဖြူဝန်းပြာချေ။ ဝါရွှေစိမ်းစို။ ခိုလဲ့လဲ့ ညိုနွဲ့နွဲ့ အိုဘဲ့ကြာမျိုး။ မောက်ဖြိုးထ ...

                                               

ဆယ်ရောင်ဝေ

ဆယ်ရောင်ဝေ။ ပယ်မှောင်ချွေ။ အမရ မြန်ချာမြေ။ ။ ရေဝ ရေဝ ရေတ သာရွှန်း။ ဗိမာန်နန်းမြင့်သွန်းငယ်နှင့်လေး။ ။ လွှတ်ကွန်းဘွေညီလာလေတည့်မှ။ ရွေဝန်းကြယ်ရံကာ။ ။ ခွါပြာ၊ မာလာ၊ ဂန္ဓာကြိုင်သင်း။ ဂေါ်ဇင်ပင်မြင့်မင်းငယ်နှင့်လေး။ ။ မြင်းခင်းအောင်ဇေယျံလေတည့်မှ။ ပယ်ဝ ...

                                               

ဆီးနှင်းပြိုက်ကျ

ဆီးနှင်းပြိုက်ကျ-ချမ်းဆောင်း။ ညံ့ပျောင်းပျောင်း။ ဝတ်နံ့ငယ်လေ လှောင်းလှောင်း။ နံ့ပန်းပေါင်း။ ။ စက်လျောင်း စက်လျောင်း ဘုံသာခွင်။ မှေးမှိတ်ပျော်မရွှင်။ ။ စိတ်မှာပင်။ ထိပ်ချာတင်။ ရိပ်ခါမြင်မိ။ လိပ်ပျာမင်း။ ထူးထွေများဘိခြင်း။ ။ ရင်တွင်း ရင်တွင်း ပူလှတ ...

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →