Back

ⓘ သယ်ယူပို့ဆောင်ရေး. လူများကို တစ်နေရာမှ တစ်နေရာသို့ပို့ဆောင်ခြင်း၊ ကုန်ပစ္စည်းများကိုတစ် နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ယူခြင်း စသည့်ကိစ္စတို့ကို သယ်ယူပို့ဆော ..



                                               

ဖူနမ်ရွန်

ဖူနမ်ရွန် သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်တွင်ရှိသော တနင်္သာရီတောင်တန်းများကို ဖြတ်၍ဖေါက်ထားသော အမြင့်ပေ ၃၅၀-မီတာ၌ရှိသော နယ်ခြားဖြတ်လမ်းကြောင်း၏ ထိုင်းနိုင်ငံဘက်ခြမ်းဒေသအမည် ဖြစ်သည်။ နယ်စပ်ဝင်/ထွက်ပေါက်၏ ထိုင်းနိုင်ငံဘက်ခြမ်းကို ဆိုလိုသည်။)

                                               

ဟူပေပြည်နယ်

ဟူပေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်ပြည်နယ်တစ်ခု ဖြစ်ပါသည်။ ပြည်နယ်၏အမည်မှာ ​တုံထျင်ရေကန်၏မြောက်ဘက်ရှိ ၎င်း၏အနေအထားကို ရည်ညွှန်းပြီး "မြောက်ဘက်အိုင်" ကို ဆိုလိုသည်။ ပြည်နယ်၏မြို့တော် ဝူဟန်မြို့ သည် အဓိကသယ်ယူပို့ဆောင်ရေးအချက်အချာနှင့် တရုတ်ပြည်အလယ်ပိုင်း၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအချက်အချာဖြစ်သည်။

                                               

နည်းပညာ/မိတ်ဆက်

နည်းပညာ ဆိုသည်မှာ သိပ္ပံ နှင့် အင်ဂျင်နီယာ ဘာသာတို့ကို လူသား နှင့် လူသားတို့ အကျိုးအတွက် အသုံးချခြင်းပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော်က လူတို့၏ ဘိုးဘေးများသည် ကျောက်ဖြင့် ပြုလုပ်ထားသော ကိရိယာများကို အသုံးပြုခဲ့ကြသည်မှာ နည်းပညာ၏ အစောဆုံး ဥပမာ တစ်ရပ်ပင် ဖြစ်သည်။ အခြားသော အစောပိုင်း ဥပမာများမှာ မီးအသုံးပြုမှုကို ထိန်းချုပ်ခြင်း၊ အဝတ်အထည်များကို အသုံးပြုခြင်းနှင့် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်းတို့ပင်ဖြစ်သည်။ ထိုနည်းပညာများနှင့် အခြားနည်းပညာများမှာ လူတို့ သဘာဝ ပတ်ဝန်းကျင်နှင့် ဆက်စပ်ယှက်နွယ်နေကြပုံကို များစွာ အထောက်အကူ ပြုပေသည်။ နည်းပညာ တိုးတက်မှုအများစုမှာ သယ်ယူပို့ဆောင်ရေး ...

                                               

အောင်လံဆရာတော်

အရှင်စန္ဒိမာကို ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အနောက်တံခွန်တိုင်ကျေးရွာနေ ခမည်းတော် ဦးသိန်းအောင်၊ မယ်တော် ဒေါ်ခင်မြတို့မှ ကောဇာသက္ကရာဇ် ခုနှစ် ကဆုန်လပြည့်ကျော် ရက် နံနက် နာရီအချိန်တွင် မီးရှူးသန့်စင်ဖွားမြင်ခဲ့ပါသည်။ မွေးချင်း ယောက်ရှိသည့်အနက် တတိယမြောက်သားရတနာ ဖြစ်ပါသည်။ ငယ်စဉ်မှစ၍ လောကီအတန်းပညာများကို သင်ကြားခဲ့ပါသည်။ အသက် နှစ်အရွယ်တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလဲ့ရွှေကျင်ကျောင်းကြီးတွင် ဘဒ္ဒန္တဇဝနကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ တက်ခဲ့သည်။ သဲအင်းဂူဆရာတော်ဘုရားကြီး၏ တပည့် ဆရာတော်ဦးသီရိဓမ္မထံတွင် ရက် တရားစခန်းအားထုတ်ပြီး ၎င်းနှင့်အတူ မှော်ဘီသဲအင်းဂူဌာနချ ...

                                               

ဈေး

ဈေးဆိုသည်မှာ စားသုံးကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းဝယ် ဖောက်ကားရာဌာန ဖြစ်သည်။ ရှေးအခါက ဈေးကို နေရာ အတည်တကျ သတ်မှတ်ထားခြင်းမရှိချေ။ ထိုအခါက လမ်းပန်း အဆက်အသွယ် သယ်ယူပို့ဆောင်ရေးမှာ မလွယ်ကူသေးသည့် အလျောက်၊ တည်ခင်းရောင်းချသော ဈေးဟူ၍လည်း မရှိခဲ့ချေ။ ကုန်ရောင်းလိုသူတစ်ဦးအဖို့ မိမိ၏ကုန်စည်များကို တစ် နေရာတည်းတွင်ထား၍ ရောင်းချသောအခါ၊ မိမိအတွက်လည်း သက်သာ၊ ကုန်ဝယ်လိုသူအဖို့လည်း လိုက်လံရှာဖွေ၍ မနေရဘဲ၊ အလွယ်တကူ လာရောက်ဝယ် ယူနိုင်သည်ကိုတွေ့ရ၏။ ဤ နည်းနှင်နှင်ပင် အခြားကုန်သည်များကလည်း ထိုသူ၏ အနီး တွင် တည်ခင်းရောင်းချ၏။ ဤသို့အားဖြင့် ရောင်းသူဝယ်သူ များပြားလာပြီးလျှင် ထိုနေရာသည် ဈေးဖြစ်လာတော့၏။ ဤကဲ့သို့ဖြ ...

                                               

အလယ်ပိုင်း ကာလီမန်တန်

အလယ်ပိုင်း ကာလီမန်တန်, အင်ဒိုနီးရှား၏ပြည်နယ်တစ်ခုဖြစ်ပါသည် ။ ၎င်းသည်အင်ဒိုနီးရှား ဘော်နီယိုကျွန်း၏ ကာလီမန်တန်အမည်ရသည့် ပြည်နယ်ငါးခုတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ၎င်းပြည်နယ်၏ မြို့တော်မှာ ပါလင်ကာရာယာ ဖြစ်ပြီး ၂ခုနှစ်၁၀ တ ွငလူဦး မှာ ၂.၂ သန်းကျော်ရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ၂.၄၉ သန်းအ မြင့်တက်ခဲ့ပြီးနောက်ဆုံးတရားဝင်ခန့်မှန်းချက်အရက် ၂၀၁၁ ခုနှစ်အလယ်ပိုင်းတွင် ၂၆၄၉,၈ဦးရေ၀၃ ဖြပါစ်သည်။ လူဦးရေတိုးနှုန်းမှာ ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်တွင်တစ်နှစ်လျှင် ၃.၀% နီးပါးရှိခဲ့သည်။ နောက်ဆယ်စုနှစ်မှ ၂၀၁၀ အတွင်းနှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်းသည် ၁.၈% အထိသိသိသာသာနှေးကွေးခဲ့သော်လည်း ၂၀၁၀ ခုနှစ်မှစ၍ ဆယ်စုနှစ်တွင်ထပ်မံမြ ...

                                               

သာသနာ့ရံသီမြန်မာဘုရားကျောင်း

သာသနာ့ရံသီမြန်မာဘုရားကျောင်း သည် စင်္ကပူနိုင်ငံတွင် တည်ရှိသည့် တစ်ခုတည်းသော မြန်မာ့ထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်ဖြစ်ပြီး သက်တမ်းအရှည်ကြာဆုံးသော ထေရဝါဒဆိုင်ရာနေရာတစ်ခုလည်း ဖြစ်သည်။ ကျောင်းတော်ကို ၁၈၇၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောင်းတော်ကို မူလနေရာဖြစ်သည့် ကင်တလမ်း ရှိ နေရာမှ Novena ရှိ Tai Gin Road off Ah Hood လမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းတော်တွင် အဖြူရောင်စကျင်ကျောက်ဖြင့် ထွင်းထုထားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ၎င်းရုပ်ပွားတော်သည် မြန်မာနိုင်ငံ၏ ဘာသာရေးဆိုင်ရာ အမှတ်အသားတစ်ခုဖြစ်သည်။ စင်္ကာပူနိုင်ငံသားများသည် ရုပ်ပွားတော်သို့ လာရောက်ရာ ကုသိုလ်ကောင်းမှုများ ပြုလု ...

                                               

မက္ကဆီကိုမြို့

မက္ကဆီကိုမြို့တော်သည် မက္ကဆီကိုနိုင်ငံ၏ မြို့ တော်ဖြစ်၍ မက္ကဆီကိုနိုင်ငံ၏ ဗဟိုတောင်ဘက်ယွန်းယွန်းအရပ် ၌ မက္ကဆီကိုတောင်ကြားရှိ ကုန်းပြင်မြင့်၏အလယ်တွင် တည်ရှိသည်။ ထိုကုန်းပြင်မြင့်သည် ပင်လယ်ပြင်မှပေ၇၄ဝဝ မြင့် သည်။ မက္ကဆီကိုနိုင်ငံတွင် အကြီးဆုံးသင်္ဘောဆိပ်ကမ်း ဖြစ် သော ဗေရကရုမြို့မှ အနောက်တောင်ဘက်တွင် မိုင် ၂ဝဝ ခန့် ကွာဝေးသည်။ မြောက်အမေရိကတိုက်တွင်ရှိသော မြို့တော်များ အနက် ရှေးအကျဆုံးဖြစ်သည်။ မက္ကဆီကိုမြို့တော်ကို စပိန် ဘာသာဖြင့် မဟီးကိုးဟူ၍ခေါ်သည်။ ၂၀၁၀ ခုနှစ် ခန့်မှန်းခြေ စာရင်းအရ လူဦးရေ ၈,၈၅၁,၀၈၀ ယောက် ရှိသည်။ သဘာဝအားဖြင့် လှပသောရှုခင်းများ အလယ်တွင် တည်ရှိသဖြင့် စိတ်ကြည်နူးဖွယ်အတိဖြစ်၏။ ဆီး ...

                                               

ဗြိတိသျှရာဇ်

ဗြိတိသျှရာဇ် ;ရာ ဇ် စာသားမှဆင်းသက်လာပြီး, "စည်းမျဉ်း" Sanskrit နှင့် Hindustani ကစိုးမိုးရေးခဲ့ ဗြိတိန်သရဖူ ဟာအပေါ် အိန္ဒိယ 1858 ကနေ 1947 မှ အဆိုပါစည်းမျဉ်းကို, အိန္ဒိယသရဖူစိုးမိုးရေးဟုခေါ်သည်။ အိန္ဒိယကိုတိုက်ရိုက်အုပ်ချုပ်သည်။ ဗြိတိန်ထိန်းချုပ်မှုအောက်ရှိဒေသလေ့ခေတ်တစ်ခေတ်အသုံးပြုမှုအတွက်အိန္ဒိယကိုခေါ်ခြင်းနှင့်တိုက်ရိုက်အားဖြင့်အုပ်ချုပ်ဒေသများပါဝင်သည်ခဲ့သည် ယူနိုက်တက်ကင်းဒမ်း စုပေါင်းဟုခေါ်ကြသည်သော ဗြိတိသျှအိန္ဒိယ အပေါင်းဌာနေသောမင်းတို့ကအုပ်ချုပ်သူများ, ဒါပေမယ့်ဗြိတိန် tutelage သို့မဟုတ်အောက်မှာ paramountcy, အကိုခေါ် မင်းသားပြည်နယ်များ ။ တစ်ခုလုံးကိုတရားဝင် အင်ပါယာ ဟုတရားဝင်မဟုတ်ဘဲ အိန္ဒ ...

                                               

မိုင်းဗုံး

အမြောက်ဆံများ ပစ်ထုတ်ရန်မှ တစ်ပါး ယမ်း၊ ယမ်းဘီလူး စသော ပေါက်ကွဲစရာ ပစ္စည်းများကို ရှေးအခါက အသုံးပြုခဲ့ပုံ တစ်မျိုးမှာ ရန်သူ၏ ခံတပ်များကို ဖြိုဖျက်ပစ်ရာ၌ ပထမ မြေအောက်မှ ခံတပ်အထိ မြောင်းတူးဖောက်၍ သွားရသည်။ ရန်သူ၏ ခံတပ်အောက် တည့်တည့်ရောက်သောအခါ ယမ်းကို စုပုံထားခဲ့ပြီးလျှင် အဝေးမှနေ၍ စနက်တံဖြင့် ဖောက်ခွဲပစ်လေသည်။ မြေအောက်၌ တူး၍ ဤသို့ တစ်နေရာရာတွင် ချထားသော ပေါက်ကွဲနိုင်သည့် ပစ္စည်းကို မိုင်းဗုံးဟု ခေါ်လေသည်။ ပထမကမ္ဘာစစ်အတွင်းက လူတို့သည် မြေကတုတ်များနှင့် ခံတပ်များ ကို အခိုင်အမာ ပြုလုပ်ပြီးလျှင် တိုက်ခိုက်ခဲ့ကြသဖြင့် ရှေးခေတ်က အသုံးပြုခဲ့ကြ သော မိုင်းဗုံးမျိုးကို အသုံးပြုခဲ့ကြသည်။ ထိုသို့အသုံးပ ...

                                               

မီဇိုရမ် သမိုင်း

မီဇိုရမ်ပြည်နယ်၏သမိုင်းအခြေခံအားဖြင့်များ၏သမိုင်းလွှမ်းခြုံ မီဇိုရမ်ပြည်နယ် ၏ဝေးလံခေါင်ဖျားအစိတ်အပိုင်းအတွက်တည်ရှိသည်ဖြစ်သော အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် ။ ၎င်းသည် ချင်းပြည်နယ် မှ မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော ချင်းလူမျိုးများ၏ စုပေါင်းသမိုင်းကြောင်းဖြစ်သည်။ သို့သော်သူတို့၏အနောက်ဘက်သို့ရွှေ့ပြောင်းခြင်းပုံစံများသည် ပါးစပ်သမိုင်း နှင့် ရှေးဟောင်းသုတေသန ကောက်ယူမှုများအပေါ်အခြေခံသည်။ ထို့ကြောင့်တိကျစွာဘာမျှမပြောနိုင်ပါ။ မှတ်တမ်းတင်ထားသည့်သမိုင်းသည် ၁၉ ရာစုအလယ်ပိုင်းခန့်တွင် ဗြိတိသျှဘုရင်စနစ်ကသိမ်းပိုက်ခဲ့သော ဒေသများနှင့်နှိုင်းယှဉ်လျှင်စတင်ခဲ့သည်။ ချင်းပြည်နယ် နှင့် ဘင်္ဂလားဒေ့ရ်ှ မှလူအမျ ...

                                               

ဟတ်တွန်ဘူတာ

ဟတ်တွန်ဘူတာ သည် သီရိလင်္ကာနိုင်ငံ၊ လမ်းမကြီးပေါ်ရှီ ဘူတာတစ်ခု ဖြစ်သည်။ ရိုဇီလာ နှင့် ကာလကတ္တားဘူတာအကြားတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၆၂.၅ မီတာ အမြင့်၊ ကိုလံဘိုခံတပ်ဘူတာမှ ၁၇၃.၀၆ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ဟတ်တွန်ဘူတာကို အဓိကလမ်းမကြီးကို Nawalapitiya မှ ဟတ်တွန်အထိ တိုးချဲ့ခဲ့သည့်အချိန် ၁၈၈၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဤဘူတာသည် အဓိကလမ်းမကြီး ၁၈၈၅ ခုနှစ် မေလ ၅ ရက် Nanu-Oya ဘူတာအထိ မတိုးချဲ့ခင်ကာလမတိုင်မီအထိ ခရီးဆုံးဘူတာဖြစ်ခဲ့သည်။ ဤဘူတာတွင် ရထားစစ်ဆေးရေးနှင့် ထိန်းသိမ်းရေးနေရာ၊ လက်မှတ်ရုံး၊ ခရီးသည်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအခန်း၊ နားနေခန်း၊ စာအုပ်ရောင်းခ ...

သယ်ယူပို့ဆောင်ရေး
                                     

ⓘ သယ်ယူပို့ဆောင်ရေး

လူများကို တစ်နေရာမှ တစ်နေရာသို့ပို့ဆောင်ခြင်း၊ ကုန်ပစ္စည်းများကိုတစ် နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ယူခြင်း စသည့်ကိစ္စတို့ကို သယ်ယူပို့ဆောင်ရေးဟုခေါ်သည်။ ယင်း သို့သယ်ယူပို့ ဆောင်ရေးမှာ အလွန်ရှေးကျသော လူရိုင်းများခေတ်ကပင် ရှိခဲ့လေသည်။ လူရိုင်းများသည်တစ်နေရာမှ တစ်နေရာသို့ ခြေကျင်ခရီးဖြင့် မိမိတို့ဝန်ထုပ်ဝန်ပိုးများကို ကျောထက်၌ သယ်ဆောင်ကာရွှေ့ပြောင်းရ၏။ ဤနည်းကား သူတို့ခေတ် ကာလ၏သယ်ယူပို့ဆောင်ရေးတစ်မျိုးပင်ဖြစ်သည်။ လူရိုင်းများ ၏နည်းမှာ ယခုကာလ သယ်ယူနည်းများနှင့်ယှဉ်သော် အလွန်နုံဖျင်း ရှေးကျသည်ဟုဆိုရပေမည်။ထိုနောက်မှ ဘီးတပ်ယာဉ်ကြမ်းများပေါ်လာ၍ နွားမြည်းတို့နှင့်ဆွဲ၏။ တစ်ဖန် မြင်း ကုလားအုပ် ဆင် စသည်တို့နှင့် ဆွဲကြရပြန်လေသည်။

နေရာဒေသ ဥတု ရာသီအလျောက် သင့်တော်ရာကိုသုံးကြရ၏။ ရေဘက်တွင်လည်း လှေကြမ်းမှလှေချော၊ ရွက်လှေ၊ စက်လှေ ကြီးများစသည်ဖြင့် အဆင့်ဆင့်တိုးတက်တီ ထွင်လာကြလေ သည်။ သို့ရာတွင် ခေတ်တစ်ခေတ်မှ တစ်ခေတ်သို့ ကူးပြောင်းလာတိုင်းလူတို့ ကြံစည်တီထွင်ကြခြင်းဖြင့် သယ်ယူပို့ဆောင်ခြင်းမှာ အလွန်တိုးတက် ခေတ်မှီနေသည်ကို တွေ့ရလေ၏။ နောင်အနာဂတ်ခေတ်၌ အဘယ်မျှ တိုးတက်ဦးမည်ကိုကျွန်ုပ်တို့မခန့်မှန်းနိုင်ပေ။ လူတို့မည်သည် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ သွားလာနိုင်မှတိုးတက်မြဲဖြစ်၏။ မိမိတို့နေရာမှအခြား နေရာသို့ မသွားနိုင်သောလူများသည်ဗဟုသုတမရှိဘဲ အောက်ကျနောက်ကျဖြစ်နေမည်ဖြစ်၏။ ရှေးအခါက အာဖရိက တိုက်ကြီးသည် ကာလကြာမြင့်စွာ အမှောင်ထဲသို့ ရောက်နေခြင်းမှာ အတွင်းပိုင်းသို့ တိုင်းတစ်ပါးမှ လူများ သွားလာရန်အလွန်ခက်ခဲသောကြောင့်ဖြစ်၏။ ဥရောပ တိ်ုက်သားများ ရောက်သွား၍ အရပ်ရပ်တွင် လမ်းဖွင့်ပေးသောအခါမှ အာဖရိ်ကတိုင်းရင်းသားများသည် ကြီးပွားတိုးတက်လာခဲ့၏။

သယ်ယူပို့ဆောင်ရေးမရှိခဲ့ပါက ကျွန်ုပ်တို့၏ လူမှုဆက်ဆံရေးလမ်းစဉ်ကြီးသည် တည်တံတော့ မည်မဟုတ်ပေ။ တစ်နေရာမှတစ်နေရာသို့ သွားနိ်ုင်သောလမ်းများ၊ သွားရာ၌ အသုံးပြုရမည့် ယာဉ် ရထားများရှိ ခြင်းကြောင့် ကျွန်ုပ်တို့ စားရေး၊ ဝတ်ရေး၊ သုံးဆောင်ရေးတို့၌ အခက်အခဲမတွေ့ရချေ။ ထို့ကြောင့်သယ်ယူပို့ဆောင်ရေးသည် လူတို့အနေအထိုင် တည်တံ့မှု၏အရင်းခံအကြောင်းကြီးဖြစ်ပေသည်။ ကိုယ်ခန္ဓာ အတွင်း၌ သွေးလွှတ်ကြောတို့သည် အစိတ်အပိုင်းအသီးသီးသို့ သွေးကိုရောက်အောင်ပို့ပေးသကဲ့သို့သယ်ယူပို့ဆောင်မှု ပြုနေသော ယာဉ်ရထားလမ်းကြောင်းများသည်လည်း တစ်ကမ္ဘာလုံးရှိလူ တို့ထံသို့ ကုန်ပစ္စည်းအမျိုးစုံကို ရောက်အောင်ပို့ပေးနေလေသည်။ ဤသို့သယ်ယူပို့ဆောင်ရေး ရှိနေခြင်းကြောင့် လူများသည်အဘက်ဘက်မှ အခက်အခဲ မတွေ့ရဘဲ မြေပြစ်ချောမောစွာလူမှုရေးရာ ဆက်ခံခွင့်ကြီး ကိုရရှိနေသဖြင့် ထိုအရေးသည်လူတို့အတွက် မည်မျှ အဖိုးထိုက်တန်ကြောင်းသိသာလှပေသည်။

သို့ဖြစ်၍ တိုးတက်လျက်ရှိသော နိုင်ငံတိုင်း မီးရထားလမ်း၊ မော်တော်ကားလမ်းနှင့်တူးမြောင်း များကို ဖောက်လုပ်ထားကြရ၏။ အရောင်းအဝယ်နှင့် စက်မှုလက်မှု လုပ်ငန်းများ တိုးတက်ရန် ကုန်းလမ်း ရေလမ်းများ ရှိနေရုံနှင့်မပြီးသေးချေ။ ကုန်များကိုသယ်ယူပို့ဆောင်ဖြန့်ဖြူးရာ၌ လျင်မြန်စေရန် ရေနွေးငွေ့ဖြင့် မောင်းနှင်ရသော မီးရထားနှင့် မီးသင်္ဘောတို့ကို ကြံစည်လုပ်ကိုင်ကြသည်။ ယခုအခါကမ္ဘာ ပေါ်ရှိနိုင်ငံအသီးသီးတွင် မီးရထားဖြင့်ဝေးလံသော အရပ်များမှ ကုန်ပစ္စည်းများကိုသယ်ယူကြရသည်။ မီးရထားများ ပေါ်လာသဖြင့် တိုင်းနိုင်ငံတစ်ခုအတွင်း လူများငတ်ပြတ်နေသော နေရာသို့အခြားနေရာများမှ စားနပ်ရိက္ခာများကိုပို့ပေးနိုင်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်ပစ္စည်းချင်း ဖလှယ်ရာ၌ကား မီရထားထက် မီးသင်္ဘောကပို၍ ခရီးရောက်လေသည်။

သင်္ဘောသည် ရေကြောကိုရှုံ့နိုင်၍ မီးရထား မော်တော်ကားတို့သည် မြေကြောကိုရှုံ့နိုင်သည်။ ရေကြော မြေကြောနှစ်ခုစလုံးကို ရှုံ့နိုင်သောယာဉ်ကား လေယာဉ်ပျံ ဖြစ်သည်။ လေယာဉ်ပျံမှာရေမြေတော တောင်တို့ကို ကျော်ဖြတ် ပျံသန်းနိုင်သဖြင့် မီးသင်္ဘောမီးရထားတို့ထက် များစွာအဖိုးတန်သည်။ ပို၍လည်း မြန်သည်။ ကုန်လမ်း ရေလမ်း မရှိသေးသောနေရာများ၌လည်းကောင်း၊ ရှိပြီး လမ်းပန်းအဆက်အသွယ် ပျက်နေသောအခါ၌လည်းကောင်း၊ လေယာဉ်ပျံသည်အားထားရာရှိသည်။ ယခုခေတ်မှာ အပြိုင်အဆိုင်ခေတ်၊ အမြန်ခေတ်ဖြစ် နေသောကြောင့် ကူးသန်းရောင်းဝယ်ရာမှာ လေယာဉ်ပျံမှာ များစွာအရေးပါ အရာရောက်လာသည်။ မြန်မာနိ်ုင်ငံ၌ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးမှာ အရေးကြီးလာ၍ အစိုးရကိုယ်တိုင်က ချဲ့ထွင်လုပ်ကိုင်လျက်ရှိသည်။

တစ်နေရာမှတစ်နေရာသို့ ကူးသန်းသွားလာမှု၊ သယ်ယူပို့ဆောင်ရေး တိုးတက်လာသော ယခုခေတ်မျိုး၌ ခရီးတာများပြောင်းလွဲသွား၏။ ရှေးယခင်းက လမ်းရှောက်၍ လည်းကောင်း၊ မြင်းစီး၍လည်းကောင်း၊ အချိန်ကြာမြင့်စွာ သွားရမည့် ခရီးကိုယခုအခါ ယာဉ်ရထားတစ်ခုခုဖြင့် မိနစ်အနည်းငယ်အတွင်း သွားရောက်နိုင်လေပြီ။ ထို့နောက် ရန်ကုန်နှင့်မန္တလေးမှာလည်း ဘာမျှမဝေးတော့။ နံနက်ပိုင်း ရန်ကုန်၌ရှိလျှင် ညနေပိုင်းတွင် မန္တလေးသို့ရောက်နိုင်၏။ ဤသို့ပြည်တွင်းမြို့များသာမက ပြည်ပမြို့များသို့လည်း အိမ်ဦးနှင့်ကြမ်းပြင် ကဲ့သို့မှုကြာခဏ ခေါက်တုံ့ခေါက်ပြန် ကူးသန်းနိုင်လေသည်။ ကမ္ဘာလှည့်ပုဂ္ဂိုလ်တို့သည် ယခုကဲ့သို့ ခေတ်မီလျင်မြန်သော ယာဉ်မျိုးကိုအသုံးပြုရသဖြင့် သူတို့အဖို့ များစွာအကျိုးရှိလေသည်။ ဒေသသစ် နယ်သစ်၊ နိုင်ငံသစ်များသို့ သွားရောက်ကာ အသစ်အသစ်သော ပညာရပ်များ၊ လုပ်ငန်းများ၊ နည်းလမ်း ဥပဒေများ စသည့် လူလောကဆိုင်ရာပြဿနာ အမျိုးမျိုးကို ပြေလည်စေနိ်ုင်သော အဖြေကောင်းများကို သယ်ပိုးလာကြသည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့တွင် ကျယ်စေရန် တီထွင်ရသော အမျိုးမျိုးသောယာဉ်ရထားများမှာ ခရစ်နှစ် ၁၉၁ဝ ပြည့်နှစ်လောက်ကတည်းက စုံလင်နေပေပြီ။ ယခုခေတ်၌ အသုံးပြုနေကြသော မီးရထား၊ မီးသင်္ဘော၊ မော်တော်ကား၊ လေယာဉ်ပျံ စသောယာဉ်များအားလုံးသည် ထိုနှစ်လောက်တွင်ပင် အစုံအလင်ရှိနေပေသည်။ ထိုခုနှစ်မတိုင်မီက ပင်လယ်ခြားနေသော ဒေသများသို့ ပိုးထည်များ၊ လက် ဖက်ခြောက်များနှင့်အမွှေးအကြိုင်များစသော ကုန်ခြောက်တို့ကို သာတင်ပို့လေသည်။ သို့သော်ယခု အခါ၌ လူတို့လိုအပ်သည့် အသုံးအဆောင် အစားအသောက်ပစ္စည်း အမျိုးမျိုးကို တင်ပို့နိုင်ပြီဖြစ်လေသည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →