Back

ⓘ ရန်ကုန်ပြည်သူ့ဆေးရုံကြီး. ရန်ကုန်ဆေးရုံကြီး ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟုလည်း ခေါ်သည်။ ရန်ကုန်ဆေးရုံကြီးသည် ရန်ကုန်မြို့၊ လသာမြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်ဆေး ..



                                               

၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေး၌ ကျဆုံးသွားသူများ စာရင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ အာဏာသိမ်းခံရသည့်အတွက် မခံမရပ်နိုင်သော လူထုမှ မြန်မာ့နွေဦးတော်လှန်ရေးအမည်ဖြင့် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများ ပြုလုပ်လျှက်ရှိကြသည်။ ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများ၊ ထိုင်သပိတ်ပြုလုပ်ခြင်းများစွာ ပါဝင်သော်လည်း အာဏာပိုင်များဘက်က နှိမ်နင်းမှုများကြောင့် မတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၅၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သည်။ လွတ်လပ်သောသတင်းမီဒီယာများက သတင်းရယူရန်ခက်ခဲသောကြောင့်လည်းကောင်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်အင်တာနက်များပိတ်ပင်ခံထားရမှုကြောင့်လည်းကောင်း တော်လှန်ရေ ...

                                               

အင်္ဂလိပ်အမည်လမ်းများကို မြန်မာအမည်ပြောင်းလဲခြင်း

အင်္ဂလိပ်အမည်လမ်းများကို မြန်မာအမည်ပြောင်းလဲခြင်း ၁၉၄၄ခုနှစ် စက်တင်ဘာ၂၃ရက် ရန်ကုန်မြို့တော် အီဒင်လမ်း အနောက်အောင်ဇေယျလမ်း ဂျူဒါအီဇိကယ်လမ်းနှင့်စတော့တိတ်လမ်း သိမ်ဖြူလမ်း ကရိစ်လမ်း ကျုံးလမ်း မားချင့်လမ်း ကုန်သည်လမ်း ဖယ်ဇာလမ်း ပန်းဆိုးတန်းလမ်း ကင်နယ်လမ်း ဥက္ကလာပလမ်း ဖိုက်ချ်လမ်းနှင့်ရှမ်းလမ်း ရှမ်းလမ်း ဆင်ပဆင်လမ်း ပြည်သူ့ဆေးရုံလမ်း ဆစ်နယ်ပဂိုးဒါးလမ်း တပ်မတော်လမ်း လန်ကတ်စတာလမ်း သရစိမ်းလမ်း ကာလပတ်လမ်း မြန်မာ့ဂုဏ်ရည်လမ်း လိပ်ခ်လမ်း ကန်တော်ကြီးလမ်း နယူးလင်းလမ်း မြို့မကျောင်းလမ်း စပတ်လမ်း ဇေယျလမ်း ချိဖ်လမ်း မနောဟရီလမ်း ဘော်ဒရီလမ်း အလယ်တောရလမ်း ချိုင်းနားလမ်းနှင့်ပဂိုးဒါးလမ်း ဘုရားလမ်း ဒါလဟိုဇီလမ်း ...

                                               

သဘာဝတရားရိပ်သာ (သန်လျင်မြို့နယ်)

သဘာဝတရားရိပ်သာ သည် သက်ကြီးရွယ်အိုများ၊ ယောဂီများ၊ ခိုကိုးရာမဲ့များနှင့် ဂီလာနများကို စောင့်ရှောက်ထားသောနေရာဖြစ်သည်။ကနဦး မြေနေရာ ၃ ဧကကို တပ်မတော်အငြိမ်းစားအရာရှိ ဦးကျော်အေးက လှူဒါန်းခဲ့ပြီး ရိပ်သာအနီးရှိ မြေနေရာများကို ဝယ်ယူခဲ့ပြီးနောက် ၅၈ ဧကအထိ ကျယ်ဝန်းနေပြီဖြစ်သည်။သဘာဝတရားရိပ်သာသည် ဗုဒ္ခမြတ်စွာဘုရားရှင်ကို နမူနာယူပြီး ဘုရားရှင်၏ သာသနာ ကျယ်ပြန့်စေရန် တရားအားထုတ်သောအလုပ်ကိုသာ အဓိကထားသော ရိပ်သာဖြစ်ပြီး ရိပ်သာမြေနေရာအားလုံးသည် တရားကို အားကိုးလိုသော ခိုကိုးရာမဲ့သူများ အတွက်သာဖြစ်သည်။

                                               

ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ

၁၉၄၂၊ စက်တင်ဘာလ ၆၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုသ် အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် သူနာပြုဆရာမ မခင်ကြည်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ် ဗိုလ်တေဇတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်သည်။ စက်တင်ဘာလ ၇၊ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ Nippon Military Club မင်တိုမစ်ရှင်ဟိုတယ်၌ ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်ဗိုလ်တေဇနှင့် ဇနီး ဒေါ်ခင်ကြည်တို့ မင်္ဂလာထမင်း တည်ခင်းဧည့်ခံကျွေးမွေးသည်။ ၁၉၄၃ ဇွန် ၁၃၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သားဦး အောင်ဆန်းဦးကို ဖွားမြင်သည်။ ၁၉၄၄ မေ ၁၀၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ ဒုတိယသား အောင်ဆန်းလင်းကို ဖွား ...

                                               

အာဇာနည်နေ့/ဆောင်းပါးများ

စာရေးဒဂုန်တာရာသည် အထက်ပါအဖြစ်အပျက်ကြီးပြီးနောက် ပြည်သူလူထု၏ ဝမ်းနည်းယူကြုံးမရ တသသ ဖြစ်ရပုံကို "ဦးအောင်ဆန်း၏ နောက်ဆုံးနေ့" စာအုပ်တွင် အောက်ပါအတိုင်းဖော်ပြထားလေသည်။ ဝမ်းနည်းဖွယ်ကောင်းလေစွ။ မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်။ နောက် စွေ၍နေလေသည်။ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁ဝနာရီခွဲ။ ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော်အထူးအရာရှိ ဦး ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး
                                     

ⓘ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ရန်ကုန်ဆေးရုံကြီး ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟုလည်း ခေါ်သည်။ ရန်ကုန်ဆေးရုံကြီးသည် ရန်ကုန်မြို့၊ လသာမြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်ဆေးရုံကြီးသည် ရန်ကုန်မြို့ရှိ အဓိကကျသော ပြည်သူ့ဆေးရုံတစ်ရုံဖြစ်သည်။ ဆေးရုံဝန်းမှာ ၃၅ ဧကရှိပြီး ကုတင် ၂၀၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာများအတွက် ဆေးကုသဆောင် ၃ဆောင်၊ ခွဲစိတ်ကုသဆောင် ၃ဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသဆောင် ၁ဆောင်နှင့် အထူးရောဂါကုသဆောင် ၂၄ဆောင်ရှိသည်။ ထို့အပြင် ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်နှင့် ထိခိုက်ဒဏ်ရာဆောင်များအတွက် အရေးပေါ်ဌာနများလည်း ရှိသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆရာဝန်ပေါင်း ၃၀၀ယောက်နှင့် သူနာပြုပေါင်း ၄၀၀ယောက်ခန့် အမှုထမ်းလျှက်ရှိသည်။

ရန်ကုန်ဆေးရုံကြီးသည် ဝိတိုရိယခေတ် ဗိသုကာပုံစံဖြစ်သော အနီရောင်အုတ်ခဲနှင့် အဝါရောင်ဆေးများဖြင့် မွမ်းမံတည်ဆောက်ထားသောကြောင့် ထင်ရှားကျော်ကြားသည်။ ရန်ကုန်ဆေးရုံကြီးသည် ဆေးတက္ကသိုလ်၁ ရန်ကုန်၊ သူနာပြုတက္ကသိုလ်ရန်ကုန်နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်ရန်ကုန်တို့၏ အဆင့်မြင့်သင်ကြားရေးဆေးရုံကြီးဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးသည် အခြားပြည်သူ့ဆေးရုံများကဲ့သို့ပင် အခြေခံ အထောက်အပံ့များနှင့် ပစ္စည်းကိရိယာများစွာ လစ်ဟင်းလျှက်ရှိသည်။ အများပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ အခမဲ့ဟု ဆိုသော်ငှားလည်း ဆေးဖိုးနှင့် သက်ဆိုင်ရာကုသမှုများအတွက် ကုန်ကျမှုများကို လူနာများမှ ပေးဆောင်ရသည်။ ရန်ကုန်ဆေးရုံကြီးသည် မြန်မာနိုင်ငံရှိ ပထမတန်းစား ဆေးတက္ကသိုလ်များ၏ အဓိကသင်ကြားရေးဆေးရုံကြီးဖြစ်သောကြောင့် အခြားနယ်များရှိ ပြည်သူ့ဆေးရုံများထက် ပို၍အရည်အချင်းမြင့်မားသော ကျန်းမာရေးဝန်ထမ်းများရှိသည်။

ရန်ကုန်ဆေးရုံကြီးသည် အများအားဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ကုသမှုမခံယူနိုင်သော သို့မဟုတ် နိုင်ငံရပ်ခြားသို့ သွားရောက်မကုသနိုင်သော လူများအတွက် ဖြစ်သည်။

                                     

1. သမိုင်းကြောင်း

ရန်ကုန်ဆေးရုံကြီးသည် ယခင် လေဟာပြင်ဈေးနေရာ သစ်သားအဆောက်အဦမှ ပြောင်းလာခြင်း ဖြစ်ပြီး၊ စတင်တည်ဆောက်စဉ်က သူနာတန်းဟု ခေါ်သည်။ လူနာများ အဆောက်အဦနှင့် မမျှ ဖြစ်လာ၍ လက်ရှိဆေးရုံကြီးနေရာ၌ ဆေးရုံသစ်ကြီး တည်ဆောက်သည်။ ရန်ကုန်ဆေးရုံကြီးကို ဗြိတိသျှကိုလိုနီလက်ထက် ၁၈၉၉ခုနှစ်တွင် Rangoon General Hospital အဖြစ် ကုတင် ၃၄၂ဆံ့ဆေးရုံဖြင့် စတင်တည်ဆောက်ခဲ့သည်။ ဝိတိုရိယခေတ် ဗိသုကာပုံစံဖြစ်သော အဓိက ၃ထပ်ဆောင်ကို ၁၉၀၅ခုနှစ် မေလ ၆ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ရန်ကုန်ဆေးရုံကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပြီး ကုတင် ၅၄၆ဆံ့ ဆေးရုံကြီးအဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၆၄ခုနှစ်တွင် အထူးရောဂါကုသဆောင်သစ်များ တိုးချဲ့ခဲ့ပြီး ကုတင် ၁၅၀၀ဆံ့အဖြစ် တိုးမြှင့်ခဲ့သည်။

ယနေ့ကာလတွင် ရန်ကုန်ဆေးရုံကြီးအား ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုအဖြစ် သတ်မှတ်ထားသည်။

                                     

2. ကုသဆောင်များ

ရန်ကုန်ဆေးရုံကြီးတွင် အထူးရောဂါကုသဆောင် ၂၄ဆောင်နှင့် ရောဂါရှာဖွေဆောင် ၅ဆောင်တို့ ရှိသည်။ ထို့အပြင် မှုခင်းဆေးပညာဌာန၊ ဗဟိုအမျိုးသားသွေးလှူဘဏ်၊ ဆေးပညာမှတ်တမ်းဌာန၊ ဇီဝဆေးပညာ အင်ဂျင်နီယာဌာန၊ စားဖိုခန်း၊ အဝတ်လျှော်ခန်းနှင့် သယ်ယူပို့ဆောင်ရေးဌာနတို့လည်း ရှိသည်။

                                     

3. သင်ကြားရေး အစီအစဉ်များ

ရန်ကုန်ဆေးရုံကြီးသည် ဆေးတက္ကသိုလ်၁ ရန်ကုန်၏ အဓိကသင်ကြားရေး ဆေးရုံကြီးဖြစ်သည်။ သူနာပြုတက္ကသိုလ်ရန်ကုန်နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်ရန်ကုန်တို့မှ သူနာပြုသင်တန်းသားများနှင့် ဆေးဘက်အကူများကိုလည်း သင်ကြားပို့ချပေးသည်။

                                     

3.1. သင်ကြားရေး အစီအစဉ်များ ဒီပလိုမာ Dip.Med.Sc.

  • အထွေထွေဆေးပညာ
  • အဏုမြူ ဆေးပညာ
  • တီဘီနှင့် ရင်ခေါင်းရောဂါ ဆေးပညာ
                                     

3.2. သင်ကြားရေး အစီအစဉ်များ ဘွဲ့လွန် M.Med.Sc.

  • ဆေးရုံ စီမံခန့်ခွဲမှုနှင့် ကျန်းမာရေး အုပ်ချုပ်မှုပညာ
  • အရေပြားရောဂါ ဆေးပညာ
  • အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ဆေးပညာ
  • ရောဂါဗေဒ
  • ကင်ဆာရောဂါဆေးပညာ
  • ဓာတ်ရောင်ခြည်ဆေးပညာ
  • ဆေးပညာ
  • ဥပဒေရေးရာဆေးပညာ
  • ဓာတ်မှန်ပညာ
  • ခွဲစိတ်ကုသမှုပညာ
  • မေ့ဆေးပညာ
  • အရိုးရောဂါဆေးပညာ
                                     

3.3. သင်ကြားရေး အစီအစဉ်များ အခြားသင်တန်းများ

  • ဓာတ်ရောင်ခြည်ဆေးပညာ
  • ဆေးဘက်ပညာသည် သိပ္ပံပညာ
  • သူနာပြုသင်တန်း
  • အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေး ဆေးပညာ
  • ဓာတ်ခွဲခန်း ကျွမ်းကျင်မှုပညာ
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →