Back

ဆေးတက္ကသိုလ်, ၂, ရန်ကုန် - ဆေးပညာ. ဆေးတက္ကသိုလ် ရန်ကုန် သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်‌ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းမှ ၁၂ မို ..



                                               

အဒိုဘီ ဖိုတိုရှော့

အာဒိုဘီ ပိုတိုရှော့ သည် ဝင်းဒိုးစ် နှင့် မက်အိုအက်လ် အတွက် အာဒိုဘီအင်စ် မှထုတ်ဝေသောပုံနှိပ်ထားသော ဂရပ်ဖစ်အယ်ဒီတာများ ဖြစ်သည်။ မူလက သောမတ်စ် နှင့် ဂျော်နိူး တီထွင်ခဲ့သည်။ ထိုအချိန်မှစ၍ ဆော့ဝဲသည် လက်လ်စတေဂရပ်ဖစ် တည်းဖြတ်ခြင်းသာမက ဒစ်ဂျစ်တယ်အနုပညာ တစ်ခုလုံးတွင်စက်မှုလုပ်ငန်းစံသတ်မှတ်ချက်တစ်ခုဖြစ်လာခဲ့သည်။ ဆော့ ဝဲ၏အမည်သည် ယေဘူယျကုန်အမှတ်တံဆိပ် ဖြစ်လာသည်။ အာဒိုဘီကထိုကဲ့သို့သောအသုံးပြုမှုကိုအားမပေးသော်လည်းကြိယာ အဖြစ်အသုံးပြုနိင်သည်။ မျိုးစုံအလွှာများနှင့်အထောက်အပံ့များအတွက် ပိုတိုရှော့ကိုလုပ်နိုင်တဲ့ပြင်ဆင်ရန်နှင့်ရေးဖွဲ့အကြောင်းအရာအကြမ်းပုံရိပ်တွေ မျက်နှာဖုံးများ အဲလ်ဖိုင့်ပေးသည် နှင့်အများအပြာ ...

                                               

ဂရိဒဏ္ဍာရီ

ဂရိဒဏ္ဍာရီ သည် ရှေးခေတ်ဂရိလူမျိုးများ မူလအနေဖြင့် ပြောဆိုခဲ့ကြသော ဒဏ္ဍာရီ အစုအဝေးတစ်ခုဖြစ်၍ ရှေးဂရိရိုးရာပုံပြင်ဇာတ်လမ်း အမျိုးအစားတစ်ခုလည်းဖြစ်သည်။ ဤဇာတ်လမ်းပုံပြင်များတွင် ကမ္ဘာလောက၏ မူလအစနှင့် သဘောသဘာဝ၊ နတ်ဘုရားများ၊ သူရဲကောင်းများ၊ ဒဏ္ဍာရီလာသတ္တဝါများ စသည်တို့၏ ဘဝနှင့် ဆောင်ရွက်မှုများ၊ ရှေးခေတ်ဂရိလူမျိုးတို့၏ ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာဓလေ့ကျင့်ထုံးတို့၏ မူလဇာစ်မြစ်များနှင့် အရေးပါမှုတို့ ပါဝင်ကြသည်။ ရှေးဂရိလူမျိုးတို့၏ ဘာသာရေး၊ နိုင်ငံရေး အလေ့အထများနှင့် ၎င်းတို့၏ လူမှုယဉ်ကျေးမှုဆိုင်ရာများကို မီးမောင်းထိုး ဖော်ပြရန်နှင့် ဒဏ္ဍာရီဖြစ်ပေါ်လာခြင်း သဘောသဘာဝကို နားလည်ရန်အလို့ ...

ဆေးတက္ကသိုလ် (၂) ရန်ကုန်
                                     

ဆေးတက္ကသိုလ် (၂) ရန်ကုန်

ဆေးတက္ကသိုလ် ရန်ကုန် သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်‌ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းမှ ၁၂ မိုင်ခန့်ကွာဝေးသည်။ ဆေးတက္ကသိုလ် ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက်တစ်ကျောင်းလည်း ဖြစ်သည်။

                                     

1. သမိုင်းကြောင်း

၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၌ မင်္ဂလာဒုံမြို့နယ်တွင် ဆေးကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၏ မဟာဌာနတစ်ခုအဖြစ် စတင်ခဲ့သော်လည်း ၁၉၆၄ တွင် သီးခြား တက္ကသိုလ်အင်စတီကျုတစ်ခုအဖြစ် ကူးပြောင်းခဲ့သည်။

၁၉၇၃ ခု၊ အောက်တိုဘာ ၁ တွင် ပညာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ဆေးပညာဌာန ယခု ဆေးသိပ္ပံ ၏ လက်အောက်တွင် စီမံခန့်ခွဲခဲ့သည်။

၁၉၉၆ ခု၊ စက်တင်ဘာ ၂၅ တွင် တက္ကသိုလ်၏ တည်နေရာကို မင်္ဂလာဒုံတပ်နယ်မြေမှ မြောက်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန်လတစ်ရက်နေ့တွင် အင်စတီကျုမှ တက္ကသိုလ်အဆင့်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

                                     

2. ဦးဆောင်မှု

၁၉၆၃ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်၂ ရန်ကုန်ကို ပါမောက္ခချုပ်မှ ဦးဆောင်အုပ်ချုပ်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ-

  • ၂၀၀၄–၂၀၀၇: ပါမောက္ခ ဒေါ်သန်းနုရွှေ.
  • ၁၉၈၉–၁၉၉၂: ပါမောက္ခ ဦးကိုလေး.
  • ၁၉၈၇–၁၉၈၉: ပါမောက္ခ ဦးမျိုးသွယ်.
  • ၁၉၆၇–၁၉၇၃: ပါမောက္ခ ဦးအေး.
  • ၂၀၁၄–၂၀၁၅: ပါမောက္ခ ဦးဇော်ဝေစိုး.
  • ၁၉၉၂–၂၀၀၄: ပါမောက္ခ ဦးသာလှရွှေ.
  • ၁၉၈၂–၁၉၈၇: ပါမောက္ခ ဦးတင်အောင်ဆွေ.
  • ၁၉၇၃-၁၉၇၉: ပါမောက္ခ ဦးရွှေတင်.
  • ၁၉၇၉–၁၉၈၂: ဒေါက်တာ ဦးခင်မောင်ငြိမ်း.
  • ၂၀၀၇–၂၀၁၅: ပါမောက္ခ ဦးတင့်ဆွေလတ်.
  • ၂၀၁၇–လက်ရှိ: ပါမောက္ခ ဦးအေးထွန်း.
  • ၁၉၆၃–၁၉၆၇: ဒုတိယဗိုလ်မှူးကြီး ကိုကိုကြီး.
  • ၂၀၁၅–၂၀၁၇: ပါမောက္ခ ဦးအေးအောင်.
                                     

3. ကျောင်းသားများသမဂ္ဂ

ဆေးတက္ကသိုလ် - ၂ ရန်ကုန် ကျောင်းသားများသမဂ္ဂ ကို ၂၀၁၅ခုနှစ်တွင် ကျောင်းသားများမှ စတင်တည်ထောင်ခဲ့ပြီး ယနေ့ အချိန်ထိ ဆေး-၂ ကျောင်းသား ကိုယ်စားပြု အဖွဲ့အစည်း အဖြစ် ကျောင်းစီမံခန့်ခွဲရေး၊ ပညာရေး၊ ကျောင်းသားအရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားလျက်ရှိသည်။

                                     

4. ဘာသာရပ်များ

ပထမနှစ် အမ်ဘီဘီအက်စ်

  • ဓာတုဗေဒ.
  • ဇီဝဗေဒရုက္ခဗေဒနှင့် သတ္တဗေဒ.
  • မြန်မာစာ.
  • အင်္ဂလိပ်စာ.
  • လူသားခန္ဓာဗေဒ မိတ်ဆက်.
  • ရူပဗေဒ.
  • ဇီဝကမ္မဗေဒ နှင့် ဇီဝဓာတုဗေဒ.
  • သင်္ချာ နှင့် စာရင်းအင်း ပညာ.
  • လူ့အကျင့်ဆိုင်ရာ သိပ္ပံပညာ.

တတိယနှစ် အမ်ဘီဘီအက်စ်

  • ဆေးဝါးဗေဒ.
  • အထွေထွေ ရောဂါဗေဒ.
  • အဏုဇီဝဗေဒ.

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

နောက်ဆုံးနှစ် အပိုင်းခ အမ်ဘီဘီအက်စ်

  • ဆေးပညာ.
  • သားဖွားနှင့် မီးယပ်ပညာ.
  • ခွဲစိတ်ပညာ.
  • ကလေးကျန်းမာပညာ.
                                     

4.1. ဘာသာရပ်များ ပထမနှစ် အမ်ဘီဘီအက်စ်

  • ဓာတုဗေဒ.
  • ဇီဝဗေဒရုက္ခဗေဒနှင့် သတ္တဗေဒ.
  • မြန်မာစာ.
  • အင်္ဂလိပ်စာ.
  • လူသားခန္ဓာဗေဒ မိတ်ဆက်.
  • ရူပဗေဒ.
  • ဇီဝကမ္မဗေဒ နှင့် ဇီဝဓာတုဗေဒ.
  • သင်္ချာ နှင့် စာရင်းအင်း ပညာ.
  • လူ့အကျင့်ဆိုင်ရာ သိပ္ပံပညာ.
                                     

4.2. ဘာသာရပ်များ တတိယနှစ် အမ်ဘီဘီအက်စ်

  • ဆေးဝါးဗေဒ.
  • အထွေထွေ ရောဂါဗေဒ.
  • အဏုဇီဝဗေဒ.

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

                                     

4.3. ဘာသာရပ်များ နောက်ဆုံးနှစ် အပိုင်းက အမ်ဘီဘီအက်စ်

  • မှုခင်းဆေးပညာ.
  • ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ နယ်ကွင်းဆင်းသင်တန်း ၃ပတ်.
  • ရောဂါဗေဒ နှင့် သွေးပညာ.

သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ပညာ၊ သားဖွားနှင့် မီးယပ်ရောဂါပညာ၊ ကလေးကျန်းမာပညာနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။

                                     

4.4. ဘာသာရပ်များ အလုပ်သင်ဆရာဝန်

နောက်ဆုံးနှစ် အပိုင်းခ အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်သို့မဟုတ် တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-

အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ M.B.,B.S. အပ်နှင်းခြင်း ခံရသည်။

                                     

5. သင်ကြားရေးဌာနများ

ကလေးကျန်းမာပညာဌာန

ကလေးကျန်းမာပညာဌာနကို ၁၉၆၈ ခုနှစ်က ဆေးတက္ကသိုလ် ၂ ရန်ကုန် တည်ရှိရာ ပြည်လမ်း၊ မင်္ဂလာဒုံမြို့နယ်တွင် စတင်တည်ထာင်ခဲ့သည်။ ထိုအချိန်က သင်ကြားရေးကို တပ်မတော်ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။ တိုးတက်လာသော ကျောင်းသားဦးရေနှင့် မျှတစေရန် ကလေးကျန်းမာပညာ သင်ကြားရေးဌာနများကို မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၉၇၇ နှင့် ၁၉၈၂ ခုနှစ်က လည်းကောင်း၊ အင်းစိန်ဆေးရုံနှင့် သင်္ဃန်းကျွန်းဆေးရုံတို့တွင် ၁၉၉၄ ခုနှစ်က လည်းကောင်း၊ တောင်ဥက္ကလာဆေးရုံတွင် ၁၉၉၈ ခုနှစ်က လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ရန်ကင်းကလေးဆေးရုံကြီး ဖွင့်လှစ်သည့်အခါ ဆေးတက္ကသိုလ် ၂ ရန်ကုန်၊ ကလေးကျန်းမာပညာဌာန၏ အဓိက သင်ကြားရေးဆေးရုံဖြစ်လာခဲ့သည်။

Users also searched:

ဆေးတက္ကသိုလ် (၂) ရန်ကုန်, ဆေးပညာ. ဆေးတက္ကသိုလ် (၂) ရန်ကုန်,

...
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →