Back

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - ပြည်သူ့ကျန်းမာရေး. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သည် ကုလသမဂ္ဂ ၏အထူးအေဂျင်စီ တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အတွက် ညှိနှိုင်း ..



                                               

ကာဘော်လစ်ဆပ်ပြာ

ကာဘော်လစ်ဆပ်ပြာသည် ကာဘော်လစ်အက်ဆစ် ကရီးဆောလ် တို့ဖြင့် ပြုလုပ်ထားသော ပိုးသတ်ဆပ်ပြာတစ်မျိုးဖြစ်သည်။ ကာဘော်လစ်အက်ဆစ်နှင့် ကရီးဆောလ်တို့သည် ကတ္တရာစေး ရေနံစိမ်းမှ ရရှိနိုင်သည်။ ဤဆပ်ပြာကို ရေချိုးဆပ်ပြာကိုယ်ခန္ဓာတိုက်ရန်အဖြစ် အသုံးပြုသောအခါ ပိုးမွှားများကို သတ်ပေးသည်။ ဤသို့ဖြင့် ဆပ်ပြာသည် ကိုယ်ခန္ဓာ၏ အနံ့သက်ပျောက်ဆေးအပျော့အဖြစ် လုပ်ဆောင်ပေး၏။ ယခုထိတိုင်အောင် ကြက်ခြေနီအဖွဲ့နှင့် အခြားသောအဖွဲ့အစည်းအချို့က ဘေးအန္တရာယ်ခံစားရသော ဒုက္ခသည်များအတွက် ဤဆပ်ပြာကို ဝေပေးလျှက်ရှိသည်။ကာဘော်လစ်ဆပ်ပြာကို အရေပြားရောဂါ ကင်းစင်စေရန် ကိုလိုနီခေတ်နှောင်းပိုင်းမှစ၍ အသုံးများလာခဲ့ရာ မြန်မာနိုင်ငံတွင် ယနေ့ခေတ်တိုင် အသု ...

                                               

GIS

ကမ္ဘာ့မြေမျက်နှာသွင်ပြင် အရပ်ဒေသ နှင့်ဆက်နွယ်၍ ရည်ညွှန်းကိုးကားရမည့် အချက်အလက်များအား ကွန်ပျူတာစနစ်ထဲတွင် စုစည်းထားပြီး လိုအပ်သောအခါ သိချင်ရာကို ပြန်လည်ရှာဖွေ ကြည့်ရှုမည်။ ဒစ်ဂျစ်တယ်အခြေခံမြေပုံ များပေါ်တွင် ခွဲခြမ်းစိတ်ဖြာကြည့်မည်။ သုံးသပ်ဆုံးဖြတ် နိုင်ရန် အစိတ်အပိုင်းအလိုက် ရှာဖွေကြည့်ရှုမည်။ ရှင်းလင်းတင်ပြမည်။ အဆိုပါ လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရန် စနစ်တကျ စီစဉ်ထားရှိသော ကွန်ပျူတာသုံး ပထဝီသတင်း အချက်အလက် စနစ်ကို ဟု အတိုကောက်ခေါ်ဆိုပါသည်။ အဖွဲ့အစည်းအများစုသည် မိမိတို့၏လုပ်ငန်းတာဝန်များနှင့် သက်ဆိုင်သော မြေပုံများ ရေးဆွဲအသုံးပြု ကြရပါသည်။ ဥပမာအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက မ ...

                                               

လိင်လုပ်သား

လိင်လုပ်သား ဆိုသည်မှာ လိင်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူကို ခေါ်ဆိုသည်။ ဤဝေါဟာရကို လိင်လုပ်ငန်းတွင် စီမံခန့်ခွဲသူနှင့် ထိုလုပ်ငန်းများ၏ ဝန်ထမ်းများကို မဆိုလိုပဲ လိင်မှုဆိုင်ရာ ဝန်ဆောင်မှုများကို တကယ်တမ်းပေးသော သူများကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ အချို့လိင်လုပ်သားများသည် ဖောက်သည်များနှင့် ကာယထိတွေ့မှု အတိုင်းအတာ အမျိုးမျိုးပါဝင်သော လိင်မှုဆိုင်ရာ ပွင့်လင်းသော အပြုအမူများအတွက် အခကြေးငွေရရှိသည် ။ အပြာဓာတ်ပုံရုပ်ရှင်များတွင် သရုပ်ဆောင်သော မော်ဒယ်လ်များနှင့် ရုပ်ရှင်သရုပ်ဆောင်များသည် ရုပ်ရှင် သို့မဟုတ် ဓာတ်ပုံ ရိုက်ကူးသောအခါတွင် လိင်မှုဆိုင်ရာ ပွင့်လင်းသော အပြုအမူများ လုပ်ဆောင်ကြသည်။ ဖုန်းမှတ ...

                                               

မီးဖွားပြီးသွေးသွန်ခြင်း

ကလေးမီးဖွားပြီး နာရီအတွင်းတွင် သွေးပမာဏ သို့မဟုတ် မီလီလီတာထက် ပို၍သွေးသွန်ပါက မီးဖွားပြီးသွေးသွန်ခြင်း ဟုခေါ်သည်။ အချို့အဆိုအရ မီးဖွားပြီးသွေးသွန်ခြင်းဟု သတ်မှတ်ရန် သွေးပမာဏနည်းသွားသည့်ရောဂါလက္ခဏာများလိုအပ်သည်။ ကနဦးဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများမှာ နှလုံးခုန်မြန်ခြင်း၊ မတ်တတ်ရပ်လိုက်သည့်အခါ မူးဝေခြင်းနှင့် အသက်ရှူမြန်ခြင်းတို့ဖြစ်သည်။ သွေးပိုဆုံးရှုံးလာသည်နှင့်အမျှ ချမ်းလာခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်တတ်သည်။ ကလေးမီးဖွားပြီးချိန်မှစ၍ နောက်လအထိ မီးဖွားပြီးသွေးသွန်ခြင်းဖြစ်နိုင်သည်။ အများဆုံးဖြစ်ပွားလေ့ရှိသည့်အကြောင်းရင်းမှာ ကလေးမီးဖွားပြီး သား ...

                                               

ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ

ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများဆိုသည်မှာ တရားဝင်ပေးထားသော အမည် မဟုတ်ဘဲ နှစ်စဉ် ကောက်ခံရရှိသော လူနေမှု အဆင့်အတန်းပေါ်မူတည်သည့် အများ အသိအမှတ်ပြု စစ်တမ်းများ အရ အဆင့်သတ်မှတ်ထားသော မြို့ကြီးများ စာရင်းကို ခေါ်ဆိုသည်။ ဥပမာ နှစ်ခု ပြရလျှင် မာဆာ၏ နေထိုင်မှု အရည်အသွေးပေါ်မူတည်သည့် စစ်တမ်း နှင့် အီခေါနမစ် မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ စာရင်း တို့ ဖြစ်သည်။ နေထိုင်ရန် အကောင်းဆုံး အဆင့်မှာ အလုပ်ရှင်များအား ဝန်ထမ်းများကို အခြားမြို့များသို့ ပြောင်းရွှေ့ရာတွင် အခက်အခဲ ကရုဏာကြေး ပေးအပ်ရန် အတွက် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ အခြားရည်ရွယ်ချက်များ အတွက် ...

                                               

နိုင်ငံတကာ ဆက်ဆံရေးပညာ

နိုင်ငံတကာ ဆက်ဆံရေးပညာ Nation-States ရဲ့စွမ်းအား Nation-States တွေဟာ ပြည်တွင်းမှာ လူသားတွေရဲ့လိုအင်တွေ ရရှိဖို့ သူတို့ရဲ့စွမ်းရည်ကို အသုံးပြုရာမှာ ကွာခြားကြပါတယ်။ ပုံမှန်အားဖြင့် ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တာဝန်သိစိတ် အပြည့်အဝနဲ့ ထိရောက်အောင် ဆောင်ရွက်ကြတဲ့ Nation-States တွေမှာ အားကောင်းတဲ့ အမျိုးသားရေး ကိုယ်ပိုင် လက္ခဏာ၊ ထူးခြားသိသာတဲ့ ရုပ်ပိုင်းဆိုင်ရာ သယံဇာတ အရင်းအမြစ်တွေနဲ့ ကောင်းစွာဖွံ့ဖြိုးတဲ့ အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေ ရှိကြပါတယ်။ အပြန်အလှန်အားဖြင့် ထိရောက်အောင် မဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေမှာ အဲဒီ အရည်အချင်းတွေ ယေဘုယျအားဖြင့် မရှိတာ တွေ့ရပါတယ်။ နိုင်ငံတွေဟာ နိုင်ငံတကာ တာဝန် ...

                                               

ဒစ်ဂျစ်တယ်နိုင်ငံသား

အိုင်တီဖြင့် အသက်မွေးသူဖြစ်စေ၊ အိုင်တီကို သုံးစွဲနေသူများ ဖြစ်စေ ဒစ်ဂျစ်တယ်နိုင်ငံသား ဟုခေါ်သည်။ ဒစ်ဂျစ်တယ်နိုင်ငံသားခံယူရန် မည်သည့်သတ်မှတ်ချက်မျှမလို။ သို့သော် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတစ်ခုခုတော့ သုံးတတ်ရန်လိုပါသည်။ ဒစ်ဂျစ်တယ်နိုင်ငံသားအဖြစ် အဆင့်မြှင့်ချင်လျှင် ဘလော့ဂ် တွေကိုဖန်တီးနိုင်ရမည်။ လူမှုရေးကွန်ရက် များတွင် ပူးပေါင်းပါဝင်လှုပ်ရှားနိုင်ရမည်။ ဆိုလိုသည်မှာ ခေတ်သစ်အိုင်တီနှင့် မီဒီယာကို အပြည့်အဝအသုံးပြုရမည် ဖြစ်သည်။ ဒစ်ဂျစ်တယ်နိုင်ငံသားအဖြစ် စတင်အသိအမှတ်ပြုချိန် သည် ကလေးဘဝကတည်းက ကွန်ပျူတာ၊ အီးမေးလ်၊ ဖုန်းများကို ပြောတတ် သုံးတတ်ချိန်မှစသည်။ အဆင့်မြင့်လာလျှင် ပုံတွေကို ပို့တတ်ယူတတ်လာ ...

                                               

Natco Pharma

အလုပ်၏အဓိကနယ်ပယ်များ - ဗိုင်းရပ်စ် အသည်းရောင်ရောဂါ ပိုးစီ အပါအ ၀ င်နှင့်ကင်ဆာကိုတိုက်ဖျက်ရန်ဆေးဝါးများဖွံ့ဖြိုးတိုးတက်မှု) ။ Natco Pharma သည်အိန္ဒိယ၊ အမေရိကန်၊ ဥရောပနှင့်အာရှတို့တွင်လုပ်ကိုင်သည်။ လက်အောက်ခံများသည်မြောက်အမေရိကနှင့်လက်တင်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ အရှေ့အလယ်ပိုင်းနှင့်အရှေ့တောင်အာရှတို့တွင်တည်ရှိသည်။ ကုမ္ပဏီကိုမူလက Natco Fine Pharmaceutical Ltd. သူမသည် ၁၉၉၂ ခုနှစ် ဇူလိုင်လမှစ၍ တရားဝင်လူသိများခဲ့သည် ၁၉၉၃ ခုနှစ်ဖေဖော်ဝါရီလတွင်၎င်း၏အမည်ကို Natco Pharma NPL ဟုပြောင်းလဲခဲ့သည်။ Natco Pharma လီမိတက်၏ထုတ်ကုန်များသည်ဆေးဖက်ဝင်ပစ္စည်း ၅၀၀ ကျော်နှင့်အခြေခံသုတေသနနှင့်နည်းပညာနယ်ပယ်များတွင်ပူး ...

                                               

ကလေးမွေးခြင်း

ကလေးမွေးခြင်း ဟူသည် မှာ အမျိုးသမီး တစ်ယောက်၏ သားအိမ် မှ တစ်ယောက် သို့မဟုတ် ထို့ထက်ပိုသော မွေးကင်းစ ကလေးငယ်များ နှင့် အတူ လူသား ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင် ကာလ အဆုံးသတ်ခြင်း ကိုခေါ်သည်။ ပုံမှန် လူသား ကလေးမွေးခြင်း ဖြစ်စဉ်ကို မီးဖွားခြင်း အဆင့်သုံးခု ခွဲထားပါသည်။ သားအိမ်ခေါင်း တိုလာခြင်းနှင့် ကျယ်လာခြင်း၊ ကလေးငယ် ဆင်းလာခြင်းနှင့် မွေးဖွားခြင်း၊ နှင့် အချင်း မွေးဖွားခြင်း ဟူ၍ဖြစ်သည်။ဖြစ်ရပ်အတော်များများတွင် အကြိမ်နှုန်း များလာသည်နှင့်အတူ မိန်းမကိုယ် မှ မွေးသည်ထက် ကလေးမွေးခြင်းကို ဗိုက်ခွဲမွေးခြင်း ဖြင့်၊ ဝမ်းဗိုက် တွင် ဓားဖြင့်အရာပေး ခွဲစိတ်မှုပြုခြင်း မှ တဆင့် မွေးကင်းစ ကလေးငယ ...

                                               

ကူကီးလူမျိုးတို့၏ နောက်ခံ သမိုင်းအကျဉ်း

ကူကီးလူမျိုးများအနေဖြင့် မိမိတို့လူမျိုးများမှာ ရှေးပဝေသဏီအချိန်က khul မှ တဆင့် ဆင်းသက် လာခဲ့သော Pu.Songthu ၏ မျိုးဆက်များဖြစ်ကြသည်ဟု သမိုင်းစဉ်ဆက် ခေတ်အဆက်ဆက် ဆုပ်ကိုင်ယုံ ကြည်လာခဲ့ကြသည်။ ကူကီးလူမျိုးတို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဟန်လင်း Hatlen တို့မှတဆင့် အထက်ချင်း တွင်းမြစ်၏ အနောက်ဘက်ကမ်းဒေသများ၊ ချင်းတောင်တန်းမြောက်ပိုင်းဒေသများ၊ နာဂတောင်တန်းဒေသ များ၊ မဏိပူရပြည်နယ်ရှိ တောင်တန်းဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများ၊ အသံ ပြည်နယ်ရှိ Karbi-Anglong ဒေသများအတွင်း ရှေးအကျဆုံး ဝင်ရောက်အခြေချ နေထိုင်လာခဲ့ကြသည့် ဌာ နေတိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။ ကူကီးလူမျိုးတို့သ ...

ကမ္ဘာ့ကျန်းမာရေးအဖွဲ့
                                     

ကမ္ဘာ့ကျန်းမာရေးအဖွဲ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သည် ကုလသမဂ္ဂ ၏အထူးအေဂျင်စီ တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အတွက် ညှိနှိုင်းဆောင်ရွက်ရေး အာဏာပိုင်အဖြစ် ဆောင်ရွက်သည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၇ရက်နေ့တွင် ပြဋ္ဌာန်းပြီး ဌာနချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရှိသည်။ အေဂျင်စီအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အေဂျင်စီတစ်ခုဖြစ်သော ၎င်းဆက်ခံရသော အဖွဲ့ဖြစ်သည့် ကျန်းမာရေး အဖွဲ့အစည်း၏ အမိန့်အာဏာနှင့် အထောက်အပံ့များကို အမွေဆက်ခံသည်။

                                     

1. ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သမိုင်းကြောင်း

WHO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ "လူများအားလုံး ဖြစ်နိုင်သမျှ အမြင့်ဆုံး ကျန်းမာရေးအဆင့်အတန်းကို ရယူရေး"ဟု ၎င်း၏ ရည်ရွယ်ချက်ကို ဖော်ပြသည်။ ၎င်း၏ အဓိကလုပ်ငန်းမှာ အနာရောဂါများ အထူးသဖြင့် အဓိက ကူးစက်တတ်သော အနာရောဂါများ တိုက်ဖျက်ရေးနှင့် ကမ္ဘာသူကမ္ဘာသားများ၏ အထွေထွေ ကျန်းမာရေး အခြေအနေကို မြှင့်တင်ရေးတို့ပင် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် ကုလသမဂ္ဂ၏ မူလအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ၂၆ ခုမြောက် အဖွဲ့ဝင်နိုင်ငံက အတည်ပြုသော ပထမအကြိမ် ကမ္ဘာ့ကျန်းမာရေးနေ့ ၁၉၅၀ ခုနှစ် ဧပြီလ ၇ ရက်တွင် တရားဝင် ထိရောက်စွာ စတင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဂျဝါဟာလာနေရူးက WHO စတင်ရန် အကြံဉာဏ် ပေးခဲ့သည်။ ဤအချိန်မတိုင်မီက ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လုပ်ဆောင်ရန် ကျန်ရှိသော လှုပ်ရှားမှုများအပါအဝင် ၎င်း၏လုပ်ငန်းစဉ် လည်ပတ်မှုများမှာ ၁၉၄၆ ခုနှစ် နွေရာသီတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးညီလာခံပြီးနောက် ယာယီကော်မရှင်၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ပါသည်။

အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက် အာဏာဖြင့် လွှဲပြောင်းပေးခဲ့သည်။ ပြင်သစ်ရှိ ကူးစက်တတ်သော ရောဂါပိုးများ ရှာဖွေလေ့လာရေးဆိုင်ရာ ဝန်ဆောင်မှု၏ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ တစ်ကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေးရုံး Office International dHygiène Publique သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ယာယီကော်မရှင်နှင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပူးပေါင်းခဲ့သည်။

                                     

2. ဆောင်ရွက်မှုလုပ်ငန်းများ

ဆားစ် ခေါ် ကူးစက်မြန် အဆုတ်ရောင်အအေးမိရောဂါ၊ ငှက်ဖျား၊ အဆုတ်နာရောဂါ၊ ဆွိုင်းဖလူးခေါ် ကြက်ငှက်တုပ်ကွေးနှင့် ခုခံအားကျဆင်းမှုရောဂါ ကဲ့သို့သော ကူးစက်တတ်သော အနာရောဂါများ ကူးစက် ဖြစ်ပွားခြင်းကို ထိန်းချုပ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ညှိနှိုင်း ဆောင်ရွက်ခြင်းအပြင် ထိုရောဂါများ ကာကွယ်ရေးနှင့် ကုသရန် အစီအစဉ်များကိုလည်း WHO ကတာဝန်ယူသည်။ စိတ်ချရပြီး အာနိသင်ရှိသော ကာကွယ်ဆေးများ၊ ဆေးဝါးနှင့် ပတ်သက်သော နည်းပညာများ၊ ပစ္စည်းများနှင့် ဆေးဝါးများ တိုးတက်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို WHO ကပံ့ပိုးထောက်ပံ့ပါသည်။

ကျောက်ကြီးရောဂါကို ဆယ်စုနှစ် နှစ်ခုအကြာ တွန်းလှန်တိုက်ခိုက်ပြီးနောက် ၁၉၈၀ ခုနှစ်တွင် ထိုရောဂါကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းပြီးဖြစ်ကြောင်း WHO ကကြေညာခဲ့ပါသည် - သမိုင်းတွင် လူသားတို့၏ ကြိုးပမ်းမှုကြောင့် ပယ်ဖျက်ရှင်းလင်းနိုင်ခဲ့သည့်ပထမဦးဆုံးသောရောဂါဖြစ်သည်။

ပိုလီယိုခေါ် အရိုးပျော့ရောဂါကို လာမည့်နှစ်အနည်းငယ်အတွင်း အမြစ်ပြတ်သုတ်သင် ရှင်းလင်းရန် WHO က ရည်မှန်းထားပါသည်။ အဖွဲ့အစည်းသည် ဇင်ဘာဘွေနိုင်ငံအတွက် ကမ္ဘာ့ပထမဦးဆုံး တရားဝင် HIV/AIDS တူးလ်ကစ်ဒ်ခေါ် ကိရိယာ အစုံအလင်ပါသော ဆေးသေတ္တာကို အတည်ပြုထောက်ခံပေးပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုလုပ်ပေးထားပါသည်။

အနာရောဂါများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း လုပ်ငန်းအပြင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော စည်းရုံးလှုံ့ဆော်မှုများကိုလည်း ပြုလုပ်ပါသည် - ဥပမာအားဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စားသုံးမှုကို မြှင့်တင်ရန်နှင့် ဆေးရွက်ကြီးအသုံးပြုမှုကို တားဆီးလျှော့ချရန်။ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျီနီဗာရှိ ဌာနချုပ်၌ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံကြပြီး ၎င်းတို့လုပ်ဆောင်နေသော တစ်ပြည်လုံး ကူးစက်ပျံ့နှံ့သော တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး တိုးတက်ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်ပြီး အားတက်စေသည့် အခြေအနေ တိုးတက်မှုအဆင့်သို့ ရောက်ရှိ အောင်မြင်ပြီးဖြစ်ကြောင်း သတင်းပို့ခဲ့ကြပါသည်။

ဆေးဝါးကုသခြင်း လက်တွေ့ စမ်းသပ်မှုပေါင်း ၄၀ ကျော် ပြီးမြောက်ခဲ့ပြီး သို့မဟုတ် အဆက်မပြတ် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အများအားဖြင့် ကျန်းမာသော အရွယ်ရောက်ပြီးသူ လူကြီးများအပေါ် အာရုံစိုက် လုပ်ဆောင်ပါသည်။ အချို့ ကုမ္ပဏီများသည် အရွယ်ရောက်ပြီးသူ လူကြီးများတွင် စိတ်ချရသော စိစစ်မှုများ ပြုလုပ်ပြီးနောက်၊ သက်ကြီးရွယ်အိုများနှင့် ကလေးများဖြင့် ဆေးဝါးကုသခြင်း လက်တွေ့စမ်းသပ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ ယခုအချိန်အထိ စမ်းသပ်ထားသော အသက်အရွယ်အုပ်စု အမျိုးမျိုးတွင် ကာကွယ်ဆေးများအားလုံး စိတ်ချရပြီး ကောင်းစွာ စွမ်းဆောင်မှုရှိကြောင်း ပေါ်ပါသည်။

                                     

3. WHO/FAO၏တုံ့ပြန်ချက်များ

တိုင်းပြည်၏လိုအပ်ချက်များကို အာရုံစူးစိုက်သော သုတေသနလုပ်ငန်းကို အသုံးပြုရန်နှင့် လုပ်ဆောင်ရန် အတွက် အမျိုးသား ကျန်းမာရေး သုတေသနစနစ်များနှင့် သက်သေခံ အထောက်အထား သတင်းပို့ရေး ပေါ်လစီ ကွန်ယက် Evidence Informed Policy Network- EVIPNet ကဲ့သို့သော အသိပညာဗဟုသုတ ဘာသာပြန် စင်မြင့်များကို ဖေးမထောက်ကူပေးခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်နိုင်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်မှုကို WHO က အားပေးမြှင့်တင်ပေးပါသည်။ WHO နှင့်၎င်း၏ ဒေသဆိုင်ရာ ရုံးများသည် ကျန်းမာရေးသုတေသနနှင့် ဆိုင်သော ဒေသအဆင့် မူဝါဒများ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေကြပါသည်။ အမေရိကား PAHO/AMRO အတွက် ဒေသဆိုင်ရာရုံးခန်းက ပထမဦးဆုံးအနေဖြင့် ၎င်း၏ ကျန်းမာရေးအတွက် သုတေသနဆိုင်ရာ မူဝါဒကို ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏ ၄၉ ခုမြောက် ညွှန်ကြားရေးကောင်စီ စာရွက်စာတမ်း CD 49.10 ဖြင့် အတည်ပြုချက် ရယူခဲ့သည်။

ကူးစက်ပျံ့နှံ့တတ်သော ရောဂါများ၊ ကူးစက်ပျံ့နှံ့ခြင်း မရှိသော အခြေအနေများနှင့် ထိခိုက်ဒဏ်ရာရမှုများ- ဥပမာအားဖြင့် အကယ်၍ ကျွန်ုပ်တို့သည် အပိုနှစ်များ အသက်ရှင် နေထိုင်ရပါက ထိုနှစ်များကို ကျန်းမာရေး ကောင်းစွာ သို့မဟုတ် ညံ့ဖျဉ်းစွာ အသက်ရှင် နေထိုင်ရမည်ဟူသော ဇရာနှင့် ပတ်သက်သော လေ့လာမှုများနှင့် ဆဲလ်ဖုန်းခေါ် လက်ကိုင်ဖုန်း ပတ်ဝန်းကျင်ရှိ လျှပ်စစ်သံလိုက်ဓာတ် စက်ဝန်းသည် ကျန်းမာရေးအပေါ် သက်ရောက်မှုရှိမရှိ ဆိုသည်တို့ကို ဆုံးဖြတ်နိုင်ရန်အတွက် ဇရာနှင့် ကာလကြာရှည်စွာ သုတေသနလုပ်၍ စုဆောင်းရရှိသော သတင်းအချက်အလက်များကို လေ့လာမှုများ။

၂၀၀၃ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော WHO/FAO ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည့် ကျန်းမာသော အစားအစာ စားသုံးမှုတွင် သကြားသည် ၁၀% ထက်ပိုမို၍ မပါသင့်ဟု ထောက်ခံချက်မျိုးကဲ့သို့ ဤအလုပ်၏ အချို့သော အချက်များမှာ အငြင်းပွားဖွယ်ရာ ဖြစ်နိုင်ပါသည်။ ဤအစီရင်ခံစာကြောင့် သကြားထုတ်လုပ်ရေး လုပ်ငန်းက ထောက်ခံချက်ကို ဆန့်ကျင်၍ ဥပဒေပြဋ္ဌာန်းသူများအား အရေးဆိုမှု ဖြစ်ပေါ်ခဲ့သည်။ ထိုအရေးဆိုမှုအား "စုစုပေါင်းခွန်အား စွမ်းအင်၏ ၁၀% ထက်နည်းပြီး သကြားကင်းလွတ်ရေးဟူသော လူထုရည်မှန်းချက်ပန်းတိုင်သည် အငြင်းပွားဖွယ်ဖြစ်ကြောင်း နှီးနှောဖလှယ်ပွဲက အသိအမှတ်ပြုသည်"ဟူသော ကြေညာချက်တစ်ခု အစီရင်ခံစာထဲတွင် ထည့်သွင်းခြင်းဖြင့် WHO/FAO ကတုံ့ပြန်ခဲ့သည်။

သို့သော်လည်း သိပ္ပံနည်းကျ လေ့လာမှုများအား ကိုယ်ပိုင် စိတ်ဖြာလေ့လာချက်အပေါ် အခြေခံပြီး ၎င်း၏ ထောက်ခံချက်အပေါ်တွင် ရပ်တည်ခဲ့သည်။ နိုင်ငံပေါင်း 70 မှ အသက် 18+ နှစ်ရှိ ဖြေကြားသူ 308.000 ဦးနှင့် အသက် 50+ နှစ်ရှိ ဖြေကြားသူ 81.000 ဦးတို့ပါဝင်သော ကမ္ဘာ့ကျန်းမာရေးစစ်တမ်းနှင့် 23 နိုင်ငံတို့မှ အသက် 50+ ရှိသောသူ 50.000 တို့ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ဇရာနှင့် အရွယ်ရောက်သူများ ကျန်းမာရေး လေ့လာမှုSAGE တို့အပါအဝင် အချက်အလက် ကောက်ယူမှု လမ်းစဉ်အမျိုးမျိုးမှတဆင့် လိုအပ်လျက်ရှိသော ကျန်းမာရေးနှင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှု သက်သေသာဓကကို ထောက်ပံ့ပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကျန်းမာရေး လေ့လာမှုများအုပ်စုက လုပ်ဆောင်လျက်ရှိပါသည်။

ကမ္ဘာစိတ်ကျန်းမာရေးစစ်တမ်းများWorld Mental Health Surveys၊ WHO ဘဝတန်ဖိုးစာတမ်းWHO Quality of Life Instrument၊ WHO မသန်မစွမ်းမှု အကဲဖြတ်ခြင်း အတိုင်းအတာများ WHO Disability Assessment Scales တို့သည် အခြား ကျန်းမာရေး၊ ၎င်းနှင့် ဆက်စပ်လျက်ရှိသော နယ်ပယ်များဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် လမ်းညွှန်မှုပေးပါသည်။ WHO နှင့် ကျန်းမာရေး တိုင်းတာမှုစနစ်များ ကွန်ယက်Health Metrics Network၊ အပြည်ပြည်ဆိုင်ရာ အိမ်ထောင်စု စစ်တမ်းများကွန်ယက် International Household Surveys Network ကဲ့သို့သော အခြား အေဂျင်စီအဖွဲ့များအကြား ပူးပေါင်း ကြိုးပမ်း အားထုတ်မှုများသည် မြင့်မားသော သုတေသန စံချိန်စံညွှန်းများ သတ်မှတ်ရာတွင် စံနှုန်းပြဋ္ဌာန်းသော လုပ်ငန်းများအဖြစ် တာဝန်ထမ်းဆောင်သည်။



                                     

4. ဖွဲ့စည်းပုံ

WHO တွင် လိချ်တန်စတိန်းLiechtensteinမှအပ UN အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံနှစ်ခုဖြစ်သည့် နယူးဝေးNiueနှင့် ကွတ်ခ်ကျွန်းစုများ Cook Islands အပါအဝင် အဖွဲ့ဝင်နိုင်ငံ 193 နိုင်ငံ ရှိပါသည်။ အဖွဲ့ဝင်မဟုတ်သည့် နယ်မြေများသည် အကယ်၍ ညီလာခံမဲပေးခြင်းအားဖြင့် သဘောတူ ခွင့်ပြုချက်ရရှိပါက တွဲဘက်အဖွဲ့ဝင်များအဖြစ် သတင်းအချက်အလက် အပြည့်အစုံဖြင့် သို့ရာတွင် ပါဝင်မှုနှင့် မဲပေးခွင့်တို့ကို ကန့်သတ်ထားသည် အဖွဲ့ဝင်နိုင်ပါသည်။ ပွာတိုရီကိုPuerto Ricoနှင့် တိုကေလော Tokelau နိုင်ငံတို့မှာ တွဲဘက်အဖွဲ့ဝင်နိုင်ငံများဖြစ်ပါသည်။ သီးခြားအုပ်ချုပ်ခွင့်ရှိသော အထူးလက်အောက်ခံ နယ်မြေများကိုလည်း လေ့လာသူအဆင့်အတန်း သတ်မှတ်နိုင်သည်။ ဥပမာပြရလျှင် ပါလက်စတိုင်းUN လေ့လာသူ ဗာတီကန်စီးတီးUN အဖွဲ့ဝင်မဟုတ်သော လေ့လာသူ နှင့် တရုတ်တိုင်ပေ ဖိတ်ကြားခြင်းခံရသော ကိုယ်စားလှယ် တို့ဖြစ်သည်။

WHO အဖွဲ့ဝင်နိုင်ငံများသည် WHO ၏ အချုပ်အချာ ဆုံးဖြတ်ချက်ချရာ အစုအဖွဲ့ဖြစ်သည့် ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ်များ ခန့်အပ်သည်။ UN အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် WHO အဖွဲ့ဝင်ဖြစ်ရန် အရည်အချင်းပြည့်မီပြီး၊ WHO ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့်အတိုင်း ”အခြားတိုင်းပြည်များသည် ၎င်းတို့၏ လျှောက်ထားချက်များကို ကမ္ဘာ့ကျန်းမာရေးညီလာခံက သာမန် အများစုဆန္ဒမဲဖြင့် သဘောတူထောက်ခံသောအခါ အဖွဲ့ဝင်အဖြစ် ဝင်နိုင်ပါသည်”။

WHO ညီလာခံကို ပုံမှန်အားဖြင့် နှစ်စဉ် မေလတွင် ကျင်းပပါသည်။ အထွေထွေညွှန်ကြားရေးမှူးကို ငါးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည့်အပြင် ညီလာခံက အသင်းကြီး၏ ဘဏ္ဍာရေး မူဝါဒများကို ထည့်သွင်းစဉ်းစားပြီး၊ အဆိုပြုလာသော အစီအစဉ် ရသုံးမှန်းခြေငွေစာရင်းကို သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းတို့ပြုလုပ်သည်။ ညီလာခံသည် ကျန်းမာရေး ပညာရပ်တွင် အရည်အချင်းပြည့်မီသော အဖွဲ့ဝင် 34 ဦးကို သုံးနှစ်စီသက်တမ်းရှိသော အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ရွေးကောက်တင်မြှောက်သည်။ ဘုတ်အဖွဲ့၏ အဓိကလုပ်ငန်းများမှာ ယေဘုယျအားဖြင့် ညီလာခံကချမှတ်သော ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အကြံပေးရန်နှင့် ၎င်း၏လုပ်ငန်းများ လွယ်ကူချောမွေ့စေရန်တို့ ဖြစ်ပါသည်။

WHO ကို အဖွဲ့ဝင်နိုင်ငံများနှင့် အလှူရှင်များက ငွေကြေးထောက်ပံ့သည်။ မကြာသေးခင်နှစ်များက WHO ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပါဝင်လာသည်။ လက်ရှိတွင် ထိုကဲ့သို့ အစုစပ်လုပ်ငန်းပေါင်း 80 ခန့်ကို NGO များနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ ဘီလ်နှင့်မယ်လင်ဒါဂိတ်စ်ဖောင်ဒေးရှင်း နှင့် ရော့ကဖဲလားဖောင်ဒေးရှင်း ကဲ့သို့သော ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်နှင့် ဒေသ အစိုးရများ၊ ဖောင်ဒေးရှင်းများနှင့် NGOများ၊ အခြား UN အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အခန်းကဏ္ဍများမှလည်း WHO သို့ စေတနာအလျောက် ထည့်ဝင်ကြရာ ယခုအခါ အဖွဲ့ဝင်နိုင်ငံ 193 နိုင်ငံတို့၏ သတ်မှတ်ထည့်ဝင်ငွေ ပေးရန်ရှိသောထက် ကျော်လွန်သွားပြီဖြစ်ပါသည်။

Users also searched:

ကမ္ဘာ့ကျန်းမာရေးအဖွဲ့, ပြည်သူ့ကျန်းမာရေး. ကမ္ဘာ့ကျန်းမာရေးအဖွဲ့,

...
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →