Back

ကွန်ပျူတာတက္ကသိုလ် သထုံ - ကွန်ပျူတာ. ကွန်ပျူတာတက္ကသိုလ် သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ဝန္ဒာမိတောင်ခြေတွင် တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်က ..



ကွန်ပျူတာတက္ကသိုလ်(သထုံ)
                                     

ကွန်ပျူတာတက္ကသိုလ်(သထုံ)

ကွန်ပျူတာတက္ကသိုလ် သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ဝန္ဒာမိတောင်ခြေတွင် တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

                                     

1. သမိုင်းကြောင်း

မွန်ပြည်နယ်အတွင်းတွင် အစိုးရကွန်ပျူတာကောလိပ်မော်လမြိုင်အား ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ တွင် အစိုးရနည်းပညာကောလိပ်မော်လမြိုင် ယခု နည်းပညာတက္ကသိုလ်မော်လမြိုင်)၏ ပရဝုဏ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စု၊ မော်လမြိုင်စက်မှုဇုန် အနီးသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်မော်လမြိုင် အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပြီး ဘွဲ့ကြို/ဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်မော်လမြိုင်အား သထုံမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်သထုံအဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။

                                     

2. သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်သထုံမှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • တတိယနှစ် ကွန်ပျူတာသိပ္ပံ.
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ.
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ.
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ.
  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ.
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ.
  • တတိယနှစ် ကွန်ပျူတာနည်းပညာ.
                                     

3. ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်သထုံမှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech.
  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc.
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.ScHons.
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.TechHons.
                                     

4. တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ

  • ဒေါက်တာသန္တာသိန်း ၈-၄-၂၀ဝ၉ မှ ၄-၇-၂၀၁၀ ထိ.
  • ဒေါက်တာဝင်းဌေး ၅-၇-၂၀၁၀ မှ ယနေ့ထိ.
  • ဒေါ်သီသီစော ၇-၈-၂၀ဝ၀ မှ ၂၃-၄-၂၀ဝ၁ ထိ.
  • ဒေါ်မွန်မွန် ၂၄-၄-၂၀ဝ၁ မှ ၆-၈-၂၀ဝ၄ ထိ.
  • ဒေါက်တာနီလာသိန်း ၇-၈-၂၀ဝ၄ မှ ၃၁-၁၀-၂၀ဝ၆ ထိ.
  • ဒေါက်တာနေခြည်လဲ့လဲ့သိန်း ၁-၁၁-၂၀ဝ၆ မှ ၇-၄-၂၀ဝ၉ ထိ.

Users also searched:

ကွန်ပျူတာတက္ကသိုလ်(သထုံ),

...
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →