Back

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန - ဆက်သွယ်ရေး. မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ဆက်သွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်းအခ ..



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
                                     

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ဆက်သွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆ တိုးတက်မြင့်မားလာစေရန် တယ်လီဖုန်းတိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို နှစ်စဉ်စီမံကိန်းများ ချမှတ်လျက် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း ၃၅၉၈၁၁၃လုံး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း ၆၇၀၄၂၀၃လုံး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း ၉၀၂၁၄၁၈လုံး နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မေလအထိ တယ်လီဖုန်းပေါင်း ၉၃၆၁၉၈၈လုံးတပ်ဆင်ခဲ့ပြီး တယ်လီဖုန်းသိပ်သည်းဆမှာ ၂၀၁၄ မေလကုန်အထိ ၁၅.၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

                                     

1. သမိုင်းကြောင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ခုနှစ်၊ ဇန်နဝါရီ ၂၉ရက်နေ့တွင် ထုတ်ပြန် သော အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၉၂ဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများကိုပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန ၃ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၂ခုနှစ်၊ ဖေဖော်ဝါရီ၃ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့ဖြင့်ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ခုနှစ်၊ ဩဂုတ်လ ၁၉ရက်နေ့တွင်ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၃၀/၉၉တွင် ဆုံးဖြတ်ချက် အရ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအား ၁၉၉၉ခုနှစ်၊ ဩဂုတ်လ၂၀ရက်နေ့တွင် ပို့ဆာင်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက် သို့လွှဲပြောင်းပေးခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၉-၁၁-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၃/၂၀၁၂ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန အဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။

                                     

2. ဖွဲ့စည်းပုံ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားပါသည်။

  • စီမံရေးရာဌာန.
  • စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန.
  • ပစ္စည်းဌာန.
  • ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန.
  • သတင်းအချက်အလက်နှင့် နည်းပညာဆက်သွယ်ရေးဌာန တို့ဖြစ်သည်။.
  • လုပ်ငန်းနှင့် စစ်ဆေးရေးဌာန.
  • မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း.

Users also searched:

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန,

...
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →