Back

ဂျပန်ဦးနှောက်ရောင်ရောဂါ - ရောဂါ. ဂျပန်ဦးနှောက်ရောင်ရောဂါ သည် Japanese Encephalitis Virus ကြောင့် ဖြစ်သော ဦးနှောက်တွင် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်သည ..



ဂျပန်ဦးနှောက်ရောင်ရောဂါ
                                     

ဂျပန်ဦးနှောက်ရောင်ရောဂါ

ဂျပန်ဦးနှောက်ရောင်ရောဂါ သည် Japanese Encephalitis Virus ကြောင့် ဖြစ်သော ဦးနှောက်တွင် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။ ရောဂါအများစုတွင် ရောဂါလက္ခဏာ အနည်းငယ် သို့မဟုတ် လုံးဝမပြတတ်သော်လည်း ရံဖန်ရံခါတွင် ဦးနှောက်ရောင်ရမ်းခြင်း ဖြစ်ပွားတတ်သည်။ ထိုအချိန်များတွင် ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဖျားခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် တက်ခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ဤလက္ခဏာများသည် ရောဂါကူးစက်ပြီး ၅ ရက်မှ ၁၅ ရက် အကြာတွင် ဖြစ်ပေါ်လေ့ရှိသည်။

JEV ရောဂါပိုးသည် ယေဘုယျအားဖြင့် ခြင်မှတစ်ဆင့် ကူးစက်ပြန့်ပွားသည်။ ခြင်အမျိုးအစားမှာ ကျူးလပ်စ် Culex ဖြစ်သည်။ ဝက်နှင့် တောရိုင်းငှက်များသည် ရောဂါပိုးကို စုဆောင်းသိုမှီးရာဌာန ဖြစ်သည်။ ဤရောဂါသည် များသောအားဖြင့် မြို့ကြီးများ၏ အပြင်ဘက်တွင် ဖြစ်ပွားလေ့ရှိသည်။ သွေး သို့မဟုတ် cerebrospinal fluid ဖောက်စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေကြသည်။

ဤရောဂါကို ယေဘုယျအားဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး များဖြင့် ကာကွယ်နိုင်သည်။ ဤကာကွယ်ဆေးများသည် အန္တရာယ်ကင်းပြီး ထိရောက်မှုရှိသည်။ တစ်ခြားနည်းလမ်းများမှာ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း စသည်တို့ ဖြစ်သည်။ ရောဂါကူးစက်ခံရပါက တိကျသေချာသော ကုသမှု မရှိဘဲ ထောက်ပံ့ပေးသည့် ကုသမှုကိုသာ ပြုလုပ်နိုင်သည်။ ယေဘုယျအားဖြင့် ဆေးရုံတွင် ကုသမှု ပေးသည်။ ဦးနှောက်ရောင်ခြင်းမှ သက်သာလာသော လူနာများ၏ တစ်ဝက်အထိတွင် ကုသ၍မရသော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပွားသည်။

ဤရောဂါသည် အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသများတွင် ဖြစ်ပွားသည်။ ထို ရောဂါဖြစ်ပွားသောဒေသများတွင် လူဦးရေ သန်း ၃ ထောင်ခန့် နေထိုင်ကြသည်။ တစ်နှစ်လျှင် ၆၈,၀၀၀ ခန့် ရောဂါလက္ခဏာနှင့်တကွ ရောဂါဖြစ်ပွား၍ ၁၇,၀၀၀ ခန့် သေဆုံးသည်။ မကြာမကြာ ကပ်ရောဂါအသွင် ဖြစ်ပွားလေ့ရှိသည်။ ဤရောဂါကို ၁၈၇၁ ခုနှစ်တွင် စတင်ဖော်ပြခဲ့သည်။

                                     

1. ရောဂါလက္ခဏာများ

ဂျပန်ဦးနှောက်ရောင်ရောဂါတွင် ရောဂါပျိုးချိန် ၅ ရက် မှ ၁၅ ရက်အထိ ရှိပြီး အများစုမှာ ရောဂါလက္ခဏာ မပြတတ်ပေ။ ကူးစက်ခံရသူ ၂၅၀ တွင် ၁ ယောက်သာ ဦးနှောက်ရောင်ရမ်းသည့် ရောဂါလက္ခဏာများ ပြတတ်သည်။

ခန္ဓာကိုယ် ကြွက်သားများ အပြင်းအထန် တောင့်တင်းလာခြင်းသည် လူသားများတွင် ရောဂါစတင်ခြင်း လက္ခဏာ ဖြစ်သည်။ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မအီမသာဖြစ်ခြင်းတို့သည် ဤရောဂါ၏ သီးသန့်မဟုတ်သော ရောဂါလက္ခဏာများ non-specific symptoms ဖြစ်ပြီး ၎င်းတို့သည် ၁ ရက်မှ ၆ ရက်အထိ ကြာမြင့်နိုင်သည်။ ပြင်းထန်ဦးနှောက်ရောင်အဆင့် acute encephalitis stage တွင် ပြတတ်သော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း၊ ကြွက်သားများ အားနည်းခြင်း cachexia၊ ခန္ဓာကိုယ်တစ်ခြမ်း ကြွက်သားများ အားနည်းခြင်း hemiparesis၊ တက်ခြင်းနှင့် အဖျား ၁၀၀.၄ မှ ၁၀၅.၈ ဒီဂရီဖာရင်ဟိုက်အထိ တက်ခြင်း တို့ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းလည်း ဖြစ်ပေါ်လေ့ရှိသည်။

ဤရောဂါ၏ သေပျောက်နှုန်းသည် ပြောင်းလဲမှုရှိသည်၊ သို့သော် ကလေးများတွင် သေနှုန်းမြင့်မားသည်။ မိခင်မှ ကလေးသို့ အချင်းမှ တစ်ဆင့်ကူးစက်မှုကိုလည်း တွေ့ရှိခဲ့ရသည်။ နားမကြားခြင်း၊ စိတ်ခံစားချက် ပြင်းထန်ခြင်းနှင့် ကိုယ်တစ်ခြမ်းကြွက်သားများ အားနည်းခြင်း စသည့် ဘဝတစ်သက်တာ အာရုံကြောထိခိုက်မှုများသည် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်ခံရသော လူနာများတွင် ဖြစ်ပေါ်တတ်သည်။ လေ့လာပြီး ရောဂါဖြစ်ပွားများတွင် အခြားအကျိုးဆက်များ ဖြစ်သည့် ပျို့အန်လိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ အန်ခြင်းနှင့် တစ်ခါတစ်ရံ ဝှေးစေ့ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်တတ်သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားလေ့ရှိပြီး ကူးစက်ခံရပါက ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ကာ အသက်ရှင်ကျန်ရစ်သူများ၏ သုံးပုံတစ်ပုံ ၃၀ ရာခိုင်နှုန်း သည် ကိုယ်လက်အင်္ဂါ မသန်စွမ်းခြင်း၊ နားလေးခြင်း၊ မကြာခဏတက်ခြင်းနှင့် စကားမပြောနိုင်ခြင်းအပြင် အခြားစိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်သည်။

                                     

2. ရောဂါဖြစ်ပွားစေသည့် အကြောင်းအရင်း

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်သော Japanese encephalitis virus ကြာင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ထို JEV ဗိုင်းရပ်စ်ပိုးသည် Flaviviridae မျိုးစိတ်တွင် ပါဝင်သည်။ မျိုးကွဲ ၉ ခုအထိ ရှိပြီး လေးခုမှာ လူကို ကူးစက်သည်။ ၎င်းတို့သည် West Nile virus နှင့် St. Louis encephalitis virus တို့နှင့် နီးစပ်မှု ရှိသည်။ ဤဗိုင်းရပ်စ်သည် အင်ဒိုနီးရှား-မလေးရှားဒေသတွင် စတင်ပေါက်ဖွားလာပုံပေါ်သည်။ ၎င်းကြောင့် ဖြစ်သော ရောဂါကို ၁၈၇၀ တွင် စတင်မှတ်တမ်းတင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ သို့သော် ၁၆ ရာစုကတည်းက ပေါက်ဖွားလာပုံ ရသည်။ ၂၀၁၀ တွင် ၎င်း၏ ဗီဇအပြည့်အစုံကို မှတ်တမ်းတင်နိုင်ခဲ့သည်။

                                     

3. ရောဂါရှာဖွေဖော်ထုတ်ခြင်း

ဂျပန်ဦးနှောက်ရောင်ရောဂါကို ဝယ်ယူ၍ရသော ဆေးစစ်ချက်များဖြင့် ရှာဖွေနိုင်သည်။ ဗိုင်းရပ်စစ်အား တိုက်ထုတ်သော IgM antibody များကို ရှာဖွေခြင်း ဖြစ်သည်။ ထို IgM antibody များသည် ရောဂါစတင်ပြီး ၃ ရက်မှ ၈ ရက်အကြာတွင် စတင်ပေါ်ပေါက်လာသည်။ ထို့နောက် နောက် ရက် ၃၀ မှ ၉၀ ကြာအောင် သွေးထဲတွင် ဆက်ရှိနေလေ့ရှိသည်။ ထို့ထက်ပို၍ ဆက်ရှိနေသည်ကိုလည်း မှတ်တမ်းတင်ထားမှု ရှိခဲ့သည်။ ထို့ကြောင့် IgM antibody positive သည် ကာကွယ်ဆေး သို့မဟုတ် အတိတ်က ရောဂါကူးစက်ခံခဲ့ရမှုကိုလည်း ညွှန်ပြနေနိုင်သည်။ ရောဂါစတင်ပြီး ၁၀ ရက်အတွင်း ဖောက်ယူထားသော သွေးထဲတွင် IgM antibody များ အလုံအလောက် ရှိချင်မှ ရှိပါလိမ့်မည်။ ထို့ကြောင့် နာလန်ထပြီးချိန်တွင် ဖောက်ယူထားသော သွေးများကိုလည်း ဆက်လက်စစ်ဆေးသင့်သည်။

                                     

4. ရောဂါကာကွယ်ခြင်း

ဂျပန်ဦးနှောက်ရောင်ရောဂါ တစ်ခါကူးစက်ခံရပြီးပါက တစ်သက်လုံး ကာကွယ်ပြီး ဖြစ်သည်။ ယခုအချိန်တွင် ရရှိနိုင်သော ကာကွယ်ဆေး ၃ မျိုး ရှိပါသည်။ ၎င်းတို့ အားလုံးသည် genotype III ဗိုင်းရပ်စ်ပိုးပေါ်တွင် အခြေခံကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ဂျပန်တွင် ကာကွယ်ဆေးကို ၁၉၃၀ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၆၀ ခုနှစ်များ၌ ထိုင်ဝမ်တွင် လည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌ ထိုင်းနိုင်ငံတွင်လည်းကောင်း ခွင့်ပြုခဲ့သည်။ ဤကာကွယ်ဆေးများ အများအပြားသုံးစွဲလာမှုနှင့် မြို့ပြများ အများအပြား ပေါ်ပေါက်လာမှုကြောင့် ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံတို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ကြသည်။ ဤကာကွယ်ဆေးများ၏ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ဆင်းရဲသောနိုင်ငံများတွင် ပုံမှန်ကာကွယ်ဆေးအနေဖြင့် ထည့်သွင်းနိုင်ခြင်း မရှိသေးပါ။

ကာကွယ်ဆေး၏ အဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဆေးထိုးသည့်နေရာတွင် နီရဲလာခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်သည်။ ရှားရှားပါးပါးအနေဖြင့် ဆေးထိုးပြီး ၅ ရက်အကြာတွင် အင်ပျဉ်များ ပေါ်လာတတ်သည်။ ကြွက်၏ ဦးနှောက်မှ သန့်စင်ပြီး ထုတ်ထားသော ကာကွယ်ဆေးတွင် နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပေါ်ရန် ၁ သန်းတွင် ၁ ယောက် ဖြစ်နိုင်ချေ ရှိသည်။ သို့သော် မွေးမြူထားသောဆဲလ်များမှ ထုတ်လုပ်သော ကာကွယ်ဆေးများတွင်မူ နောက်ဆက်တွဲဆိုးကျိုး အနည်းငယ်သာ ရှိသည်။ အဓိက ဆိုးကျိုးမှာ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်သည်။

ကာကွယ်ဆေးသည် အနည်းဆုံး ၂ နှစ်မှ ၃ နှစ်အထိ ကာကွယ်နိုင်သည်။ သို့သော် ထို့ထက်လည်း ပိုကြာနိုင်သည်။ စုစုပေါင်းကာကွယ်ပေးနိုင်သည့် ကာလမှာမူ မသိသေးပါ။ ထို့ကြောင့် ရောဂါကူးစက်နိုင်ခြေရှိသောသူများတွင် booster အနေဖြင့် ၃ နှစ်တစ်ကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံဖို့ တိုက်တွန်းထားပါသည်။



                                     

5. ကုသခြင်း

ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် တိကျသော ကုသမှု မရှိပါ။ ကုသမှုများသည် လူနာကို အထောက်အပံ့ ပေးနိုင်ရုံသာ ဖြစ်သည်။ လူတစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်သောကြောင့် လူနာများကို သီးခြားခွဲခြားထားရန် မလိုအပ်ပါ။

                                     

6. ကပ်ရောဂါဗေဒ

အာရှတိုက်၌ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ဦးနှောက်ရောင်ရမ်းခြင်းရောဂါများထဲတွင် ဂျပန်ဦးနှောက်ရောင်ရောဂါသည် အဖြစ်အများဆုံး ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားလေ့ရှိသော အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသရှိ နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုနှုန်းသည် လူဦးရေ တစ်သိန်းလျှင် နှစ်ဦးခန့်ဖြစ်ပြီး နှစ်စဉ် ရောဂါဖြစ်ပွားသူ ၆၈,၀၀၀ ခန့်နှင့် သေဆုံးသူ ၁၃,၆၀၀ မှ ၂၀,၄၀၀ ဦးခန့် ရှိသည်။

အတိတ်က ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး ယခုအခါ ကာကွယ်ဆေးကြောင့် ကောင်းစွာထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည့် နိုင်ငံများမှာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြသည်။ ကပ်ရောဂါအသွင် ဖြစ်ပွားဆဲနိုင်ငံများတွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၌ ကချင်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံတွင် တတိယအသေအပျောက် အများဆုံး ရောဂါဖြစ်သည်။ မြန်မာနိုင်ငံ၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုသည် ၂၀၁၆ ခုနှစ်တွင် ၃၉၃ ဦး ဖြစ်ပွားပြီး ၁၁၇ ဦး သေဆုံးခဲ့သည်။ ထို့ပြင် ရောဂါကူးစက်ခံရသူများအနက် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ပွားမှု ၁၃၁ ဦးအထိ ရှိခဲ့သည်။ ထို့အပြင် ဇန်နဝါရီလမှ ဇွန်လအထိ ဖြစ်ပွားသူဦးရေ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၄၆ ဦး ရှိပြီး သေဆုံးသူ ၄၂ ဦး ရှိကာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ၃၀ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ နေရာများအနက် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများက ဖော်ပြထားသည်။

လူသား၊ ကျွဲနွားနှင့် မြင်းများသည် ရောဂါကူးစက်ခံရပါက သေဆုံးနိုင်သည့်သူများ ဖြစ်သည်။ ၎င်းတို့တွင် ရောဂါသည် ပြင်းထန်သော သေနိုင်လောက်သည့် ဦးနှောက်ရောင်ရမ်းခြင်းအနေဖြင့် ပေါ်ပေါက်သောကြောင့် ဖြစ်သည်။ ဝက်များသည် ရောဂါကူးစက်ရာတွင် အရေးပါသော သတ္တဝါဖြစ်သည်။ ၎င်းတို့တွင် ရောဂါကူးစက်ခံရပါက ရောဂါလက္ခဏာ မပြပါ။ ရောဂါကို အဓိက သယ်ဆောင်သူမှာ Culex tritaeniorhynchus ခြင် ဖြစ်သည်။ ထိုခြင်သည် ကျွဲနွားများကို ကိုက်တတ်ပြီး လူကိုလည်း ကိုက်သည်။ ရောဂါပိုးကို သဘာဝအလျှောက် လက်ခံထားသူများမှာ ငှက်များဖြစ်ကြသည်။ ထို့ကြောင့် ရောဂါကို လုံးဝပျောက်ကွယ်အောင် မပြုလုပ်နိုင်ဟု အများစုက ယူဆကြသည်။

Users also searched:

ဂျပန်ဦးနှောက်ရောင်ရောဂါ,

...
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →