Back

ⓘ သတ္တဗေဒ - တစ်ငှက်, ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော, နော်စူစင်နာလှလှစိုး, ဆက်ရက်, ရွှေဥဒေါင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော, ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့် ..



                                               

တစ်ငှက်

အင်္ဂလိပ် အ‌ခေါ်အားဖြင့် တစ် တစ်‌မောက် တွမ်တစ် ဟု‌ခေါ်‌သောငှက်သည် ‘ပယ်ရိဒီ’မျိုးရင်းတွင်ပါဝင်သည်။ အလွန် ‌သေးငယ်‌သော ငှက်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်တွင် ‌တွေ့နိုင် သည်။ ပိုး‌လောင်း‌ကောင်တို့ကို ဖမ်းဆီးစား‌သောက်တတ်သဖြင့် လယ်သမားတို့ကို အကျိုး‌ကျေးဇူးပြု‌သော ငှက်ဖြစ်သည်။ တစ်ငှက်မျိုးကို အထူးသဖြင့် ‌မြောက်ကမ္ဘာလုံးခြမ်းတွင် ‌ပေါ များသည်။ ဗြိတိန်နိုင်ငံ၌ အ‌တွေ့ရများ‌သော တစ်ငှက်မျိုးသည် အရှည် ၄ လက်မခွဲခန့်ရှိသည်။ ထိုငှက်မျိုးသည် ‌ခေါင်းပြာ၏။ ပါးဖြူ၏။ ‌ကျော၌ စိမ်းဝါ‌ရောင်ရှိ၏။ လည်ပင်းမည်း သည်။ အ‌တောင်နှင့် အမြီးပြာ၏။ ‌အောက်ပိုင်းဝါ၏။ ထိုငှက် ၏ သတ္တ‌ဗေဒအမည်မှာ ‘ပေးရပ် စီရူးလီယပ် ‌အော့ဗစကျူးရပ်’ ဖြစ်သည်။ ...

                                               

ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ် အတွင်းတွင် တည်ရှိသည်။ အကျယ်အဝန်း ၁၀၃.၅၅ စတုရန်းမိုင် ရှိပြီး ၁၉၄၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

                                               

နော်စူစင်နာလှလှစိုး

၁၉၆၅ခုနှစ် ဩဂုတ်လ ၁၈ရက်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ မွေးဖွားသည်။ ရန်ကုန်တက္ကသိုလ်မှ သတ္တဗေဒဘာသာရပ်အထူးပြု သိပ္ပံဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ ရရှိသည်။ တက္ကသိုလ်တက်နေစဉ် ကျောင်းသူဘဝကပင် ​World Vision ၌ စာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် စီမံကိန်းမန်နေဂျာအဖြစ် ဆောင်ရွက်ရသည်။ World Vision မှတစ်ဆင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခွင့်ရခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု ပင်ဆီဗေးနီးယားပြည်နယ် ဖီလန်ဒဲဖီးယား အရှေ့ပိုင်းတက္ကသိုလ်၌ အင်န်ဂျီအို ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အမ်ဘီအေအတန်းကို သင်ကြားခွင့်ရခဲ့သည်။ ၂၀၀၃ခုနှစ်တွင် ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ ...

                                               

ဆက်ရက်

ဆက်ရက် အမျိုးမျိုးကို မြန်မာနိုင်ငံအရပ်ရပ်၌တွေ့ရသည်။ အသွေးအရောင်နှင့် အလေ့အကျင့်ကိုလိုက်၍ ဆက်ရက်ငှက် အမျိုးမျိုးရှိကြသည်။ ထိုသို့အမျိုးကွဲပြားသည့်အလျောက်လည်း သတ္တဗေဒ အခေါ်အားဖြင့် အမျိုးမျိုးကွဲပြားသည်။ သို့သော် ပုံသဏ္ဌာန်အရဆိုလျှင် တစ်မျိုးနှင့်တစ်မျိုးမှာ ခပ်ဆင်ဆင်ဖြစ်သည်။ မြန်မာနိုင်ငံ၌ အများဆုံးတွေ့ရသောဆက်ရက်မျိုးမှာ သတ္တဗေဒ အလိုအားဖြင့် အက်ကရီဒိုသီးရီးတြိုက်တစ် ဟု ခေါ် သည်။ မျိုးရင်း စတာနီဒီးဖြစ်သည်။ ထိုမျိုးရင်းတွင်သာလိကာနှင့် စတားလင်းခေါ် ငှက်တို့ပါဝင်ကြသည်။ ဆက်ရက်သည် အများအားဖြင့် အလျား ၉ လက်မရှိသည်။ ပျံသန်းနေစဉ် အမြီးပိုင်းအဖျားရှိ အဖြူကွက်ကိုလည်း‌ကောင်း၊ တောင်ပံရှိ အဖြူကွက်ကိုလည် ...

                                               

ရွှေဥဒေါင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီး ဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ ဒေသခံများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ထောက်ပံပေးနိုင်စေရန်၊ ဆင်များကို ကာကွယ်စောင့်ရှောက်ရန်၊ တောရိုင်းတိရိစ္ဆာန်များကို ခိုးယူသတ်ဖြတ်ခြင်းကာကွယ်ရန်၊ တောင်ယာစနစ်ကို ထိန်းသိမ်းရန်နှင့် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။

                                               

ဝင်းအောင် (လွှတ်တော်ကိုယ်စားလှယ်၊ ၁၉၇၄ ခုနှစ်ဖွား)

ဦးဝင်းအောင် သည် မြန်မာလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မိုးမောက်မြို့နယ် မဲဆန္ဒနယ်ကိုယ်စားပြု ရွေးကောက်ခံရသူ ဖြစ်သည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး ဖြစ်သည်။

                                               

ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်

ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့် သည် ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်း ထက်​အောက်စဉ်စနစ်မှ မျိုးခွဲပညာရှင် တို့မှ တက်ဆွန် ဟုခေါ်သော သက်ရှိအုပ်စုတစ်ခု ၏ အဆင့်ကို ဆိုလိုခြင်း ဖြစ်သည်။ မျိုးရိုးခွဲခြားခြင်းဆိုင်ရာ အဆင့်များ၏ ဥပမာအချို့မှာ နယ်ပယ် ၊ လောက ၊ မျိုးပေါင်းစု ၊ မျိုးပေါင်း ၊ မျိုးစဉ် ၊ မျိုးရင်း ၊ မျိုးစု ၊ မျိုးစိတ် စသည်တို့ ဖြစ်သည်။

                                               

မင်းမော် (တက္ကသိုလ်)

တက္ကသိုလ် မင်းမော်ကို ရန်ကုန်တိုင်း၊ တွံတေးမြို့တွင် အဖ ဦးတင်မောင်၊ အမိ ဒေါ်စိန်မြတို့မှ ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၆၀-၆၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ၁၉၆၂ ခုနှစ်မှ စတင်ကာ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနတွင် နည်းပြဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် မဟာဝိဇ္ဇာ ရေးဖြေ စာမေးပွဲ အောင်မြင်သည်။ ၁၉၆၈-၁၉၇၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန် တက္ကသိုလ်သို့ ဘာသာဗေဒနှင့် သတ္တဗေဒ ပညာရပ်များ သင်ယူရန် ပညာတော်သင် အဖြစ် သွားရောက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဘာသာဗေဒ၊ သတ္တဗေဒ ပညာရပ်များဖြင့် လန်ဒန် တက္ကသိုလ်မှ M. ...

                                               

တောင်ငုံး

သတ္တဗေဒအလိုအရ ‌တောင်ငုံးသည် ‘ပစ်တီဒီး’မျိုးရင်းတွင် ပါဝင်၍၊ ယင်းကို ‘ပစ်တာမိုလပ်စင်ဆစ်’ဟု‌ခေါ်သည်။ အလျား ၈ လက်မခန့်ရှိသည်။ ဦး‌ခေါင်း၏ အလယ်တည့်တည့်မှ လည်ကုပ်သို့ ဆင်းလာ‌သော အမည်းဆင်းတစ်ခုသည် နှုတ်သီးဘက်မှ မျက်‌စေ့များကို ဖြတ်‌ကျော်လျက်ရှိ‌သော အမည်းစင်းများနှင့် လည်ကုပ်တွင် ဆုံကြပြီးလျှင် ‌ကော်လာသဖွယ် လည်ကုပ်ကို ရစ်ပတ်လျက်ရှိသည်။ ပျံသန်း‌နေစဉ် ‌တောင်ငုံး၌ အပြာရင့် ‌ရောင်ရှိသည်ဟု ထင်ရ၏။ ‌တောင်ပံတွင်ရှိ‌သော အဖြူကွက်များ ကိုလည်း ထင်ရှားစွာမြင်ရသည်။ နံနက်ခင်းနှင့် ည‌နေခင်းတွင် ‌တောင်ငုံးသည် သာယာ စွာ ‌အော်မြည်တတ်သည်။ ‌တောင်ငုံး၏‌အော်သံကို အများအား ဖြင့် တစ်‌နေ့လုံး ကြားရတတ်သည်။ လသာ‌သောညအခါ၌ လည်း ...

                                               

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)

တိရစ္ဆာန်ဥယျာဉ် တွင် နို့တိုက် သတ္တဝါ ၄၉ မျိုး ကောင်ရေ ကောင် ၊ ကျေးငှက် မျိုး ၊ ကောင်ရေ ကောင် ၊ တွားသွား ၁၈ မျိုး ၊ ကောင်ရေ ၁၈၃ ကောင် ၊ စုစုပေါင်း ၁၃၅ မျိုး ၊ ကောင်ရေ ၁၀၆၅ ကောင် တို့အား မွေးမြူ ထိန်းသိမ်းစောင့်ရှောက် ပြသလျှက် ရှိသည်။ တိရစ္ဆာန်ဥယျာဉ်အား ပြည်သူများ အပန်းဖြေ အနားယူရန်နှင့် ဗဟုသုတ ရှာမှီးနိုင်ရန် ၊ ကျောင်းသား/ကျောင်းသူများ သတ္တဗေဒ နှင့် ရုက္ခဗေဒ ဆိုင်ရာ ပညာရှာမှီးရာတွင် အထောက်အကူဖြစ်စေရန် ၊ တောရိုင်း တိရစ္ဆာန်ကျေးငှက်များ ထိန်းသိမ်းကာကွယ်ရေးအတွက် ပြည်သူလူထုအား စည်းရုံးပညာပေးရန် ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် နှင့် ရှားပါးသော တိရစ္ဆာန်ကျေးငှက်များအား မျိုးဆက် ထိန်းသိမ်းရန်အ ...

                                               

ကနုကမာ

ခုံး၊ ကမာ၊ ယောက်သွားစသော ခရုခွံများတွင် အထပ် ၃ ထပ်ရှိသည့်အနက် အချို့သော ခရုခွံတို့၌ အောက် ဆုံး သို့မဟုတ် အတွင်းဖက်အကျဆုံး အထပ်မှာ ချောမွှတ် ပြောင်လက်၍ ပုလဲရောင် ထနေသည်ကို တွေ့ဘူးကြပေမည်။ ဤအထပ်မှာ ကနုကမာအထပ်ဖြစ်၍ ဤအထပ်မျိုး ပါရှိသည့် ခရုခွံများကို ကနုကမာဟု ခေါ်ကြသည်။ ကနုကမာအထပ်တွင် ပါဝင်သောပစ္စည်းများမှာ ပုလဲတွင် ပါဝင်သော ပစ္စည်းများနှင့် အတူတူပင် ဖြစ်သည်။ ထုံးဓာတ် ပါသော ပစ္စည်းနှင့် ဦးချိုကဲ့သို့မာသော ပစ္စည်းတို့သည် အဆင့်ဆင့် အထပ်ထပ် တည်နေကြသည်။ ထိုအထပ်များ ပေါ်သို့ အလင်းကျရောက်သောအခါ အထပ်တို့၏ လွတ်နေ သော အစွန်းများက အလင်းကို ယိုင်စေသောကြောင့် စိမ်း၊ နီ၊ ဝါ၊ ပြာ စသော သက်တံ့ရောင်များ ဖြစ်ပေ ...

                                               

ကမာ

ကမာသည် အခွံနှစ်ခြမ်းရှိသော ရေနေခရုမျိုးယောက်သွားကြီးတစ်မျိုးဖြစ်၍ ထို အခွံနှစ်ခြမ်းကို ရုန်းနိုင်၊ ကြုံ့နိုင်သော အကြော တစ်ခုက တစ်နေရာတွင် ပတ္တာသဖွယ် ဆိုင်းထားသည်။ ယေဘုယျ အားဖြင့် အပေါ်ဖက်အခွံသည် ပြား၍၊ အောက်ဖက်အခွံသည် ခွက်ပြီးလျှင် ထိုအခွက်ထဲ၌ ကမာ၏ ကိုယ်ခန္ဓာ တည်ရှိသည်။ ကမာသည် အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ရှိ ပင်လယ်ကမ်းခြေ တစ်လျှောက် ရေတိမ်ရာ အရပ်များတွင် နေထိုင်သည်။ အေး လွန်းသော ဝင်ရိုးစွန်းဒေသရှိ ပင်လယ်ကမ်းခြေများတွင်မူ မတွေ့ရချေ။ ကမာ၏ကိုယ်ထဲသို့ သဲမှုန့် စသည် ဝင်လျှင် ကိုယ်တွင်းရှိ ဓာတ်ရည်ဖြင့် အထပ်ထပ် ရစ်ဖုံးလေ့ရှိ၍ ထိုအလုံးကလေးသည် ပင်လယ်ရေဓာတ်ဖြင့် မာ၍ ပုလဲလုံးဖြစ်လာသည်။ ကမာများကို ...

                                               

ကော်ဒိတ်

ကော်ဒိတ် ဆိုသည်မှာ ကော်ဒေတာ မျိုးပေါင်းစု ဝင် အကောင်များ ကို ဆိုလိုသည်။) ရှိသူများကို ကော်ဒေတာ မျိုးပေါင်းစုဝင်ဟု ခေါ်ကြသည်။)

                                               

ခရုခွံ

ခရုခွံဆိုရာ၌ ခရု၊ ကမာ၊ ရှပ်၊ ယောက်သွား စသော ခရုမျိုးဝင် တိရစ္ဆာန်အမျိုးမျိုးတို့၏ အခွံအားလုံးကို ဆိုလိုသည်။ ခရုအခွံသည် ခရုကောင်၏ ခန္ဓာကိုယ်ထက်ကြီးကာ အပြင်ဖက်၌တည်ရှိ၍ အကာအကွယ်အလို့ငှာဖြစ်သည်။ သို့သော် ပက်ကျိ၊ ကင်းမွန်၊ ဘဝဲ စသောအကောင်များတွင် အခွံသည် ခန္ဓာကိုယ်အတွင်း၌ တည်ရှိတတ်သည်။ ထိုအခွံမျိုးသည် များသောအားဖြင့် သေးငယ်တတ်သည်။ အချို့ခရုမျိုး၌ကား အခွံဟူ၍ လုံးဝမပါရှိချေ။ ခရုခွံများကို ပင်လယ်ကမ်းခြေ၌ တွေ့ရဖန်များတတ်သည်။ သို့သော် ပင်လယ်ထဲ၌လည်း အနှံ့အပြား ရှိသည်။ အချို့မှာ ပင်လယ်ကမ်းရိုးတန်းရှိ ရွံ့နွံများအောက်၌ နစ်မြုပ်နေ၍၊ အချို့မှာ ပင်လယ်အောက်သို့ ကျနေတတ်သည်။ တခါတရံ ကမ်းမှ မိုင်ပေါင်းများစွာကွ ...

                                               

ခရင်းကောင်

ပင်လယ်ကမ်းခြေသို့ ရောက်ဘူးသူတို့သည် ကျောက် ဆောင်၊ တံတားတိုင်၊ သစ်တုံး သစ်လုံးများပေါ်၌ အစုအပြုံ လိုက် တွယ်ကပ်နေသော ခရင်းကောင်များကို တွေ့ဘူးကြပေ မည်။ ခရင်းကောင် တို့သည် ခွက်ပုံရှိသော အခွံအတွင်း၌ နေထိုင်ကြ၍၊ ယင်းတို့အပေါ်ကို ဖိနပ်မပါဘဲ တက်နင်းမိလျှင် ခြေဖဝါးကို ပဲ့သွားအောင် စူးရှတတ်သည်။ အခွံ၏အတွင်း၌ ထိပ်ဝကိုလိုသလို ပိတ်နိုင် ဖွင့်နိုင်သော လေးရွက်ဆိုင်ထိပ်ဖုံး များ ပါရှိသည်။ ရေကျ၍ ခရင်းကောင်များပေါ်နေချိန်၌ ကုတ် ခြစ်သံကဲ့သို့ အသံသဲ့သဲ့ ကြားရတတ်ရာ၊ ထိုအသံမှာ အခွံ အတွင်းရှိ ခရင်းကောင်လှုပ်ရှား၍ ထိပ်ဖုံးအခွံကလေးများ အချင်းချင်း ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသောအသံ ဖြစ် သည်။ ခရင်းကောင်ကို အများကပင် ...

                                               

ခရုမျိုး

ဤခရုမျိုး၌ ဆင်စွယ်နှင့် ပုံသဏ္ဌာန် တူသော အခွံရှိ၍ စကက်ဖိုပဒါScaphopodaဟုခေါ်သည်။ ဤမျိုးပေါင်းတွင် အမျိုးအနည်းငယ်သာပါ၍၊ အထက်တွင်ဖော်ပြခဲ့သော မျိုးပေါင်း တို့လောက် မထင်ရှားချေ။ ယင်းတို့သည် သေးငယ်သော ရေ သတ္တဝါများ ဖြစ်ကြ၏။ သူတို့၏အခွံမှာ တစ်ဖက်သို့ ရှူးသွား သော ပြွန်ကောက်ကလေးသဖွယ်ဖြစ်၍ ထိပ်နှစ်ဖက်စလုံး၌ အပိတ်မရှိဘဲ ပွင့်နေသည်။ ခရုဆင်နှာမောင်းဟု ခေါ်သော ခရုမျိုးသည် ဤမျိုးပေါင်းတွင် ပါဝင်သည်။ ခရုမျိုးဝင် သတ္တဝါတို့၏အရွယ်မှာ အစားစားရှိသည်။ အလွန်သေးငယ်သော အကောင်များလည်းရှိ၍ ကင်းမွန်ဘဲလိပ် အကြီးစားများမှာ အလျားပေ ၃ဝ ကျော်အထိ ရှိသဖြင့် ကျောရိုးမဲ့သတ္တဝါထဲ၌ အရှည်လျားဆုံးပင် ဖြစ်သည်။ ယင်း တို့သည် မျာ ...

                                               

ခူကောင်

လိပ်ပြာ၏ဘဝဖြစ်စဉ်၌၊ လိပ်ပြာသည် ဥမှပေါက်လျှင်ပေါက်ခြင်း လိပ်ပြာဟူ၍ ဖြစ်မလာချေ။ ပိုးလောင်းကောင် ဘဝမှတစ်ဆင့် လိပ်ပြာဘဝသို့ အသွင်ပြောင်း ရသေးသည်။ ထိုလိပ်ပြာဖြစ်ရမည့် ပိုးလောင်း ကောင်ကို ခူဟူ၍လည်းကောင်း၊ ပေါက်ဖတ်ဟူ၍၎င်း ခေါ်ကြသည်။ ခူနှင့် ပေါက်ဖတ်ခြားနားချက်မှာ ခူ၌အမွေးရှိ၍ ပေါက်ဖတ်၌ အမွေးမရှိခြင်း ပင်တည်း။ လိပ်ပြာဥမှ ပေါက်ဖွားလာပုံမှာ ဤသို့ ဖြစ်သည်။

                                               

ငါးကြီးအန်ဖတ်

တစ်ခါတစ်ရံ ရေမွှေးတွင် ပါရှိသော အမွှေးအကြိုင်ကို စပယ်ပန်း၊ နှင်းပန်း စသည်တို့မှ ပေါင်းခံမယူဘဲ ငါးကြီးအန်ဖတ်ခေါ် ဝေလငါး၏ အူအတွင်းမှ ရရှိသောပစ္စည်း တစ်မျိုးမှ ပေါင်းခံယူကြသည်။ ထိုပစ္စည်း၌ သွေးပြန်ကြောများ ပါရှိခြင်းကြောင့် အရောင်မှာ ညစ်ပုပ်ပုပ် ဖြစ်သည်။ ပင်လယ် တွင် ငါးကြီးအန်ဖတ်များကို အစုလိုက် အပြုံလိုက် မျောနေ သည်ကို တွေ့ရတတ်၏။ အတ္တလန္တိတ် သမုဒ္ဒရာတွင် ပေါင် ၂ဝဝ ကျော်မျှ အလေးချိန်စီးသော ငါးကြီးအန်ဖတ်များကို တွေ့ရတတ်သည်။ တစ်ခါတစ်ရံ ငါးကြီးအန်ဖတ်ကို ဘရာဇီးနိုင်ငံ၊ မက်ဒါဂက်စတာကျွန်း၊ အာဖရိကတိုက်နှင့် အရှေ့တိုင်းနိုင်ငံ တို့၏ ကမ်းခြေများတွင် တွေ့ရလေသည်။ အစိမ်းလိုက် တွေ့ရသော ငါးကြီးအန်ဖတ်များတွ ...

                                               

တိရစ္ဆာန်

တိရစ္ဆာန် သည် ဒိုမိန်း ယူကာရိုတာအုပ်စုကြီး၏အောက်တွင် ရှိသည်။ တိရစ္ဆာန်လောကဟု သိရာ၏။ ဒိုမိန်း ယူကာရိုတာအောက်တွင် ၎င်းအပါအဝင် နောက်ထပ် လောက သုံးခု ရှိ၏။ ၎င်းတို့မှာ ပရိုတစ္စတာ လောက အပင် လောက မှို လောက ဟူ၍ မှတ်သားရသည်။

                                               

တိရစ္ဆာန်စရိုက်

တိရစ္ဆာန်တို့၏ စရိုက်ကို ဆင်ခြင်ကြည့်သော်၊ တိရစ္ဆာန် တို့သည် လူတို့ပြုမူကျင့်ကြံကြသကဲ့သို့ ပြုမူကျင့်ကြံကြလေ သလောဟူ၍ တွေးထင်စရာအကြောင်းများကို တွေ့ရ၏။ တိရစ္ဆာန်တို့သည် နောင်ရေးကို မြော်တတ်သည့် လက္ခဏာရှိ သည်။ ယင်းတို့အဖို့ သက်သာရာ သက်သာကြောင်းကို ရှာ တတ်ကြသည်။ သတိရှိကြသည်။ အစုအဝေးနှင့်နေလျှင် အင် အားရှိသည်ကို သိကြသည်။ မိုးဥတုအတွက်အစာကို သိုလှောင် ထားတတ်ကြသည်။ အချိန်မလင့်မီ အပျက်ကို ပြုပြင်တတ်ကြ သည်။ အရာခပ်သိမ်းသည် ကာလံဒေသံအလိုက် ဖြစ်ပျက်တတ် သည့် သဘောကိုလည်း နားလည်ကြဟန်တူသည်။ အရိုးဆုံး တိရစ္ဆာန်ဖြစ်သည့် ပင့်ကူကိုကြည့်ပါ။ ပင့်ကူ သည် အင်ဂျင်နီယာကဲ့သို့ ပင့်ကူအိမ်ကို ဖွဲ့တတ်သည်။ သွား ရန်လမ်းကို ...

                                               

မြန်မာနိုင်ငံ ကုန်းသတ္တဝါများ

ကုန်းသတ္တဝါဆိုသည်မှာ ကုန်းပေါ်တွင် နေထိုင်သော သတ္တဝါများ ဖြစ်သည်။ ကျောရိုးမဲ့သတ္တဝါများအနက် အင်းဆက်ပိုး၊ ပိုးနသန်ကောင်၊ ကင်းခြေများ အစရှိသည်တို့ ပါဝင်သော မီရီအက်ပေါ့များနှင့် ပင့်ကူ၊ ကင်းမြီးကောက် အစရှိသည်တို့ ပါဝင်သော အာရက်နစ်များသည် ကုန်းပေါ်တွင် အများဆုံး တွေ့ရသော ကျောရိုးမဲ့ သတ္တဝါများဖြစ်ကြသည်။ ကျောရိုးရှိသတ္တဝါများအနက် ဆိုပြန်လျှင်ကုန်းနေရေနေ သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်နှင့် နို့တိုက်သတ္တဝါမျိုးသည် ကုန်းသတ္တဝါတွင် အများဆုံး ပါဝင်ကြသည်။ ကုန်းအရပ် ဒေသမှ ဖြာထွက်သော လမ်းအသွယ်သွယ်ရှိသည်။အချို့သော ကုန်းနေသတ္တဝါတို့သည် အစာရှာဖွေရန် သော်လည်းကောင်း၊ ဘေးရန်များမှ အကာအကွယ် ယူရန်သော်လည်းကောင်း၊ ...

                                               

မြန်မာနိုင်ငံရေနေ တိရစ္ဆာန်များ

ရေနေ တိရစ္ဆာန်၊ သို့မဟုတ် ရေသတ္တဝါ ဆိုသည်မှာ ရေတွင် အမြဲနေထိုင် ကျက်စား ပေါက်ပွားသော သတ္တဝါမျိုးကို ဆိုလိုသည်။ ယင်းတို့သည် ကုန်းသတ္တဝါများထက် ဦးရေနှင့် အမျိုးအမည် များပြား၏။ ကုန်းသတ္တဝါ များကဲ့သို့ပင် ယင်းတို့ကို ကျေားရိုးမဲ့နှင့် ကျေားရိုးရှိ ရေသတ္တဝါဟူ၍ နှစ်မျိုး ခွဲခြားထားရာ၊ ကျောရိုးမဲ့ သတ္တဝါများက ပိုမို လွန်ကဲများပြား၏။ အသေးအနုတ်ဆုံးသော ရေသတ္တဝါလေးများကို သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ မိုက္ကရိုစကုပ်အားဖြင့်သာ တွေ့မြင်နိုင်သည်။ ငါးကြီးများနှင့် လင်းပိုင်များသည် မြန်မာ့ ရေသတ္တဝါတို့တွင် အကြီးဆုံး ဖြစ်ကြသည်။ မြန်မာ့ ရေသတ္တဝါသည်လည်း အမြောက်အမြား ရှိသောကြောင့် ယင်းတို့ကို စေ့ငုစွာ လေ့လာ ...

                                               

သတ္တဝါ

လှုပ်ရှားသွားလာနိုင်ပြီး အစာကို ပါးစပ်ဖြင့် စားသောက်တတ်သော သက်ရှိမှန်သမျှကို Animal ခေါ် သတ္တဝါ ဟု အပင်တို့နှင့် ကွဲပြားစေရန် ခွဲခြားအဓိပ္ပာယ် သတ်မှတ်ပါသည်။ သတ္တဝါ များကို မျိုးတူရာ အုပ်စုခွဲ လိုက်လျှင် အောက်ပါအတိုင်း ခုနှစ်မျိုး ခွဲခြားနိုင်ပါသည်။

                                               

သဗျာ

သဗျာ) သည် ခရုကောင် အမျိုးအစားထဲတွင် ပါဝင်သော အခွံမာနှစ်ခြမ်းဖွင့်ပိတ်ရသော ကမာကဲ့သို့သောသတ္တဝါဖြစ်သည်။ ကမာကောင်ကဲ့သို့ပင် အသားကိုစား၍ရသော်လည်း အခွံကိုလို၍ ဖမ်းဆီးခံရမှု ပိုများသည်။​ သဗျာခွံသည် ကမာခွံကဲ့သို့ အနည်းငယ်မျှ မခုံးဘဲ ပြားချပ်ပါးလှပ်နေသည် ဟု ဒေသခံများက ဆိုစမှတ်ပြုသည်။ သဗျာခွံကို အလှအပအဆင်တန်ဆာ၊ လက်ဝတ်ရတနာအဖြစ်သာ မကဘဲ ပြတင်းတံခါးချပ် အနေဖြင့်ပါ အသုံးပြုခဲ့ကြသည်။ ကမာခွံထက် ပိုပါးလွှာ၍ အလင်းမှုန်ပေါက်ရောက်မှု ပိုများသဖြင့် မီးအိမ် မီးဆိုင်း ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ငရုတ်ကောင်းကျွန်းနှင့် မော်တင်စွန်းအနီးရှိ ဟိုင်းကြီးကျွန်းအနီး နွံပေါများရာဒေသများတွင် တွေ့ရှိ ...

                                               

အာဖရိကတိုက်၏ တိရစ္ဆာန်မျိုးကွဲများ

အာဖရိကတိုက် သစ်တောဒေသ၌ သားကောင်များ အလွန်ပေါ များသည်။ အာဖရိတိုက်မြောက်ဘက်ပိုင်းတွင် ဥရောပတိုက် တောင်ပိုင်း၌ တွေ့ရလေ့ရှိသော တိရစ္ဆာန်မျိုးကို တွေ့ရသည်။ အထူးသဖြင့် ဆဟာရသဲကန္တာရ၏ တောင်ဘက်တွင် တောဆိတ်၊ သစ်ကုလားအုပ်၊ မြင်းကျား၊ ကျွဲ၊ ကြံ့၊ ဆင်၊ ခြင်္သေ့၊ သစ်နက်၊ ကျားသစ်၊ ဟိုင်းအီနာကောင်၊ ခွေးအ၊ မျောက်ဝံတို့ကဲ့သို့ တောရိုင်းတိရစ္ဆာန်များကို တွေ့ရသည်။ ရှေးအခါက အာဖရိကတိုက်တွင် ဆင်များ အများအပြား တွေ့ခဲ့ရသော်လည်း ယခုအခါတွင် အစွယ်အလို့ငှါ ဆင်များကို ဖမ်းဆီး သတ်ဖြတ်ကြသောကြောင့် များများစားစား မတွေ့ရတော့ချေ။ သဲကန္တာရမှတစ်ပါး အခြားနေရာများ၌ငှက်နှင့် တွားသွားကောင်များကို တွေ့ရသည်။ အာဖရိကတိုက်ရှိ ငှက်မျာ ...

ကိမိလဗေဒ
                                               

ကိမိလဗေဒ

ကိမိလဗေဒ သည် အင်းဆက်ပိုးများအား လေ့လာသည့် သတ္တဗေဒ ပညာရပ် မျိုးကွဲတစ်ရပ် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိမျိုးစိတ် ၁.၃ သန်း အနက် အင်းဆက်မျိုးစိတ်မှာ သုံးပုံနှစ်ပုံခန့်ရှိသည်။ အချို့မျိုးစိတ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၄၀၀ ခန့်ကတည်းက ရှင်သန်ကျက်စားခဲ့ကြသည်။

                                               

သိပ္ပံ

ဤဘာသာရပ်နှင့် ပတ်သက်၍ သက်ဆိုင်သော ခေါင်းစဉ်များကို ကြည့်လိုပါက အခြေခံ သိပ္ပံဆိုင်ရာ ခေါင်းစဉ်များ ကို ကြည့်ပါ။ ရုက္ခဗေဒ ဇီဝဗေဒ ရောဂါဗေဒ အာယုဗ္ဗေဒ ခန္ဓာဗေဒ သတ္တဗေဒ ကိမိလဗေဒ ဓာတုဗေဒ ဇီဝဓာတု နက္ခတ္တဗေဒ ဘူမိဗေဒ ဇလဗေဒ ရူပဗေဒ သတ္တုဗေဒ အဏ္ဏဝါဗေဒ အီလက်ထရွန် အက်တမ် ပရိုတွန် နျူထရွန် )

                                               

မျိုးစဉ်

သတ္တလောကရှိ တိရစ္ဆာန်များအား အမျိုးတူသော အုပ်စုများ ခွဲခြားထားခြင်းကို မျိုးပေါင်း ဟု ခေါ်သည်။ မျိုးပေါင်း၏ အောက်တွင် မျိုးစဉ် Order ရှိသည်။ မျိုးစဉ်၏အောက်တွင် မျိုးရင်း Family ရှိသည်။

                                               

မျိုးပေါင်း

သတ္တလောကရှိ တိရစ္ဆာန်များအား အမျိုးတူသော အုပ်စုများ ခွဲခြားထားခြင်းကို မျိုးပေါင်း ဟု ခေါ်သည်။ မျိုးပေါင်း၏ အောက်တွင် မျိုးစဉ် ရှိသည်။ တိရစ္ဆာန်များတွင် ငှက်သည် မျိုးပေါင်း တစ်ခု ဖြစ်သည်။

                                               

သွေးအေးသတ္တဝါ

သွေးအေးသတ္တဝါများ၏ အရေပြားသည် ခြောက်သွေ့ပြီး အကြေးခွံများ အုပ်ထားလျက်ရှိသည်။ သွေးအေးသတ္တဝါအားလုံးနီးပါး ဥ ဥကြသည်။ နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်းမှာ သွေးအေးသတ္တဝါတွေကို တွေ့ရှိနိုင်ပေမဲ့ အထူးသဖြင့် ကမ္ဘာ့အပူပိုင်းဒေသတွေမှာ အတွေ့ရများသည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →