Back

ⓘ သယ်ယူပို့ဆောင်ရေး - သယ်ယူပို့ဆောင်ရေး, မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး, ရထားပို့ဆောင်ရေး ဝန်ကြီးဌာန, ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ..



                                               

သယ်ယူပို့ဆောင်ရေး

လူများကို တစ်နေရာမှ တစ်နေရာသို့ပို့ဆောင်ခြင်း၊ ကုန်ပစ္စည်းများကိုတစ် နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ယူခြင်း စသည့်ကိစ္စတို့ကို သယ်ယူပို့ဆောင်ရေးဟုခေါ်သည်။ ယင်း သို့သယ်ယူပို့ ဆောင်ရေးမှာ အလွန်ရှေးကျသော လူရိုင်းများခေတ်ကပင် ရှိခဲ့လေသည်။ လူရိုင်းများသည်တစ်နေရာမှ တစ်နေရာသို့ ခြေကျင်ခရီးဖြင့် မိမိတို့ဝန်ထုပ်ဝန်ပိုးများကို ကျောထက်၌ သယ်ဆောင်ကာရွှေ့ပြောင်းရ၏။ ဤနည်းကား သူတို့ခေတ် ကာလ၏သယ်ယူပို့ဆောင်ရေးတစ်မျိုးပင်ဖြစ်သည်။ လူရိုင်းများ ၏နည်းမှာ ယခုကာလ သယ်ယူနည်းများနှင့်ယှဉ်သော် အလွန်နုံဖျင်း ရှေးကျသည်ဟုဆိုရပေမည်။ထိုနောက်မှ ဘီးတပ်ယာဉ်ကြမ်းများပေါ်လာ၍ နွားမြည်းတို့နှင့်ဆွဲ၏။ တစ်ဖန် မြင်း ကုလားအုပ် ဆင် ...

                                               

မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး

မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသော ဝန်ကြီးဌာနနှစ်ခုရှိပြီး ယင်းတို့မှာ - ပို့ဆောင်ရေး ဝန်ကြီးဌာန တို့ဖြစ်ကြသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန နှင့်

                                               

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန နှစ်ဌာနခွဲ၍ ဖွဲ့စည်းခဲ့သည်။ ၁၉၆၁ခုနှစ်တွင် အထက်ပါဝန်ကြီးဌာန နှစ်ဌာနကို ပေါင်းစည်း၍ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဌာနများကိုလည်း တိုးချဲ့၍ အောက်ပါဌာနများဖြင့် ဖွဲ့စည်းခဲ့သည်။ ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးဘုတ်အဖွဲ့၊ မိုးလေဝသဌာန၊ ရေကြောင်းဌာန၊ မီးရထားအုပ်ချုပ်ရေးဘုတ်အဖွဲ့၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘော သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စ ...

                                               

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

                                               

ကုန်းလမ်းပို့ဆောင်ရေး

ကုန်းလမ်းပို့ဆောင်ရေးသည် ၁၉၅၉ ခုနှစ်မှစ၍ ယနေ့အထိ အောက်ပါအတိုင်း အဆင့်ဆင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည် ၁၉၅၉ ခုနှစ်တွင် စစ်ဘက်ကုန်စည်ဖြန့်ချိရေးအဖွဲ့၏ ရင်းနှီးမတည်ငွေဖြင့် "နေပြည်တော် ပို့ဆောင်ရေးကုမ္ပဏီ" အဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ သည်။၁၉၆၂ ခုနှစ်တွင် နေပြည်တော်ပို့ဆောင်ရေးကုမ္ပဏီအား "မြန်မာနိုင်ငံစီးပွားတိုးတက် ရေး ကော်ပိုရေးရှင်း" BURMA ECONOMIC DEVELOPMENT CORPORATION BEDC အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် ဆောင်ရွက်ခဲ့သည်။၁၉၇၂ ခုနှစ်တွင် ပြည်သူပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်း ...

                                               

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ၁၈၆၅ ခုနှစ်မှ စတင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ယခုအခါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး အတွက် သယ်ယူပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် စက်ရှိရေယာဉ်၊ စက်မဲ့တွဲနှင့် ဆိပ်ခံတွဲ စုစုပေါင်း ၃၉၀စီး ရှိပြီး နှစ်စဉ် ခရီးသည် ၁၅.၀၆သန်း၊ ကုန်တန်ချိန် ၂.၀၇သန်း တို့အား ဈေးနှုန်း ချိုသာစွာဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။ အဓိကဆောင်ရွက်ပေးလျက ...

                                               

ပို့ဆောင်ရေးဦးစီးဌာန

ယခင် ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအား ၁၉၉၂ ခုနှစ်တွင် ပို့ ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနများ အဖြစ်ဝန်ကြီးဌာန ၃ ခုသို့ ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၁၉၉၂ခုနှစ် နိုဝင်ဘာ ၅ ရက် နေ့စွဲပါ စာအမှတ် ၃၅၂ - ပဆ/ခွဲ ၉၂ ဖြင့် ၁၉၉၂ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ကျင်းပသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူတည်ဆောက်ရေးအဖွဲ့အစည်းအဝေးအမှတ်စဉ် ၃၆/၉၂ မှ ဆုံးဖြတ်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်တွင် ပို့ဆောင်ရေး ဦးစီးဌာနအား ဖွဲ့စည်းခဲ့ပါသည်။ ပို့ဆောင်ရေးဦးစီးဌာနအား စီမံကိန်းနှင့်ဘတ်ဂျက်ဌာနခွဲ၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် မှ ...

                                               

ပို့ဆောင်ရေးဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ပို့ဆောင်ရေးနှင့် ပတ်သက်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယခင် ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ဦးစီးဌာန ၅ ခု၊ စီးပွားရေးအဖွဲ့ အစည်း ၅ ခု၊ တက္ကသိုလ် ၁ ခု နှင့် ကျောင်း ၁ ကျောင်း ဖြင့် စုစုပေါင်းဌာန ၁၂ ခု ပါဝင်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ- မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် မြန်မာ့လေကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ပို့ဆောင်ရေး ဦးစီးဌာန မြန်မ ...

                                               

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

                                               

မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းသည် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏တစ်ခုတည်းသော နိုင်ငံတော်ပိုင်သင်္ဘောလိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ပို့ကုန်နှင့်သွင်းကုန် သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဖြည့်ဆည်းရန်ရည်ရွယ်ချက်ဖြင့် ၁၉၅၉ ခုနှစ်မှစ၍တည်ထောင်ခဲ့သော သင်္ဘောလိုင်းဖြစ်သည်။

                                               

မြေအောက်မီးရထား

မြေအောက်မီးရထား ဆိုသည်ကား မြေအောက်လိုဏ်ခေါင်းကြီးများ အထဲတွင် လျှပ်စစ်ဓာတ်အားဖြင့် ခုတ်မောင်းနေသော မီးရထားများဖြစ်သည်။ မြေအောက် မီးရထားသည် တက္ကစိ၊ ထရော်လီ၊ ဓာတ်ရထားစသော အခြားလူစီးယာဉ်များနှင့်စာလျှင် ဈေးအသက်သာဆုံး၊ ခရီးအသေချာဆုံး၊ အမြန်ဆုံးယာဉ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တိုင်းကြီးပြည်ကြီးများ၏ မြို့ကြီးပြကြီးများသည် လူဦးရေ အလွန်ထူထပ်သဖြင့် ကူးသန်းသွားလာရေး၌ အလွန်ပင် အခက်အခဲ တွေ့ကြရ၏။ ထိုကြောင့် မြို့ရှိ လူဦးရေအလိုက် ကူးသန်းသွားလာရေး၌ လွယ်ကူစေရန် ပြည်ပိုင် အစိုးရတို့သည် သယ်ယူပို့ဆောင်ရေးကို အနည်းနည်း အဖုံဖုံပြုလုပ်ပေးကြရ၏။ ယင်းသို့သော မြို့ကြီးများတွင် အချိန်သည် အလွန်အဖိုးတန်လေရာ မြို့သူမြို့သား ...

                                               

လမ်းကြီးလမ်းငယ်

ယခုခေတ်တွင် ကျွနုပ်တို့ တစ်မြို့မှတစ်မြို့သို့ ကူးသန်းသွားလာ ရာ၌အသုံးပြုနေကြသော လမ်းမကြီးများသည် လွန်ခဲ့သည့်နှစ်ပေါင်း ထောင် ပေါင်းများစွာက လူတို့သည်သားတိရစ္ဆာန်များကို ခြေရာခံကာ ရှာ ဖွေဖမ်း ဆီးရာမှ ဖြစ်ပေါ်လာသော လမ်းကြောင်းများ ဖြစ်ကောင်းဖြစ်နိုင်လေသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် နိုင်ငံစီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု ပြန့်ပွားဖွံ့ဖြုးရေးတို့ကို အထောက်အကူပြုလေသည်။

                                               

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့)ဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းအား ၈ ရက် ဇူလိုင်လ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် YRTA သည် ၁၅ ဇန်နဝါရီ ၂၀၁၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သော Yangon Bus Service အား စတင်ကွပ်ကဲလျက်ရှိသည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →