Back

ⓘ စီးပွားရေး - စီးပွားရေး, မြန်မာနိုင်ငံ၏ စီးပွားရေး, ရန်ကုန် စီးပွားရေး တက္ကသိုလ်, စီမံအုပ်ချုပ်ခြင်း, စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန, အေးပက် ..



                                               

စီးပွားရေး

စီးပွားရေး စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရေး ကုန်သွယ်မှု နှင့် ကန့်သတ်ချက်ရှိသော ကုန်စည်များ နှင့် ဝန်ဆောင်မှုများကို နယ်မြေတစ်ခုအတွင်း အမျိုးမျိုးသော ကိုယ်စားလှယ်တို့မှ သုံးစွဲမှု စသည်တို့ ပါဝင်ပါသည်။ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များသည် သီးခြားရပ်တည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ အစိုးရအဖွဲ့အစည်းများ စသည်တို့ ဖြစ်နိုင်ပါသည်။ ထိုဖလှယ်မှုလုပ်ငန်းသည် ပါဝင်သူနှစ်ဦးက ဖလှယ်မည့်ကုန်ပစ္စည်း ဝန်ဆောင်မှု၏ သတ်မှတ်ငွေကြေးစနစ်ဖြင့် ဖော်ပြထားသော တန်ဖိုး သို့ ဈေးနှုန်းတစ်ခုကို သဘောတူညီမှုရရှိလျှင် ဖြစ်ပေါ်သည်။ ယခင်အခါက စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှု များသည် သဘာ၀သယံဇာတများ ...

                                               

မြန်မာနိုင်ငံ၏ စီးပွားရေး

မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် ပုဂ္ဂလိကပိုင်နှင့် အစိုးရပိုင်၊တပ်မတော်ပိုင် စီးပွားရေးပုံစံ၃မျိုးဖြစ်သည်။ ပုဂ္ဂလိကပိုင်းက စိုက်ပျိုးရေးနှင့် အသေးစားစက်မှုလုပ်ငန်းများတွင် နေရာယူပြီး နိုင်ငံတော်ပိုင်းက စွမ်းအင်၊ အကြီးစားစက်မှုလုပ်ငန်းနှင့် ဆန်စပါး ရောင်းဝယ်ရေးအပိုင်းတို့ကို ရယူထားသည်။ တပ်မတော်ပိုင် အပိုင်းတွင်ကဏ္ဍမျိုးစုံပါဝင်သည်။ ၁၉၈၉-၉၉၊ ၁၁ နှစ်တာကာလအတွင်း နိုင်ငံတော်၏ မူဝါဒမှာ တင်းကျပ်စွာ ဗဟိုမှ ထိန်းချုပ်သော စနစ်ကို ကျင့်သုံးရန် ရည်ရွယ်ခဲ့သော်လည်း မကြာမီကာလများက ဤပြုပြင်မှုများကို ရပ်တန့်ခဲ့သည်။ ဤသို့ဖြင့် ပုဂ္ဂလိကကဏ္ဍတွင် တိုးတက်မှုများ ပြလာသည်။

                                               

ရန်ကုန် စီးပွားရေး တက္ကသိုလ်

ရန်ကုန် စီးပွားရေး တက္ကသိုလ် သည် မြန်မာနိုင်ငံ၏အထင်ကရ စီးပွားရေးနှင့်စီမံခန့်ခွဲမှု တက္ကသိုလ် ဖြစ်သည်။ ၁၉၂၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် ဌာန တစ်ခုအဖြစ်သာ စတင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် သီးခြားလွတ်လပ်သော တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သည်။ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ဘွဲ့ကြို၊ ဘွဲ့လွန်ဒီဂရီနှင့် ဒီပလိုမာ၊ မဟာဒီဂရီများကို စီပွားရေး၊ ဘောဂဗေဒနှင့် စာရင်းအင်းပညာများကို အချိန်ပြည့်/အချိန်ပိုင်း ပို့ချလျက်ရှိသည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပရဝုဏ် သုံးခုသည် ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ် နှင့် ရွာသာကြီးတို့တွင် အသီးသီးတည်ရှိကာ ကမာရွတ်မြို့နယ်ရှိ ပရဝုဏ်မှာ ပင်မပရဝုဏ်ဖြစ်သည်။

                                               

စီးပွားရေး စီမံအုပ်ချုပ်ခြင်း

စီးပွားရေး စီမံအုပ်ချုပ်ခြင်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်း တစ်ခုကို စီမံခန့်ခွဲခြင်း ပင် ဖြစ်သည်။ ထိုပညာရပ်တွင် စီးပွားရေးလုပ်ငန်း လည်ပတ်မှု နှင့် ၎င်းနှင့် သက်ဆိုင်သော နယ်ပယ်များ ဖြစ်သည့် စာရင်းကိုင်၊ ဘဏ္ဍာရေး နှင့် ဈေးကွက်ထိုးဖောက်ခြင်းတို့ အပါအဝင် ကဏ္ဍစုံကို ချုံငုံကြည့်ရှုခြင်းနှင့် အုပ်ချုပ်ခြင်း တို့ ပါဝင်သည်။

                                               

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် စီးပွားရေး၊ ကုန်သွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဟူ၍ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန တစ်ရပ်ကို ထားရှိသည်။ လက်ရှိဝန်ကြီးမှာ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ​ဒေါက်တာပွင့်ဆန်းဖြစ်သည်။အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကမူ ဦးတင်ထွန်းနိုင်အား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

                                               

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် အမျိုးသားစီမံကိန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် အမျိုးသားစီမံကိန်းကို အထက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားရန်ရည်ရွယ်၍ ဖွဲ့ ...

                                               

မိတ္ထီလာစီးပွားရေးတက္ကသိုလ်

မြန်မာနိုင်ငံအတွင်း စီးပွားရေးတက္ကသိုလ် သုံးခုရှိသည့်အနက် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ နှင့် ၁၀မိုင်ခန့်အကွာ သပြေ၀ကျေးရွာအနီးတွင် တည်ရှိသည်။ ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၈တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားများကို စတင်လက်ခံသင်ကြားပေးခဲ့ပြီး ပထမဆုံး ပါမောက္ခချုပ်မှာ ဦးသန်းဆွေဖြစ်သည်။

                                               

မြန်မာ့စီးပွားရေးဘဏ်

မြန်မာ့စီးပွားရေးဘဏ်၊ ရုံးချုပ်ကို ၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် နေပြည်တော်၌ စတင်ဖွင့်လှစ် ခဲ့ပြီး စီမံခန့်ခွဲရေးဌာနနှင့် ရုံးချုပ်ဌာနကြီးများ၏ ဌာနခွဲအသီးသီးသည်လည်း ၂၀၀၆ ခုနှစ် မေလမှစ၍ ရန်ကုန် မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦသစ်ဖွင့်ပွဲကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်းနေ့မှာပင် နေပြည်တော်ဘဏ်ခွဲသည် ဘဏ်လုပ်ငန်းဆောင်တာ များကို စတင်ဆောင်ရွက်ခဲ့သည်။

                                               

စီးပွားရေးဆိုင်ရာ ဉာဏ်ပညာ

စီးပွားရေးဆိုင်ရာ ဉာဏ်ပညာ သည် စီးပွားရေး သတင်းအချက်အလက်များကို အချက်အလက် ခွဲခြမ်းစိတ်ဖြာရန် စီးပွားရေးလုပ်ငန်းများမှ အသုံးပြုသော နည်းဗျူဟာများနှင့် နည်းပညာများ ပါဝင်သည်။ BI နည်းပညာသည် လုပ်ငန်းလည်ပတ်မှု ၏သမိုင်းကြောင်း ဆိုင်ရာ၊ မျက်မှောက်ဆိုင်ရာနှင့် ကြိုတင်ခန့်မှန်းချက် အမြင်များကို ပေးသည်။ စီးပွားရေး ဆိုင်ရာ ဉာဏ်ပညာ၏ နည်းပညာများတွင် အစီအရင်ခံခြင်း၊ အွန်လိုင်း ခွဲခြမ်းစိတ်ဖြာ လုပ်ဆောင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာမှုများ၊ ဒေတာတူးဖော်ခြင်း၊ဖြစ်စဉ်တူးဖော်ခြင်း၊ ရှုပ်ထွေးသော ဖြစ်ရပ်များကို လုပ်ဆောင်ခြင်း၊ လုပ်ဆောင်နိုင်စွမ်းအား စီမံခန့်ခွဲခြင်း၊ စံတစ်ခုဖြင့် နှိုင်းယှဉ်ခြင်း၊ စာသားများကို တူးဖော်ခြင ...

                                               

စီးပွားရေးလုပ်ငန်း အမျိုးအစားများ

စီးပွားရေးလုပ်ငန်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း နှင့် အခြားခွင့်ပြုထားသော လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအက်ဥပဒေနှင့် အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုလိုခြင်း ဖြစ်သည်။ အမြဲဆိုသလိုပင် စီးပွားရေးလုပ်ငန်းများသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရောင်းချရန် ဖွဲ့စည်းလေ့ ရှိကြသည်။ နိုင်ငံများစွာ၏ ဥပဒေအရ သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်း အမျိုးမျိုး အစားစား ရှိသည်။ ၎င်းတို့တွင် ကော်ပိုရေးရှင်းများ၊ သမဝါယမလုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ၊ တစ်ဦးတည်း ရောင်းဝယ်ဖောက်ကားသူများ၊ ပေးရန် အကန့်အသတ်ရှိသော ကုမ္ပဏီများ နှင့် အခြား သီးခြား ခွင့်ပြု၍ အမည်ပေးထားသော လုပ်ငန ...

                                               

ကြွေး​ပေးကြွေး​ယူ​စ​နစ်

စီးပွားကုန်သွယ်ရေးနယ်ပယ်တွင် ရောင်းချလိုက်သော ကုန်များအတွက် ဖြစ်စေ၊ လက်ပြောင်းလွှဲလိုက်သော ကုန်များ အတွက်ဖြစ်စေ၊ ကျသင့်သော တန်ဖိုးငွေများကို အချိန်ဆိုင်း၍ ပေးချလေ့ရှိသည့် လုပ်ငန်းစဉ်လာမှာ ကြွေးပေးကြွေးယူ ပြု ခြင်းပင် ဖြစ်လေသည်။ ကြွေးပေးကြွေးယူ ပြုလုပ်မှု၌ ယုံကြည် ခြင်းနှင့် ယုံကြည်ထိုက်သော အရည်အချင်းတို့မှာ အထူးအရေး ပါလှပေသည်။ ကုန်သည်အချင်းချင်း အပြန်အလှန် စိတ်ချ ယုံကြည်ကြရခြင်းသည် စွန့်စားရောင်းဝယ်မှုတို့နှင့် အမြတ် အစွန်းမြှော်ကာ အလုပ်ကြီးအကိုင်ကြီး လုပ်ကိုင်မှုတို့၌ ကြီးမား သော အထောက်အပံ့တစ်ရပ် ဖြစ်လာသည့်အလျောက် စီးပွား ရေးပါရဂူများသည် ငွေကြေးဖလှယ်ရေးနှင့် ငွေကြေးရရှိရေး လုပ်ငန်းတို့တွင ...

                                               

ငွေတိုးချစားသူ

ငွေတိုးချစားသူ ဆိုသည်မှာ ငွေချေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် လုပ်ကိုင်သူကိုသာ ငွေတိုးချစားသူဟု ခေါ်ဆိုသည်။ ရင်းနှီးသည့် မိတ်ဆွေများကို လုပ်ငန်းသဘာဝအရ တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်မျှ ငွေချေးသူကို ငွေတိုးချစားသူဟု မခေါ်ဆိုနိုင်ပေ။ ၁၉၄၅-ခုနှစ်၊ ငွေတိုးချစားသူများ အက်ဥပဒေ ပုဒ်မ-၂ အရဆိုလျှင် ငွေထုတ်ချေးသည့် အလုပ်ကို လုပ်ကိုင်သူ တစ်ဦးဦးအား ငွေတိုးချစားသူဟု ခေါ်ဆိုရမည် ဖြစ်သည်။ ငွေထုတ်ချေးခြင်းကို လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်မှသာ ထိုသူအား ငွေတိုးချစားသူဟု ခေါ်နိုင်မည် ဖြစ်သည်။ လုပ်ငန်းအနေဖြင့် မဟုတ်ဘဲ မိတ်ဆွေတစ်ဦးဦးအား ကူညီသည့် အနေဖြင့် တစ်ခါတစ်ရံသာ ငွေထုတ်ချေးခြင်း ဖြစ်ပါမ ...

                                               

စုစုပေါင်း ပြည်တွင်းထုတ်ကုန်

ဒေသနယ်‌မြေတစ်‌ခု၏ စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှု သို့မဟုတ် "ဂျီဒီပီ ဆိုသည်‌မှာ ယင်း၏ စီးပွားရေး အဆောက်‌အအုံကြီး၏ ပမာဏအား တိုင်းတာသည့်‌ စနစ်‌တစ်‌ခုဖြစ်‌သည်။ နိုင်‌ငံတစ်‌ခု၏ ဂျီဒီပီ ဟုဆိုရာတွင် တိုင်းပြည်တစ်‌ခု၏ သတ်မှတ်‌သော ကာလတစ်‌ခုအတွင်း အပြီးသတ်‌ ထုတ်‌လုပ်ပြီးသော ကုန်‌ပစ္စည်းများနှင့် ဝန်‌ဆောင်‌မှုများ အားလုံး၏ ဈေးကွက်‌တန်‌ဖိုးကို ဆိုလိုသည်။ တစ်‌နည်းအားဖြင့် အပြီးသတ်‌ပစ္စည်း ထုတ်‌လုပ်‌သည့် အဆင့်တိုင်းတွင် တန်‌ဖိုး မြင့်တက်‌အောင် ပေါင်းထည့်‌ရသော တန်‌ဖိုးနှင့် ဝန်ဆောင်‌မှု စုစုပေါင်းတို့၏ တန်‌ဖိုးကို သတ်‌မှတ်‌သည့် ကာလတစ်‌ခုအတွင်း တွက်ချက်၍ ရသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။ ၁၉၈ဝ ပြည့်လွန်နှစ်မျ ...

                                               

ဒေဝါလီခံခြင်း

ဒေဝါလီဟူသောစကားသည် ဟင်ဒီဘာသာ ဒီပါလီဟူသော စကားမှ ဆင်းသက်လာသော စကားဖြစ်၍၊ မီးအစဉ် ဟု အဓိပ္ပါယ်ရသည်။ မီးကိုထွန်းညှိပြီးနောက်၊ ထိုမီးကို မငြိမ်းဘဲထားခြင်းဟူသော အဓိပ္ပါယ်ကို ဥပစာတင်စား၍၊ ကြွေး မြီချေးယူပြီးနောက် မပေးဆပ်ဘဲ ရှောင်လွှဲနေခြင်းကို ဒေဝါလီခံ သည်ဟု သုံးနှုန်းကြသည်။ ကြွေးမြီနှင့် မီးကိုပမာပြုရာ၌၊ ဘိုးတော်ဘုရား၏ သက္ကရာဇ် ၁၁၄၅ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်နေ့ ထုတ်ပြန်သောအမိန့်တော်တွင် ကြွေမြီစာရင်း မှန်သမျှ ကို အတောင်းအထုတ် မရှိစေရ၊ ချမ်းသာစေဟု အမိန့်တော် ထုတ်ပြန်၍ မီးငြိမ်းလေပြီးသည်ကိုဟု စိတ်ဝင်စားဖွယ်ရာ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးများ၌ လိုက်နာနေ သော ဒ ...

                                               

မြေအောက် စီးပွားရေး

"မြေအောက် စီးပွားရေး သည် မကြာခဏတွေ့ရှိရသော အခွန်အခများကို ထိန်ချန်ထားခြင်းမရှိဘဲ ပေးဆပ်သော ဆောက်လုပ်ရေး နှင့် ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့ တရားဝင် အလုပ်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် ပြည့်တန်ဆာလုပ် ငန်းကဲ့သို့သော တရားမဝင်အလုပ်များ နှစ်မျိုးစလုံးကို ရည်ညွှန်းသည်။"မျက်မှောက်ခေတ် လူအဖွဲ့အစည်းတွင် မြေအောက် စီးပွားရေးသည် အလွန်ကျယ်ပြောသော အလုပ်အစီအစဉ် အခင်းအကျင်းကို ဖုံးလွှမ်းထားသည်။ ယေဘုယျအားဖြင့် ၎င်းသည် စီးပွားရေး လွတ်လပ်မှု ပို၍ကြီးမားသော နိုင်ငံ များတွင် ပို၍သေးငယ်ပြိီး အဂတိလိုက်စားမှု၊ စည်းမျဉ်းများ သို့မဟုတ် တားမြစ်ထားသော စီးပွားရေးလုပ်ငန်းဖြစ်သည့် အမျိုးမျိုးသော ကုန်ပစ္စည်းမ ...

                                               

သမဝါယမလုပ်ငန်း

အမြတ်ကြီးရမှု မရှေးရှု၊ ရင်းနှီးငွေပေါ် အခြေမပြု၊ စေတနာအရင်းခံရသော မဇ္ဈိမပဋိပဒါလုပ်ငန်း၊ လောကီ ငြိမ်းချမ်းရေးသည် သမဝါယမ၏ ပန်းတိုင်၊ သမဝါယမသဘောတရား သမဝါယမလုပ်ငန်း၏ အခြေခံဝါဒဆယ်ရပ်၊သမဝါယမအသင်းအမျိုးမျိုး၊

                                               

အကောက်ခွန်

တိုင်းတစ်ပါးမှ ဝင်လာသော ကုန်နှင့် တိုင်းတစ်ပါးသို့ ထုတ်သော ကုန်များပေါ်တွင် စည်းကြပ်သောအခွန်များကို အကောက်ခွန်ဟု ခေါ်သည်။ ယခုခေတ်တွင် တိုင်းတစ်ပါးမှ ဝင်လာသော ဝင်ကုန် များပေါ်တွင် များသောအားဖြင့် အခွန်စည်းကြပ်တတ်ကြရာ ယင်းအခွန်ကို သွင်းကုန် ကောက်ခွန်ဟု ခေါ်သည်။ တိုင်းတစ်ပါးသို့ ထုတ်သော ကုန်များပေါ်တွင် အကောက်ခွန်ယူသည့် တိုင်းပြည်များမှာ အနည်း ငယ်မျှသာ ရှိရာ ယင်းအခွန်မျိုးကို ထုတ်ကုန်ကောက်ခွန်ဟု ခေါ်သည်။ ထုတ်ကုန်များများ ထုတ်နိုင်အောင် အားပေးသော အနေဖြင့် တိုင်းပြည် အများအပြားသည် ထုတ်ကုန်များပေါ်တွင် အကောက်ခွန်ယူလေ့ မရှိချေ။ ထုတ်ကုန် အမြောက်အမြား ထုတ်နိုင်မှ နိုင်ငံခြားငွေ များစွာ ရရှိနိုင်သည် ...

                                               

အထူးစီးပွားရေးဇုံ

အထူးစီးပွားရေးဇုံ သည် နိုင်ငံတစ်နိုင်ငံ အတွင်းရှိ သမားရိုးကျ စီးပွားရေး ဥပဒေများထက် ပို၍ လွတ်လပ်သော စီးပွားရေး ဥပဒေများဖြင့် ပြဋ္ဌာန်း သတ်မှတ်ထားသော မြေနေရာ ဖြစ်သည်။ SEZ သည် များပြားသော ဇုံများ စုပေါင်းထားခြင်း ဖြစ်ပြီး လွတ်လပ်သော ကုန်သွယ်ရေး ဇုံများ ၊ ပို့ကုန်လုပ်ငန်းဇုံများ)၊ စက်မှုဇုံများ ၊ လွတ်လပ်သော ဆိပ်ကမ်း နယ်မြေများ၊ မြို့ပြဇုံများ စသည်တို့ ပါဝင်ကြသည်။ အထူးစီးပွားရေးဇုံ တစ်ခုတွင် ၎င်း၏ နယ်မြေအတွင်း အခြား အထူးဇုံများစွာ ပါဝင် ဖွဲ့စည်းနိုင်သည်။ SEZ တည်ထောင်ခြင်း၏ အဓိက ရည်မှန်းချက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ဖြစ်သည်။ အစောဆုံးနှင့် လူသိအများဆုံး အထူးစီးပွားရေးဇုံ ...

                                               

အရင်းအနှီး

အရင်းအနှီး ဆိုသည်မှာ ဘောဂဗေဒပညာရပ်၌ စီးပွားရေးအရ အသုံးဝင်သော လုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဥစ္စာပစ္စည်းများသည် ဖြစ်သည်။ ဥပမာအားဖြင့် အမဲလိုက်ရာတွင် လက်နက်အဖြစ်အသုံးပြုနိုင်သော ကျောက်တုံး သို့မဟုတ် မြားတစ်လက်မှာ ဂူအောင်းလူသားတစ်ဦးအတွက် အရင်းအနှီးဖြစ်သကဲ့သို့ လမ်းများမှာလည်း မြို့နေပြည်သူများအတွက် အရင်းအနှီးပင်ဖြစ်သည်။ အရင်းအနှီးဆိုသည်မှာ "ဝင်ငွေမျှော်မှန်းနိုင်သည့် စတော့ခ်တစိတ်တပိုင်း" ဟု အဒမ်စမစ်သ်က အဓိပ္ပာယ်သတ်မှတ်သည်။ "စတော့ခ်" ဟူသည့်အသုံးအနှုန်းမှာ သစ်ငုတ် သို့မဟုတ် ပင်စည်ဟူသည့် ရှေးအင်္ဂလိပ်စကားမှ ဆင်းသက်လာသည်။ အနည်းဆုံး ၁၅၁၀ ခုနှစ်မှစတင်၍ လယ်ယာမြ ...

                                               

အာဖရိကတိုက်၏ စီးပွားရေး

အာဖရိတိုက်ရှိ လူမျိုးများသည် များသောအားဖြင့် မိသားစု များ စားသောက်နိုင်ရန်အတွက်သာ ထွန်ယက် စိုက်ပျိုးလေ့ရှိ ကြသည်။ အချို့ကသာ အနီးရှိဈေးများသို့ ပိုလျှံသော ပစ္စည်း များကို သွား၍ ရောင်းချနိုင်ရန် အတွက် ပိုမို၍ စိုက်ပျိုးကြ လေသည်။ လယ်ယာပြုလုပ်ခြင်းမှာ သူတို့အဖို့ လွယ်ကူလေ သည်။ ရွာရှိ ယောက်ျား များက အနီးရှိချုံ သစ်တောတို့ကို လိုသလောက် ခုတ်ထွင်ရှင်းလင်းပြီးလျှင် မီးရှို့လိုက်ကြသည်။ ထိုနောက် မိန်းမများက လယ်ယာများဖြစ်လာအောင် ဖန်တီးယူ ကြလေသည်။ နှစ်ကြာညောင်း၍ ကောက်ပဲသီးနှံများ အထွက် နည်းလာသောအခါ ယောကျာ်းများက နေရာသစ်များကို ရှာဖွေ ရှင်းလင်းပေးပြန်သည်။ ဆဟာရသဲကန္တာရ၏ မြောက်ဘက်ပိုင်းတွင် ထွန်ယက်စိုက် ပ ...

                                               

အေးပက်

အေးပက် ၏ အမည်အပြည့်အစုံမှာ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ အဖွဲ့ဝင် ၂၁ နိုင်ငံက ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့် စီးပွားရေး လွတ်လပ်မှု ပိုလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည့် ဖော်ရမ် ဖြစ်သည်။ အေးပက်၏ ရည်မှန်းချက်မှာ ဒေသတွင်း စီးပွားရေး တိုးမြှင့်ရေးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၀ %၊ ပြည်တွင်းကုန်ထုတ်တန်ဖိုး ၅၄ % ခန့်နှင့် ကုန်သွယ်ရေး ၄၄ % ခန့် ပိုင်ဆိုင်ထားသည်။ အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အလှည့်ကျ ကျင်းပလေ့ရှိသည်။ သို့သော်လည်း တရုတ်၏ ကန့်ကွက်မှုကြောင့် အဖွဲ့ ...

                                               

၂၀၁၀ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲ

၂၀၁၀ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲ ကို ၂၀၁၀ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။ ဤပြပွဲသည်လည်း တရုတ်နိုင်ငံမှ ပထမဦးဆုံးအကြိမ် ကြီးမှူးကျင်းပသည့် ကမ္ဘာ့ကုန်စည်ပြပွဲဖြစ်သည်။ ပြပွဲတွင် ‘ပိုကောင်းသော မြို့ပြ၊ ပိုကောင်းသော လူနေမှု’ ကို အဓိက အကြောင်းအရာအဖြစ် ပြသကြမည်ဖြစ်သည်။ ဤပြပွဲသည် ကမ္ဘာ့ကုန်စည်ပြပွဲ သမိုင်းတွင် အတိုင်းအတာ အကြီးမားဆုံးဖြစ်ပြီး ၅.၂၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၅၀ ကျော်တို့၏ ပြခန်းများပါဝင်သည်။ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ ပြပွဲ ...

                                               

မုံရွာစီးပွားရေးတက္ကသိုလ်

မုံရွာစီးပွားရေးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တည်ရှိသည်။ မုံရွာစီးပွားရေးတက္ကသိုလ်မှ စီးပွားရေး၊ ဘောဂဗေဒနှင့် စာရင်းအင်းပညာများအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်ဒီဂရီနှင့် ဒီပလိုမာ၊ မဟာဘွဲ့ သင်တန်းများကို သင်ကြားပေးနေသည်။

                                               

စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့

MBA Program ဟုသိကြသော စီးပွားရေး လုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းများကို ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ စီမံခန့်ခွဲမှု ပညာဌာန ၊ ပတ္တမြားဆောင်တွင် ဖွင့်လှစ်သင်ကြားသည်။စီးပွားရေး လုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့ နှင့် EMBAဟူ၍ခွဲခြားထားပြီးOnline MBA Programလည်းရှိသေးသည်။

ကုန်ထုတ်လုပ်ငန်း
                                               

ကုန်ထုတ်လုပ်ငန်း

အမျိုးမျိုးသော ထုတ်လုပ်မှုများ နှင့် ဝန်ဆောင်မှုများ ကို နီးစပ်ရာအလိုက် ပေါင်းစပ်စေပြီး ကုန်ထုတ်လုပ်ငန်း ဟုခေါ်သည်။ အတိုကောက်အားဖြင့် သက်ဆိုင်ရာနယ်ပယ် နောက်တွင် လုပ်ငန်းကိုသာ ပေါင်းစပ်ပြီး အသုံးပြုကြသည်။ ဉပမာ၊ ရုပ်ရှင်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ လယ်ယာလုပ်ငန်း စသည်တို့ ဖြစ်သည်။

                                               

ဝင်ငွေ

ဝင်ငွေ ဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အစုအဖွဲ့၊ အဖွဲ့အစည်း၊ အသင်း၊ လုပ်ငန်း၊ လုပ်ငန်းစုနှင့် ကုမ္ပဏီများ တစ်ခုချင်းစီ၏ လုပ်ငန်းမှနည်းဖြင့် ပြန်လည်ရရှိသည့် အကျိုးရငွေများ ဖြစ်သည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →