Back

ⓘ နိုင်ငံရေး - နိုင်ငံရေး, မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ စာရင်း, နိုင်ငံရေးပါတီ, နိုင်ငံရေးပါတီများ အခြေခံဥပဒေ, အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း, အလံ ..



                                               

နိုင်ငံရေး

နိုင်ငံရေး ဆိုသည်မှာ လူ့အဖွဲ့အစည်းဖြင့် ဆုံးဖြတ်သော လမ်းစဉ်ဖြစ်သည်။ ဤအသုံးအနှုန်းသည် ယေဘူယျအားဖြင့် နိုင်ငံအစိုးရများ၏ လုပ်ငန်းရပ်များကို ဆိုလိုသည့် အပြင် လူသားအချင်းအချင်း ဆက်နွယ်မှု၊ ပေါင်းစပ်ဖွဲ့စည်းမှု၊ ပညာသင်ကြားမှုနှင့် ဘာသာရေး ဆိုင်ရာ လူမှုပတ်ဝန်းကျင် ကိစ္စရပ် များလည်း ပါဝင်ပတ်သက်သည်။ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှု၊ရေရှည်တည်တံ့မှုနှင့်ငြိမ်းချမ်းသာယာရေးတို့ကိုခြုံငုံဆောင်ရွက်ခြင်းကိုနိုင်ငံရေးဟုသတ်မှတ်သည်။ နိုင်ငံရေးတွင်မျှတသောသဘောထားရှိရန်အထူးလိုအပ်သည်။မုန်းခြင်း၊ချစ်ခြင်း၊ပါတီစွဲ၊လူစွဲကင်း၍ နိုင်ငံ့ကောင်းကျိုးအတွက်ဆောင်ရွက်သင့်သည်များကိုပြတ်သားစွာဆောင်ရွက်ရန်လ ...

                                               

မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ စာရင်း

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးသည်လည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်က နဝတ အစိုးရအဖွဲ့မှ တာဝန်ယူပြီးသည်နှင့်တပြိုင်နက် ၎င်းတို့၏ တာဝန်ကြီး ၄ရပ်ကို ကမ္ဘာသိ ကြေငြာခဲ့ရာတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့ပါသည်။ တစ်ဆက်တည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ထိုသို့ ပြဋ္ဌာန်းပြီးသည့်နောက် ပထမဦးဆုံးအနေဖြင့် ဦးသုဝေ၏ ဒီမိုကရေစီပါတီက ဦးစွာ မှတ်ပုံတ ...

                                               

နိုင်ငံရေးပါတီ

နိုင်ငံရေးပါတီတစ်ခု ဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် ထိုပါတီဝင်အမတ်လောင်းများကို အဆိုပြုတင်သွင်းပြီး နိုင်ငံတော်၏ အစိုးရရုံး၊ဌာနများတွင် နေရာရယူရန်ကြိုးပမ်း၍ အစိုးရ၏နိုင်ငံရေးလုပ်ငန်းစဉ်များကိုလွှမ်းမိုးရန် ကြိုးစားနေကြသူများဖြစ်သည်။ ပါတီများသည် ပြည်သူများ၏မဲဆန္ဒကိုရယူရန် စည်းရုံးလှုံ့ဆော်ဟောပြောမှုများပြုလုပ်ခြင်း၊ပညာရေးဆိုင်ရာအထောက်အကူများပေးခြင်း၊ သို့မဟုတ် ကန့်ကွက်ဆန္ဒပြခြင်းများတွင်ပါဝင်သည်။ ယင်းတို့သည် အကွဲကွဲအပြားပြားရှိသော ဦးတည်ချက်၊စိတ်ဝင်စားမှုများအကြားတွင် ယာယီညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီး၊ ရည်ရွယ်ရာပန်းတိုင်ကိုယ်စီတို့အတွက် ရှိပြီးသားသဘောတရားများ သို့မ ...

                                               

နိုင်ငံရေးပါတီများ(အခြေခံဥပဒေ)

အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ် စာမျက်နှာ ၊ အခန်း၊ နိုင်ငံရေးပါတီများ အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ အကြောင်းအရာပါအတိုင်း ထပ်ဆင့် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ ကွဲလွဲချက်ရှိလာပါက မူရင်း အခြေခံဥပဒေစာအုပ်နှင့် ညှိနှိုင်း တိုက်ဆိုင်ရန် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများဖွဲ့စည်းခြင်း ၄၀၄။ နိုင်ငံရေးပါတီတစ်ရပ်သည် – က ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊ ခ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။ ၄၀၅။ နိုင်ငံရ ...

                                               

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ; အတိုကောက် AAPP သို့ AAPPB) သည် လွတ်လပ်ပြီး အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံပြင်ပတွင် ရောက်ရှိနေသော မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းများက ဖွဲ့စည်းတည်ထောင်ထားသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် အဓိကဖွဲ့စည်းထားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ပေးရန် ရည်ရွယ်သည်။ အေအေပီပီသည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အခြေစိုက်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။

                                               

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်

အင်္ဂလိပ်လို = Union of Myanmar Federation of National Politics ဥက္ကဋ္ဌ ဦးအေးလွင်ပါ ဦးဖြင့် ခေါင်းဆောင်ဖွဲ့စည်းခဲ့ပြီး ညီဖြစ်သူ ဦးရဲထွန်း ခေါင်းဆောင်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ နှင့်အတူ နေ့တွင် တစ်ရက်တည်း မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ နေ့တွင် ပါတီတည်ထောင်ခွင့် ပြုခဲ့သည်။ ပါတီဌာနချုပ် ရုံးစိုက်ရာနေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တိုက် အခန်း ၊ ပုလဲကွန်ဒိုမီနီယံ။ ကမ္ဘာအေးဘုရားလမ်း ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တွင် ပါတီဝင် သိန်းခွဲကျော် ရှိကြောင်း ဦးအေးလွင်မှ ပြောကြားထားသည်။

                                               

နိုင်ငံရေးဓလေ့

နိုင်ငံရေးဓလေ့ ဝေါဟာရ၏ အကောက်အယူကိုစနစ်တကျလေ့လာခဲ့သည်မှာ ၁၉၃၀ ပြည့်လွန် နှစ်များလောက်ကတည်းကဖြစ်သည်။ အထူးသဖြင့် ဗြိတိသျှလူမျိုးပညာရှင် လီယိုနစ်ဝု၏ ဒီရေလှိုင်းအလွန် အမည်ရှိ ကျမ်းတွင် အကျယ်အပြန့် ဖွင့်ဆိုရှင်းပြခဲ့သည်။ ထိုစဉ်ကမူ နိုင်ငံရေးဓလေ့ ဟုမသုံး။ အသိုင်းအဝိုင်းစိတ်အခံ ဟုသုံးသည်။ အချို့သောပညာရှင်များက၊ လူမှုရေးစိတ်အခံ သုံးကြသည်များလည်းရှိသည်။

                                               

ပထဝီနိုင်ငံရေး

ပထဝီနိုင်ငံရေး ဆိုသည်မှာ နိုင်ငံတစ်ခု၊ဒေသတစ်ခုအပေါ် ပထဝီဝင်အခြေအနေများ၊ သမိုင်း နောက်ခံအခြေအနေများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအစရှိသည်အားဖြင့် နိုင်ငံတကာ အခြေအနေအရပ်ရပ် တို့အပေါ် လေ့လာသုတေသနပြုသောပညာရပ်ဖြစ်၏။ ပထဝီနိုင်ငံရေးဆိုသည်မှာ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံခြားရေးမူဝါဒချမှတ်ရာမှာ နိုင်ငံရေး ပထဝီဝင်အသိပညာနှင့်နည်းနာများကို အသုံးချခြင်းဖြစ်သည်။ Geopolitics သည် ပထဝီဝင်ဘာသာကိုအသုံးချ၍ လေ့လာသောနိုင်ငံရေးဘာသာရပ်ဖြစ်သည်။ Geopolitics ဟူသောဝေါဟာရကို ဆွီဒင်နိုင်ငံသားပထဝီပညာရှင် ရှယ်လင်ဆို သူကတီထွင်သုံးစွဲခဲ့သည်။ Geopolitics ဟူသော ဝေါဟာရကို အဓိပ္ပာယ်မူကွဲအမျိုးမျိုးဖြင့်ဖွင့်ဆိုကြသည်။ နယ် ...

                                               

နိုင်ငံရေးဘောဂဗေဒ

နိုင်ငံရေးဘောဂဗေဒ ဆိုသည်မှာ နိုင်ငံရေးနှင့် ဘောဂဗေဒ အဆက်အစပ်ကို စီးပွားရေး ရှုထောင့်မှ သော်လည်းကောင်း၊ နိုင်ငံရေး ရှုထောင့်မှ သော်လည်းကောင်း သုံးသပ်ကြည့်ရှု၍ သဘောပေါက်သိမြင် နားလည်အပ်သော ဘာသာရပ်တစ်ခု ဖြစ်လေသည်။ ယခင်က သိထားသည်မှာ စီးပွားရေးသည် စီးပွားရေး သက်သက်၊ နိုင်ငံရေးသည် နိုင်ငံရေး သက်သက်ဟုသာဖြစ်သည်။ နိုင်ငံရေး စနစ်တစ်ခုနှင့် စီးပွားရေး ဆက်စပ်ပုံ၊ စီးပွားရေးနှင့် ပတ်သက်သော ပေါ်လစီ တစ်ခုသည် နိုင်ငံရေးအပေါ်မည်ကဲ့သို့သက်ရောက်မှု ရှိသည် ဟူသော နိုင်ငံရေး ကစားကွက် များကို ပိုမိုသိရှိလာခဲ့ရပါသည်။ ထို့ပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကျိုးစီးပွားအတွက် နှစ်ဖက်စလုံးအကျိုးရှိသည့် ဖြင့် အပြန်အလှန် ...

                                               

ကိုလိုနီ

ကိုလိုနီဆိုသည်မှာ လက်အောက်ခံ နိုင်ငံစုကို ခေါ်တွင်သည်။ ဗြိတိသျှ၊ ပြင်သစ်၊ ဒတ်ခ်ျ၊ စပိန်၊ ပေါ်တူဂီ စသောနိုင်ငံများသည် အာရှ၊ ဥရောပ၊ တောင်အမေရိက၊ အာဖရိက စသောတိုက်ကြီးများနှင့် သမုဒ္ဒရာ များတွင် စီးပွားရေးစားကျက် နယ်ပယ်များ ရှာဖွေကြ၍ နည်းအမျိုးမျိုးဖြင့် မိမိတို့ လက်အောက်ခံ နိုင်ငံများအဖြစ် သွတ်သွင်း၍ သွေးစုပ်အုပ်ချုပ်ကြသည်။ စစ်တိုက်ခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း၊ ပြည်တွင်းရေးစွက်ဖက်ခြင်း၊ ဩဇာဖြန့်ခြင်း၊ သာသနာပြုခြင်း စသော နည်းအမျိုးမျိုးဖြင့် လက်နက်အင်အား နည်းပါးသော နိုင်ငံပေါင်းများစွာတို့သည် နိုင်ငံကြီးများ၏ ပိုင်နက်အင်ပါယာ အပါအဝင်များ ဖြစ်ခဲ့ရသည်။ ထိုနိုင်ငံများတွင် ကိုလိုနီအုပ်ချုပ်ရေး စန ...

                                               

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမှတ် ၁၉၇၃ ဆုံးဖြတ်ချက်

လစ်ဗျားနိုင်ငံကိစ္စနှင့် ပတ်သက်၍ ချမှတ်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ ကို မတ်လ ၁၇ ရက်နေ့ ၂၀၁၁ တွင်ချမှတ်သည်။ ပြင်သစ်၊ လက်ဘနွန်နှင့် ဗြိတိန်တို့က လုံခြုံရေးကောင်စီသို့ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ အတည်ပြုရေးအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၀ နိုင်ငံ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ကိုလမ်ဘီယာ၊ ဂါဘွန်၊ လက်ဘနွန်၊ နိုက်ဂျီးရီးယား၊ ပေါ်တူဂီ၊ တောင်အာဖရိက နှင့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု တို့က ထောက်ခံမဲ ပေးကြသည်။ ကျန် ၅ နိုင်ငံ ဘရာဇီးလ်၊ ဂျာမနီနှင့် အိန္ဒိယ၊ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများထဲမှ တရုတ်နှင့် ရုရှ တို့က ကြားနေကြသည်။ ယင် ...

                                               

ခြောက်နိုင်ငံ မျက်နှာစုံညီ စည်းဝေးပွဲ

ခြောက်နိုင်ငံ မျက်နှာစုံညီ စည်းဝေးပွဲ သည် မြောက်ကိုရီးယားနိုင်ငံ၏ ဖျက်အားပျင်းလက်နက်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ရန် ရည်ရွယ်ထားသည့် စည်းဝေးပွဲဖြစ်သည်။ ဤစည်းဝေးပွဲတွင် ပါဝင်ဆွေးနွေးကြသော နိုင်ငံများမှာ ကိုရီးယား သမ္မတနိုင်ငံ တောင်ကိုရီးယား ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ မြောက်ကိုရီးယား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမေရိကန်ပြည်ထောင်စု ဂျပန်နိုင်ငံ တို့ဖြစ်ကြသည်။ ရုရှနိုင်ငံ ၂၀၀၃ ခုနှစ်တွင် မြောက်ကိုရီးယားမှ နျူကလီးယားလက်နက် မပျံ့ပွားရေးစာချုပ်မှ နုတ်ထွက်ခဲ့ပြီးနောက် သက်ဆိုင်ရာ ၆ နိုင်ငံမှ ဤဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အကြ ...

                                               

ဆိုနီယာဂန္ဒီ

ပုံပြင်တိုင်း နိဂုံးကောင်းတတ်ပါသည်။ မင်းသမီးလေးလိုလှသည့် မိန်ကလေးတစ်ဦးသည် မင်းသားလေးတစ်ပါးနှင့် မမျှော်လင့်ဘဲ တွေ့ဆုံရသည်။ အခက်အခဲတွေအမျိုးမျိုးကြားမှ လက်တွဲလိုက်ကြသည်။ သားသမီးနှစ်ယောက်ရသည်။ ဇာတ်လမ်းသည် ပျော်ရွှင်စွာဖြင့် ဇာတ်သိမ်းရန်သာဖြစ်သည်။ သို့သော် ၁၉၆၈ ခုနှစ်ခန့်က ဆိုနီယာမာရီနိုဆိုသည့် မိန်းကလေးတစ်ယောက်၏ စိတ်ကူးယဉ်အိပ်မက်သည် ထက်ဝက်လောက်ပဲ မှန်ခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ အီတလီသူလေးဆိုနီယာသည် အိန္ဒိယနိုင်ငံသား ထင်ရှားသည့်မျိုးနွယ်အသိုင်းအဝိုင်းမှ ရာဂျစ်ဂန္ဒီဆိုသူနှင့် လက်ထပ်လိုက်သည်။ သူ့နိုင်ငံ သူ့အသိုင်းအဝိုင်း၏ အရိပ်မည်းကြီးက သူမနောက်သို့ပါ လိုက်လံခြောက်လှန့်နေခဲ့သည်။ စိုးရိမ်စိတ်များ သေ ...

                                               

တတိယကမ္ဘာ

ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် နိုင်ငံတကာ အခြေအနေများသည် စစ်ကြီးမတိုင်မီ ကာလနှင့် လုံးဝမတူ ကွဲပြား ခြားနားသွားခဲ့ပေသည်။ အမေရိကန်ပြည်ထောင်စု ဦးဆောင်သော အရင်းရှင် နိုင်ငံများနှင့် ရုရှဦးဆောင်သော ဆိုရှယ်လစ် နိုင်ငံများသည် အနောက်အုပ်စုနှင့် အရှေ့အုပ်စုအဖြစ် အထင်အရှား ကွဲပြားလာပြီး ကမ္ဘာ့ကုလသမဂ္ဂ အတွင်း၌သာမက ကမ္ဘာ့ကုလသမဂ္ဂ အပြင်၌ပါ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ အားပြိုင် စုစည်းလာကြသည်။ အုပ်စုကြီးနှစ်ခု အားပြိုင်နေစဉ် ကာလတွင် ကိုလိုနီနိုင်ငံ များစွာသည် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများကြောင့် လွတ်လပ်ရေး ရရှိလာကြပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံသစ်များအဖြစ် ပေါ်ထွန်းလာခဲ့ကြသည်။ ယင်းနိုင်ငံသစ် ...

                                               

ဒီမိုကရေစီနည်းကျဖြစ်စေခြင်း

ဒီမိုကရေစီနည်းကျဖြစ်စေခြင်း သည် ပို၍ကောင်းသည့်ဒီမိုကရေစီနိုင်ငံရေးအုပ်ချုပ်မှုစံနစ်တစ်ခု သို့ ကူးပြောင်းခြင်းဖြစ်သည်။ ဒီမိုကရေစီနည်းကျဖြစ်စေခြင်း သည် အာဏာရှင်အုပ်ချုပ်မှုစံနစ်တစ်ခုမှပြည့်ဝသည့် ဒီမိုကရေစီတစ်ခုသို့ကူးပြောင်းခြင်း၊အာဏာရှင်နိုင်ငံရေးစံနစ်တစ်ခုမှ ဒီမိုကရေစီတစ်ပိုင်းသို့ကူးပြောင်းခြင်း၊သို့မဟုတ်အာဏာရှင်တစ်ပိုင်းနိုင်ငံရေးစံနစ်တစ်ခု မှ ဒီမိုကရေစီနိုင်ငံရေးစံနစ် တစ်ခုသို့ ကူးပြောင်းခြင်းဖြစ်သည်။ ထွက်ပေါ်လာမှုသည် စုစည်းခိုင်မာစေသည်။ သို့မဟုတ် ဒီမိုကရေစီနည်းကျဖြစ်စေခြင်းသည် မကြာခဏနောက်ပြန်လည်သွားခြင်းများနှင့် ကြုံတွေ့ရသည်။ ဒီမိုကရေစီနည်းကျဖြစ်စေခြင်း၏ ကွဲပြားနေသောပုံစံများသည် နိုင် ...

                                               

နိုင်ဂျားနိုင်ငံစစ်ဘက်အာဏာသိမ်းမှု(၂၀၁၀)

အာဖရိကတိုက် အနောက်ပိုင်း နိုင်ဂျားနိုင်ငံတွင် ၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့က စစ်ဘက်မှ အာဏာသိမ်းယူမှုဖြစ်ပွားခဲ့သည်။ သမ္မတမာမာဒူတန်ဂျာနှင့် ၎င်း၏ ဝန်ကြီးများ မြို့တော်နီရာမီတွင် အပတ်စဉ်ဝန်ကြီးအဖွဲ့အစည်းအဝေးပြုလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုများတွင် စစ်သားသုံးဦး သေဆုံးခဲ့သည်။ ယင်းနောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်စဲခဲ့ပြီး နိုင်ငံပိုင်အဖွဲ့အစည်းများအား ဖျက်သိမ်းခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်များသည် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး အချုပ်အခြာကောင်စီကို တည်ထောင်လိုက်ပြီး အကြီးတန်း စစ်ဘက်အရာရှိတစ်ဦးဖြစ် သူ ဗိုလ်မှူးကြီးဆာလူးဂျီဘိုက ဦးဆောင်မည်ဖြစ်သည်။ သမ္မတ ...

                                               

နိုင်ငံရေးစပက်ထရမ်

နိုင်ငံရေး စပက်ထရမ် ဆိုသည်မှာ နိုင်ငံရေးအမြင်များကို ခန့်မှန်းခြေတိုင်းတာသော တိုင်းတာမှုစနစ်တစ်မျိုးဖြစ်သည်။ ထိုသို့တိုင်းတာရာတွင် ကိုဩဒိနိတ်ဝင်ရိုးများဖြင့် နိုင်ငံရေးဝါဒများကို ကိုယ်စားပြု၍တိုင်းတာသည်။ ထိုတိုင်းတာမှုစနစ်ကို နိုင်ငံရေး ‌အရပ်မျက်နှာ နှင့် နိုင်ငံရေးမြေပုံ ဟူသောအခေါ်အဝေါ်များနှင့်လည်း ရည်ညွှန်းလေ့ရှိသည်။ ထိုတိုင်းတာမှုစနစ်အများစုတွင် လက်ဝဲနှင့်လက်ယာနှစ်ဖက်ကိုအခြေခံပြီး ပြင်သစ်နိုင်ငံတော်လှန်ရေးကာလပြီးနောက် လွှတ်တော်အတွင်း နေရာထိုင်ပုံအစီအစဉ်ကို မှီ၍ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။ ယခုခေတ်နိုင်ငံရေးလောကတွင် ယေဘုယအားဖြင့် ကွန်မြူနစ်ဝါဒ နှင့် ဆိုရှယ်လစ်ဝါဒတို့ကို လက်ဝဲဖက်၌ထားရှိပြီး က ...

                                               

ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း

ဗုဒ္ဓဘုရားရှင် ဝေသာလီပြည် မဟာဝန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူစဉ် သံဃာတော်များ၏ ဆွမ်းကွမ်းကိစ္စ စီစဉ်ပေးတော်မူရသော အရှင်ဒဗ္ဗ မထေရ်မြတ်ကို မလိမ္မာ လူမိုက်တစ်စုက မြှောက်ထိုး ပင့်ကော်လုပ်သဖြင့် လဇ္ဇဝီလူမျိုးနွယ် ဝဎ္ဍ ဆိုသည့် ပုဂ္ဂိုလ်က ပထမပါရာဇိကဖြင့် စွပ်စွဲမှု ဖြစ်ပွားခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ သပိတ်မှောက် ကံဆောင်ထိုက်သော အချက်အင်္ဂါ ၈ ပါးအနက် တချက်ချက်နှင့် ငြိစွန်းလျှင် သပိတ်မှောက်ခွင့်ကို ဗုဒ္ဓမြတ်စွာက ခွင့်ပြုတော်မူခဲ့သည်။ ဗုဒ္ဓသာသနာနှင့် သံဃာကို ဖျက်ဆီးလိုသူတို့ဘေးအန္တရာယ်မှ ကာကွယ်ခွင့်ပေးလိုက်သော အခွင့်အရေးတမျိုးဟု ဆိုနိုင်သည် Archived 12 October 2008 at the Wayback Machine.။

                                               

ပြည်သူ့သဘောထား

ပြည်သူ့သဘောထား၊ ပြည်သူ့ထင်မြင်ချက်တို့သည် နိုင်ငံရေးလောကတွင် အရေးကြီးပါသည်။ ပဒေသရာဇ်ခေတ်တွင် ပြည်သူတို့ ထင်မြင်ချက်သဘောထားသည် အုပ်ချုပ်သူတို့ထံပေါက်ရောက်ချင်မှပေါက်ရောက်ပေလိမ့်မည်။ ပြည်သူတို့အသံကို အုပ်ချုပ်သူဘုရင်မကြားစေရန် နံရံတွေကများလှသည်။ မင်းတုန်းမင်းကြီးက ငါမကောင်း ငါ့ကိုရေးရန် လမ်းဖွင့်ပေးခဲ့သည် မှန်သော်လည်း ငါ့ထံရေးလိုက်သည့်စာသည် ဘုရင့်ထံမည်မျှပေါက်ပြီး၊ မည်မျှလောက်အထိ အရေးတယူဆောင်ရွက်ပေးခဲ့ ကြောင်းကား မှတ်တမ်းတွေနည်းပါးပေသည်။ အများပြည်သူထင်မြင်ချက် Opinion သည် အရှိန်အဝါကောင်းလာလျှင်၊ အမှန်တကယ်စစ်မှန်သည့် Opinion ဖြစ်လာလျှင် ဒီမိုကရေစနစ်ထွန်းကားလာပြီဟုဆိုရမည်ဖြစ်သည်။ လူတိုင်းတွင် ...

                                               

ပွင့်လင်းမြင်သာမှု

ပွင့်လင်းမြင်သာမှု ဆိုသော စကားလုံးကို သိပ္ပံပညာ၊ အင်ဂျင်နီယာ ပညာရပ်၊ စီးပွားရေး ပညာရပ်၊ လူသားဆန်မှု ဆိုင်ရာ ကိစ္စများတွင် သုံးစွဲလေ့ ရှိပြီး အထူးသဖြင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များတွင် ယေဘုယျအားဖြင့် သုံးစွဲလေ့ ရှိကြသည်။ ထိုစကားလုံး၏ အဓိပ္ပါယ်တွင် ပွင့်လင်းမှု၊ ဆက်ဆံ ပြောကြားမှု နှင့် တာဝန်ယူမှု တို့ ပါဝင်သည်။ ပွင့်လင်းမြင်သာမှု ရှိသည့် အခါတွင် အခြားသူများ အနေနှင့် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို အလွယ်တကူ သိမြင်နိုင်သည်။ ဥပမာ အားဖြင့် ပြရမည် ဆိုလျှင် ငွေကိုင် ဝန်ထမ်းမှ ဈေးဝယ်သူအား မည်သည့်ပစ္စည်းက မည်ရွေ့မည်မျှ ကျသည်ကို အသေးစိတ် ရှင်းပြခြင်း၊ ပြန်အမ်းငွေကို ပေးသော အခါတွင် စနစ်တကျ စစ်ဆေး၍ ယူ ...

                                               

ဘာလင် တံတိုင်း

ဘာလင်တံတိုင်း သည် အနောက်ဂျာမဏီ နှင့် အရှေ့ဂျာမဏီကို ပိုင်းခြားထားခဲ့သည့် တံတိုင်းကြီး ဖြစ်သည်။ နေတိုး စစ်အုပ်စု၏ အနောက်အုပ်စုနှင့် ဝါဆော တို့၏ အရှေ့အုပ်စုကို ပိုင်းခြားထားသည့် သံကန့်လန့်ကာ ၏ ပြယုဂ်လည်း ဖြစ်ခဲ့သည်။ ဘာလင်တံတိုင်းကြီးသည် အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီကို ၁၉၆၁ ဩဂုတ် ၁၃ မှ ၁၉၈၉ နိုဝင်ဘာ ၉ ထိ ရာစုနှစ်၏ လေးပုံတစ်ပုံခန့်ကြာအောင် ပိုင်းခြားထားခဲ့သည်။ ထိုကာလအတွင်း တရားဝင် စာရင်းအရ အနောက်ဂျာမဏီသို့ ဖြတ်ကူးရန် ကြိုးပမ်းသည့် လူ ၉၈ ယောက်ခန့် အသတ်ခံခဲ့ရသည်။ အရှေ့ဂျာမဏီ အစိုးရသည် ဘာလင်တံတိုင်းအား တရားမဝင် ဖြတ်ကျော်၍ အနောက်သို့ ကူးပြောင်းလိုသူတိုင်းအား ပစ်သတ်ရန် နယ်ခြားစောင့် တပ်များအား အမိ ...

                                               

ဘုရင်

ဘုရင်ဆိုသည်မှာ တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်သော ပုဂ္ဂိုလ်ကိုဆိုလိုသည်။ ဘုရင်အုပ်ချုပ်သည့်စနစ်ကို သက်ဦးဆံပိုင်စနစ် ဟုခေါ်သည်။ ဘုရင်များသည်တိုင်းပြည်ကို ဘဝတစ်သက်တာ သို့မဟုတ် တစ်စုံတစ်ယောက်က ထီးနန်းကိုလာရောက်ဖြုတ်ချသည်အထိအုပ်ချုပ်သည်။ က‌လေးငယ်တစ်ဦးကို ဘုရင်အဖြစ်မြှောက်တင်ပါက regent ခေါ် ကြားခံလူတစ်ဦးက ထိုကလေးငယ်လူကြီးဖြစ်သည်အထိ အုပ်ချုပ်ပေးရသည်။ ဘုရင်ကို စည်းမျဉ်းခံဘုရင် constitutional monarch နှင့် ပကတိဘုရင် absolute monarch ဟူ၍ခွဲခြားနိုင်သည်။

                                               

မဲဆန္ဒပေးခြင်း

နိုင်ငံ အရေးအခင်းများကို ဆုံးဖြတ်ရာ၌လည်းကောင်း၊ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့များကို ရွေးချယ်ရာ၌ လည်းကောင်း ပြည်သူလူထုသည် မဲဆန္ဒပေးသည့်နည်းကို အသုံးပြုလေ့ရှိကြသည်။ ဆိုရှယ်လစ်နိုင်ငံဖြစ်သော ဆိုဗီယက်ရုရှနိုင်ငံ၌ အသက် ၁၈ နှစ် ပြည့်သော တိုင်းသူ ပြည်သားများသည် မိမိတို့ နှစ်ခြိုက် သော ပုဂ္ဂိုလ်များကို ပြည်သူ့လွှတ်တော် အမတ်များနှင့် လူမျိုးစု လွှတ်တော် အမတ်များ အဖြစ်သို့ မဲဆန္ဒဖြင့်ရွေးကောက် တင်မြှောက်ကြသည်။ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ် စသော ပါလီမန် ဒီမိုကရေစီ နိုင်ငံများရှိ ပြည်သူပြည်သားများသည်လည်း မဲဆန္ဒဖြင့်ပါလီမန်အမတ်များကို ရွေးချယ်ကြရသည်။ ပါလီမန် အမတ်များအား မဲဆန္ဒပေး၍ ရွေးကောက် တင်မြှောက် ...

                                               

ရွေးကောက်ပွဲစောင့်ကြည့်ခြင်း

ရွေးကောက်ပွဲစောင့်ကြည့်ခြင်း သည် တစ်ခု သို့မဟုတ် များစွာသော လွတ်လပ်သည့်ပါတီများမှ ရွေးကောက်ပွဲတစ်ခုကို လေ့လာကြည့် ရှု ခြင်းဖြစ်ပြီး၊ အမှန် တကယ်တွင် အခြားသောနိုင်ငံတစ်ခု သို့မဟုတ် အစိုးရမဟုတ်သည့်အဖွဲ့အစည်း တစ်ခုမှ နိုင်ငံ၏ဥပဒေပြဋ္ဌာန်းချက် နှင့် နိုင်ငံတကာစံနှုန်းများ အပေါ် အခြေခံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခု၏ အပြူအမူကို အခြေခံကျကျ ခန့်မှန်းရန်ဖြစ်သည်။ နိုင်ငံ နှင့် နိုင်ငံတကာဆိုင်ရာ ရွေးကောက်ပွဲလေ့လာသူများ ရှိကြသည်။ စောင့်ကြည့်သူများသည် ရွေးကောက်ပွဲ လိမ်လည်မှုကို တိုက်ရိုက်တားဆီးမှု မပြုလုပ်ရပါ။ သို့သော် ထိုသို့ဖြစ်ရပ်များကို မှတ်သားခြင်း နှင့် အစီရင်ခံခြင်းမျှသာ ပြုလုပ်ရမည်။ ရွေးကောက ...

                                               

လေထီးဆင်း အဖွဲ့ (အိန္ဒိယရောက် လေထီးရဲဘော်များ)

ဗမာပြည်လွတ်လပ်ရေး တိုက်ပွဲစဉ်အတွင်း ဂျပန်ပြည်ရောက် စစ်ပညာသင်ကြားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ကြီး အရေးပါခဲ့သလို ရဲဘော်သုံးကျိပ် ပြီးရင် အိန္ဒိယရောက် လေထီးရဲဘော်များအဖွဲ့ဟာလည်း အရေးပါတဲ့ အစုအဖွဲ့ ဖြစ်ပါတယ်။

                                               

လွှတ်တော်

လွှတ်တော် ဆိုသည်မှာ တိုင်းပြည်တစ်ခု အတွက် ဥပဒေပြုရေး အာဏာကို ကျင့်သုံးရာနေရာဌာန ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကို ဖွဲ့စည်းရမြဲဖြစ်သည်။

                                               

လွှတ်တော်အမတ်

လွှတ်တော်အမတ်ဆိုသည်မှာ နိုင်ငံတစ်ခု၏ ဥပဒေပြုရေးအာဏာကို ကျင့်သုံးရန်အတွက် ပြည်သူတို့က ရွေးကောက် တင်မြှောက် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်။ လွှတ်တော်နှစ်ရပ်ရှိလျှင် အများအခေါ် အထက်လွှတ်တော် အတွက် အထက်လွှတ်တော်အမတ်၊အောက်လွှတ်တော် အတွက် အောက်လွှတ်တော်အမတ် ဟူ၍ခွဲခြားခေါ်ဝေါ်ကြသည်။ အောက်လွှတ်တော်အတွက် လူဦးရေအချိုးအစားအလိုက် မဲဆန္ဒနယ်များ ခွဲကာမဲဆန္ဒနယ် တစ်နယ်အတွက် ကိုယ်စားလှယ် တစ်ယောက်နှုံးဖြင့် မဲပေးရွေးကောက်တင်မြှောက်ကြသည်။ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် မြို့နယ်အလိုက်၊တစ်မြို့နယ်တွင် တစ်ယောက် အထက်လွှတ်တော်အတွက် သက်ဆိုင်ရာ ပြည်နယ်၊နယ်မြေအချို့တိုင်းပြည်များတွင် ခရိုင်သဘောမျိုးဖြင့် တစ်န ...

                                               

သပိတ်မှောက်ခြင်း

သပိတ်မှောက်ခြင်းဟူသည်မှာ မဆက်ဆံပဲနေခြင်း၊ ပထားခြင်း၊ ကြဉ်ထားခံ ခြင်း၊ဖယ်ထားခြင်းဟူ၍အဓိပ္ပါယ်ရသည်။ သပိတ်သည် ဘုရားရှင်နှင့်တကွ တပည့်သံဃာတော်အရှင်မြတ်တို့၏ ပရိဘောဂပစ္စည်းတစ်ရပ်ဖြစ်သည်။ သပိတ်မှောက်သည်ဟူသော အသုံးအနှုန်းသည်ဘုရားရှင်လက်ထက်တော်ကပင် စတင်ခဲ့သည်။ စူဠဝါပါဠိတော်တွင်ဘုရားရှင်သည် လိစ္ဆဝီမင်းသားအား ရဟန်းသံဃာအပေါင်းတို့က သပိတ်မှောက်စေရန်ခွင့်ပြုတော်မူခဲ့ ကြောင်း အာဏာဒေသနာ တော်ပါရှိ သည်။ ထိုသို့ဘုရားရှင်ကိုယ်တော်မြတ်က သပိတ်မှောက်စေရန် ခွင့်ပြုတော်မူခဲ့ခြင်းအကြောင်းမှာဤသို့တည်း။ ဘုရားရှင်သည်ဝေသာလီပြည်၊ မဟာဝန်တော၌ သီတင်းသုံးတော်မူစဉ် ဝဍ္ဎမည်သောလိစ္ဆဝီမင်းသည် စဉ်းစားဆင် ခြင်ဉာဏ်ကင်းမဲ့သူဖြစ်သည ...

                                               

သံအမတ်နှင့်ကောင်စစ်ဝန်

ကမ္ဘာပေါ်ရှိအချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းလိုလိုပင် အခြားအာဏာပိုင်နိုင်ငံတို့သို့မိမိတို့နိုင်ငံဆိုင်ရာ သံတမန်များအသီးသီးအလဲအလှယ်စေလွှတ်လေ့ရှိကြသည်။ ၁၉၄၈ ခုနှစ်ဇန္နဝါရီလ ၄ ရက်နေ့မှအစပြု၍အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်သို့ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသည်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊တရုတ်၊ပါကစ္စတန်၊သီဟိုဠ်နှင့်ယိုးဒယား စသောနိုင်ငံများသို့လည်းကောင်း၊ ဂရိတ်၊ဗြိတိန် ၊အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊ဆိုဗီယက်ရုရှနှင့်ပြင်သစ် စသောနိုင်ငံများသို့လည်းကောင်း၊ သံတမန်များစေလွှတ်ထားလေ့ ရှိလေသည်။ မြန်မာနိုင်ငံမှထိုသံတမန်များ စေလွှတ်ထားသောနိုင်ငံများနှင့် အခြားနိုင်ငံများကလည်း ယင်းတို့၏သံတမန် ...

                                               

အကျဉ်းထောင်

ဤလောကကြီးအတွင်း၌ လူကောင်းနှင့် လူဆိုးများ ရောနှော နေထိုင်လျက် ရှိကြသည်။ လူကောင်းများသည် သူတို့နေထိုင်ရာ နိုင်ငံ၏ ဥပဒေများ၊ လူမှုပေါင်းသင်းဆက်ဆံရေး စည်းကမ်းများ ကို လိုက်နာကြသူများ ဖြစ်ကြသဖြင့် သူတို့၏ အသက်စည်းစိမ အိုးအိမ်တို့ကို သက်ဆိုင်ရာ အစိုးရကကာကွယ် စောင့်ရှောက် ပေးရလေသည်။ လူဆိုးများမှာကား အစိုးရက ပြဋ္ဌာန်းထားသော ဥပဒေများကို ကျူးလွန်ချိုးဖျက်ကာ နိုင်ငံ၏ ငြိမ်ဝပ် ပိပြားရေးနှင့် စည်ပင် သာယာရေးကို ဖျက်ဆီးသူများ ဖြစ်ကြသဖြင့် အစိုးရက သူတို့ အား နှိပ်ကွပ် အပြစ်ပေးရလေသည်။ အထူးသဖြင့် တရား ဥပဒေကို ရိုသေ လေးစားသော တိုင်းသူပြည်သား များအား ဥပဒေကို ချိုးဖောက်သည့် လူဆိုးသူဆိုးများ နှိပ်စက်ခြင်း မပြု ...

                                               

အချုပ်အခြာအာဏာ

အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက်၎င်း လိုအပ်သည့်အာဏာမျိုးဖြစ်သည်။ အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် မိမိတို့တိုင်းပြည်နှင့်လူမျိုး အကျိုးကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်ခြင်းသည် လွတ်လပ်သော တိုင်းပြည်တစ်ပြည်၏ အဓိက ဝိသေသလက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ အချုပ်အခြာ အာဏာကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားသတ်မှတ်သည်။

                                               

အဂ္ဂဗျူဟာ

နိုင်ငံအသီးသီးတွင် Grand Strategy ခေါ် အဂ္ဂဗျူဟာတစ်ခု ရှိကြစမြဲ ဖြစ်သည်ဟု အဆိုရှိပါသည်။ သို့သော် နိုင်ငံတိုင်းတွင် ထို Grand Strategy ရှိကြသည် မဟုတ်ပါ။ နိုင်ငံတစ်ခု၏ Grand Strategy ဆိုသည်မှာ အဆိုပါနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် မည်သို့သော နိုင်ငံအဖြစ် ရပ်တည်လိုသည်ဆိုသော သန္နိဋ္ဌာန်ပေါ်တွင် အခြေခံသောကြောင့် သက်ဆိုင်ရာနိုင်ငံ၏ DNA ထဲတွင် ပါရှိလာသောအရာ ဖြစ်သည်ဟု ကမ္ဘာကျော်ပညာရှင်တစ်ဦးက ရေးသားခဲ့သည်။ သက်ဆိုင်ရာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် မည်သို့ရပ်တည်လိုသည်ဆိုသော သန္နိဋ္ဌာန် ပြဋ္ဌာန်းချက်ပေါ်တွင် အခြေခံသောကြောင့် နိုင်ငံတစ်ခု၏ Grand Straegy ဆိုသည်မှာ ထိုနိုင်ငံတစ်ခုထဲကို ကွက်၍ စဉ်းစားထားခြင ...

                                               

အစိုးရ ပုံစံများ

အစိုးရတစ်ခု၏ ပုံစံ သို့မဟုတ် နိုင်ငံတော်ကို အုပ်ချုပ်သည့် ပုံစံ ဟူသည် ပြည်ထောင်စုနိုင်ငံတော် တစ်ခု၏ အစိုးရ မှ ၎င်း၏ အာဏာကို လွှတ်တော်တွင်း နိုင်ငံရေးအကောင်အထည်ဖော်သူများ အပေါ် လွှမ်းခြုံနိုင်စေရန် ပြင်ဆင်ထားသည့် နိုင်ငံရေး ပြဋ္ဌာန်းချက် ပုံစံ ကိုရည်ညွှန်းပါသည်။ သံတူကြောင်းကွဲ အနေနှင့်" အုပ်ချုပ်မှုစနစ် ပုံစံ” နှင့်" အစိုးရ၏ စနစ်ပုံစံ” ဟုလည်းဆိုသည်။

                                               

အတိုက်အခံ

အာဏာရအစိုးရကို တရားဝင်ဆန့်ကျင်ပိုင်ခွင့်ရှိသောအဖွဲ့ကို အတိုက်အခံဟုခေါ်သည်။ တိုင်းပြည်ကိုသစ္စာရှိပြီး အာဏာရအစိုးရကိုသာ ဆန့်ကျင်သူကို သစ္စာရှိအတိုက်အခံ Loyal Opposition ဟု ခေါ်ပါတယ်။ အတိုက်အခံသည် တနေ့တွင် အစိုးရဖွဲ့မည်ဖြစ်၍ မမြင်ရသောအစိုးရ shadow government ဟုလည်း အင်္ဂလန်၌ခေါ်သည်။ သစ္စာရှိအတိုက်အခံဟူသော ဝေါဟာရသည် အင်္ဂလိပ်နိုင်ငံရေးစနစ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၈ ရာစုတွင် နိုင်ငံရေးပါတီများ အင်္ဂလန်၌ စတင်ပေါ်ထွက်လာစဉ် အတိုက်အခံဆိုသည့်စကား ပေါ်ပေါက်လာ သည်ဖြစ်၍ အနှစ်သုံးရာခန့် ရှိနေပါပြီ။ ထိုစဉ်က ဘုရင်ကို သစ္စာရှိပြီး အာဏာရအစိုးရကို အတိုက်အခံလုပ်သဖြင့် ဘုရင့်သစ္စာခံအတိုက်အခံ Majesty’s Loyal ...

                                               

အနုမြူနိုင်ငံကြီးများ

ကမ္ဘာပေါ်၌ ကြောက်စရာအကောင်းဆုံး အဆိုးဝါးဆုံးသော လူသတ်လက်နက် အနုမြူဗုံးပိုင်ရှင်နိုင်ငံကြီးများမှာ ၂၀ဝ၇-ခုနှစ်အထိ ကိုးနိုင်ငံမျှရှိသည်။ ၁ အမေရိကန်၊ ၁၉၄၅-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်နေ့ မက်ဆီကိုနယ် အယ်လာမာဂေါ်ဒိုဒေသ၌ ပထမဆုံးအနုမြူဗုံးကို ဖေါက်ခွဲခဲ့သည်။ ၂ ရုရှား၊ ၁၉၄၉-ခု၊ ဩဂုတ်လမှာ စတင်ဖေါက်ခွဲခဲ့သည်။ ၃ ယူနိုက်တက်ကင်းဒမ်း၊ ၁၉၅၂-ခု၊ အောက်တိုဘာလ ၃-ရက်နေ့က ဩစတြေးလျတိုက်၏ အနောက်မြောက်ဘက်မိုင် ၅၀-ကွာမွန်တီတလိုကျွန်းစု၌ စတင်ဖေါက်ခွဲခဲ့သည်။ ၄ ပြင်သစ်၊ ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ ၁၃-ရက်နေ့ ဆဟာရသဲကန္တာရ၌ ပလူတိုနီယံအနုမြူဗုံးကို စတင်ဖေါက်ခွဲသည်။ ၅ တရုတ်၊ ၁၉၆၄-ခု၊ အောက်တိုဘာလ ၁၆-ရက်နေ့ စင်ကျန်ပြည်နယ် ထက်လာမာကန် သဲ ...

                                               

အမျိုးသားစုစည်းမှု

အမျိုးသားစုစည်းမှုသည် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် စီးပွားရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော အကြောင်းတရားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှု နှင့် အမျိုးသားစုစည်းမှု ဟူသော ဝေါဟာရနှစ်ရပ်၏ အဓိပ္ပါယ်သည် များစွာ ကွာခြားသည်။ ခေါင်းဆောင်မှုအတွင်း၊ ခေါင်းဆောင်နှင့် ပြည်သူလူထုအတွင်း နှင့် ပြည်သူလူထုအချင်းချင်းအတွင်း အပြန်အလှန် နားလည်လက်ခံမှုနှင့် အသိအမှတ်ပြုမှုတို့ အားနည်းခြင်းနှင့် ပြည်သူ တို့၏ လူမှုရေးစည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းတို့သည်လည်း အမျိုးသားစုစည်းမှုအားနည်းခြင်း၏ သဘော လက္ခဏာများအဖြစ်ရှိနေပေသည်။ ယင်းသို့ အမျိုးသားစုစည်းမှုအားနည်းခြင် ...

                                               

အရစ္စတိုကရေစီ

အရစ္စတိုကရေစီဟူသည်မှာ ဂရိဘာသာမှဆင်းသက်လာသော ဝေါဟာရ ဖြစ်၍ အကောင်းဆုံးသော လူတစ်စုပါဝင်သည့် အစိုးရဟု အနက်ရသည်။ ကြေးရည်တတ် အနည်းငယ်၊ သို့မဟုတ် လူ့လောကတွင် ထင်ပေါ်သည် မြို့သူ မြို့သားအနည်းငယ်တို့က ကြိုးကိုင်သည့်အစိုးရမျိုးဖြစ်သည်။ အရစ္စတိုကရေစီ နိုင်ငံရေး သဘောတရား တစ်ခုအနေဖြင့် နိုင်ငံရေး ပါရဂူ ဂူပလေးတိုက စထွင်ခဲ့လေသည်။ ပလေးတိုး၏ သဘောတရားကို သူ၏တပည့်ဖြစ်သူ အယ်ရစ္စတိုတယ်က ချဲ့ထွင်လိုက်ပြန်သည်။ အယ်ရစ္စတိုတယ်၏ သဘောအရတွင် ကား အရစ္စတိုကရေစီမှာ အကျင့်အားဖြင့်လည်းကောင်း၊ ဉာဏ်ပညာအားဖြင့် လည်းကောင်း ထူးကဲမြင့်မြတ်၍ အများ အကျိုးကို ရှေးရှုသည့် အကောင်းဆုံးသော လူတစ်စု ပါဝင် သော အစိုးရဖြစ်၏။ သူခွဲခြားဖော်ပြ ...

                                               

အလံ

အလံ ဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ ပြည်နယ်တစ် ပြည်နယ် ဒေသ တစ်ခု လူမျိုးစု တစ်စု၏ ကိုယ်ပိုင်အမှတ်အသားနှင့် စိတ်ဓာတ်တို့ကို ပြဆိုသည့် အထိမ်းအမှတ်တစ်ခုဖြစ်သည်။ တစ်နည်းဆိုရလျှင် မိမိတို့၏ လူမျိုး နယ်မြေအား ပိုင်ဆိုင်ခွင့်ရှိကြောင်း ပြသသည့် အမှတ်အသားဖြစ်သည် ဟုလည်းဆိုနိုင်ပါသည်။ အလံကို ရှေးယခင်က လူမျိုးစုများ အချင်းချင်းတိုက်ခိုက်ကြကတည်းကပင် စတင်သုံးစွဲသဖြင့် ရှေးအကျဆုံးနိုင်ငံရေး၊ အမျိုးသားရေး အသုံးအဆောင်အဖြစ် သတ်မှတ်နိုင်သည်။ အလံဟူသည်မှာ ရည်ရွယ်ချက်တစ်ခုခု၊ သို့မဟုတ် အကြောင်းရင်းတစ်ခုခု၊ သို့မဟုတ် အကြောင်း တစ်ခုခုအတွက် အမှတ်အသား၊ သို့မဟုတ် အထိမ်းအမှတ်အဖြစ် အသုံးပြုကြသော ရောင်စုံခြယ် ပိတ်စမျိုး ဖ ...

                                               

အီလက်ထရောနစ်ဒီမိုကရေစီ

"ဒီမိုကရေစီဆိုတာ မဲပေးတာအဓိကမကျဘူး။ မဲရေတာပဲအဓိကကျတယ်" Tom Stopped ခေတ်သစ်ဒီမိုကရေစီတွင် ရွေးချယ်တင်မြှောက်ပုံအမျိုးမျိုးကို လူတို့တီထွင်ကြံဆလာကြသည်။ အီလက်ထရောနစ်ခေတ် အီးခေတ်ဟူ၍ နည်းပညာကို အားကိုးလာကြ သည့်ခေတ်တွင် ရွေးကောက်တင်မြှောက်မှုပုံစံကိုလည်း အတိကျဆုံး၊ အမှန်ကန်ဆုံး၊ အမြန်ဆန်ဆုံးဖြစ်စေရန် လူတို့တီထွင်ကြံဆကြသည်။ သို့သော် နည်းပညာသည် ထင်သလောက် ဒီမိုကရေစီရွေးကောက် တင်မြှောက်ခြင်းကို အထောက် အကူပြုနိုင် ပါသလော။ အီလက်ထရောနစ်စနစ်ဖြင့် မဲပေး၊ မဲရွေးသည့်စနစ်ကို Electronic Voting သို့မဟုတ် e-Voting ဟုခေါ်ကြသည်။ လူတို့သည် နိုင်ငံရေးကို စိတ်မဝင်စားပါဟု မည်မျှဆိုစေ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ...

                                               

အီလစ်သီအိုရီ

ခေတ်သစ်လူ့ဘောင်တွင် ‘ငွေ’၊ ‘ပညာ’ နှင့် ‘အာဏာ’ သည်လွန်ဆွဲနေကြပြီး ဆက်စပ်မှုလည်းရှိနေသည်။ ပညာတတ် လူတန်းစား၊ ချမ်းသာကြွယ်ဝသည့်လူတန်းစား၊ ပညာတတ်လူချမ်းသာများကို လူ့မလိုင်များဟူ၍ခေါ်ကြသည်။ သူတို့သည် တိုင်းပြည်၏လူနည်းစုလေးသာဖြစ်ကောင်းဖြစ်နိုင်သော်လည်း စီးပွားရေးတွင်ချုပ်ကိုင်ထားနိုင်စွမ်းရှိကြသလို၊ နိုင်ငံရေးတွင်လည်း ပေါ်လစီကို ကြိုးကိုင်ချမှတ်နိုင်သူများ ဖြစ်နေတတ်ကြသည်။ တိုင်းပြည်တစ်ပြည်တွင် ရွေးကောက်ပွဲရလဒ်မည်သို့ပင်ဖြစ်နေစေကာမူ လူ့မလိုင်တို့အတွက်အဆန်းမဟုတ်။ ငွေကြေးကို ထိန်းထားနိုင်စွမ်းရှိသကဲ့သို့ အာဏာကိုလည်းကြိုးကိုင်ထားနိုင်စွမ်းရှိသည့် လူ့မလိုင်လူတန်းစားအလွှာတစ်ခုကို "Elite" များဟုခေါ်ကြသည ...

                                               

ဥပရာဇာ

ဥပရာဇာ သည် မြန်မာ၊​ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံများရှိ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြ​သော မင်းဆက်များတွင် ထားရှိခဲ့​သော ​တော်ဝင်ရာထူးဖြစ်သည်။

                                               

နိုင်ငံရေးသိပ္ပံ

နိုင်ငံရေးသိပ္ပံ ဆိုသည်မှာ လူမှုရေးသိပ္ပံနှင့် သက်ဆိုင်ပြီး၊ နိုင်ငံ၊ အုပ်ချုပ်သူ နှင့် နိုင်ငံရေးများကို လေ့လာသင်ကြားခြင်းဖြစ်သည်။ အာရစ်တိုတယ်လ် မှ ၎င်းသည် နိုင်ငံကို လေ့လာဆည်းပူးခြင်းဖြစ်သည်ဟု ဖွင့်ဆိုခဲ့သည်။

                                               

နိုင်ငံရေး အကျဉ်းသားဟောင်း

နိုင်ငံရေး အကျဉ်းသားဟောင်း ဆိုသည်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့်သော်လည်းကောင်း၊ နိုင်ငံရေး ပုဒ်မတခုခုနှင့်သော်လည်းကောင်း၊ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မတရားသဖြင့် ရာဇဝတ်ပုဒ်မများဖြင့်သော်လည်းကောင်း စွပ်စွဲဖမ်းဆီးခံရပြီးနောက် အကျဉ်းကျခံခဲ့ရဖူးသည့် နိုင်ငံရေးလှုပ်ရှားသူများကို ဆိုလိုခြင်းဖြစ်သည်။

တက်ကြွထက်သန်သူများ
                                               

တက်ကြွထက်သန်သူများ

တက်ကြွထက်သန်သူများ ဆိုသည်မှာ နိုင်ငံရေးပါတီတခု သို့မဟုတ် နိုင်ငံရေးအင်အားစုတခုအတွင်း၌ အတက်ကြွဆုံးလှုပ်ရှားကြသူများကို ခေါ်ဆိုခြင်းဖြစ်၏။ နိုင်ငံရေးမူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များကို ကြွေးကြော်ထောက်ခံသူများမဟုတ်ဘဲ ထိုမူဝါဒအတိုင်း ရည်မှန်းချက်များပေါမြောက်အောင် တက်ကြွထက်သန်စွာ ဆောင်ရွက်လိုကြသူများကို သတ်မှတ်ခေါ်ဆိုသော ဝေါဟာရဖြစ်၏။

အတိုက်အခံ အဖွဲ့အစည်း
                                               

အတိုက်အခံ အဖွဲ့အစည်း

အတိုက်အခံ အဖွဲ့အစည်း ဆိုသည်မှာ လက်ရှိအာဏာရ ပါတီ သို့မဟုတ် အစိုးရအား နိုင်ငံရေးအရ ဖြစ်စေ၊ လက်နက်ကိုင် အရ ဖြစ်စေ ဆန့်ကျင်ဘက်ပြုနေသော ပါတီ သို့မဟုတ် အဖွဲ့အစည်း ကို အတိုက်အခံအဖွဲ့အစည်း ဟု ခေါ်ဆိုကြသည်။ အတိုက်အခံခေါင်းဆောင် ဆိုသည်မှာ လက်ရှိအာဏာရပါတီအား ဆန့်ကျင်သောယှဉ်ပြိုင်သော ပါတီခေါင်းခေါင်ဖြစ်သည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →