Back

ⓘ ဆေးပညာ - ဆေးပညာ, တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်, ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ် မန္တလေး, ဆေးတက္ကသိုလ်, ၂, ရန်ကုန်, မန္တလေး, ခွဲစိတ်ဆရာဝန် ..



                                               

ဆေးပညာ

ဆေးပညာဆိုသည်မှာ ကုသခြင်းနှင့် ဆိုင်သော သိပ္ပံပညာသာ မက အနုပညာတစ်မျိုးဟုလည်း ခေါ်ဆိုနိုင်သည်။ ဆေးပညာတွင် ကာကွယ်ခြင်းနှင့် ကုသခြင်းဖြင့် လူသားတို့၏ ကျန်းမာရေးကို ထိန်သိမ်းရန် သို့ ပြန်လည်တည်ဆောက်ရန် အတွက် အမျိုးမျိုးသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆိုင်သော လုပ်ငန်းစဉ်များပါဝင်နေသည်။ ခေတ်သစ်ဆေးပညာတွင် ကျန်းမာရေးသိပ္ပံ ၊ ဇီဝဆေးပညာ သုတေသတန နှင့် ကျန်းမာရေး နည်းပညာတို့ကို အသုံးပြု၍ ပုံမှန်အားဖြင့် ဆေးပေးခြင်း၊ခွဲစိတ်ခြင်းနှင့် အခြားကုသနည်းလမ်းများဖြင့် ထိခိုက်မှုနှင့် ရောဂါတို့ကို ဆန်းစစ်ရန်နှင့် ကုသရန် အသုံးပြုသည်။ ဆေးပညာ၏ အင်္ဂလိပ်ဝေါဟာရ medicine သည် လက်တင်ဘာသာစကား ars medicina မှ ဆင်းသက်လာပ ...

                                               

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တစ်ခုဖြစ်သည်။ သူနာပြုဆိုင်ရာ ရိုးရိုးဘွဲ့နှင့် မဟာဘွဲ့၊ ဆေးဝါးနှင့် ဆေးဘက်ပညာဆိုင်ရာ ရိုးရိုးဘွဲ့များ အပ်နှင်းသည်။

                                               

ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)

ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ် သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ ယခင်အမည် ဆေးဘက်ပညာသည်တက္ကသိုလ် မှ ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ် အဖြစ် အမည်ပြောင်းလဲထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာနည်းပညာကို သင်ကြားပေးသော တက္ကသိုလ် ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်သည် ၄ နှစ်ကြာသင်ယူရသော ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ အတွက် အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေး ဆေးပညာ၊ ဓာတ်မှန်ပညာနှင့် ဆေးဝါးနည်းပညာ များကို သင်ကြားပေးသည်။ နှစ်စဉ် ကျောင်းသားကျောင်းသူဦးရေ ၁၈၀ ခန့် လက်ခံသင်ကြားပေးလျက်ရှိသည်။

                                               

ဆေးတက္ကသိုလ် (၂) ရန်ကုန်

ဆေးတက္ကသိုလ် ရန်ကုန် သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်‌ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းမှ ၁၂ မိုင်ခန့်ကွာဝေးသည်။ ဆေးတက္ကသိုလ် ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက်တစ်ကျောင်းလည်း ဖြစ်သည်။

                                               

ဆေးတက္ကသိုလ် (မန္တလေး)

ဆေးတက္ကသိုလ် သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၅ ခုအနက် မန္တလေးမြို့တွင်ရှိသော ဆေးတက္ကသိုလ်ဖြစ်သည်။ ဆေးပညာဘွဲ့ နှင့် ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ နှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ များ သင်ကြားပေးသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ဦးရေ ၃၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးတက္ကသိုလ် မန္တလေးသည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

                                               

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)

တိုင်းရင်းဆေးတက္ကသိုလ် သည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင်တည်ရှိကာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တိုင်းရင်းဆေးတက္ကသိုလ်ဖြစ်သည်။ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်း​ဆေးပညာဦးစီးဌာန၏ လက်​အောက်တွင်ရှိသည်။တိုင်းရင်းဆေးတက္ကသိုလ်အနီးတွင် တိုင်းရင်းဆေးရုံကြီး၊ တိုင်းရင်းဆေးပညာသိပ္ပံနှင့် တိုင်းရင်းဆေးဝါးစက်ရုံတို့လည်း တည်ရှိသည်။

                                               

ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် သည် ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အဆင့်မြင့်ပညာကို သင်ကြားပေးသော တက္ကသိုလ် ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်သည် ၄နှစ်ကြာသင်ယူရသော ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ နှင့် ဆေးဘက်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ နှင့် PhD သင်တန်းများကိုပါ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။ ဤတက္ကသိုလ်တွင် အထူးပြုဘာသာရပ်များဖြစ်သော ဓာတ်ခွဲနည်းပညာဘာသာရပ်၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဘာသာရပ်၊ အကြောအဆစ်ဆိုင်ရာခန္ဓာသန်စွမ်းမှုဘာသာရပ်၊ ခြေတုလက်တုနှင့်အားပြုကိရိယာဘာသာရပ် ၊ ကျန်းမာရေးသတင်းအချက်အလက်နှင့် နည်းပညာဘာသာရပ် နှင့် ဓာတ်ရောင်ခြည ...

                                               

ဆေးပညာမဟာသိပ္ပံဘွဲ့

ဆေးပညာမဟာသိပ္ပံဘွဲ့ သည် ဆေးပညာဘွဲ့ရရှိပြီးသူများ အထူးကု အထူးပြုဘာသာရပ်များကို လေ့လာဆည်းပူးပြီးနောက် ကျွမ်းကျင်တတ်မြောက်သည့်အခါ ဆေးကျောင်းများမှ ပေးအပ်သော မဟာဘွဲ့ အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် Master of Medical Science ဟု ခေါ်ကြသည်။ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင် အနည်းဆုံး၂ နှစ်တာဝန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားပြနိုင်သောဆရာဝန်များကို မြန်မာနိုင်ငံဆေးကောင်စီက အထူးဆေးကုသခွင့်လိုင်စင် ထုတ်ပေးသည်။

                                               

သားဖွားနှင့် မီးယပ်ဆေးပညာ

သားဖွားနှင့် မီးယပ်ဆေးပညာဆိုသည်မှာ ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကိုယ်ဝန်ဆောင်မနေစဉ် မိန်းမ မျိုးပွားအင်္ဂါ စနစ်နှင့် သက်ဆိုင်သော ရောဂါများကို ကုသသော ဆေးပညာနှင့် ခွဲစိတ်ကုသမှုပညာများ ဖြစ်သည်။ ဤပညာနှစ်မျိုးကို ပေါင်းစပ်၍ ဆေးပညာဘာသာရပ် တစ်ခုအဖြစ် ဆေးတက္ကသိုလ်များတွင် သင်ကြားပို့ချပေးသည်။ သားဖွားနှင့် မီးယပ်ဆေးပညာသည် မိန်းမ မျိုးပွားအင်္ဂါစနစ်တွင် ဖြစ်ပွားသော ရောဂါများနှင့်သက်ဆိုင်သော ရောဂါဗေဒများအားလုံးကို ကျွမ်းကျင်စွာ ကိုင်တွယ်ကုသနည်းနှင့် ကိုယ်ဝန်သည်များကို စောင့်ရှောက်နည်းများကို သင်ကြားလေ့ကျင့်ပေးသည်။

                                               

ဆေးတက္ကသိုလ် (၁) ရန်ကုန်

ဆေးတက္ကသိုလ် ရန်ကုန် သည် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ၅ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်ပါသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၆၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးပညာဘွဲ့ အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ် ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တစ်ခု၊ ပြည်လမ်းတွင်တစ်ခု ၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး ၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး ဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသ ...

                                               

ဆေးတက္ကသိုလ်(မကွေး)

မကွေးဆေးတက္ကသိုလ် သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ မကွေးဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ် မေလတွင် မကွေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - မန္တလေး လမ်းမကြီးဘေးတွင် မကွေးမြို့မှ ရေနံချောင်းဘက်သို့ အထွက်တွင် တည်ရှိသည်။ မကွေးမြို့မှ မိုင်ခန့် ကွာဝေးသည်။ သင်တန်းကာလမှာ ၅ နှစ် ၊ အလုပ်သင် ၁ နှစ် စုစုပေါင်း ၆ နှစ်ကြာ တက်ရောက်ရသော ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၁၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များအတွက် တပြေးညီ သတ်မှတ်ထားသော ရမှတ်ရရှိသူများအား လက်ခံ သင်ကြားပေးသည်။ အမ်ဘီဘီအက်စ် ဘွဲ့၊ နှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန ...

                                               

ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ခြင်း

ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ခြင်း ဆိုသည်မှာ သားဦးကိုယ်ဝန်ဆောင်များတွင် ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံး ၃ လတာကာလတွင် စတင်ဖြစ်ပွားကာ အခြေအနေ တဖြည်းဖြည်းဆိုးဝါးလာတတ်သော ရောဂါတမျိုးဖြစ်ပြီး ရောဂါလက္ခဏာများအနေနှင့် သွေးပေါင်ချိန် အလွန်အမင်းတက်ခြင်းနှင့် ဆီးအတွင်း ပရိုတိန်းဓာတ်ပါဝင်မှု များခြင်းတို့ကို တွေ့ရှိရပါသည်။ အဆိုးဝါးဆုံးအခြေအနေတွင် သွေးနီဥများ ပျက်စီးခြင်း၊ သွေးထွက်လျှင် သွေးတိတ်အောင် လုပ်ပေးသည့် ဓာတ်ပစ္စည်းများ လျော့နည်းကျဆင်းခြင်း၊ အသည်းနှင့် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ ယိုယွင်းခြင်း၊ ခန္ဓာကိုယ် ယောင်ယမ်းခြင်း၊ အဆုတ်အတွင်း အရည်များစုခြင်းကြောင့် အသက်ရှူကျပ်ခြင်းနှင့် အမြင်အာရုံချွတ်ယွင်းခ ...

                                               

ကျောက်ကပ်ရောင်ရောဂါ

ကျောက်ကပ်ရောင်ရောဂါ Pyelonephritis ဟုဆိုရာတွင် ကျောက်ကပ် အတွင်းအသားစများ၊ ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်း ရောင်ရမ်းခြင်းတို့ပါဝင်သည်။ အများအားဖြင့် ဘက်တီးရီးယားပိုးများဟာ ဆီးလမ်းကြောင်းမှသော်လည်းကောင်း၊ သွေးလည်ပတ်မှုစနစ်မှတဆင့်သော်လည်းကောင်း ကျောက်ကပ်သို့ရောက်ရှိသောကြောင့် ရောင်ရမ်းရခြင်း ဖြစ်ပါသည်။ ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်းများ ရောင်ရမ်းခြင်းကို "pyelitis" လို့ သတ်သတ် ခေါ်ဆိုနိုင်ပါတယ်။ တစ်နည်းဆိုသော် ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်းများရောင်ရမ်းခြင်း "pyelitis" နှင့် ကျောက်ကပ်ရောင်ရမ်းခြင်း "nephritis" ကိုပေါင်း၍ ကျောက်ကပ်ရောင်ရောဂါ "pyelonephritis" ဟု ခေါ်ဆိုခြင်းဖြစ်သည ...

                                               

ခွဲစိတ်ဆရာဝန်

ဆေးပညာနယ်ပယ်တွင် ခွဲစိတ်ဆရာဝန် ဆိုသည်မှာ ခွဲစိတ်ကုပညာတွင် အထူးပြုသောသူ ဖြစ်သည်။ ခွဲစိတ်ကုပညာတွင် အလွန်ကျယ်ပြန့်သော ခွဲစိတ်ကုသခြင်းများပါဝင်ပြီး လူ သို့မဟုတ် တိရိစ္ဆာန်၏ ခန္ဓာကိုယ်ကို ခွဲစိတ်ခြင်းဖြင့် ရောဂါဖြစ်နေသော တစ်သျှူး အပိုင်းအစကို ဖယ်ထုတ်ခြင်း သို့မဟုတ် ကွဲနေသော နေရာများကို ပြန်လည် ဆက်စပ်ခြင်း စသည်တို့ကို ပြုလုပ်ရန် ဖြစ်သည်။။ ခွဲစိတ်ဆရာဝန် များတွင် သမားတော်ကြီးများ၊ သွားဆရာဝန်များ၊ တိရိစ္ဆာန်ကုဆရာဝန်များ ပါဝင်သည်။

                                               

ငှက်သိုက်

ငှက်သိုက် သည် ပျံလွှားငှက် တစ်မျိုးတွင် ပါဝင်သည့် ငှက်များက အံဖတ်ဖြင့်ပြုလုပ်သော အသိုက် ဖြစ်ပြီး အဖိုးကြီးမားသော ဓာတ်စာ ဖြစ်သည်။ မိုးစာငှက်၊ ပြီးလဲငှက်၊ ဇီဝဇိုးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။ မြန်မာ နိုင်ငံတွင် ငှက်သိုက်ကိုဇီဝဇိုးငှက်မှသာ ရရှိပါသည်။ ဇီဝဇိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် ``လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝဇိုးငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် မျိုးရရှိပါသည်။ အမဲရောင်ငှက်သိုက် ကို Collocalia innominata ဆိုသည့် ဇီဝဇိုးငှက်မှ ရရှိပြီး အဖြူရောင်ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။

                                               

ဆရာဝန်တစ်ဦးမှ ကိုယ်ဝန်ဆောင်အား စစ်ဆေးခြင်း

ကိုယ်ဝန်ဆောင်အား စောင့်ရှောက်ခြင်း ဆိုသည်မှာ ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း အမျိုးသမီးများခံယူသင့်သည်ဟု အကြံပြုထားသော ဆေးဝါးကုသမှုနှင့် သူနာပြုစုစောင့်ရှောက် ခြင်းတို့ကို ရည်ညွှန်းသည်။ ကောင်းမွန်သော ကိုယ်ဝန်ဆောင် ပြုစုစောင့်ရှောက်ခြင်း၏ ရည်ရွယ်ချက်မှာ ဖြစ်နိုင်ရန် အလားအလာရှိသော ပြဿနာအခက်အခဲများကို ရှာဖွေတွေ့ရှိနိုင်ရန်၊ ဖြစ်နိုင်လျှင် ကြိုတင် ကာကွယ်ရန် နှင့် လိုအပ်ပါက အမျိုးသမီး အား သင့်လျော်သော အထူးကုများ၊ ဆေးရုံများ စသည်တို့အား ညွှန်ပြနိုင်ရန်အတွက် ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပုံမှန် ကိုယ်ဝန်ဆောင် ပြုစုစောင့်ရှောက်မှု ရယူနိုင်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင် သေဆ ...

                                               

ဆေးပေးပညာနှင့်ခွဲစိတ်ပညာ

အချို့ရောဂါတို့ကို ကုသရာတွင် လူနာကိုဆေးတိုက်၍ ကုသကြရ၏။ ထိုဆေးများသည် ကိုယ်ခန္ဓာတွင်းရှိ မူလဆဲများ ကို မပျက်စီးစေဘဲ၊ လူနာ၏ ကိုယ်ခန္ဓာမှ ရောဂါပိုးများကိုသာ သုတ်သင်ရှင်းလင်းပေးသည်။ ကျွန်ုပ်တို့သည် ငှက်ဖျားရောဂါ ဖြစ်သောအခါ ကွီနိုင်ကိုစားသုံးကြ၏။ ကွီနိုင်သည် ငှက်ဖျား ရောဂါပိုးများကို သုတ်သင်ရှင်းလင်းပေးနိုင်သဖြင့် ငှက်ဖျား ရောဂါအတွက် ဆေးဖြစ်သည်။ ဒစ်ဖသီးရီးယား ဆုံဆို့နာကဲ့သို့ ရောဂါများတွင် ရောဂါပိုးများ ကြောင့်ဖြစ်သော အဆိပ်ကိုပြယ်စေရန် အန်တီတော့ဆင် အဆိပ် ဖြေဆေးကို အသုံးပြုကြသည်။ အချို့ ရောဂါများသည် ကိုယ်ခန္ဓာတွင် ဓာတ်ပစ္စည်းတစ်ခုခုချို့တဲ့သောကြောင့်ဖြစ်ရသဖြင့် ထိုလိုသော ဓာတ်ပစ္စည်းများကို လူနာအ ...

                                               

ဆေးဖက်ဝင်ပစ္စည်း

အချို့သောသစ်စေ့၊ သစ်မြစ်နှင့် သစ်ခေါက်များသည် ရောဂါဘယကင်း စေသော ဆေးဖက်ဝင်ပစ္စည်း များဖြစ်ကြောင်း ကို ရှေးနှစ်ပေါင်းများစွာကပင် လူတို့သိခဲ့ကြသည်။ တောင် အမေရိကတိုက်ရှိ အမ္မဇုန်မြစ်ဝှမ်း တစ်လျှောက်၌ပေါက်သည့် စင်ကိုးနားခေါ်အပင်တစ်မျိုးမှ သစ်ခေါက်သည် ငှက်ဖျားရောဂါ အတွက် အသုံးဝင်ကြောင်းကို သိခဲကြသဖြင့်၊ ထိုသစ်ခေါက် များကို ဝေးလံစွာ သွားရောက်ရှာဖွေ၍ ခုတ်ယူကြရ၏။ ယခု အခါ ကွီနိုင်ဟု လူသိများသော ငှက်ဖျားဆေးမှာ အဆိုပါစင်ကို နား သစ်ခေါက်မှ ပြုလုပ်ယူခြင်းပင်ဖြစ်သည်။ ထုံဆေးအဖြစ် အသုံးပြုရသော ကိုကင်းခေါ်ဆေးကို တောင်အမေရိကတိုက် မှာပင် ပေါက်သည့် ကိုကာခေါ်အပင်ပုမျိုး၏ အရွက်များမှ ထုတ်ယူရန်ရှိ၏။ ဂမ်းထရက် ဂါကန ...

                                               

တောက်ခြင်း

‌တောက်ခြင်း ဆိုသည်မှာ အရာဝတ္တု တစ်မျိုးမျိုးနှင့် မတည့်‌သော‌ကြောင့် အနာ‌ရောဂါတစ်ခုခု၇‌သော အ‌ခြေအ‌နေမျိုး ‌ပေါ်တတ်ခြင်းပင်ဖြစ်သည်။ အချို့လူများသည်အစားအ‌သောက်နှင့် ‌ဆေးဝါးတစ်ခုခုကို စား‌သောက်မိ‌သော‌ကြောင့် အင်ပျဉ်ထွက်ခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ ဝမ်းသွားခြင်း၊ ဗိုက်‌အောင့်ခြင်း ဖြစ်တတ်သည်။ အချို့လူများသည် သား‌မွေး၊ သိုး‌မွေး၊ ကိုယ်လိမ်း‌ပေါင်ဒါ၊ လိမ်း ‌ဆေး၊ ဆိုး‌ဆေး၊ ဓာတု‌ဗေဒ‌ဆေးဝါးစသည်တို့နှင့် ထိ‌တွေ့မိ‌သော ‌ကြောင့် အသားအ‌ရေ ယားယံခြင်းနှင့် အဖုအပိမ့်ထွက်ခြင်း ဖြစ် တတ်သည်။ အ‌မွှေးအမှင် ဖုန်မှုန့်၊ ပန်းဝတ်မှုန်စ‌သော နှာ‌ခေါင်း နှင့် လည်‌ချောင်းအတွင်း ဝင်‌ရောက်‌သော အရာဝတ္တုများ‌ကြောင့် နှာ‌စေးခြ ...

                                               

တွဲဖက်၍ မစားသင့်သော အစာများ

အောက်ပါ စားသောက်စရာများသည် တွဲဖက်၍ မစားသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤ အစားအစာများသည် လူတို့အား အန္တရာယ် ရှိစေနိုင်သော အစားအစာများဖြစ်သည်။ ဤစာရင်းတွင် ပါဝင်သော အချို့ အစားအစာများသည် လူကို မူးဝေစေခြင်း၊ အော့အန်စေခြင်း၊ ရံဖန်ရံခါ လူကိုပင် သေစေနိုင်သည်။ တွဲဖက်၍ မစားသင့်သော အစာများကို အက္ခရာစဉ်အတိုင်း ဖေါ်ပြထားသည်။ ဥသျှစ်သီး နှင့် ပျားရည် ဥဒေါင် းသား နှင့် ကြက်ဆူဆီ ဥမျိုး နှင့် ကြက်ဆူဆီ ဥသျှစ်သီး နှင့် ကင်းပိတ်ရွက် ဩဇာသီး နှင့် ပျားရည်

                                               

နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသည် လူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက် တစ်ခု ဖြစ်သည်။ သာမန် လူတစ်ဦးတွင် နှလုံးသည် နေ့စဉ် ပျမ်းမျှအားဖြင့် အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေးထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ်ပေးရသည်။ လူ့သက်တမ်းတလျှောက် မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေရပြီး အသက် ၇၀ အရွယ်ရောက်ပါက အကြိမ်ပေါင်း ၂.၅ ဘီလီယံကျော် ခုန်ခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့ အချိန်ပြည့် လုပ်ဆောင်နိုင်ရန် နှလုံးကြွက်သားများအတွက် အောက်စီဂျင်နှင့် အာဟာရများအား နှလုံးသွေးကြော Coronary Arteries များမှ ထောက်ပံ့ပေးရသည်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောများ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သာ ...

                                               

ပွေး(ရောဂါ)

ပွေး သည် နို့တိုက်သတ္တဝါများ၏ အရေအပြားပေါ်တွင် မှိုကြောင့်ဖြစ်သည့် ယားနာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် လူ၊ အိမ်မွေး တိရိစ္ဆာန်များဖြစ်သော သိုး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများတွင် ဖြစ်ပွားသည်။ ထိုရောဂါကို ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားနေပြီး အထူးသဖြင့် ချွေးထွက်များသော လူများနှင့် အားကစားသမားများတွင် တွေ့ရလေသည်။

                                               

ဗီတာမင်

ခန္ဓာကိုယ်၌ လိုအပ်သော အာဟာရဓာတ်တစ်မျိုးကို ဗီတာမင်ဟု ခေါ်ကြသည်။ ဗီတာမင်ဟူသောဝေါဟာရမှာ အသက်ရှင်နေရန်ကိစ္စတွင် အလွန်အရေး ကြီးသော ပစ္စည်း သက်စောင့်ပစ္စည်း ဟူ၍ အဓိပ္ပါယ်ရသည်။ ယင်းဗီတာမင်ဓာတ် ကို ၁၉၁၁ ခုနှစ်ကမှ ပိုလန်လူမျိုးဓာတုဗေဒပညာရှင်ကစီမာဖန့် ဆိုသူက စတင်တွေ့ရှိ၍ အမည်ပေးထားခြင်း ဖြစ်သည်။ ၂ဝ ရာစုနှစ်အစတွင် ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်ကြီးများသည် လူတို့၏ ကျန်းမာရေးအတွက် ပြည့်စုံ လုံလောက် သော အစာအဟာရ ဖြစ်မြောက်ရေးအတွက် သုတေသနပြုကြ သည်။ ၁၉၁၁ ခုနှစ်တွင် ကစီမာဖန့်သည် ဖွဲနုမှ ထူးဆန်း သော ပစ္စည်းအနည်းငယ်ကို ထုတ်ယူရရှိခဲ့ပြီးနောက် ထိုပစ္စည်း ဖြင့် ဗယ်ရီ ဗယ်ရီနှင့် ပေါ်လီနျူရိုက်တစ် ရောဂါများ ကင်းပျ ...

                                               

ဘီလူးစီးခြင်း

ဘီလူးစီးခြင်းဆိုသည်မှာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ်ထင်ပါသည်။ လူကနိုးနေရက်နှင့် ခြေတွေလက်တွေလှုပ်မရ၊ အော်မရဟစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်ဟု ခေါ်တဲ့အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနှင့် နောက်ထပ်တစ်ကြိမ် ကြုံဖို့လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ် ဖြစ်ပါသည်။

                                               

မက်ပါကရင်နှင့် ပယ်လျူဒရင်

ငှက်ဖျားရောဂါသည် လူများကိုသေကြေပျက်စီးစေသော ရောဂါဆိုးကြီးဖြစ်သဖြင့် များစွာကြောက်မက်ဖွယ် ကောင်းပေ သည်။ ကွီနိုင်ဆေးကို လိုသလောက်မရနိုင်ခဲ့လျှင် ငှက်ဖျား ရောဂါကို မည်သို့မျှ မကာကွယ်နိုင်ပေ။ ကွီနိုင်အစား အသုံးပြု နိုင်မည့် အခြားဆေးဘက်တစ်မျိုးကို ကြံဆကြရာတွင် မက်ပါ ကရင် ခေါ်သော ဆေးကို ခရစ် ၁၉၄၂ ခုနှစ်လောက်ကတွေ့ရှိ ကြလေသည်။ မက်ပါကရင်သည် ငှက်ဖျားရောဂါကို တိုက်ဖျက် ရာ၌ ကွီနိုင်ထက် ၃ ဆမျှပို၍ တန်ခိုးအာနိသင် ရှိပေသည်။ မက်ပါကရင်နှင့် ကွီနိုင်တို့မှာ ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင် မဖြတ်နိုင်ကြသောကြောင့် မက်ပါကရင်ထက် တန်ခိုးအာနိသင် ထူးကဲသော ဆေးတစ်မျိုးကို တစ်ဖန် စီမံ ကြံဆောင်ကြပြန်လေသည်။ ၁၉၄၆ ခုနှစ် ...

                                               

မိမိကိုယ်ကို သတ်သေခြင်း

မိမိကိုယ်ကို သတ်သေခြင်းမှာ လူတစ်ဦးတစ်ယောက် အနေနှင့် ရည်ရွယ်ချက် ရှိရှိဖြင့် မိမိဘာသာ သေဆုံးစေရန် ကြိုးစားအားထုတ်မှုပင် ဖြစ်သည်။ မိမိကိုယ်ကို သတ်သေရခြင်းမှာ စိတ်ဓာတ်ကျ၍ လုပ်မိလုပ်ရာ လုပ်ခြင်း ဖြစ်နိုင်သကဲ့သို့ နောက်ကွယ်ရှိ စိတ်ကျရောဂါ၊ ဘိုင်ပိုလာ ဒစ်စ်အော်ဒါ၊ စိတ်ကစဉ့်ကလျားရောဂါ၊ အရက်စွဲခြင်း သို့ မူးယစ်ဆေးစွဲခြင်း အစရှိသော စိတ်မမှန်ခြင်း တစ်မျိုးမျိုးကြောင့်လည်း ဖြစ်နိုင်သည်။ ငွေရေးကြေးရေး အခက်အခဲနှင့် ပေါင်းသင်းဆက်ဆံရေး အဆင်မပြေမှု များကြောင့်ဖြစ်သည့် စိတ်ဖိအား သို့မဟုတ် ကံမကောင်းမှုများကလည်း မိမိကိုယ်ကို သတ်သေခြင်းတွင် အရေးပါသော နေရာမှ ပါဝင်သည်။ တကမ္ဘာလုံးတွင် တစ်နှစ်လျှင် လူပေါင်း ၁ သန် ...

                                               

မီးယပ်ပညာ

မီးယပ်ပညာဟု ဆိုထားသော်လည်း မီးယပ်နှင့် စပ်လျဉ်း သည့် ကိစ္စများတွင်သာမက မိန်းမတို့၏အင်္ဂါအစိတ်အပိုင်းများနှင့် စပ်လျဉ်းသည့် ရောဂါနှင့် လေ့လာကုသမှုများကိုပါ ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။ ဆေးပညာလောကတွင် ဆေးပေးပညာ၊ ခွဲစိတ်ပညာတို့ အပြင် မိန်းမတို့၏ အင်္ဂါအစိတ်အပိုင်းတို့၌ ဖြစ်ပေါ်သော ရောဂါ ဝေဒနာမျာကို လေ့လာပြီးလျှင် ကုသပေးသည့် မိန်းမရောဂါဟူ၍ ရှိ သေးသည်။ မိန်းမရောဂါဆိုရာ၌ မိန်းမတို့ကိုယ်၌သာရှိသော မိန်းမ ကိုယ်၊ သားအိမ်၊ သားမျိုပြွန်၊ သားမျိုးအိတ်၊ သားဥတို့တွင်ဖြစ်ပေါ် သည့် ရောဂါများကိုသာ အချို့ မိန်းမရောဂါ ဆေးပညာစာအုပ်များ၌ ရေးသားကြ၍၊ သားမြတ်နှင့် စပ်လျဉ်းသော ရောဂါများကိုလည်း အချို့က မိန်းမရော ...

                                               

မေ့ဆေးထုံဆေး

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်လောက်က သွားနုတ်လိုလျှင် ဖြစ်စေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကို ခွဲစိတ်ကုသလိုလျှင်ဖြစ်စေ လူကို ခုတင်ပေါ်တွင် တင်၍ သားရေပတ်များဖြင့် မလှုပ်မရှားနိုင်အောင် ကျပ်တည်းစွာ စည်းထားပြီးမှ ခွဲစိတ်ကုသကြရ လေသည်။ ထိုအခါ မေ့ဆေးမပါဘဲ အစိမ်းသက်သက် ခွဲစိတ်ကုသရသဖြင့် လူနာမှာ သတိရလျက်ပင် နာကျင်ခြင်း ဝေဒနာကို မချိမဆန့် ခံစားရရှာသည်။ အချို့ လူနာများမှာ ရောဂါပျောက်ကင်းကြသော်လည်း များသေားအားဖြင့်ကား ခွဲစိတ်ကုသခြင်း၏ ဒဏ်ကိုမချိမဆန့် ခံစားယင်းပင် အသက်ဆုံးရှုံး ကြရလေသည်။ ဤသည်ကား မေ့ဆေးမပေါ်မီ ခေတ်က တွေ့ကြုံခံစားခဲ့ကြရသော ဒုက္ခများပင်တည်း။ မေ့ဆေးကို အင်္ဂလိပ်ဘာသာဖြင့် Anesthetic သ ...

                                               

မြန်မာဆေးပညာ

မြန်မာဆေးပညာကို မရေးသားမီ ရှေးဦးစွာ မဇ္ဈိမဒေသ ဆေးပညာကို ရေးသားရန် ဖြစ်သည်။ ဆေးပညာမှာ လူတို့ တတ်သိအပ်သော အတတ်ပညာ အဌာရသ ဆယ့်ရှစ်ရပ်တွင် တပါး အပါအဝင်ဖြစ်သည်။ ယင်းဆေးပညာမှာ အကြောင်းမဲ့ ဖြစ်ပေါ်လာသည်မဟုတ်၊ လူတို့၌ အနာရောဂါ ဖြစ်ပေါ်လာသောအခါ ပျောက်ကင်းရန် နည်းလမ်းကို ရှာဖွေသော ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုဆေးပညာကို လူသားများသာ တတ်မြောက်သည်မဟုတ်။ တိရစ္ဆာများလည်း သဘာဝ အလျောက် တတ်မြောက်ကြသည်။ ကြောင်ကို မြွေကိုက်လျှင် ပျောက်စေတတ်သော ဆေးပင်ကို ရှာ၍စားခြင်း၊ ခွေးများ အစာမကြေလျှင် မြတ်ပင်ကိုစား၍ အန်ပစ်ခြင်း၊ စားကောင်းသော အစာ၊ မစားကောင်းသော အစာတို့ကို သိခြင်း စသည်တို့ကား သာဓကများ ဖြစ်ကြသည်။ ကမ္ဘာဦး ...

                                               

မြန်မြန်စားခြင်း

အစားအစာကို ဖြည်းဖြည်း စားတာက ဗိုက်ခေါက်ထူ ထွက်လာခြင်းကို အောင်နိုင်စေနိုင်ပါတယ်။ ဂျပန်လူမျိုး ၃၀၀၀ ယောက်ကျော်ကို လေ့လာပြီးနောက် British Medical Journal ကထုတ်ဖော် ရေးသားထားတဲ့ ဆောင်းပါးက အစားအစာကို မြန်မြန် စားတတ်သူတွေဟာ ဖြည်းဖြည်းစားတဲ့ သူတွေထက် နှစ်ဆ ပိုဝ စေနိုင်ပါတယ် လို့ ဆိုပါတယ်။ အစားအစာကို မြန်မြန်လည်းစားတယ်.ဗိုက် အလွန်ပြည့်တဲ့ထိလည်း စားတတ်တယ် ဆိုရင် သူများထက် ပိုဝဖို့ ၃ ဆ ဖြစ်လာနိုင်ပါတယ်။ လေ့လာ သုတေသနပြုလုပ်သူများရဲ့ အဆိုအရ အစားကို မြန်မြန်စားတဲ့သူတွေက အစားစားနေစဉ်မှာ ကယ်လိုရီ အတော်များများကို စားသုံးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစားမြန်မြန်စားသူတွေက သူတို့ ကယ်လိုရီ ပမာဏ ဘယ်လောက်စားသု ...

                                               

ဝယ်ဒီမာ ဟက်ဖ်ကင်

ဝယ်ဒီမာ ဟက်ဖ်ကင် သည် ရုရှားအင်ပါယာမှ ဗက်တီးရီးယားဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံသားခံခဲ့သည်။ ပြင်သစ်နိုင်ငံသို့ ခိုလှုံခဲ့ပြီး ပါရီမြို့ရှိ ပတ်စ်တူးဝါး အင်စတီကျုတွင် အလုပ် လုပ်ကိုင်ခဲ့သည်။ ထိုကျောင်းတွင် ကာလဝမ်းရောဂါကာကွယ်ဆေးအား ဖန်တီးနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း၌ အောင်မြင်စွာ ကုသပေးနိုင်ခဲ့လေသည်။ သူအား ပလိပ်ရောဂါနှင့် ကာလဝမ်းရောအား ကာကွယ်ဆေး အသုံးပြု၍ ကုသပေးသည့် ပထမဆုံးသော အဏုဇီဝပညာရှင်တဦးအဖြစ်အသိအမှတ်ပြုကြလေသည်။ ကာကွယ်ဆေးအား သူ့ကိုယ်ပေါ်တွင် ကိုယ်တိုင် ထိုးသွင်းစမ်းသပ်ခဲ့သည်။ လော့ဒ် ဂျိုးဆက် လစ်စတာက သူ့အား "လူသားများ၏ ကယ်တင်ရှင်"အဖြစ် အမည်ပေးခဲ့သည်။ ဟက်ဖ်ကင်ည ...

                                               

ဝဲ

သန့်သန့်ရှင်းရှင်းမနေတဲ့ကလေးတွေ ၊ သန့်ရှင်းရေးကို မိဘတွေက ဂရုတစိုက်ပြုလုပ်ပေးနိုင်ခြင်းမရှိတဲ့ ကလေးတွေမှာ အဖြစ်များပါသည်။ တချို့ လူလတ်ပိုင်း ၊ လူငယ်ပိုင်းတွေမှာလည်းဖြစ်တက်ပါသည်။

                                               

သွေးတိုးရောဂါ

သွေးတိုး ရောဂါသည်လေဖြတ်ရောဂါ ဖြစ်စေသည့် နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါသည်။ ကမ္ဘာတဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုးရောဂါ ခံစား နေကြရပြီး ၌ သွေးတိုးရောဂါသည် ကမ္ဘာအနှံ့စုစုပေါင်းသေဆုံးခြင်း၏ ရှိကာ အရေအတွက်အားဖြင့် လူပေါင်း ၉.၄သန်းခန့်သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ယုံကြည်ယူဆကြသည်။ ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား ဟုပင် တင်စား ခေါ်ဝေါ်ကြသည်။ အိမ်သုံးသွေးပေါင်ချိန်စက်များကို ဝယ်ယူရာတွင် အရည်အသွေးတရားဝင်စစ်ဆေးထားသော စက်များကိုသာ ရွေးချယ်ဝယ်ယူရမည်။ www.stridebp.org တွင်စစ်ဆေးအတည်ပြုရမည်။ သွေးပေါင်ချိန်တိုင် ...

                                               

သန္ဓေသားဗေဒ

ပိုးဖလံနှင့် လိပ်ပြာဥများ၊ ငှက်နှင့်တွားသွား သတ္တဝါများ၏ ဥများကို ကျွနု်ပ်တို့တွေ့ဖူး မြင်ဖူးကြသည်။ ထိုဥများမှပေါက်လာသော သက်ရှိကလေးများသည် ဥထဲ၌ အချိန်ယူ၍ တဖြည်းဖြည်းဖွံ့ဖြိုး ရင့်သန်ကြီးပွားလာပြီးမှ အပြင် လောကသို့ အင်္ဂါစုံသက်ရှိအဖြစ်ဖြင့် ရောက်ရှိလာကြခြင်းဖြစ် သည်။ အပင်လောကတွင်လည်း မျိုးအောင်သည့် ဆဲတစ်ခုသည် အပင်၏အစေ့အိမ်တွင် တဖြည်းဖြည်းကြီးပွားလာရာမှ မျိုးစေ့ ဖြစ်လာသည်။ ဤနေရာ၌ ဥနှင့်မျိုးစေ့နှစ်မျိုးစလုံးသည် မဖွံ့ဖြိုး မရင့်သန်သေးသော သက်ရှိများဖြစ်ကြသည့် ပင်လောင်းနှင့် သန္ဓေလောင်းများသာဖြစ်ကြသည်။ အမြင့်တန်းစား သတ္တဝါများ တွင်ကား ဥဆဲသည် မိခင်၏သားအိမ်ထဲ၌ပင် ဆက်လက်ရင့် သန်ကြီးထွား၍ အမိကဲ့သို ...

                                               

သွေးအုပ်စု

သွေးအမျိုးအစားအုပ်စုကို ခွဲယူပုံ၊ ခွဲယူနည်းက ပရိုတင်း တွေ သွေးနီဆဲလ်ထဲမှာရှိတဲ့ ပုံစံနဲ့ ပလာစမာခေါ်တဲ့ သွေးရည်ကြည် ထဲမှာရှိတဲ့ ပုံစံတွေအပေါ် မူတည် ပြီး ခွဲခွဲခြားခြား သတ်မှတ်ယူကြ တာပါ။ ဆဲလ်ထဲမှာတွေ့တဲ့ ပရိုတင်း ကို အက်ဂလူတီနိုဂျင်လို့ခေါ်ပြီး ပလာစမာထဲမှာတွေ့တဲ့ ပရိုတင်း ကိုတော့ အက်ဂလူတီနင်းလို့ခေါ် တယ်။ အက်ဂလူတီနိုဂျင်က နှစ် မျိုး ထပ်ကွဲသွားတာမို့ A နဲ့ B ဆိုပြီး ခွဲခြားသတ်မှတ်လိုက် တယ်။ တစ်ခါ အက်ဂလူတီနင်း ကလည်း နှစ်မျိုးရှိနေတာမို့ a နဲ့ b ဆိုပြီး ကွဲကွဲပြားပြား သတ်မှတ် ယူလိုက်ကြတယ်။ ဥပမာ မောင်ဖြူက A သွေး အုပ်စုလို့ ဆိုကြပါစို့။ သူ့မှာ A အက်ဂလူတီနိုဂျင်ကို ဆဲလ်ထဲမှာ တွေ့ရပြီး b အက်ဂလူတီနင ...

                                               

အဆီပြန်သော ဦးရေပြား

ဦးရေပြား အဆီပြန်ခြင်းသည် အပျိုဖော်၊လူပျိုဖော် ဝင်ကာစ အရွယ်များတွင် ဟိုမုန်းပြောင်းလဲမှုကြောင့် ဖြစ်တတ်သည်။ ပုံမှန်အားဖြင့် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း အဆီပြန်မှု နည်းပါသွားသည်။ ဦးရေပြားရှိ အဆီဂလင်းများ အဆီပိုထုတ်ခြင်းသည် ဦးရေပြားအဆီပြန်ခြင်းကို ဖြစ်စေသည်။

                                               

အပ်​စိုက်​ကု​သ​ခြင်း

အပ်စိုက်ကုသခြင်း တတ်ပညာသည် ေရှးနှစ်ထောင်ပေါင်းများစွာကပင် တရုတ် နိုင်ငံ၌ အသုံးပြုလာခဲ့သော ဆေးအတတ်ပညာတစ်ရပ်ဖြစ်သည်။ သို့သော် မကြာသေးခင်ကမှ အပ်စိုက်ကုသခြင်းကို လူသိများလာကာ ဝေဒနာပျောက်ကင်းစေသောနည်းအဖြစ်၎င်း၊ ခွဲစိတ်ကုသရာ၌ လူနာကို ထုန်စေသောနည်းအဖြစ်၎င်း အသုံးများလာကြသည်။ ယခုအခါ ခေတ်မီတိုးတက်သော နိုင်ငံများ၌ပင်အပ်စိုက်ကုသ ခြင်းကို လက်တွေ့အသုံးချနေကြလေသည်။ ရှေးဟောင်း ဒဏ္ဍာရီအရ လွန်ခဲ့သော နှစ် ၃၆ဝ⁠ဝခန်ဿက တရုတ်ဘုရင်ကြီး ရှီဟွမ်တီ၏ ပျိုးထောင်ပေးမှုကြောင့် အပ်စိုက်ကုသခြင်းအတတ်ပညာ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုသည်။ ရှေးတရုတ် ဆေးပညာရှင် များ၏အဆိုအရ လူ့ခန္ဓာကိုယ်အတွင်း၌ အသက်စွမ်းအင်ဓာတ် စီးသည့်မမြင်နိုင်သော ...

                                               

အဖြူဆင်းခြင်း

မီးယပ်ပြဿနာမျိုးစုံထဲမှ မိန်းမကိုယ်မှ အဖြူဆင်းခြင်းအကြောင်း ဖြစ်သည်။ ပုံမှန်လစဉ်ဖြစ်လေ့ရှိသော သွေးဆင်းခြင်းမဟုတ်ဘဲ အခြားအရာများ ထွက်လာသောရောဂါဖြစ်သည်။

                                               

အိုမီဂါ-၃

အိုမီဂါ-၃ သည် ပင်လယ်ငါးများတွင် ပါရှိသော ဖက်တီး အက်ဆစ် တစ်မျိုး ဖြစ်သည်။ နှလုံး ၊ ဦးနှောက် ၊ ကြွက်သားများ ကိုကျန်းမာစေသည်။ နှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်များက အိုမီဂါ-၃ ဟာ လူသားတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိလေ့လာ ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ ကနေဒါ ၊ ဂရင်းလန်း ၊ ရုရှ နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် နေထိုင်ကြသူများသည် ဥရောပတိုက်တွင် နေထိုင်သူများထက် နှလုံးကြွက်သား ဆိုင်ရာရောဂါ ဖြစ်ပွားမှုနှုန်း ပိုနည်းသည်။ အိုမီဂါ-၃ fatty acid ကြွယ်ဝနေသော ပင်လယ်ငါးများကို အဓိကထား စားသုံးသည့် ဂျပန်လူမျိုးများသည် ကမ္ဘာပေါ်တွင် အသက်ရှည်ရှည် အနေနိုင်ဆုံးသော လူမျိုးများ ဖြစ်ကြသည်။ အိုမီဂါဓာ ...

                                               

ဇီဝဆေးပညာ

ဇီဝဆေးပညာ သည် အများအားဖြင့် ဆေးပညာ သုသေန ဟုသိကြပြီး အသုံးချ သုသေန နှင် အခြေ သုသေန တို့ ပေါင်းစပ်ပြီး ဆေးပညာ နားလည်သဘော ပေါက်မှုတွင် အကူအညီ ပေးလျစ်ရှိသည်။ ဆေးပညာ သုသေန ၏ အတိက ဂိုဏ်းနှစ်ရပ်မှာ အံဒရယ် ကင်းပြီး အစွမ်းထက်သော ကုထုံးပေါ်ပေါက်ရေးအတွက် ဆန်းသစ်သော clinical trial နှင် ကုထုံးအသစ် ပေါ်ပေါက်ရေးအတွက် ကြိုးစားသော သုသေန ဟုရှိသည်။ အဲ့ဒီနောက် လမ်းခွ ကို ကုထုံး နည်းပညာ အသစ် ပေါ်ပေါက်ရေး တွင် အသိပညာ ရရှိရေး ကိုဦးတည်သော preclinical research ဟု ခေါ်တွင်သည်။

ကော်တီဆုန်း
                                               

ကော်တီဆုန်း

ကော်တီဆုန်း ဆိုသည်မှာ အာဒင်နဲလ်အကြိတ်မှ ထုတ်လုပ်သော ဟိုမုန်းအစုတစ်မျိုး ဖြစ်သည်။ ထိုဟိုမုန်းသည် ခန္ဓာကိုယ်၏ ဖြစ်စဉ်၌ အရေးပါသည်။ ကာဘိုဟိုက်ဒရိတ် ပရိုတိန်းများကို ထုတ်လုပ်ရာတွင်၎င်း၊ ခန္ဓာကိုယ်၌ ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်များ မျှတအောင် ပြုလုပ်ရာ၌၎င်း အကျိုးပြုသည်။ အချို့ ဒူလာရောဂါများတွင် ကော်တီဆုန်းကို အသုံးပြု စမ်းသပ်၍ လေ့လာကြသည်။ သိပ္ပံပညာနည်းဖြင့် ကော်တီဆုန်းများကို အတုပြုလုပ်ရန် ကြံဆဆဲဖြစ်သည်။

                                               

သန္ဓေတားဆေး

လေ့လာချက်များအရ ပေါင်းစပ်သန္ဓေတားဆေးသည် သန္ဓေတားရုံသာမကဘဲ ကျန်းမာရေးအရ သိသာသော အကျိုးကျေးဇူးများကိုပေးနိုင်ပါသည်။ ဤဆေးသည် အောက်ဖော်ပြပါရောဂါများနှင့် မူမမှန်ဖြစ်ခြင်းတို့ကို လျော့နည်းစေပါသည်။ သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း သားဥအိမ်ကင်ဆာ သားအိမ်ကင်ဆာ သားဥအိမ်အလုံး ကုသ၍ရသော ရင်သားအလုံးအကျိတ်ရောဂါများ လစဉ်ရာသီသွေးဆင်းလွန်ခြင်းနှင့် ၎င်းဆက်နွယ်သော သွေးအားနည်းရောဂါ လစဉ်ရာသီသွေးဆင်းခြင်းနှင့် ဆက်နွယ်သော ဗိုက်နာ၊ ဗိုက်အောင့် မအီမသာဖြစ်ခြင်း

အာသီးရောင်ရောဂါ
                                               

အာသီးရောင်ရောဂါ

အာသီးရောင်ရောဂါ သည် ဘက်တီးရီးယား ဗိုင်းရပ် ကြောင့် အာသီးရောင်ရမ်းသောရောဂါဖြစ်သည်။ အဖြစ်အများဆုံးကတော့ ဗိုင်းရပ်ကြောင့်ဖြစ်သည်။ လည်ချောင်းနာခြင်း၊ ကိုယ်ပူချိန်တက်ခြင်းစသည့် လက္ခဏာများခံစားရနိုင်သည်။ အများစုသည် သုံးရက် မှ တစ်ပတ်အတွင်း သက်သာသွားကြသည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →