Back

ပညာရေး - ပညာရေး, ပညာရေးဝန်ကြီးဌာန, စိမ့်, ပညာရေး, ရန်ကုန်ပညာရေးတက္ကသိုလ်, စစ်ကိုင်းပညာရေးတက္ကသိုလ်, ဟားခါးပညာရေးကောလိပ်, ဘားအံပညာရေးကောလိပ်, အဝေးသင်ပညာရေး ..



                                               

ပညာရေး

ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များကိုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင်မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများကိုပေးသော လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်း ပညာခေတ်ကြီးတွင် ပညာဗဟုသုတများကို ကျွမ်းဝင်စေရန် ကြိုးပမ်းအားထုတ်နေကြရရုံမျှမက ထိုပညာရပ်များကို ကောင်း မကောင်း မှန် မမှန်ဆုံးဖြတ်နိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍ တွင်ပါဝင်လာသည်။ ထို့ပြင် ကိုယ်လိုချင်သည့်အချက်အလက်များကို နှိုက်ယူနိုင်စွမ်း၊ မည်သည့်နေရာတွင်ရှိနေမှန်း သိနိုင်သည့်အသိတရား သည်လည်း ...

                                               

ပညာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ပညာရေး နှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန ထားရှိပါသည်။ လက်ရှိဝန်ကြီးမှာ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ​ဒေါက်တာညွန့်ဖေဖြစ်သည်။အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကမူ ​​ဒေါက်တာ​ဇော်​ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

                                               

စိမ့် (ပညာရေး)

စိမ့်-ပညာရေးသည် မော်လမြိုင်မြို့ ဦးဘမှန်လျှပ်စစ်-ငြိမ်းနှင့် ဒေါ်နှင်းရွှေတို့မှ မွေးဖွားသည်။ မွေးချင်းခြောက်ဦးအနက် အကြီးဆုံးသမီး ဖြစ်သည်။ ငယ်အမည်မှာ မတင်စိန် ဖြစ်သည်။ ငယ်စဉ်က မော်လမြိုင်မြို့ မော်တင်လိန်း မိန်းကလေးကျောင်း၊ အမှတ်၁အစိုးရအထက်တန်းကျောင်း၊ မော်လမြိုင်ဥပစာကောလိပ် တို့တွင်ပညာသင်ကြားခဲ့သည်။ ၁၉၆၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၆၄-ခုနှစ်တွင် ရန်ကုန် ပညာရေးမဟာဌာနမှ ဘီအီးဒီဘွဲ့၊ ၁၉၇၆-ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ မဟာပညာရေးဘွဲ့များ ရရှိခဲ့သည်။

                                               

ရန်ကုန်ပညာရေးတက္ကသိုလ်

ရန်ကုန်ပညာရေးတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းမကြီးဘေး စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ပညာရေးတက္ကသိုလ် ဖြစ်သည်။

                                               

စစ်ကိုင်းပညာရေးတက္ကသိုလ်

စစ်ကိုင်းပညာရေးတက္ကသိုလ် သည် မြန်မာနိုင်ငံရှိ ပညာရေးတက္ကသိုလ်နှစ်ခုမှ တစ်ခုဖြစ်သည်။ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် စစ်ကိုင်းစက်မှုဇုန်အနီးတွင်တည်ရှိသည်။ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အဓိကအားဖြင့် ပညာရေးဘာသာများဖြစ်ကြသော ပညာရေးစိတ်ပညာ Educational Psychology၊ ပညာရေးသဘောတရား Educational Theory နှင့် သင်ပြနည်းMethodology ဟူသော ဘာသာရပ် ၃ မျိုးကို အဓိကထားပြီး သင်ကြားပို့ချသည်။ လာရောက်သင်ကြားသော ကျောင်းသား၊ ကျောင်းသူ ဆရာ၊ဆရာမလောင်းတို့ နေထိုင်ရန်အတွက် ကျောင်းဝင်းအတွင်း၌ အဆောင်များကို တည်ဆောက်ထားသည်။

                                               

ဟားခါးပညာရေးကောလိပ်

ဟားခါးပညာရေးကောလိပ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တည်ရှိသော ပညာရေးကောလိပ်တစ်ခု ဖြစ်သည်။ ဟားခါးပညာရေးကောလိပ်သည် ချင်းပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်သည့် ပညာရေးကောလိပ်တစ်ခု ဖြစ်သည်။

                                               

ဘားအံပညာရေးကောလိပ်

ဘားအံပညာရေးကောလိပ် သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ ဘားအံ-အိန္ဒုကားလမ်းမကြီး၌ တည်ရှိကာ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရှိသည်။ ၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ဘားအံပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။

                                               

အဝေးသင်ပညာရေး

အဝေးသင်ပညာရေးသည် ပညာရေးနယ်ပယ်မှ တစ်ခုဖြစ်ပြီး မျက်မှောက်တွင် စာသင်ခန်းကဲ့သို့သော မူလပညာရေးဆိုင်ရာ သတ်မှတ်ချက်နေရာတွင် မရှိသော စာသင်သားများထံသို့ ပညာသင်ကြားခြင်းအား အရောက်ပေးပို့ခြင်း၏ ရည်ရွယ်ချက်နှင့်အတူ နည်းပညာကိုအခြေခံထားသည့် စနစ်သစ်ပညာရေးစနစ်ဖြစ်သည်။ တိုးတက်လာသည့် ခေတ်ကြီးတွင် ဆက်သွယ်ရေးလမ်းကြောင်းသည် ပြောင်းလဲမြန်ဆန်လာသည်နှင့်အမျှ ပညာသင်ယူရေးလမ်းကြောင်းသည်လည်း မြင့်မား လာရသည်။ ပညာသင်ယူရေးသည် ဒေသနှင့်ကာလကြောင့် အနှောက်အယှက်အတားအဆီးမဖြစ်စေရဆိုသည့်မူသည် ခေတ်သစ် ပညာရေးတွင် အဓိကကျသည့်အချက်ဖြစ်လာသည်။

                                               

တောင်ငူပညာရေးကောလိပ်

တောင်ငူပညာရေးကောလိပ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တည်ရှိသည်။ တောင်ငူရိုမန်ကက်သလစ်အသင်းတော်၏ ကွန်ဗင့်အထက်တန်းကျောင်း ဖြစ်ခဲ့ပြီး ပြည်သူပိုင်အဖြစ် သိမ်းလိုက်ပြီးနောက် ဆရာအတတ်သင်ကောလိပ် ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် တောင်ငူပညာရေးကောလိပ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။

                                               

ထားဝယ်ပညာရေးကောလိပ်

ထားဝယ်ပညာရေးကောလိပ် သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရှိသည်။ ၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ထားဝယ်ပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။

                                               

ကျောက်ဖြူပညာရေးကောလိပ်

ကျောက်ဖြူပညာရေးကောလိပ် သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရှိသည်။ ၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ဖြစ်လာသည်။ ယခင် ၂ နှစ်သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။

                                               

မော်လမြိုင်ပညာရေးကောလိပ်

မော်လမြိုင်ပညာရေးကောလိပ်အား ၁၉၅၃ ခုနှစ်တွင် အ.ထ.က ၃ မော်လမြိုင်၌ ဆရာအတတ်သင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၁ တွင် အကျယ်အဝန်း ၁၅.၈၄၁ ကျယ်ဝန်းသော ယခုတည်နေရာသို့ ပြောင်းကာ ဖွင့်လှစ်ခဲ့သည်။၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့တွင် မော်လမြိုင်ပညာရေးကောလိပ်အပါအဝင် ပညာရေးကောလိပ် ၂၅ကျောင်းအား ၄နှစ်သင် ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၁၉၆၇ − ဆရာအတတ်သင်သိပ္ပံ. ၁၉၉၈ ဒီဇင်ဘာ − ပညာရေးကောလိပ်. ၂၀၂၀ ဩဂုတ် ၃၁ - ပညာရေးဒီဂရီကောလိပ်. ၁၉၅၃ − ဆရာအတတ်သင်ကျောင်း.

                                               

ကလေးဗဟိုပြုသင်ကြားရေးစနစ်

ကလေးဗဟိုပြုသင်ကြားရေးစနစ်အားမြန်မာနိုင်ငံတွင် CCA ကလေး ဗဟိုပြု သင်ယူမှုချဉ်းကပ်နည်း ဟူ၍ ခေါ်ပါသည်။ မြန်မာ့ပညာရေးစနစ်တွင် အဓိကပြုပြင်ပြောင်းလဲမှုများအနေဖြင့် ဆရာဗဟိုပြုသင်ယူမှုချဉ်းကပ်နည်း မှ ကလေးဗဟိုပြု သင်ယူမှုချဉ်းကပ်နည်း သို့ လည်းကောင်း၊ အလွတ်ကျက်မှတ်သည့်ပုံစံ မှ ကြောင်းကျိုးဆက်စပ်တွေးခေါ်တတ်မှု၊ ဝေဖန်ဆန်းစစ်တတ်မှု၊ တီထွင်ဖန်တီးတတ်မှုစသော ကလေးတို့၏ စဉ်းစားတွေးခေါ်မှုစွမ်းရည် တိုးတက်အောင် ပြုစုပျိုး ထောင်သည့်ပုံစံ သို့လည်းကောင်း၊ အတန်းတင်စာမေးပွဲစနစ် မှ စဉ်ဆက်မပြတ် အကဲဖြတ် အတန်း တင်ပေးသောစနစ် သို့လည်းကောင်း သင်ကြားသင်ယူမှုလုပ်ငန်းများကို ပြုပြင်ပြောင်းလဲဆောင်ရွက် လျက်ရှိကြောင်း တွေ့ရပါသည ...

                                               

ကောလိပ်

ကောလိပ် သည် ပညာရေးဆိုင်ရာ ဌာန ပညာရေး အဆောက်အအုံ၏ တွဲဖက် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ကောလိပ်ဟူသော အသုံးအနှုန်းမှာ အင်္ဂလိပ်စကားပြော နိုင်ငံများ၌ပင် အသုံးအနှုန်း ကွဲပြားလျှက်ရှိသည်။ ကောလိပ်သည် ဌာနစုံ တက္ကသိုလ်နှင့် တွဲဖက်ထားပြီး ဘွဲ့ဒီဂရီပေးနိုင်သော ပညာရေး အဆောက်အအုံ ဖြစ်သည်။ ကောလိပ်သည် တက္ကသိုလ် မရောက်မီ အဆင့် ဘာသာရပ်တန်းခွဲများကို ပို့ချပေးလေ့ရှိသည်။ အထက်တန်းပညာ သင်ကြားပြီးနောက် ဆက်လက်၍ သီးခြားပညာရပ်ကို သင်ကြားရသည့် တက္ကသိုလ်ကျောင်းဖြစ်သည်။ ပညာရပ်အလိုက် ဝိဇ္ဇာပညာတက္ကသိုလ်၊ သိပ္ပံပညာတက္ကသိုလ်၊ သက်ကြီးတက္ကသိုလ်လုပ်သားကောလိပ် စသည်ဖြင့် အမျိုးမျိုးရှိသည်။ မြင့်မားသော ပညာ ဆက်လက်ဆည်းပူးရာ တက္ကသို ...

                                               

ကျား-မ ပညာရေး

ကျား-မ ပညာရေး မှာ ကျောင်းများတွင် ယောက်ျားကလေးနှင့် မိန်းကလေးများကို တတ်နိုင်သမျှ အတူတူရောပြီး တစ်ချိန်းတည်း၌ စာသင်ခန်း တစ်ခုတည်းတွင် သင်အံစာတစ်မျိုးတည်းကို သင်ရိုးသင်တမ်း ကုန်ဆုံးသည်အထိ အတူသင်ကြားခြင်းကို ဆိုလိုသည်။ ရှေးအခါများက မိန်းကလေးများ၏ ပညာသင်ကြားရေးကို ဂရုမပြုခဲ့ကြချေ။ မိန်းကလေးဆိုလျှင် ပညာကို ထူးချွန်အောင် သင်ရန်မလို၊ ယောက်ျားများကို ဖျော်ဖြေရန်အတွက် သူတို့၏ ရုပ်ရည်လှပမှုမှု၊ ကိုယ်ဟန်ကြော့ရှင်းမှုတို့လောက်ကို ဂရုစိုက်ကာ ပြုပြင်နေရန်သာ ရှိသည်ဟူသော ရှေးခေတ် တယူသန်ဝါဒစွဲကြောင့် မိန်းမပညာတတ်များခေါင်းပါးခဲ့လေသည်။ သို့သော် တဖြည်းဖြည်း ခေတ်ပြောင်းလာသည်နှင့်အမျှ ပေါင်းသင်း ဆက်ဆံရေးသဘောထ ...

                                               

ကျူတိုရီရယ်

ကျူတိုရီရယ် ကို ပညာသင်ကြားနည်း တစ်ခုအဖြစ် ဖေါ်ပြလေ့ရှိကြသည်။ စာအုပ်များ၊ လက်ချာများဖြင့် သင်ကြားခြင်းထက် ပိုမိုထိရောက်ပြီး ဆရာနှင့် ကျောင်းသားအကြား သာမက ကျောင်းသားအချင်းချင်းအကြား အမေးအဖြေများ ဆွေးနွေးချက်များဖြင့် ပညာသင်ကြားသည့် နည်းစနစ် ဖြစ်သည်။ လုပ်ငန်းတစ်ခု သို့မဟုတ် ပရောဂျက်တစ်ခု ပြီးမြောက်စေရန် ဥပမာများ၊ နမူနာ ပရောဂျက်များ၊ လုပ်ပုံလုပ်နည်းများ၊ သတင်းအချက်အလက်များကိုလည်း ပံ့ပိုးပေးလေ့ ရှိသည်။

                                               

ကျူရှင်

ကျူရှင်သည် အင်္ဂလိပ် ဘာသာစကား tuition မှ မွေးစားထားသည့် စကားလုံးဖြစ်သည်။ မူရင်း အဓိပ္ပါယ်မှာ အခကြေးငွေပေးရသည့် သင်တန်းတစ်မျိုးမျိုးကို ဆိုလိုသည်။ အမေရိကန်ပြည်ထောင်စုတွင် တက္ကသိုလ် တက်ရောက်ခွင့်တွင် tuition fee ကိုပါ ပေးဆောင်ရသည်။ မြန်မာစကားတွင်မူ ကျူရှင်ဆိုသည့် စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်လွန် နောက်ပိုင်းတွင် ဖြစ်သည်။ထိုစဉ်ကအထက်တန်းကျောင်းသားအချို့သာကျူ ရှင်ယူခဲ့ကြသော်လည်း၊တဖြည်းဖြည်းပျက်စီးလာသောမြန်မာနိုင်ငံပညာရေးစနစ်၏အားနည်းချက်ကြောင့်လည်းကောင်း၊ဝန်ထမ်းဖြစ်သောဆရာ၊ဆရာမတို့၏မလုံလောက်သောလစာဝင်ငွေနည်းပါးမှုကိုဖြေရှင်းရန်ကြိုးစားရာမှလည်းကောင်း၂ဝဝဝခုနှစ်နောက်ပိ ...

                                               

ကျောင်း

ကျောင်းဟူသည့် အဓိပ္ပါယ် အဓိကအရင်းအမြစ်မှာ သတ္တဝါ တစ်ဦး တစ်ယောက် သို့မဟုတ် ထိုထက်များသော သူတို့အား လိုချင်သည့် ပုံစံ ရယူရန် သို့မဟုတ် အမှားပြုလုပ်ခြင်းမှ ကင်းလွတ်စေရန် ထိန်းကျောင်းခြင်းကို ဆိုလိုသည်။ ဥပမာ အနေဖြင့် နွားတစ်ကောင်အား ထိန်းကျောင်းရာတွင် သူတပါး၏ လယ်မြေသို့ မှားယွင်းမဝင်စေရန်၊ သူတပါးလယ်ယာမြေမှ စပါးပဲတို့ကို မစားမိစေရန်အတွက် ထိန်းကျောင်းပေးခြင်းကဲ့သို့သော အဓိပ္ပါယ်ကို ဆိုလိုသည်။ ထိုစကား၏အဓိပ္ပါယ်သက်ရောက်မှု ရှိသော နေရာ အဆောက်အဦးကို ကျောင်း ဟုခေါ်သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း သို့မဟုတ် ခရစ်ယာန် ချတ်ကျောင်းတို့သည် လူသားတို့အား အမှားများမပြုလုပ်မိစေရန်နှင့် ကောင်းမှုများပြုလုပ်ကြရန် ...

                                               

ကျောင်းသုံးစာအုပ်

မည်သည့်အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် နိုင်ငံအစိုးရ ဌာန တခုခုက အတည်ပြု၍ ကျောင်းများတွင် အသုံးပြုရန် ပြဋ္ဌာန်း‌ ကြေညာလိုက်သောအခါ ထိုစာအုပ်သည် ကျောင်းသုံးစာအုပ် ဖြစ်လာသည်။ ကျောင်းသုံးစာအုပ် ဆိုသည်မှာ ကျောင်းများနှင့် ဆရာအတတ်သင်ကျောင်းများတွင် အသုံးပြုရန် ဥပဒေအရ ဖွဲ့စည်းထားသော အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ မာတိကာနှင့် ကျောင်းသုံးကော်မတီက ထုတ်သည့် သို့မဟုတ် အသိအမှတ် ပြုလျက် ပြဋ္ဌာန်းထားသည့် စာအုပ်ကို ဆိုလိုသည်။ ၎င်းသည် နေ့စဉ်ထုတ်၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ် သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းများမှာကဲ့သို့ အချိန်မှန် ထုတ်ဝေရသော စာပေမျိုး မဟုတ်ဘဲ၊ ကျောင်းသုံးစာအုပ် ထုတ်ဝေရေးတွင် အချိန်မှန် ထုတ်ဝေရန် ပြဿနာ မရှိ ...

                                               

ကွန်ပျူတာတက္ကသိုလ်

ကွန်ပျူတာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ် သည် ပညာရေးဝန်ကြီးဌာန အောက်တွင်တည်ရှိသောတက္ကသိုလ်ဌာန တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း ၂၅ ခုရှိသည်။ တိုင်းနှင့် ပြည်နယ်အလိုက် ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ တက်ရောက်၍ ရရှိနိုင်သော ဘွဲ့ အမျိုးအစားပေါင်း ၆ မျိုးရှိသည်။ ၎င်းတို့မှာ B.C.Sc Bachelor of Computer Science - တက်ရောက်ရန် ကြာမြင့်ချိန် ၅ နှစ် B.C.Tech Bachelor of Computer Technology - တက်ရောက်ရန် ကြာမြင့်ချိန် ၅ နှစ် B.C.ScHon: Bachelor of Computer Science,Honour - တက်ရောက်ရန် ကြာမြင့်ချိန် ၁ နှစ် B.C.TechHon:Bachelor of Computer Technology,Hon ...

                                               

ဂုဏ်ထူးဆောင်ပါမောက္ခ

ဂုဏ်ထူးဆောင်ပါမောက္ခ ဝိသေသဂုဏ်ပုဒ်ကို ယူနိုက်တက်ကင်းဒမ်းနိုင်ငံရှိ တက္ကသိုလ်များက ၎င်းတို့ထံတွင် အလုပ်လုပ်မနေသော သူတစ်ဦးဦးကို ပါမောက္ခအဖြစ် ခန့်အပ်လိုသောအခါ သို့မဟုတ် ဂုဏ်ပြုလိုသောအခါ သို့မဟုတ် အတူတကွအလုပ်လုပ်လိုသောအခါ တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်နေသူတစ်ဦးဦး၏ ထောက်ခံချက်၊ တက္ကသိုလ်ကောင်စီ၏ အတည်ပြုချက်ဖြင့် ချီးမြှင့်လေ့ရှိသည်။ ခန့်အပ်ချီးမြှင့်ခြင်းကို ကာလအပိုင်းအခြားတစ်ခု သတ်မှတ်လေ့ရှိပြီး ထပ်မံသက်တမ်းတိုး ခန့်အပ်ခြင်းများလည်း ပြုကြသည်။ ဂုဏ်ထူးဆောင်ပါမောက္ခများသည် သက်ဆိုင်ရာတက္ကသိုလ်များတွင် သင်ကြားခြင်း၊ သုတေသနပြုလုပ်ခြင်းများ ပြုကြသည်။ ၎င်းတို့ကို တက္ကသိုလ်များက လစာပေးလေ့မရှိသော်လည်း ခရီ ...

                                               

ဂုဏ်ထူးဆောင်ဘွဲ့

ဂုဏ်ထူးဆောင်ဘွဲ့ သည် ပညာရေးဆိုင်ရာဘွဲ့တစ်ခုဖြစ်၍ ထိုဘွဲ့အတွက် တက္ကသိုလ် ဆုချီးမြှင့်သည့် အဖွဲ့အစည်းတစ်ခုခုသည် ပုံမှန်လိုအပ်ချက်များကို လျှော့ပေါ့စဉ်းစားပေးရာ နမူနာအနေဖြင့် ပါဝင်နိုင်သော လိုအပ်ချက်များမှာ တက္ကသိုလ်ဝင်ခွင့်၊ တက်ရောက်မှု၊ သင်ရိုးဆိုင်ရာ အပိုချိန်သင်ယူမှု ၊ အဆင့်မြင့်ဘွဲ့အတွက် ပြုစုကျမ်း ၊ ကျယ်ပြန့်သော စာမေးပွဲအောင်မြင်မှု စသည်တို့ဖြစ်ကာ ထိုလိုအပ်ချက်များကို လျှော့ပေါ့စဉ်းစားပေးကြသည်။ ဤဘွဲ့အား အနက်အဓိပ္ပာယ်ဖွင့်ဆိုပုံများမှာ တက္ကသိုလ် သို့ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ကွဲပြားနိုင်သည်။ မဲရီယန်-ဝက်ဘ်စတာ အဘိဓာန်က "ကျောင်းသူ/သား မဟုတ်ဘဲ အရေးပါသော အရာတစ်ခုခုကို ဆောင်ရွက်သူအား တက္ကသိုလ ...

                                               

စာပေပါရဂူဘွဲ့

စာပေပါရဂူဘွဲ့ သည် တက္ကသိုလ်တစ်ခုမှ လူမှုဗေဒဘာသာရပ်များအတွက် ချီးမြှင့်သော အမြင့်ဆုံဘွဲ့ တစ်ခုဖြစ်သည်။ နေထိုင်သောနိုင်ငံ အပေါ်မူတည်၍ ယင်းဘွဲ့သည် ပါရဂူဘွဲ့ သိပ္ပံပါရဂူဘွဲ့ ကဲ့သို့သော အဆင့်မြင့်ပါရဂူဘွဲ့ နှင့်ညီမျှသည်ဟု ယူဆနိုင်သည်။ နိုင်ငံအတော်များများက တက္ကသိုလ် နှင့် ပညာရေး/ရပ်ဆိုင်ရာ အဖွဲ့အစည်းများက လူမှုနယ်ပယ် များတွင် ထူးကဲသောလုပ်ဆောင်မှုများကို အသိအမှတ်ပြုသောအားဖြင့် ချီးမြှင့်လေ့ရှိကြသည်။ များသောအားဖြင့် မူလဘွဲ့ယူကျမ်းကို ခုခံကာကွယ်ခြင်း ပိုမိုတိုးတက်အောင်ပြုခြင်း အပါအဝင် ပုံမှန်ပါရဂူဘွဲ့အတွက် လေ့လာမှုပြီးမြောက်သောကြောင့် ချီးမြှင့်ခြင်းဖြစ်နိုင်သကဲ့သို့ အမြင့်ဆုံးအရည်အသွေးဖြင့် သိပ္ပ ...

                                               

စီမံအုပ်ချုပ်မှု ဒီပလိုမာ

စီမံအုပ်ချုပ်မှု ဒီပလိုမာ ကို ရန်ကုန်စီးပွားရေး တက္ကသိုလ် ၊ စီမံခန့်ခွဲမှု ပညာဌာနမှ ဖွင့်လှစ် သင်ကြားသည်။ DMA program ကို ၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် Department of Commerce and Administration Studies မှစတင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ပရော်ဖက်ဆာ ဦးဝီလျှံပေါ Professor William Paw ဦးဆောင်ပြီး အခြား ပရော်ဖက်ဆာများ၏ ပူးပေါင်းမှု၊ University of Utah မှ exchange professor များ၊ ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည်။ စီမံအုပ်ချုပ်မှု ဒီပလိုမာကို စီးပွားရေးနှင့် စက်မှုလုပ်ငန်း လိုအပ်ချက် ကြီးထွားမှုအတွက် စွမ်းဆောင်ရည် ပြည့်ဝသော မန်နေဂျာများ၊ ကျွမ်းကျင်သော အုပ်ချုပ်သူများ ဖြည့်ဆည်းပ ...

                                               

စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (ဆေးပညာသင်ကြားရေး)

စုစည်းချိတ်ဆက်ခြင်းသင်ကြားခြင်း သင်ရိုးညွှန်းတမ်း သည် ဆေးပညာသင်ကြားရေးနယ်ပယ်တွင် အရေးပါသော သင်ရိုးညွှန်းတမ်းပုံစံ တစ်ခုဖြစ်ပြီး သင်ခန်းစာများကို တစ်စုတစ်စည်းတည်းဖြစ်အောင် စုစည်း၍သော်လည်းကောင်း သို့မဟုတ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍သော်လည်းကောင်း သင်ကြားသည်။ စုစည်းချိတ်ဆက်သင်ကြားခြင်းကို ဘာသာရပ်ဌာနများအတူအကွသင်ကြားခြင်း ၊ သင်ခန်းစာခေါင်းစဉ်ဖြင့်သင်ကြားခြင်း သို့မဟုတ် ဘာသာရပ်များပူးပေါင်းညှိနှိုင်းသင်ကြားခြင်း ဟုလည်း ခေါ်ကြသည်။ ရှေးရိုးသင်ရိုးညွှန်းတမ်းပုံစံများတွင် သင်ခန်းစာများကို ဘာသာရပ်ဌာနတစ်ခုစီကလည်းကောင်း သို့မဟုတ် သင်တန်းတစ်ခုစီကလည်းကောင်း အဆက်အစပ်မရှိပဲ သီးသန့်စီ သင်ကြားသည်။ ဥပမာ ရှေးရိ ...

                                               

ဆရာကြီး

ပညာရပ်တစ်ခုခုတွင် စာတွေ့လက်တွေ့ ကျွမ်းကျင်သော ဗဟုသုတများသော ပညာရှင်ကြီး ဖြစ်သည်။ အားကစားတွင်ဖြစ်စေ၊ ကိုယ်ခံပညာရပ်တွင်ဖြစ်စေ၊ ပညာရေးတွင်ဖြစ်စေ စာတွေ့လက်တွေ့ စနစ်တကျ အထူးကျွမ်းကျင်သူ ပညာရှင် အဆင့်ရှိသူကို ခေါ်သည်။ နည်းပြဆရာ/ ဆရာများထဲတွင် ဝါအရင့်ဆုံး၊ ပညာရည်အမြင့်မားဆုံးသော ပုဂ္ဂိုလ်တို့သည် ထိုအသင်းအဖွဲ့ ၏ ဆရာကြီး ဖြစ်သည်။ အတွေ့အကြုံကြီးမားသူ ဟု နားလည်နိုင်သည်။ တစ်နည်းဆိုရသော် ဆရာကြီး ဆိုသည်မှာ ပညာရပ်ဆိုင်ရာများကို ကောင်းစွာဝေဖန်သုံးသပ်နိုင်စွမ်းသင်ကြားနိုင်စွမ်းရှိသော အတွေ့အကြုံကြီးမားသူ ဝါရင့်ပညာရှင်ဆရာကြီး The Principal and chief learning officer / A person who is the head teacher in a sc ...

                                               

တက္ကသိုလ်

တက္ကသိုလ် ဆိုသည်မှာ အထက်တန်းပညာနှင့် ဗဟုသုတများကို စနစ်တကျပို့ချရာ ‌ကျောင်းကြီးများကို ခေါ်သည်။ ‌ရှေးယခင်က တက္ကသိုလ်များသည် စာ‌ပေပညာ၌ ဝါသနာပါသူတစ်စုက အထက်တန်းပညာရပ်များကို သင်ကြား‌ပေးရန် ဖွဲ့စည်းထား‌သော အဖွဲ့အစည်းများသာ ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌မူ နိုင်ငံ‌တော်အစိုးရ သို့မဟုတ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး သို့မဟုတ် ဘုရင်မင်းမြတ်တို့က ချာတာ‌ခေါ် အထူးအခွင့်အ‌ရေး ‌ပေး‌သောစာချုပ်ဖြင့် တည်‌ထောင်ခွင့်ပြု‌သော အထက်တန်းပညာ ရပ်များကို သင်ကြားပို့ချ‌ပေးသည့် ‌ကျောင်းကြီးများကိုသာ တက္ကသိုလ်ဟု‌ခေါ်သည်။ ယင်းတို့သည် သတ်မှတ်ထား‌သော စည်းကမ်းနှင့် အဆင့်အတန်းပြည့်စုံသူများအား စာ‌မေးပွဲဖြင့် စစ်‌ဆေးပြီး‌နောက် ...

                                               

တက္ကသိုလ် ပညာပဒေသာစာစောင်

တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် သက်ဆိုင်ရာ ဘာသာရပ်များ မြန်မာဘာသာဖြင့် သင်ကြားရေးကို အထောက်အကူပြုရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာန၊ အထက်တန်းပညာဦးစီးဌာနက ထုတ်ဝေသော စာစောင်ဖြစ်သည်။ စာစောင်ကို ၁၉၆၆ မတ် မှ စ၍ တစ်နှစ်လေးကြိမ်ထုတ်ပုံစံဖြင့် ထုတ်ဝေခဲ့သည်။ ထုတ်ဝေစက စာစောင်တစ်ခုတွင် ဝိဇ္ဇာပညာရပ်ဆိုင်ရာဆောင်းပါးများ၊ သိပ္ပံပညာရပ်ဆိုင်ရာဆောင်းပါးများ၊ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများပါဝင်သည်။ ဆောင်းပါးများတွင် သုတေသန ဆောင်းပါးများ အလေးကဲသည်။ ၁၉၇၂ ဇန်နဝါရီမှ စ၍ စာစောင်ကို သိပ္ပံစာစောင်နှင့် ဝိဇ္ဇာစာစောင်ဟု နှစ်မျိုးခွဲထုတ်ခဲ့သည်။ သိပ္ပံစာစောင်တွင် သိပ္ပံပညာရပ်ဆိုင်ရာ ဆောင် ...

                                               

တက္ကသိုလ်ဝင်တန်းစာမေးပွဲ

တက္ကသိုလ်ဝင်စာမေးပွဲ သည် မြန်မာနိုင်ငံရှိ ဆယ်တန်းကျောင်းသားများအတွက် ကျင်းပသည့် စာမေးပွဲတစ်ခု ဖြစ်သည်။ အစိုးရကျောင်းများ၊ ပုဂ္ဂလိကဘော်ဒါကျောင်းများနှင့် ပညာဒါနကျောင်းများ စသည့်ကျောင်းများမှ ကျောင်းသားကျောင်းသူတို့သည် တက္ကသိုလ်များတွင် တက်ရောက်ခွင့်ရကြရန် ဖြေဆိုကြသည်။ စာမေးပွဲပြီးဆုံးပြီးနောက်တွင် အနည်းဆုံးသုံးပတ်ကြာ စာမေးပွဲစစ်ဆေးမှုများနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲမှုများကို လုပ်ဆောင်ကြရသည်။ စာမေးပွဲရလဒ်များကိုလည်း အဆင့်မြင့်ပညာရေးတက်ရောက်ရန် သတ်မှတ်ထားသည့် အရည်အချင်းပြည့်မီမှုဖြင့် ဆုံးဖြတ်သည်။ မိမိ၏ အရည်အချင်းပြည့်မီမှုအလျောက် တက္ကသိုလ်များနှင့် အထူးပြုဘာသာရပ်များကို ရွေးချယ်ခွင့်ရှိသည ...

                                               

နည်းပြချုပ်

ပညာရပ်တစ်ခုခုတွင် စာတွေ့လက်တွေ့ ကျွမ်းကျင်သော ဗဟုသုတများသော ပညာရှင် ဆရာကြီး ဖြစ်သည်။ အားကစားတွင်ဖြစ်စေ၊ ကိုယ်ခံပညာရပ်တွင်ဖြစ်စေ၊ ပညာရေးတွင်ဖြစ်စေ စာတွေ့လက်တွေ့ စနစ်တကျ အထူးကျွမ်းကျင်သူဆရာကြီး အဆင့်ရှိသူကို ခေါ်သည်။ နည်းပြဆရာများထဲတွင် ဝါအရင့်ဆုံး၊ ပညာရည်အမြင့်မားဆုံးသော ပုဂ္ဂိုလ်တို့သည် ထိုအသင်းအဖွဲ့တွင် နည်းပြချုပ် ဟူသော ရာထူးအဆင့် တာဝန်ယူလေ့ရှိပြီး ကျောင်းအုပ်ဆရာကြီးအဆင့်နှင့် ညီမျှသည်ဟု နားလည်နိုင်သည်။ တစ်နည်းဆိုရသော် နည်းပြချူပ် ဆိုသည်မှာ ထိုအသင်းအဖွဲ့တွင် ရာထူးအကြီးမားဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ ပညာရပ်ဆိုင်ရာများကို ကောင်းစွာဝေဖန်သုံးသပ်နိုင်စွမ်းသင်ကြားနိုင်စွမ်းရှိသော အတွေ့အကြုံကြီးမာ ...

                                               

ပညာရှင်

ပညာရပ်တစ်ခုခုတွင် စာတွေ့လက်တွေ့ ကျွမ်းကျင်သော သင်ကြားသော ဗဟုသုတများသောပညာရှင်၊ ဆိုင်ရာစာတမ်းများ သုတေသန ဆောင်းပါးများရေးသား ပြုစုရေးသားသောကျွမ်းကျင်တတ်သိသော ဆရာ ကို ပညာရှင် ဟု ခေါ်ဆိုကြသည်။ အားကစားဖြစ်စေ၊ ကိုယ်ခံပညာရပ်ဖြစ်စေ၊ ပညာရေးဖြစ်စေ စာတွေ့လက်တွေ့ စနစ်တကျ အထူးကျွမ်းကျင်သူ ဖြစ်သည်။

                                               

ပါမောက္ခ

ပညာရပ်တစ်ခုခုတွင် စာတွေ့လက်တွေ့ ကျွမ်းကျင်သော ဗဟုသုတများသော ပညာရှင်ကြီး ဖြစ်သည်။ အားကစားတွင်ဖြစ်စေ၊ ကိုယ်ခံပညာရပ်တွင်ဖြစ်စေ၊ ပညာရေးတွင်ဖြစ်စေ စာတွေ့လက်တွေ့ စနစ်တကျ အထူးကျွမ်းကျင်သူ ပညာရှင် အဆင့်ရှိသူကို ခေါ်သည်။ ဆရာ/ ဆရာမ များထဲတွင် ဝါအရင့်ဆုံး၊ ပညာရည်အမြင့်မားဆုံးသော ပုဂ္ဂိုလ်တို့သည် ထိုအသင်းအဖွဲ့ ၏ ပါမောက္ခ ဖြစ်သည်။ အတွေ့အကြုံကြီးမားသူ ဟု နားလည်နိုင်သည်။ တစ်နည်းဆိုရသော် ပါမောက္ခ ဆိုသည်မှာ ပညာရပ်ဆိုင်ရာများကို ကောင်းစွာဝေဖန်သုံးသပ်နိုင်စွမ်းသင်ကြားနိုင်စွမ်းရှိသော အတွေ့အကြုံကြီးမားသူ ဝါရင့်ပညာရှင်ဆရာကြီး A senior teacher of the highest rank in a college or university or school and / A per ...

                                               

ပါရဂူဘွဲ့

Ph.D ဆိုသည်မှာ Doctor of Philosophy ကို အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ပြီး မြန်မာလို ပါရဂူဘွဲ့ဟုလည်း ခေါ်ကြသည်။ Ph.D ၏ မူလ လက်တင်စကားလုံးမှာ Philosophiae Doctor ဖြစ်ပြီး ပညာတစ်ရပ်တွင် ဆရာတစ်ဆူ ပါရဂူမြောက်တတ်ကျွမ်းသူ ဟု ဆိုလိုသည်။ Ph.D ဘွဲ့သည် တက္ကသိုလ်များက ချီးမြှင့်သော ပညာရပ်ဆိုင်ရာ အဆင့်မြင့်ဘွဲ့ဖြစ်သည်။ အင်္ဂလိပ်စကားပြောနိုင်ငံအချို့တွင် Ph.D သည် အမြင့်ဆုံးရယူနိုင်သော ဘွဲ့ဖြစ်သည်။ Ph.D ဘွဲ့သည် တက္ကသိုလ်ဆရာ သို့မဟုတ် သုတေသီ အဖြစ် ရပ်တည်ရန် လိုအပ်သော ဘွဲ့တစ်ခုဖြစ်သည်။ အစိုးရလုပ်ငန်းခွင်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြသည်လည်း ရှိပါသည်။ Ph.D ဘွဲ့ ...

                                               

ပါရဂူဘွဲ့ ကြီးကြပ်သူ

မြန်မာဘာသာဖြင့် ပါရဂူဘွဲ့ကြီးကြပ်သူ ၊ အင်္ဂလိပ်ဘာသာဖြင့် doctoral advisor ၊ dissertation director ၊ dissertation advisor ၊ doctoral supervisor ဟု ခေါ်ဆိုသူမှာ ဘွဲ့လွန် ကျောင်းသားများကို ပါရဂူဘွဲ့ ရရှိရန် လမ်းညွှန် ထိန်းကြောင်းပေးသည့် တက္ကသိုလ်ဆရာကို ဆိုလိုသည်။ သင်ရိုးရွေးချယ်ရာတွင် လည်းကောင်း၊ စာတမ်း ရေးရန် သုတေသနနယ်ပယ် ရွေးချယ်ရာတွင်လည်းကောင်း ကူညီပေးလေ့ရှိပြီး၊ အများအားဖြင့် ပါရဂူဘွဲ့ကြီးကြပ်သူများမှာ ဌာနတွင်းရှိ အဆင်မြင့်/ဝါရင့် ဆရာများ ဖြစ်တတ်သည်။ ကျောင်းသားများက ကြီးကြပ်သူရွေးချယ်ရာတွင် ဆရာ၏ သုတေသန နယ်ပယ်၊ ဆရာ၏ သဘောတူညီမှု၊ ၎င်းဆရာနှင့် မိမိ အလုပ်အတူ လုပ်လို/မလုပ်လို စသည်တို့အပေါ် မူတ ...

                                               

ပုဂ္ဂလိကပညာရေး

"ကျောင်း"ဆိုသည်မှာ "အတတ်ပညာ သင်ယူရာဌာန"ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ မြန်မာမင်းများလက်ထက်တွင် လောကုတ္တရာဆိုင်ရာပညာရပ်များ၊ စာပေကျမ်းဂန်များကိုသာ သင်ကြားပေးသည့် ဘုန်းတော်ကြီးကျောင်းများကို "အရညဝါသီ"ကျောင်းများဟုခေါ်ဆိုပြီး၊ လောကီအတတ်ပညာများကိုပါ သင်ကြားပေးသည့်ကျောင်းများကို "ဂါမဝါသီ"ကျောင်းများဟု ခေါ်ဆိုကြသည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ကျောင်းအမျိုးအစား လေးမျိုး ကွဲသွားသည်။ ၁။ အစိုးရက လုံးဝတာဝန်ယူသည့် အစိုးရကျောင်းများ က အင်္ဂလိပ်ကျောင်းများ English School ခ အင်္ဂလိပ်-မြန်မာကျောင်း Anglo-Vernacular School ဂ တိုင်းရင်းမြန်မာကျောင်းများ Vernacular School ၂။ ပုဂ္ဂလိကအစီအစဉ်ဖြင့်ဖြစ်စေ၊ သာသနာရေး ...

                                               

ဗုဒ္ဓခေတ်ပညာရေး

ဗုဒ္ဓခေတ်ပညာရေး အဆင့်အတန်းနှင့် နည်းစနစ်သည် သမိုင်းကြောင်းကိုလိုက်ပြီး ပြည်သူများ၏ ယဉ်ကျေးမှုနှင့်၊ ပြည်သူများ၏ လိုအပ်ချက်အရ ခံယူကျင့်သုံးလိုက်နာခဲ့ကြ သည့်ပညာရေးဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပညာရေး စနစ်နှင့် ဗုဒ္ဓခေတ်မတိုင်မီ အိန္ဒိယ ပညာရေးစနစ်တို့သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် လူမျိုးတစ်မျိုး ဖြစ် ကြောင်း သမိုင်းအထောက်အထားများဖြင့် ပြဆိုနိုင်ခဲ့ကြောင်း လည်းတွေ့ရသည်။ ဗုဒ္ဓခေတ်ပညာရေးသည် အားလုံးအတွက် ပညာရေး သဘောအသွင်ဆောင်ပြီး အခမဲ့သင်ကြားခွင့်ရှိသည့် ပညာ ရေးမျိုးလည်းဖြစ်သည်။ ဘုန်းကြီးကျောင်းနှင့် သီလရှင် စာသင်တိုက်တိုင်းလိုလိုတွင် အခမဲ့စာသင်ကြားခွင့် ရကြပြီး ထိုကျောင်းများနှင့် အနီးတစ်ဝို ...

                                               

ဘွဲ့ယူစာတမ်း

အင်္ဂလိပ်ဘာသာဖြင့် thesis သို့မဟုတ် dissertation ဟု ခေါ်ဆိုလေ့ရှိသည် ဘွဲ့ယူစာတမ်း ဆိုသည်မှာ အဆင့်မြင့် ပညာရေးဆိုင်ရာ ဘွဲ့တစ်ခု ရယူရန်အလို့ငှာ အထောက်အပံ့တစ်ခု အဖြစ် ပြုစုတင်သွင်းရသည့် ကျမ်းစာတမ်းကို ဆိုလိုသည်။ ဘီအေ၊ ဘီအက်စီ အစရှိသည့် တက္ကသိုလ်ဘွဲ့များ ရယူရန် ရေးသားသည့် ဘွဲ့ယူစာတမ်းကို thesis ဟု တခါတရံ ခေါ်လေ့ရှိပြီး၊ ပါရဂူဘွဲ့ ရယူရန် ရေးသားသည့် ဘွဲ့ယူစာတမ်းကို dissertation ဟု အများအားဖြင့် ခေါ်လေ့ရှိသည်။ ဘွဲ့လွန် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ စသည်တို့အတွက် ရေးသားသည့် ဘွဲ့ယူစာတမ်းကို ဘွဲ့လွန် ဘွဲ့ယူစာတမ်း ဟု ခေါ်ဆိုသည်လည်း ရှိသည်။

                                               

ဘွဲ့ဝတ်စုံ

ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။ ထိုသို့ ပွဲတက်ဝတ်စုံ အခမ်းအနားဖြင့် စီစဉ်ကျင်းပခြင်းအား တက္ကသိုလ်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပညာတတ်များအဖြစ် သတ်မှတ်ခြင်း ခံကြရသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တစ်သားတည်း ဖြစ်သည်ဆိုသော သဘောကို ဖော်ကျူးရန်အလို့ငှာ တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။ ၁၃၂၁ ခုနှစ်က ကိုလံဘီယာ တက္ကသိုလ်သည် ဒေါက်တာဘွဲ့၊ သာမန်ဘွဲ့နှင့် လက်မှတ်များကို ဘွဲ့ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ယူမှသာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားခဲ့သည်။ ၁၄ ရာစုလယ် နှောင်းပိုင်းတွင် အချို့သော ကောလ ...

                                               

မိခင်ကျောင်း

မြန်မာဘာသာဖြင့် "မိခင်ကျောင်း "၊ သို့မဟုတ် "ပညာရင်နို့ သောက်စို့ရာ "ဟု ဘာသာပြန်လေ့ရှိသည့် စကားစု၏ မူရင်းမှာ "Alma mater "ဟူသည့် လက်တင်ဘာသာ စကားစုဖြစ်သည်။ လက်တင်ဘာသာဖြင့် alma ဆိုသည်မှာ အာဟာရ ပြည့်ဖြိုးစေသော၊ သို့မဟုတ် ကြင်နာသော ဟု အဓိပ္ပာယ်ရပြီး၊ mater ဆိုသည်မှာ မိခင် ဟု အဓိပ္ပာယ်ရသည်။ အသုံးနည်းသည့် ဗဟုဝုစ်ကိန်းမှာ almae matres ဖြစ်သည်။ ဤစကားစုကို ရှေးရောမ ancient Rome ခေတ်တွင်း မယ်တော်နတ်ဘုရား mother goddess များ၊ အထူးသဖြင့် စီးရီးစ် Ceres သို့ စစ်ဘလီ Cybele၊ ကို ရည်ညွှန်းရာတွင် အသုံးပြုပြီး၊ နောင် ခရစ်ယာန်ဘာသာ ထွန်းကားလာပြီးနောက်တွင် မယ်တော်မေရီ Virgin Mary ကို ရည်ညွှန်းရာတွင် အသုံးပြုသည ...

                                               

မျက်မမြင် ပညာသင်ကြားရေး

မျက်မမြင်ဒုက္ခိတများ၏ အခြေအနေ တိုးတက်ကောင်းမွန်လာရေး အတွက် ကြိုးပမ်းမှုများသည် ၁၇ ရာစုနှစ်တွင်းကပင် စတင် ပေါ်ပေါက်လာခဲ့သော်လည်း ၁၉ ရာစုနှစ် အစလောက်အထိ မည်သို့မျှ မည်မည်ရရ မရှိခဲ့သေးချေ။ သို့သော် ၁၉ ရာစုနှစ် အတွင်းသို့ရောက်သောအခါ မျက်မမြင် ဒုက္ခိတများ၏ အခြေ အနေသည် တိုးတက်ကောင်းမွန်လာခဲ့သည်။ အထူးသဖြင့် ပထမကမ္ဘာစစ်ပြီးဆုံးသွားပြီးသည့် နောက်တွင် ထိုကဲ့သို့သော ကြိုးပမ်းမှုများသည် ဆထက်ထမ်းပိုး တိုးတက်လာလေတော့သည်။ ပထမကမ္ဘာစစ်အတွင်း ပါဝင်ဆင်နွှဲခဲ့စဉ်က မျက်စိတွင် ဒဏ်ရာ ရရှိသဖြင့် မျက်စိကွယ်သူ ဦးရေမှာ ဗြိတိန်နိုင်ငံ၌ပင် ၁ဝဝဝ ကျော် မျှ ရှိလေသည်။ သို့ဖြစ်ရာ စစ်ကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့သော နိုင်ငံမျ ...

                                               

မျှော်မှန်းရလဒ်အခြေပြု စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း

မျှော်မှန်းရလဒ်အခြေပြု စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း သည် မျှော်မှန်းရလဒ်အခြေပြု သင်ရိုးညွှန်းတမ်း နှင့် စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ကို ပေါင်းစည်းကာ ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် ဤသင်ရိုးညွှန်းတမ်းကို ၂၀၂၀ ပညာသင်နှစ်မှ စတင်၍ အသုံးပြုသင်ကြားမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၎င်းတို့ပါတီ၏ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်း၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတွင် ဤသင်ရိုးညွှန်းတမ်းကို ဆေးတက္ကသိုလ်များ၌ အသုံးပြုသင်ကြားရန်ဟု ဖော်ပြထားသည်။

                                               

မျှော်မှန်းရလဒ်အခြေပြု သင်ရိုးညွှန်းတမ်း

မျှော်မှန်းရလဒ်အခြေပြု သင်ရိုးညွှန်းတမ်း ဆိုသည်မှာ မျှော်မှန်းရလဒ်အခြေပြုပညာရေး ဟူသည့် ပညာရေးသဘောတရားအပေါ် အခြေခံကာ ရေးဆွဲသည့် သင်ရိုးညွှန်းတမ်း အမျိုးအစားတစ်မျိုးဖြစ်သည်။ လွန်ခဲ့သောနှစ်များအတွင်းက ဤသင်ရိုးညွှန်းတမ်းအမျိုးအစားကို ကမ္ဘာတဝှမ်းရှိ ဆေးကျောင်းများတွင် ပိုမိုသုံးစွဲလာကြသည် ။

                                               

လက်ရေး လက်သား

လက်ရေးလက်သား ရေးသားမှုအတတ် သည် ပညာတစ်ရပ်ဖြစ်လေသည်။ လက်ရေးလက်သား ညီညာလှပခြင်းမှာ လည်း ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်၍ လေ့ကျင့်အပ်ပေသည်။ အစိုးရ အလုပ်ဌာန များတွင်လည်းကောင်း၊ ကုန်သည်ပိုင်းတွင်လည်းကောင်း လက်ရေးလက်သား ကောင်းသူသည် သူများထက်ထူး၍ ဂုဏ်ပြုခံရလေသည်။ လက်ရေး ရေးရာ၌ ပီသစွာရေးသားနိုင်ခြင်းသည် ပထမ အရေး ကြီးဆုံးအချက်ဖြစ်၍ လျင်မြန်စွာရေးနိုင်ခြင်းမှာ ဒုတိယအရေးကြီးသော အချက်ဖြစ်လေသည်။ လှပစွာရေးခြင်း၊ ဟန်အမျိုးမျိုးထွင်၍ရေးခြင်း စသည် တို့မှာ ယင်းအဓိကအချက်ကြီးနှစ်ချက်မှ ဆင့်ပွားလာလေသည်။ လက်ရေး မြန်လည်းမြန်၍ သေသပ်လှပရန်မှာ တစ်ခုတည်းသက်သက် မလေ့ကျင့်ဘဲ ထိုအင်္ဂါနှစ်ရပ်လုံးကို တစ်ပြိုင်နက်မျှ၍ လေ့ကျင့်သင့်သည် ...

                                               

ဝိဇ္ဇာဘွဲ့

ဝိဇ္ဇာဘွဲ့ ဆိုသည်မှာ တက္ကသိုလ်တစ်ခု၏ အသိပညာနှင့်သက်ဆိုင်သော ဘာသာရပ်များဖြစ်သည့် စာပေ၊ ဂီတ၊ အက စသော အနုပညာနှင့်သက်ဆိုင်သော ဘာသာရပ်များ၊ လူမှုဘာသာရပ်များ၊ ဘာသာစကားများ၊ ယဉ်ကျေးမှု၊ လူမှုရေးသိပ္ပံ စသော ဘာသာရပ်များအတွက် သင်ယူခဲ့ကြသောသူများအား ချီးမြှင့်သည့် ဘွဲ့တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့များသည် အခြေခံပညာရေးပြီးနောက် ပထမဆုံးရရှိနိုင်သော ဘွဲ့များ ဟူ၍ဆိုနိုင်သည်။ နိုင်ငံ၊ တက္ကသိုလ်အပေါ်မူတည်၍ ဤဝိဇ္ဇာဘွဲ့ရရှိရန် သုံးနှစ် လေးနှစ်ကြာမြင့်နိုင်ပေသည်။ အတိုကောက်စကားလုံးဖြင့် BA သို့ AB ဟူ၍ သုံးစွဲလေ့ရှိပြီး မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးစနစ်တွင် BA ဆိုသော စကားလုံးကို သုံးစွဲကြ၏ ။ ...

                                               

အမြင်သစ်ပညာရေး သို့မဟုတ် ဘဝဗဟိုပြုပညာရေး

ပညာရေးလောကတွင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာသဘောတရား ကိုလက်ခံကြရသည်။ ပြောင်းလဲသင့် လျှင် ပြောင်းလဲပြီး၊ ပြုပြင်သင့်လျှင် ပြုပြင်ကြရမည်ကို နိုင်ငံတိုင်း လက်ခံထားကြသည်။ Progressivism ဆိုသည်မှာ "လူသည် လူမှုရေး သတ္တဝါ"ဆိုသည့် ဆိုကရေးတီး၏ သဘောတရားပေါ်တွင် အခြေခံ သည်။ လူ့ဘောင်ထဲဝင်၊ လူတောထဲတိုး၊ လူတွေနှင့်ရောနှောဆက်ဆံ၊ လူတွေထံမှပညာယူ တကယ့်သရုပ်မှန်ပညာရေးစနစ်တစ်ခုဟု ဆိုနိုင်သည်။ ပညာရေးတွင် ခေတ်ရှေ့ပြေးနေသည့် ပညာရှင်များက ကလေးများကို အမှန်တကယ် ပညာတတ် စေချင်လျှင် John Dewey ၏ သင်ယူမှုလမ်းကြောင်းပုံစံနောက်သို့လိုက်သင့်ကြောင်း အကြံပြုကြသည်။ ဂျွန်ဒူဝီက သင်ယူမှုလမ်းကြောင်းကို ဤသို့ဆွဲပြသည်။ ၁။ ပြဿနာတစ်ခုအ ...

                                     

ပညာရေး

  • ပည ရ ဆ သည မ လ မ သ ပ ပ ပည ရပ တစ ခ ဖ စ ပ သင က ခ င သင ယ ခ င မ န င ဆက န ယ န သည က မ က င မ ဆ င ရ လ ပ ငန ရပ မ က ခ ဆ သည တစ နည အ ဖ င
  • မ န မ န င င ရ ဝန က ဌ နမ တ င ပည ရ န င ပတ သက ပည ရ ဝန က ဌ န Ministry of Education ထ ရ ပ သည လက ရ ဝန က မ အ ဏ သ မ စစ အစ ရမ
  • စ မ - ပည ရ သည မ န မ န င င ရ စ ရ ဆရ မ တစ ဦ ဖ စ ပ စ ရ ဆရ တက ကသ လ စ န တင ဇန လည ဖ စ သည စ မ - ပည ရ သည မ လမ င မ ဦ ဘမ န လ ပ စစ - င မ န င
  • မ င မ ပည ရ က လ ပ ရန ကင ပည ရ က လ ပ လ ည က ပည ရ က လ ပ သင ဃန က န ပည ရ က လ ပ ပည ရ သဘ တရ ဌ န ပည ရ စ တ ပည ဌ န ပည ရ သင ပ နည ဌ န
  • စစ က င ပည ရ တက ကသ လ တ င အဓ ကအ ဖ င ပည ရ ဘ သ မ ဖ စ က သ ပည ရ စ တ ပည Educational Psychology ပည ရ သဘ တရ Educational Theory
  • ဟ ခ ပည ရ က လ ပ သည မ န မ န င င ခ င ပ ည နယ ဟ ခ မ တ င တည ရ သ ပည ရ က လ ပ တစ ခ ဖ စ သည ဟ ခ ပည ရ က လ ပ သည ခ င ပ ည နယ တ င ပထမဆ ဖ င လ စ သည
  • တည ရ က ပည ရ ဝန က ဌ န အဆင မ င ပည ဦ စ ဌ န လက အ က ခ ပည ရ က လ ပ က င ဖ စ သည က င သ သမဂ ဂ ရ သည ဒ ဇင ဘ မ စပ န င င တဝန ပည ရ က လ ပ
  • အဝ သင ပည ရ သည ပည ရ နယ ပယ မ တစ ခ ဖ စ ပ မ က မ က တ င စ သင ခန က သ သ မ လ ပည ရ ဆ င ရ သတ မ တ ခ က န ရ တ င မရ သ စ သင သ မ ထ သ ပည သင က ခ င အ
  • တ င င ပည ရ က လ ပ အင ဂလ ပ Taungoo Educational College သည မ န မ န င င ပ ခ တ င ဒ သက တ င င မ တ င တည ရ သည တ င င ရ မန ကက သလစ အသင တ
  • လက အ က ခ ပည ရ က လ ပ က င ဖ စ သည က င သ သမဂ ဂ ရ သည ဒ ဇင ဘ မ စပ န င င တဝန ပည ရ က လ ပ က င က ပည ရ ဒ ဂရ က လ ပ အဖ စ
  • က က ဖ ပည ရ က လ ပ အင ဂလ ပ Kyaukphyu Education College သည ရခ င ပ ည နယ က က ဖ မ ရ ပည ရ ဝန က ဌ န အဆင မ င ပည ဦ စ ဌ န လက အ က ခ ပည ရ က လ ပ က င
                                     
  • မ လမ င ပည ရ က လ ပ အင ဂလ ပ Mawlamyine Education College သည မ န ပ ည နယ မ လမ င မ တ င တည ရ သ ပည ရ က လ ပ တစ ခ ဖ စ သည
  • လ ရ ပည ရ က လ ပ အင ဂလ ပ Lashio Education College သည မ န မ န င င ရ မ ပ ည နယ လ ရ မ တ င တည ရ သည ခ န စ ဒ ဇင ဘ လ ရက န တ င
  • မန တလ ပည ရ က လ ပ သည မ န မ န င င မန တလ တ င ဒ သက မန တလ မ တ င တည ရ သ ပည ရ က လ ပ တစ ခ ဖ စ သည ခ န စ တ င မန တလ ဆရ အတတ သင က င က
  • ဖင လန န င င ပည ရ သည လက ရ တ င ကမ ဘ တ င ဦ ဆ င စ ပ လ က ရပ တန တ ည မ မ ပ တ င အခ ခ ထ သည စနစ ဖ စ သည စ သင က ခ မယ ခ င အခ န ပ ည သင က သ မ အ
  • လ ည က ပည ရ ဒ ဂရ က လ ပ သည မ န မ န င င ရန က န တ င ဒ သက လ ည က မ နယ ဒရယ ဘ က ရ အန တ င တည ရ သည အဆင မ င ပည ဦ စ ဌ နလက အ က ရ ပည ရ ဒ ဂရ က လ ပ
  • ကသ ပည ရ က လ ပ အင ဂလ ပ Kathar Education College KEC သည စစ က င တ င ဒ သက ကသ မ ရ ပည ရ ဝန က ဌ န အဆင မ င ပည ဦ စ ဌ န လက အ က ခ ပည ရ က လ ပ က င
  • ရန ကင ပည ရ က လ ပ သည မ န မ န င င ရန က န တ င ဒ သက ရန ကင မ နယ တ င တည ရ သည ခ န စ ဩဂ တ လ ရက န တ င န င င တ ဆရ ဖ စ သင တန က င
  • လ င က ပည ရ က လ ပ သည ကယ ပ ည နယ လ င က မ နယ တ င တည ရ သ ပည ရ က လ ပ တစ ခ ဖ စ သည လ င က မ လ ယ ဉ က င အရ ဘက တ င တည ရ သည
  • မ စ က န ပည ရ က လ ပ အင ဂလ ပ Myitkyina Education College သည မ န မ န င င ကခ င ပ ည နယ မ စ က န မ တ င တည ရ သည
                                     
  • ပည ရ ဆ သည မ မ န မ န င င အတ င ရ သင က န သ ပည ရ စနစ အက င ဖ စ သည မ န မ န င င ပည ရ က အဓ ကအ ဖ င အစ ရအဖ အတ င ရ ပည ရ ဝန က ဌ နမ
  • သ ပ ပ န င နည ပည ဝန က ဌ န က ပည ရ ဝန က ဌ န လက အ က တ င ပည ရ ဝန က ဌ န သ ပ ပ န င နည ပည အင ဂလ ပ Ministry of Education Science and
  • ပည ရ စ တ ပည သည စ တ ပည ဘ သ ရပ ခ တစ ခ ဖ စ သည လ သ မ သင ယ မ ဖ စ စဉ က သ ပ ပ နည က လ လ သ ဘ သ ရပ ဖ စ ပ သည သ မ န င အပ အမ ဆ င ရ လ လ ခ က မ အပ င
  • ပည ရ ဆ င ရ နည ပည ဆ သည မ သင က ရ က ပ မ က င မ န စ ရန သင လ သ နည ပည ဆ င ရ လ ပ ငန မ ရင မ စ မ က ဖန တ ခ င သ စ ခ င
  • မ န မ န င င ပည ရ စနစ သည မ န မ ရ ရ ပည ရ စနစ မ သည မ န မ ဆ ရ ယ လစ လမ စဉ ပည ရ စနစ အထ အပ င အလ အမ မ ဖ င ပ ပ င အက င အထည ဖ ခ က သည
  • ပည ရ လ ကတ င ပ ပ င ပ င လ ရ ဆ င ရ သဘ တရ Educational Progressivism က လက ခ က ရသည ပ င လ သင လ င ပ င လ ပ ပ ပ င သင လ င ပ ပ င က ရမည က
  • င တ န င သက ဆ င သည သ တ သနလ ပ ငန မ က သင ခ ပည ရ ဘ သ ဟ ခ က သည သင ခ ပည ရ ဘ သ ရပ သ တ သနပ သ တစ ဦ သည သင ခ ပည သင ယ ပ ခ ခ င န င
  • အ ရန န င င ပည ရ သမ င က ရ ယခင န င အ ရ ယ ယ ခ တ မ မ စ လ လ ရပ မည အ ရန မ တ င လ တ သည န စ ပ င အရင ကတည က ဘဝလ ပ န ထ င ခ က သည
  • ပည ရ တက ကသ လ လ က င ရ က င အင ဂလ ပ Practising High School, Yangon University of Education အတ က က တ တ စ သည ရန က န မ ရ အထက တန က င တစ ခ
                                     
  • ဘ န တ က သင ပည ရ က င သည မ န မ န င င ရ ပည ရ စနစ ဟ င တစ ခ ဖ စ သည လ န ခ သ က မ င ပ ဖ စ သည သမ င က လကပင ရ ခ ပ အန ရထ လက
                                               

စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း

စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ဆိုသည်မှာ စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ကြားရေးနည်းလမ်းကို အခြေခံသော သင်ရိုးညွှန်းတမ်း ဖြစ်သည်။ ဤသင်ရိုးညွှန်းတမ်းအမျိုးအစားကို James A. Beane က ၁၉၇၇ ခုနှစ်တွင် အထွေထွေပညာရေးနယ်ပယ်တွင် စတင်ဖော်ပြခဲ့သည်။

Users also searched:

ပညာရေး,

...
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →