Back

ⓘ သိပ္ပံ - သိပ္ပံပညာ, အစိုးရစက်မှုလက်မှုသိပ္ပံ ရေနံချောင်း, သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန, အစိုးရနည်းပညာသိပ္ပံ ပြင်ဦးလွင်, အစိုးရစက်မှုလက်မှုသိပ္ပံ, မန္တလေး ..



                                               

သိပ္ပံပညာ

သိပ္ပံ ဆိုသည်မှာ အင်္ဂလိပ် အခေါ် ဆိုင်းရင့်စ် ဖြစ်ပြီး ကမ္ဘာမြေနှင့် စကြာဝဠာ အကြောင်းများကို ခန့်မှန်းခြင်းများ၊ ရှင်းလင်းခြင်းတွက်ချက်ခြင်းများ၊ စမ်းသပ်ခြင်းများ၊ တီထွင်ခြင်းများ စသည် ဖြင့် ဗဟုသုတများစုစည်းတည်ဆောက်ထားသော၊ စံနစ်တကျဖြစ်စေရန် ရည်ရွယ်လုပ်ကိုင်ရသော စီမံကိန်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။) သိပ္ပံ ဆိုသည်မှာ အရာခပ်သိမ်းမှန်သမျှကို စနစ်တကျ လက်တွေ့ ဆန်းစစ်လေ့လာသည့် ပညာတရပ်ဖြစ်သည်။ ယနေ့တွင် လူသားတို့၏ ဘဝ အရင့်အရင်ကာလများနဲ့စာပါက များစွာမှ တိုးတက်ပြောင်းလဲလာသည်မှာ သိပ္ပံပညာ၏ အကျိုးကျေးဇူး အများကြီး ပါပါသည်။ ထိုသို့ သိပ္ပံဆိုင်ရာ လေ့လာမှုပြုလုပ်သည့် ပညာရပ်ကို မြန်မာဘာသာစကားအားဖြင့် သိပ္ပံပ ...

                                               

အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)

အစိုးရစက်မှုလက်မှုသိပ္ပံ သည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် တည်ရှိပြီး ပညာရေးဝန်ကြီးဌာန ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနလက်အောက်ရှိ နည်းပညာသိပ္ပံဖြစ်သည်။ မြန်မာနိုင်ငံ ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသိပ္ပံသည် နည်းပညာဒီပလိုမာကိုသာ ချီးမြှင့်နိုင်သည်။ ဤသိပ္ပံကို ယခင်က အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။

                                               

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် သိပ္ပံ၊ နည်းပညာ နှင့် ပတ်သက်၍ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ဖျက်သိမ်းပြီး ပညာရေးဝန်ကြီးဌာန အဖြစ် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခဲ့သည်။

                                               

အစိုးရနည်းပညာသိပ္ပံ(ပြင်ဦးလွင်)

အစိုးရစက်မှုလက်မှုသိပ္ပံ သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ရှိပြီး ပညာရေးဝန်ကြီးဌာန ၊ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနလက်အောက်ရှိ နည်းပညာသိပ္ပံဖြစ်သည်။ မြန်မာနိုင်ငံ ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသိပ္ပံသည် နည်းပညာဒီပလိုမာကိုသာ ချီးမြှင့်နိုင်သည်။ ဤသိပ္ပံကို ယခင်က အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။

                                               

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)

အစိုးရစက်မှုလက်မှုသိပ္ပံ မန္တလေးကို ၁၉၅၅ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ဖွင့်လှစ်ပေးခဲ့သည်။ထိုစဉ်က ကျောင်း၏တည်နေရာမှာ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နှင့် ၃၁လမ်းကြား ၆၈လမ်းနှင့် လမ်း၇၀ကြားဖြစ်သည်။၁၉၉၉ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၂ခုနှစ် အောက်တိုဘာ ၂၂ရက်နေ့တွင် မန္တလေးတောင်မြောက်ဘက် ပုသိမ်ကြီးမြို့နယ်တွင် နည်းပညာတက္ကသိုလ်မန္တလေးအဖြစ်လည်းကောင်း အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ယခင် အစိုးရစက်မှုလက်မှုသိပ္ပံနေရာအား ဗဟိုအမျိုးသမီးဆေးရုံအဖြစ် ဖွင့်လှစ်ခဲ့သည်။၂၀၁၅ခုနှစ်တွင်မှ နိုင်ငံတော်၏ နည်းပညာနှင့် သက်မွေး ကဏ္ဍ TVET ဏ္ဍမြှင့်တင်ရေးမူ အရ ယခင် ...

                                               

ကလျာ (ဝိဇ္ဇာ/သိပ္ပံ)

မူလတန်းမှစ၍ ဖျာပုံမြိုအစိုးရ အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၈ ခုနှစ် တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ် ၌ပညာဆက်လက်သင်ကြားခဲ့သည်။ ဒုတိယနှစ် ရောက်သောအခါ ကာတွန်းစိန်ကြီးနှင့်လက်ထပ်ခဲ့သည်။

                                               

သိပ္ပံမောင်ဝ

သိပ္ပံမောင်ဝ သည် မြန်မာလူမျိုး စာရေးဆရာတစ်ဦးဖြစ်ပြီး ခေတ်စမ်းစာပေ ကို ရှေ့တန်းမှ မား⁠မားမတ်မတ် ရပ်လျက် ပြုစု ပျိုးထောင်ခဲ့သူများတွင် တစ်ဦးဖြစ်သည်။ အမည်ရင်း ဦးစိန်တင်၊ ဘီအေ၊ အိုင်-စီ-အက်စ် ဖြစ်သည်။

                                               

ကမ္ဘာမြေ သိပ္ပံ

ကမ္ဘာမြေသိပ္ပံပညာ ဘူမိ သိပ္ပံ တွင် ကမ္ဘာဂြိုဟ်နှင့် ဆက်စပ်သော သဘာဝ သိပ္ပံ အားလုံးပါဝင်သည်။ ၎င်းသည် ကမ္ဘာမြေနှင့် ၎င်း၏လေထု၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဖွဲ့စည်းပုံဆိုင်ရာ သိပ္ပံပညာ၏ အခွဲတစ်ခုဖြစ်သည်။ ကမ္ဘာမြေသိပ္ပံကို ဂြိုဟ်သိပ္ပံ၏ ဌာနခွဲတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ကမ္ဘာမြေသိပ္ပံပညာသည် အဓိကလေ့လာမှုအပိုင်း ခုပါဝင်သည်။ reductionism နှင့်ဘက်စုံချဉ်းကပ်မှု နှစ်ခုလုံးရှိသည်။ ၎င်းသည် ကမ္ဘာနှင့်၎င်း၏အိမ်နီးချင်းများကိုအာကာသအတွင်းလေ့လာခြင်းလည်းဖြစ်သည်။ စွမ်းအင်နှင့်ဓာတ်သတ္တုအရင်းအမြစ်များကိုရှာဖွေရန်နှင့်ဖွံ့ဖြိုးရန်ကမ္ဘာမြေသိပ္ပံပညာရှင်အချို့ကသူတို့၏ဂြိုဟ်အသိပညာကိုအသုံးပြုကြသည်။ အခြားသူများကမူလူသာ ...

                                               

ကာဒေးရှပ် စကေး

ကာဒေးရှပ် စကေး သည် ယဉ်ကျေးမှုအဖွဲ့အစည်း စွမ်းအင် အသုံးချနိုင်မှုပေါ်မူတည်၍ ယဉ်ကျေးမှုအဖွဲ့အစည်း၏ နည်းပညာတိုးတက်မှုအဆင့်ကို တိုင်းတာသော စကေးဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံသား နိုကိုလိုင်း ကာဒေးရှပ်ဆိုသူ ရူပနက္ခတဗေဒ ပညာရှင်တစ်ဦးက အဆိုပြုတင်သွင်းခဲ့သော ကာဒေးရှပ် စကေးဖြစ်ပါသည်။ ထိုစကေးတွင် အဖွဲ့အစည်းတို့ကို ၎င်းတို့၏ စွမ်းအင်သုံးစွဲမှုပမာဏအလျောက် အမျိုးအစား ၊၊ စသည်ဖြင့် သတ်မှတ်ထားသည်။ ထိုအမျိုးအစားများသည် ယဉ်ကျေးမှုအဖွဲ့အစည်းများ၏ နည်းပညာတိုးတက်မှုနှင့် စွမ်းဆောင်နိုင်ရည်တို့ကို ကိုယ်စားပြုသည်။

                                               

ခဲခြင်း

အရည်တစ်ခုသည် တဖြည်းဖြည်းအပူချိန်လျော့၍ အေးသည်ထက် အေးသွားသောအခါ၊ နောက်ဆုံး၌ အခဲအဖြစ်သို့ ကူးပြောင်းသွားမြဲ ဖြစ်သည်။ ဤသို့ အရည်ဘဝမှ အေးပြီး ခဲသွားသောအပူရှိန်ကို အရည်ခဲချိန် သို့မဟုတ် အရည်ခဲမှတ်ဟု ခေါ်သည်။ အလွန်အေးသော ဒေသတို့၌ ရေခဲခြင်း၊ ဆီးနှင်းကျခြင်း စသည်တို့မှာ ရေခဲလောက်အောင် အပူချိန် လျှော့ကျသွားခြင်းကြောင့်ပင် ဖြစ်သည်။ ရေခဲမှတ် မှာ စင်တီဂရိတ်ပြဒါးတိုင်အရ ၀°ဖြစ်၍၊ ဖာရင်ဟိုက် ပြဒါးတိုင်အရ ၃၂°ဖြစ်သည်။ ရေဘဝမှ ရေခဲဘဝသို့ ကူးပြောင်းသွားပုံနှင့် ရေခဲမှတ်တို့ကို လက်တွေ့စမ်းသပ်ကြည့်ရှုလိုလျှင် အောက်ပါနည်းဖြင့် စမ်းသပ်နိုင်သည်။ ရေခဲကို အတုံးကလေးများ ဖြစ်အောင် ထုခွဲပြီးနောက် ခွက်ထဲတွင် ဆားလက် နှစ် ...

                                               

ဂြိုဟ်သား

ကမ္ဘာဂြိုဟ်သည်လည်း ဂြိုဟ်တစ်ခုပင်ဖြစ်ငြားသော်လည်း ဂြိုဟ်သားဟူသည်မှာ တိရိစ္ဆာန်နှင့်လူသားများ၊ နတ်ဒေဝတာများ စသည်တို့ကိုရည်ညွှန်းလိုသောသဘောမရှိပဲ အခြားဂြိုဟ်တစ်ခုခုမှ စိတ်ကူးယဉ်သက်သက်ထက်မကသော သက်ရှိသတ္တဝါ ကိုဆိုလိုခြင်းဖြစ်သည်။

                                               

စက်စီယင်

ယင်ကောင်များ တွင် လူတို့အား အန္တရာယ်အများဆုံး ပြု နိုင်သော ယင်ကောင်မှ အာဖရိကတိုက် အပူပိုင်း ဒေသရှိ စက်စီယင်ကောင် ဖြစ်သည်။စက်စီယင်သည် သာမန်ယင်ကောင် များထက် အတန်ငယ် ကြီးထွားသော်ကိုယ် ရှိသည်။ စက်စီယင်ကြောင့် တစ်နှစ်တစ်နှစ်တွင် ပျက်စီးဆုံးပါးရ ခြင်းသည် မခန့်မှန်းနိုင်လောက်အောင် ဖြစ်သည်။ အာဖရိက တိုက်ရှိ အချို့အရပ်ဒေသများတွင် လူမနေနိုင်လောက်အောင် ဆိုးရွားသည်။ ဤယင်မျိုး ကိုက်ခဲသည့်အခါ အကိုက်ခံသူ၏ သွေးထဲသို့ ပရိုတိုဇွန်း ပိုးကလေးများ ဝင်သွားသည်။ ဂလော်စင်းနားပါလပဲလစ်Glossina palpalisခေါ် ယင်ကောင်မျိုး သည် လူတို့အားကိုက်ခဲလျှင် အလွန်ကြောက်မက်ဖွယ် ကောင်း သော ဦးနှောက်ရောင် အိပ်မဝရောဂါကို စွဲကပ်စေတတ်၏။ ...

                                               

စတီရီယိုစကုပ်

ပစ္စည်းတစ်ခုကို မျက်စိ နှစ်လုံးဖြင့် ကြည့်ရာ၌ မျက်စိ တစ်ဖက်က မြင်သကဲ့သို့ အခြားတစ်ဖက်ကလည်း အတူတူ ပင် မြင်သည်ဟု ယူဆကြသည်။ အမှန်မှာ လကျာ်ဖက် မျက်စိသည် ပစ္စည်း၏လကျာ်ဖက်ကို ပိုမြင်၍ လက်ဝဲဖက် မျက်စိကလည်း ထိုပစ္စည်း၏လက်ဝဲဖက်ကို ပို၍မြင်သည်။ လက်တွေ့သိလိုလျှင် မျက်စိတစ်ဖက်စီကို ပိတ်၍ ကြည့်ပါ။ မျက်စိနှစ်လုံးဖြင့် ပစ္စည်း တစ်ခုကို ကြည့်ရာ၌ ပုံနှစ်ပုံပေါ် မလာဘဲ တစ်ပုံတည်း ပေါ်လာသည်။ ထိုသို့ ပေါ်လာစေရန် အသိဉာဏ်က ပြုပြင်၍ပေးလေသည်။ ပစ္စည်း၏ ရုပ်လုံးပုံကို မြင်ရခြင်းမှာ မျက်စိနှစ်လုံးဖြင့် ကြည့်သောကြောင့် မြင်ရ ခြင်းပင် ဖြစ်လေသည်။ သာမန်ဓာတ်ပုံရိုက်ကိရိယာသည် မျက်စိတစ်ဖက်တည်းကဲ့သို့သော မှန်ဘီလူးတစ်ခုသာရှိသ ...

                                               

ဆိုင်ကလိုထရွန်

ဆိုင်ကလိုထရွန်ဆိုသည်မှာ အက်တမ်ကိုဖြိုခွင်းရာ၌ အသုံး ပြုသော စက်ဖြစ်သည်။ဆိုင်ကလိုထရွန်ကိုပထမဆုံးဆောက် လုပ်ခဲ့သူမှာကာလီဖိုးနီးယားတက္ကသိုလ်မှအားနက်လောရင့်ဆို သူ သိပ္ပံပညာရှင်ကြီးဖြစ်သည်၊ဆိုင်ကလိုထရွန်သည်အက်တမ် ၏ အစိတ်အပိုင်းများဖြစ်ကြသောပရိုတွန်း၊ ဒျူတာရွန်နှင့် အယ်လဖာမှုန့် စသည်တို့ကို လျှပ်စစ်သံလိုက် ပိုစွန်းနှစ်ခုကြားရှိ ပလာနယ်ဖြစသောသံလိုက်စက်ကွင်းတွင် လည်ပတ်စေ၍ အရှိန်လျင်မြန်သည်ထက်လျင်မြန်လာအောင် ပြုလုပ်ပေးသည်။ ဆိုင်ကလိုထရွန်တွင် အရေးကြီးသော အစိတ်အပိုင်းများမှာ အင်္ဂလပ် အက္ခရာ ီ ပုံရှိသော အခေါင်းရှိသည့် ချပ်ပြားခြမ်းနှစ်ခြမ်းဖြစ် သည်။ ဤချပ်ပြားခြမ်းတို့ကို ဒီဟု ခေါ်သည်။ ဤဒီချပ်ပြား ခြမ်းတိ ...

                                               

ဆောဖလိုင်းယင်ကောင်

ဆောဖလိုင်းယင်ကောင်သည် ပရွက်ဆိတ်၊ ပျား၊ နကျယ် ကောင်တို့နှင့်အတူ ဟိုင်မင်နော့တာရာမျိုးစုကြီး တစ်ခုတည်း တွင် ပါဝင်သည်။ ခူဘဝမှ တစ်ဆင့်ကြီးရသော အကောင်းမျိုး ဖြစ်သည်။ ပရွက်ဆိတ်၊ ပျား၊ နကျယ်ကောင်တို့ကဲ့သို့ ခါးမ သေးပေ။ ယင်း၌ အလင်းပေါက်သော အတောင်ပံ ၄ ခုရှိ သည်။ အတောင်ပံများတွင် ထူးခြားသော အမှတ်အသားများ မပါချေ။ ဥအုသော အင်္ဂါတွင် လွှသွားကဲ့သို့ထက်သော အစိတ် အပိုင်းများရှိသည်။ ထိုအစိတ်အပိုင်းဖြင့် သစ်ရွက်၊ ပင်စည် တို့တွင် ရှရာပေး၍ ဥများကို ထည့်ထားတတ်သည်။ ဆောဖလိုင်းယင်ကောင်သည် သစ်ပင်၊ ချုံပင်တို့ကိုအကြီး အကျယ်ဖျက်ဆီးသည်။ ယင်းတို့ကို အနောက်နိုင်ငံများတွင် တွေ့ရသည်။

                                               

ဇီဝဓာတု

ဇီဝဓာတုဗေဒ သည် သက်ရှိတို့၏ ဓာတုဗေဒဆိုင်ရာ လုပ်ဆောင်ချက်များ ကိုလေ့လာသော ပညာရပ်ဖြစ်သည်။ ထိုဘာသာရပ်သည် ပရိုတင်း ၊ ကာဗိုဟိုက်ဒရိတ် ၊ လစ်ပစ် ၊ နျူကလစ်အက်ဆစ်၊ အန်ဇိုင်းမ်နှင့် ဇီဝမော်လီကျူးများအစရှိသော ဆဲလ်၏အစိတ်အပိုင်းများ၏ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံတို့နှင့် ပတ်သက်သောပညာရပ်ဖြစ်သည်။ အင်ဇိုင်းမ်များသည် ပရိုတိန်းများဖြစ်ပြီး သက်ရှိအတွင်း ဓာတ်ပြုခြင်းကို မပြောင်းလဲစေဘဲ ဓာတ်ပြုမှု နှုန်းကို မြှင့်တင်ပေးသည့် ဓာတ်ကူပစ္စည်းများ ဖြစ်သည်။ အန်ဇိုင်းမ်၏ ဂုဏ်သတ္တိများမှာ ဓာတ်ပြုမှုကို အစပျိုးခြင်း၊ နှုန်းမြှင့်တင်ပေးခြင်း၊ အစပျိုးစွမ်းအင်ကို နှိမ့်ချပေးခြင်းတို့ ဖြစ်သည်။ အချို့အန်ဇိုင်းမ်များမှာ ပရိုတိန်းမ ...

                                               

ထရီလီယံ

ထရီလီယံ တွင် အဓိပ္ပါယ်နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သန်းပေါင်းတစ်သန်း ဟုအဓိပ္ပါယ်ရသည်။ မြန်မာလိုအဓိပ္ပါယ်မှာ သန်းပေါင်းတစ်သန်း ဖြစ်သည်။ ၁နောက်မှ သုည လုံးပါရှိသည်။ သိပ္ပံပညာရပ်တွင် တန်ဖိုးများပြားကြီးမားလွန်းသော ကိန်းဂဏန်းများကို ဖော်ပြရာ၌ ထရီလီယံနှင့် အဓိပ္ပါယ်တူသော ရှေ့ဆက်စာလုံး ဖြစ်သည့် တယ်ရာ ကို အသုံးပြုသည်။ ဥပမာအားဖြင့် ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ ဘိုက် ကို ၁တယ်ရာဘိုက် ဟုဖော်ပြသည်။ ပမာဏ ဘိုက်ပေါင်း သန်းပေါင်းတစ်သန်းရှိသည်။ ဒုတိယအဓိပ္ပါယ်မှာ ဗြိတိသျှ ဓနသဟာယ နိုင်ငံများတွင် အသုံးများပြီး ပထမတစ်မျိုးနှင့် ပမာဏသတ်မှတ်ချက်မတူပေ။ ၁ နောက်မှ သုည လုံးရှိသည်။

                                               

နိခါတကဗေဒ

နိခါတကဗေဒ ဆိုသည်မှာ သမိုင်းမတင်မီခေတ်က သက်ရှိများကို လေ့လာသော ပညာရပ်ဖြစ်ပြီး သက်ရှိတို့ ဆင့်ကဲပြောင်းလဲလာပုံ၊ ၎င်းတို့အချင်းချင်း နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်ဆက်စပ်နေပုံ တို့ ပါဝင်သည်။ သမိုင်းဆိုင်ရာ သိပ္ပံပညာ ဖြစ်သဖြင့် စမ်းသပ်မှုများ ပြုလုပ်၍ အကျိုးသက်ရောက်မှုကို သက်သေပြခြင်းမျိုး မဟုတ်ပဲ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြခြင်း ဖြစ်သည်။ နိခါတကဗေဒ ဆိုင်ရာ လေ့လာခြင်းကို ဘီစီ ၅ ရာစုကပင် စတင်ခဲ့သည်ဟု မှတ်တမ်းများ တွေ့ရှိရသည်။ ထိုသိပ္ပံပညာသည် ၁၈ ရာစု အတွင်း ဂျော့ရှ် ကူဗီရာ ၏ နှိုင်းရခန္ဓာဗေဒ ပညာ ဆိုင်ရာ ဆောင်ရွက်မှုများကြောင့် ခိုင်မာသော ပညာရပ်တစ်ခု ဖြစ်လာခဲ့ပြီး ၁၉ ရာစု အတွင်းတွင် လျှင် ...

                                               

ပကတိ သုညအမှတ်

ပကတိသုည အမှတ် ဆိုသည်မှာ သီအိုရီအားဖြင့် ဒြပ်တို့အတွင်းရှိ အမှုန်အမွှား များအားလုံး ရွေ့လျားခြင်း မရှိတော့ဘဲ ရပ်တန့်သွားသည့် အပူချိန်ပင် ဖြစ်သည်။ ပကတိ သုညအမှတ် ဆိုသည်မှာ သီအိုရီအားဖြင့်သာ ရှိသော်လည်း လက်တွေ့တွင် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော အမှုန်အမွှား အားလုံးတို့သည် အနည်းငယ်မျှသော တုန်ခါမှုဖြင့် ဖြစ်စေ ရွေ့လျားနေသေးသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ အချို့လူများသည် ပကတိ သုညအမှတ်နား နီးနီးသို့ ရောက်အောင် စွမ်းဆောင်နိုင်ကြသော်လည်း မှတ်တမ်းအရ ပကတိ သုညအမှတ်၏ အထက် ၁၀၀ ပီကို ကယ်လ်ဗင်သည် အနိမ့်ဆုံး ပြုလုပ်နိုင်သည့် အပူချိန်ပင် ဖြစ်သည်။ ပကတိ သုည အမှတ် နီးနီးသို့ ရောက်အောင် ပြုလုပ်ခြင်းသည်ပင်လျှင် အ ...

                                               

မိုက္ကရိုစာအုပ်

မိုက္ကရိုစာအုပ်သည် စာအုပ်ကို အငယ်ဆုံး အရွယ်အထိ ဖန်တီးကာ ဖတ်ရှုနိုင်အောင် သိပ္ပံပညာဖြင့် စီစဉ်ထားခြင်းဖြစ် သည်။ ကမ္ဘာပေါ်တွင် ပုံနှိပ်အတတ်စတင် ပေါ်ပေါက်လာပြီး သည့်နောက် စာအုပ်သည် လူအတွက် မရှိမဖြစ်သော အသုံးအဆောင် တစ်ခုဖြစ်လာခဲ့လေသည်။ တစ်နေ့ထက်တစ်နေ့ ပုံနှိပ်စာ အုပ်အမြောက်အမြား ပေါ်ထွက်လာသော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ ကုန်စင်အောင်မဖတ်နိုင်ပေ။ ထွက်သမျှစာအုပ်ကို မဆိုထားဘိ၊ စာအုပ်ကောင်းများကိုချည်း ရွေးဖတ်ရန်ပင် အချိန် မလုံလောက်နိုင်ပေ။ အချိန်အခက်အခဲသာမက စာအုပ်များကို ထားသိုရန် နေရာအခက်အခဲကလည်း ရှိသေးသည်။ ပုံပမာ - အစဉ်မပြတ် မှီငြမ်းပြုနေရန်သင့်သည့် အင်စိုင်ကလိုပီးဒီးယား ခေါ်အင်္ဂလိပ် စွယ်စုံကျမ ...

                                               

မိုက္ကရိုဖလင်

ပုံနှိပ်စာလုံးများနှင့် အခြားပစ္စည်းများအား ဓာတ်ပုံ ရိုက်ကူးထားသည့် သေးငယ်သော ဖလင်ကော်ပြားကို မိုက္ကရို ဖလင်ဟုခေါ်သည်။ စာအုပ်တစ်အုပ်လုံး၏ စာသားကို ပေ အနည်းငယ်မျှသာရှည်၍ ပြက်နှစ်လက်မထက်မပိုသော ဖလင် ကော်ပြားကလေးပေါ်တွင် ဓာတ်ပုံ ရိုက်ကူးထားနိုင်ပေသည်။ ထိုနောက် ဖလင်ကော်ပြားကို အလိပ်ကလေးလိပ်၍ မူလ စာအုပ်ထားသည့်နေရာ၌ပင် စာအုပ်လောက် နေရာကျယ်ကျယ် မယူရတော့ဘဲ နေရာအတော်ကျဉ်းကျဉ်းတွင် ထားနိုင်လေသည်။ ဓာတ်ပုံရိုက်ကူးပြီးသော ဖလင်ကို ရုပ်သေပြစက်ပေါ်တွင်တင်၍ ဆလိုက်မီးထိုးလိုက်သည့်အခါ အလွန်သေးငယ်သော စာလုံးများ ကြီးလာသဖြင့် ကောင်းစွာဖတ်ရှုနိုင်သည်။ မိုက္ကရိုဖလင်သည် ပညာရေး၊ သိပ္ပံပညာဆိုင်ရာ လုပ် ငန်း၊ စက်မှုလက ...

                                               

မိုက္ကရိုဖုန်း

ကြေးနန်းကြိုး တစ်လျှောက်၌ဖြစ်စေ၊ ကြိုးမဲ့ကြေးနန်း မှာကဲ့သို့ လဟာပြင်အတွင်း၌ဖြစ်စေ သဲ့သဲ့မျှဖြစ်သော အသံ လှိုင်းများအား လျှပ်စစ်သံလိုက်ဓာတ်အားဖြင့် ကျယ်ကျယ်ကြား အောင် အသံချဲ့ကာ ပြောင်းလဲပေးလိုက်သည့် လျှပ်စစ်ကိရိယာ ကို မိုက္ကရိုဖုန်းဟုခေါ်သည်။ ပထမ၌ မိုက္ကရိုဖုန်းကို သေးငယ် သောအသံများဖမ်းရာ၌ အသုံးပြုခဲ့ကြ၏။ ယခုသော် တယ်လီ ဖုန်း စကားပြောကြေးနန်းတွင်လည်းကောင်း၊ အသံချဲ့စက်ဖြင့် အသံလွှင့်ရာတွင်လည်းကောင်း ရေဒီယိုအသံလွှင့်ရာတွင် လည်း ကောင်း အနှံ့အပြား အသုံးပြုလျက်ရှိကြသည်။ မိုက္ကရိုဖုန်း ပြုလုပ်ထားပုံမှာ တယ်လီဖုန်းရှိ စကားပြောခွက်နှင့်သဘောချင်း အတူတူပင်ဖြစ်သည်။ မိုက္ကရိုဖုန်းဆိုသည့်ဝေါဟာရမှာ ဂရိစကား ...

                                               

မျက်နှာပြင်တင်းအား

ပြဒါးဖိတ်စဉ်၍ အစိတ်စိတ်ကွဲသွားသောအခါ အလုံးကလေးများအဖြစ်တည်နေ သည်ကို မြင်ဘူးကြပေမည် ။ ထိုအလုံးကလေးများကို ထပ်မံခွဲစိတ်ပြန်သော်လည်း အလုံးကလေးများပင် ဖြစ်မြဲဖြစ်နေကြပေလိမ့်မည် ။ အလုံးကလေးများကို အချင်းချင်း ထိစေသောအခါ၌လည်း တစ်ခုနှင့် တစ်ခု စုပေါင်း၍ အရွယ်ကြီးလာ သည့်တိုင်အောင် အလုံးပင် ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည် ။ တစ်ဖန် ငြိမ် သက်နေသော ရေ၏ မျက်နှာပြင်ပေါ်သို့ အပ်ကလေးတစ်ချောင်းကို ဖြည်းည|င်းစွာ ချကြည့်သောအခါ အပ်ကလေးသည် ရေထဲသို့နစ်မြုပ်မသွားဘဲ ရေပေါ်၌ ပေါ်လျက်ရှိသည်ကို စမ်းသပ် တွေ့မြင်နိုင်ပေသည်။ ထိုသို့သော အခြင်းအရာ များမှာ မျက်နှာပြင် တင်းအားကြောင့်ပင် ဖြစ်သည်။ ဒြဗ်ဝတ္ထုမှန်သမျှတို့သည် မော်လ ...

                                               

ရော့စ်ဝဲလ် ပန်းကန်ပြားပျံအဖြစ်အပျက်

ရော့စ်ဝဲလ် ပန်းကန်ပြားပျံအဖြစ်အပျက် သည် အမေရိကန်ပြည်ထောင်စုတွင် ယနေ့တိုင် ပဟေဠိဖြစ်နေရသည့် ဇာတ်လမ်းတစ်ခုဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လတွင် နယူးမက္ကဆီကိုပြည်နယ်၊ ရော့စ်ဝဲလ်မြို့အနီးရှိ မွေးမြူရေးခြံတစ်ခြံအနီးတွင် အမျိုးအမည် မခွဲခြားနိုင်သော ယာဉ်တစ်စီး ပျက်ကျခဲ့သည်။ ထိုယာဉ်အပျက်အစီး အပိုင်းအစ အနများကိုကြည့်ပြီး မည်သည့်နေရာမှလာသည့် ယာဉ်ဖြစ်ကြောင်းကို ယနေ့တိုင် မဖော်ထုတ်နိုင်ခဲ့သေးပေ။ အမေရိကန် လေတပ်က ထိုယာဉ်အပိုင်းအစများသည် အမေရိကန်ပြည်ထောင်စု လေတပ်ထောက်လှမ်းရေးအတွက် လွှတ်တင်ထားသော မိုးပျံပူဖောင်းတစ်ခု၏ အစိတ်အပိုင်းများဖြစ်ကြောင်း ထိုစဉ်က ထုတ်ဖော်ပြီး ပြည်ဖုံးကားချခဲ့သော်လည်း ...

                                               

လေဆာရောင်ခြည်

လေဆာရောင်ခြည်ဆိုသည်မှာ ရိုးရိုးအလင်း ရောင်ထက် အဆပေါင်းများစွာ ပြင်းအားကြီးအောင် ဖန်တီးယူထားသည့် အလင်းရောင် တစ်မျိုးဖြစ်၏။ ရိုးရိုးအလင်းရောင်နှင့် လေဆာရောင်ခြည်တို့၏ ခြားနားချက်မှာ ရိုးရိုးအလင်းရောင်ခြည်တွင် အရောင်ပေါင်းစုံပါရှိပြီးလျှင် အဘက်ဘက်သို့ ဖြာထွက်၏။ တစ်နေရာတည်းသို့ စူးစိုက်၍ ထိုးလွတ်သော အခါ၌ နေရာဝေးကွာသည်နှင့် အမျှဘေးသို့ ပို၍ဖြာထွက်၏။ လေဆာရောင် ခြည်မှာမူ တစ်ရောင်တည်းဖြစ်ပြီးလျှင် ရိုးရိုးအလင်းရောင်ခြည်ထက် အတိုင်းအဆအားဖြင့် သန်းပေါင်းများစွာ ပို၍ပြင်းအားကြီး၏။ တစ်နေရာ တည်းသို့ စူးစိုက်၍ ထိုးလွှတ်ပေးရာ၌ ဘေးသို့ဖြာထွက်ခြင်းမရှိ၊ မီးသတ် ပိုက်ခေါင်းမှထွက်သည့် ရေကဲ့သို့ စူးရှလှ၏။ ခရီးမ ...

                                               

သိပ္ပံနည်းကျအမျိုးအစားခွဲခြားခြင်း

အဆိုပါသိပ္ပံနည်းကျ အမျိုးအစားခွဲခြားသို့မဟုတ်ဇီဝခွဲခြားခြင်း (အင်္ဂလိပ်: systematics ကအာဆီယံနှင့်ခွဲခြားရန်ရည်ညွှန်း မျိုးစိတ် များ၏ သက်ရှိ, နှစ်ဦးစလုံးတည်ဆဲနှင့်မျိုးသုဉ်း။ မျက်မှောက်ခေတ်တွင် ခွဲခြားသတ်မှတ်ခြင်းသည်ရုက္ခဗေဒသွင်ပြင်လက္ခဏာများအပေါ် အခြေခံ၍ မျိုးစိတ်အမျိုးမျိုးကိုစုစည်းသည့်ရုက္ခဗေဒပညာရှင် Karolyn Linius ၏စနစ်ကိုအခြေခံသည်။ အဆိုပါအုပ်စုသည်အမြဲတမ်းအဓိကရောင်ပြန်ဟပ်ဖို့ updated ထားပါတယ်, ဒါဝင် အများစု၏ရလဒ်အဖြစ် မျိုးရိုးခွဲခြားခြင်း ၊ မော်လီကျူး ကိုခွဲခြားစိတ်ဖြာခြင်းဖြင့် အဆိုပါမျိုးရိုးဗီဇ အဆင့်ဆင့်နှစ်ခုအဆင့်ဆင့်သို့ခွဲခြားအမြင်ကျယ်ခွဲဝေ၌တည်၏။ အမြင့်နှင့်နိမ့်ဆုံးအမိန့်

                                               

သိပ်သည်းခြင်း

အရွယ်တူ၊ ပုံစံတူ ပုံးနှစ်လုံးကို ယူ၍တစ်လုံးတွင် သဲအပြည့်ထည့်ပြီးလျှင် အခြားတစ်လုံးတွင် ရေအပြည့်ထည့်လျက်ချိန်ကြည့်လျှင် သဲတစ်ပုံးသည် ရေတစ်ပုံးထက် အလေးချိန်အလွန်ပိုနေမည်ကိုတွေ့ရလိမ့်မည်။ သို့သော်သဲ၏ထုထည်ကား ရေ၏ထုထည်နှင့်တူညီ၏။ ထုထည်ခြင်းတူညီပြီး အလေးချိန်ကွာခြားနေရခြင်းမှာ သဲ၏ဒြဗ်ထုသည် ရေ၏ဒြဗ်ထုထက် ပိုမိုကျစ်လျစ် သိပ်သည်း ခြင်းကြောင့်ဖြစ်သည်။ အဓိပ္ပါယ်မှာ သဲသည်ရေထက်သိပ်သည်း ၏။ တစ်ဖန်သံနှင့်သဲတို့ကို နှိုင်းဆကြည့်လျှင် သံသည် သဲထက်သိပ်သည်းကြောင်းတွေ့ရပြန်သည်။ ဒြဗ်ထုဆိုသည်မှာ အရာဝတ္ထုတစ်ခု၏ကိုယ်ထည်တွင်ပါရှိသော ပစ္စည်းထုဖြစ်သည်။ အရာဝတ္ထုတစ်ခု၏ဒြဗ်ထုကို ဂရမ်ဖြင့်ပြ၍ ထုထည်ကို ကုဗစင်တီမီတာဖြင့် ပြသ ...

                                               

သံလိုက်

သံလိုက် သည် ထူးခြားသော သတ္တုတမျိုးဖြစ်သည်။ သံလိုက်ကို သံနှင့်အလားတူသတ္တုများ သို့မဟုတ် အခြားသံလိုက် အနီးသို့ ရွေ့ထားလျှင် ဝင်ရိုးတူလျှင် စွဲကပ်၍ မတူလျှင် တွန်းကန်တတ်သော သဘောရှိသည်။ ထိုသဘောကို သံလိုက်ဓာတ်ဟု ခေါ်သည်။ သံလိုက်ကို အခြားသတ္တုများမှ ပွတ်တိုက်ခြင်းဖြင့် လုပ်ယူနိုင်သည်။ အပျော့စား သို့မဟုတ် ခဏတဖြုတ် သံလိုက် သည် ကြာရှည်မခံတတ်ပေ။ သံလိုက်သည် သဘာဝအားဖြင့် အချို့ကျောက်တုံးများ တွင် ဖြစ်ပေါ်တတ်ပြီး ယခုအခါတွင်မူ ထုတ်လုပ်ခြင်းဖြင့်သာ ရယူကြသည်။ သံလိုက်၏ သံလိုက်စက်ကွင်းသည် ပူလာသောအခါ လျော့ပါးလာပြီး အေးသောအခါ တိုးပွားလာသည်။ တူသောဝင်ရိုးများမှာ တွန်းကန်ပြီး မတူညီသော ဝင်ရိုးများမှာ ဆွဲငင်ကြသည်။ ...

                                               

သံလိုက်ဓာတ်

သံလိုက်ကိုအင်္ဂလိပ်ဘာသာ အားဖြင့် မဂ္ဂနက် ဟုခေါ်သည်။ ထိုဝေါဟာရ မှာရှေး ကအာရှမိုင်းနားပြည်တွင် မဂ္ဂနက်အမည်ရှိသောသိုးထိန်း သမားလေးတစ်ဦးက သဘာဝသံလိုက်ဓာတ် ပါသည့် ကျောက်တုံးတစ်တုံးကို အမှတ်မဲ့တွေ့ရာမှစတင်ဖြစ်ပေါ် လာသည်ဟုအချို့ကပြောကြသည်။ ဤသ ဘာဝသံလိုက် မျိုးကို မဂ္ဂနက်မမွေးမီ ရှေးနှစ်ထောင်ပေါင်းများစွာကပင် တရုတ်လူမျိုးတို့ တွေ့ရှိကာ လမ်းပြအိမ်မြှောင်အဖြစ် အသုံးပြုခဲ့ကြလေသည်။ ဂရိနှင့်ဟီဗြူးစာပေများတွင်လည်း လမ်းညွှန်ကျောက်နှင့် စပ်လျဉ်းသောအထောက်အထား များကိုတွေ့ရလေသည်။ လမ်းညွှန်ကျောက်ဟုခေါ်ဆိုခြင်းမှာ ဤကျောက်ကို ခါးလယ်မှ ကြိုးဖြင့်ချည်ပြီး တွဲလွဲဆွဲ ထားသောအခါ တစ်ခုတည်းသောအရပ် သို့သာ အမြဲတမ်းညွှန်ပြန ...

                                               

သံ​လိုက်​အိမ်မြှောင်

မြောက်အရပ်ကိုညွှန်ပြရန် သံလိုက်ဖြင့်စီမံပြုလုပ်ထားသောကိရိယာကို သံလိုက်အိမ်မြှောင် ဟုခေါ်သည်။ ထိုအိမ်မြှောင်ဖြင့်မြောက်အရပ်ကိုသိခြင်းကြောင့် ကျန်အရပ်သုံးမျက် နှာကိုလည်းသိရှိနိုင်သည်။ အိမ်မြှောင်ကိုအလွယ်ဆုံးပြုလုပ်နည်းမှာ သံလိုက်တစ်ခုနှင့် ပွတ်ထားသောအပ် တစ်ချောင်းကိုဖော့တွင်ထိုးသွင်းပြီးနောက် ရေစလုံထဲတွင်ချထားခြင်းပင်ဖြစ်သည်။ ထိုအခါအပ်သည် မြောက်နှင့်တောင်ကိုညွှန်ပြ၍ ငြိမ်သက်စွာနေသည်ကိုတွေ့ရမည်။ ထိုသံလိုက်အပ်ကိုပင်အလယ်တည့် တည့်မှအပ်ခြည်မျှင်သေး⁠သေးဖြင့် ချည်၍ဆွဲထားလျှင်လည်းအပ်သည် မြောက်နှင့်တောင်ကိုညွှန်ပြနေ မည်ကိုတစ်ဖန်တွေ့ရပေမည်။ သံလိုက်အိမ်မြှောင်ကို ပထမဆုံးမည်သူကစတင်တည်ထွင်ခဲ့သည်ကို မည်သူ ...

                                               

ဟိုက်ဂရိုမီတာ

လေထု၏ စိုထိုင်းမှုကို တိုင်းတာသော ကိရိယာမျိုးဖြစ်သည့် ဟိုက်ဂရိုမီတာသည် ဆိုက်ကရိုမီတာ၊ ကက်ဘာသာမီမိုတာ စသည်ဖြင့် အမျိုးမျိုး အစားစားရှိသည်။ အောက်ပါ အကြောင်းရပ်တွင် ဟိုက်ဂရိုမီတာ အစားစားရှိပုံနှင့် ယင်းတို့ကို မည်သို့ အသုံးပြုရပုံကို ဖော်ပြထားသည်။

                                               

လူ၏ အရိုးဖွဲ့စည်းပုံ

လူသည် အရိုးများဖြင့် ဖွဲ့စည်းထား၍သာ လမ်းလျှောက်နိုင်၊ သွားနိုင်၊ လာနိုင်လေသည်။ သိပ္ပံနည်းကျ လေ့လာမှုများအရ လူကြီးတယောက်တွင် ၂ဝ၆ ရိုးရှိသည်။ ကလေးအရွယ်၌ အရိုး ၃၅ဝ ရှိခဲ့သည်။ အမျိုးသမီးများတွင်လည်း အရိုး ၂ဝ၆ ရိုး ရှိသော်လည်း အရွယ်အစားငယ်ကြသည်။ ထိုသို့ အရိုးများအား ဖွဲ့စည်းထားပုံကို အင်္ဂလိပ်ဘာသာဖြင့် Skeletal System သို့မဟုတ် Human skeletonဟုခေါ်သည်။ လူသည် ကျောရိုးရှိသတ္တဝါဖြစ်၍ Bone ဘုန်း အရိုး၊ Cartilage ကားတလေ့ရှ် အရိုးနု၊ Ligament လစ်ဂမင့် အရွတ်၊ Tendon တန်ဒွန် အချောင်းလိုက်ရှိသော အရွတ်တို့ ပါရှိသည်။ လူ့အလေးချိန်၏ ၂ဝ% သည် အရိုးစနစ်ကဖြစ်သည်။ ပျော့သည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သော ဦးနှောက် ...

                                               

အတွင်းထုတ် ဂလင်းအဖွဲ့

ဇီဝကမ္မဗေဒပညာ အရ အင်ဒိုခရိုင်း စနစ် သည် ဂလင်းခေါ် အချွဲအိပ်များ ၏ လုပ်ငန်းတာဝန်စနစ်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တွင် gland ခေါ် အိပ် နှစ်မျိုးရှိသည်။ Exocrine Glands အိတ်ဆိုခရိုင်း-ဂလင်း များ ။ ။ ချွေးထွက်သော Sebaceous ဂလင်းများ၊ မင်မရီ-ဂလင်းMammary glands နို့ထွက်သော ဂလင်းများ၊ အစာခြေရည်ထွက်သော ဂလင်းများDigestive enzymes၊ အင်ဒိုခရိုင်း-ဂလင်းEndocrine Glands များ ။ ။ ဟော်မုန်းများ ထုတ်ပေးသည်။ အာရုံကြောစနစ်နှင့် တွဲလျက် ခန္ဓာကိုယ်၏ အလုပ်များကို မျှတနေအောင်လုပ်ပေးသည်။ ပါရာ-သိုင်းရွိုက်ဂလင်းParathyroid Gland ။ ။ သိုင်းရွိုက်ဂလင်းပေါ်၌ ပေါင်း၄ခုရှိသည်။ သွေးထဲမှ ကယ်လ်စီယန် အား ထိန်းပေးသည်။ ပိုင်နီရယ ...

                                               

အစာခြေ စနစ်

အစာခြေစနစ် သည် အစားအစာတစ်ခုအား အစိတ်အပိုင်းများအတွင်းသို့ သဘာဝအလျောက် လှုပ်ရှားမှု နှင့် ဓာတုဗေဒဆိုင်ရာ ဖြိုဖျက်ခြင်းဖြစ်ပြီး သွေးအတွင်းသို့ ရောက်ရှိစေခြင်းကို ဆိုလိုသည်။ အစာခြေလမ်းကြောင်းကို Gastrointestinal GI tract ဟု ခေါ်သည်။ အစာခြေအင်္ဂါများနှင့် အခြားအင်္ဂါတို့ ပါဝင်သည်။ ၎င်းတို့က စားလိုက်သောအစာအား ဆဲလ်များက စုပ်ယူနိုင်သည့် မောလီကြူးများအဖြစ် အဆင့်ဆင့် ပြောင်းပေးခြင်း ဖြစ်သည်။ Mouth ပါးစပ်၊ Pharynx အာခေါင်။ Esophagus အစာမြိုပြွန်။ Stomach အစာအိမ်၊ Small intestine အူသိမ်၊ Large intestine အူမကြီး၊ Rectum အစာဟောင်းအိမ်၊ Anus စအိုတို့ ပါဝင်သည်။ အဓိက လုပ်ဆောင်ချက်သုံးရပ်ရှိပြီး ၎င်းတို့မှ ...

                                               

အစ်တာဗီယမ်

အစ်တာဗီယမ်သည် အစ်ထရီယမ်အစုတွင် ပါဝင်သော မြေရှားဒြဗ်စင်တစ်ခုဖြစ်၍ ယင်း၏ ဓာတုသင်္ကေတ မှာ ၌ဘ ၊ အက်တမ်အမှတ် ၇ဝ ၊ အက်တမ်အလေးဆမှာ ၁၇၃ ့ဝ၄ အသီးသီးဖြစ်သည်။ ယင်းသည်မြေရှားဒြဗ်စင်အစုများ ထဲတွင်ပင် အရှားဆုံးဒြဗ်စင်ဖြစ်သည့်အလျောက် မြေဆီလွှာ တစ်တန်တွင်မှ သုံးဂရမ်နီးပါးမျှလောက်သာ ပါဝင်သည်။ အစ်တာဗီယမ်ကိုဆွစ်ဇာလန်နိုင်ငံမှ မာရစ်နက်ဆိုသူ ဓာတုဗေဒ ပညာရှင်တစ်ဦးက ခရစ် ၁၈၇၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ သည်။ ယင်းကို အဆင့်ဆင့်ပေါင်းခံနည်းနှင့် လျှပ်စစ်ဖြင့် ဓာတ်ခွဲနည်း တို့ဖြင့်ထုတ်ယူရရှိသည်။ အစ်တာဗီယမ်ဒြဗ်စင်နှင့် လူတီစီယမ် မြေရှားဒြဗ်စင်တို့သည် တစ်ခုနှင့်တစ်ခု ဂုဏ်သတ္တိများတွင် အလွန်တူကြသည်။

                                               

အစ်ထရီယမ်

အက်ထရီယမ်သည် မြေရှားဒြဗ်စင်မဟုတ် သော်လည်း သဘာဝတွင် မြေရှားဒြဗ်စင်များနှင့် အတူတွေ့ရှိရ သောကြောင့်တစ်ကြောင်း၊ ရှားပါးသောဓာတ်မြေတို့ကို တစ်ခုစီ ခွဲထုတ်ရာတွင် အစ်ထရီယမ်ကိုပါ ဖယ်ရှားထုတ်ပစ်ရသော ကြောင့်တစ်ကြောင်း ဤဒြဗ်စင်ကို မြေရှားဒြဗ်စင်စာရင်းတွင် သွင်းထားသည်။ ဤသို့ခွဲထုတ်ရာတွင် ဆိုဒီယမ်နှစ်ထပ်ဒြဗ် ပေါင်းတို့၏ပျော်ဝင်ကိန်းကို အခြေပြု၍ အစ်ထရီယမ်ဓာတ်မြေ ဟု ခွဲထုတ်ယူရသည်။ အစ်ထရီယမ်အောက်ဆိုက်ကို ခရစ် ၁၇၉၄ ခုနှစ်တွင် ဂက်ဒိုလင်ဆိုသူက ပထမတွေ့ရှိခဲ့၍ ၁၈၄၃ ခုနှစ်တွင် မိုစင်ဒါ ဆိုသူက ဒြဗ်စင်ကိ်ု ခွဲထုတ်ရရှိခဲ့သည်။ ဤဒြဗ်စင်၏အမည်မှာ မြေရှားဒြဗ်စင်များ ထုတ်ယူရရှိသည့် တာဗီယာနှင့် အာဗီယာ တွေ့ရှိရာ အစ်တာဗီရွ ...

                                               

အဏ္ဏဝါဗေဒ

အဏ္ဏဝါဗေဒ သည် Earth science ၏ ဘာသာခွဲ တစ်ရပ်ဖြစ်ပြီး သမုဒ္ဒရာ၏ အနေအထားကို စူးစန်းလေ့လာသည့် ပညာရပ် တစ်ခုဖြစ်သည်။ လေ့လာသည့် အကြောင်းအရာများတွင် အဏ္ဏဝါအတွင်း နေထိုင်ကျက်စားကြသည့် သက်ရှိများနှင့် ဂေဟစနစ်၊ ပင်လယ်ရေစီးကြောင်းများ၊ လှိုင်းများ၏ သက်ရောက်မှု၊ ပင်လယ်ကြမ်းပြင် အနေအထား၊ ပင်လယ်ရေအတွင်းရှိ ဓာတုပစ္စည်းများ၏ ဂုဏ်သတ္တိများ စသည်တို့ပါဝင်သည်။ ထို့ကြောင့် အဏ္ဏဝါဗေဒ ပညာရှင်တစ်ဦးသည် ဇီဝဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ပထဝီ စသည့် ဘာသာရပ်များမှ လေ့လာဆည်းပူးရေး စည်းစနစ်များကိုပါ နားလည်သဘောပေါက်ရန် လိုအပ်သည်။

                                               

အပျိုမြှေး

အပျိုမြှေး ခေါ် မလိင်အင်္ဂါ အမြှေးပါးသည် mucous အမြှေးပါး အခေါက် ဖြစ်ပြီး အပြင်ပိုင်း မအင်္ဂါပေါက်ကို တစိတ်တစ်ပိုင်းအားဖြင့် ကာထားသည်။ အပျိုမြှေးသည် မအင်္ဂါဇာတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မြန်မာတို့သည် အပျိုမြှေးပေါက်လျှင် အပျိုမစစ် ဟုယူဆကြသော်လည်း အပျိုဟုတ်မဟုတ်မှာ အပျိုမြှေး ဖြင့်ဆုံးဖြတ်၍ မရသလို ကြိုတင် စစ်ဆေးရန်လည်း မဖြစ်နိုင်ပေ။ သံသယ ရှိသော မုဒိန်းမှုများတွင် မှု အပျိုမြှေး ပျက်မပျက် သေချာစွာ စစ်ဆေးနိုင်သော်လည်း အပျိုမြှေး စစ်ချက်တစ်ခုတည်းနှင့်တော့ အထူးသဖြင့် အရွယ် မရောက်သေးလျှင် အတည်မပြုနိုင်ပေ။ အပျိုမြှေး ၏ ပုံစံမှာ ထုံးစံအားဖြင့် လခြမ်းပုံရှိပြီး အခြားပုံ များစွာလည်း ရှိကြသည်။ သားမွ ...

                                               

အာကာသဖိနပ်

Space Boot အမည်ရှိ လကမ္ဘာပေါ်၌ စီးနင်းနိုင်သည့် ဖိနပ်တစ်ရံလျှင် ပျမ်းမျှဒေါ်လာ ၃၀၀၀၀ ဝန်းကျင်ခန့်ရှိသည်။ M2 Trekker ဟုအမည်ပေးထားသော အာကာသတွင်း၌ စီးနင်းနိုင်မည့်ဖိနပ်များကို သုံးပိုင်းခွဲ၍ တည်ဆောက်ထားသည်။ အတွင်းပိုင်း ဖိနှိပ်အားဒဏ်ခံနိုင်မည့် bladder လေအိတ်၊ အလယ်ပိုင်းတွင် ဖွဲ့စည်းတည်ဆောက်ပုံနှင့် သက်ဆိုင်သော အလွှာနှင့် အပေါ်မှ ဖုံးအုပ်ကာကွယ်ထားသည့် အလွှာများဖြစ်သည်။ ထိုဖိနပ်များသည် အပူချိ န်အနုတ် ၃၅၀ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိရန် လိုအပ်သည်။ တစ်နာရီလျှင်မိုင် ၄၅၀၀၀ နှုန်းနှင့်လာ၍ ထိတွေ့မည်ဖြစ်သော အလွန့်အလွန်သေးငယ်သည့် ဥက္ကာခဲများ များ၏ ဒဏ်ကိုခံနိုင်ရည်ရှိရပေမည်။ လကမ္ဘာပေါ်ရှိ ကျောက်သာ ...

                                               

အီသာ

လူသာမန်တို့၏ အမြင်တွင် ကျွန်ုပ်တို့၏ ကမ္ဘာနှင့်တကွ နေ လ ကြယ် ဂြိုဟ် စသည့် ကောင်းကင်တန်ဆာများ သွားလာ တည်ရှိလျက် ရှိသော ဤအာကာသကြီးသည် အရာဝတ္ထု ဆို၍ လုံးဝ ကင်းမဲ့သော ပလာသက်သက် လဟာပြင်အတိ သာလျှင် ဖြစ်လေသည်။ သို့ရာတွင် သိပ္ပံပညာရှင်ကြီးများကမူ လဟာပြင်ဟု ထင်ရသော အာကာသကြီး တစ်ခုလုံးကို အီသာဟု ဆိုအပ်သော ပစ္စည်းတစ်ခုက နေရာ အနှံ့အပြား ပြည့်နှက် ဖုံးလွှမ်းထားသည်ဟု ယုံကြည်ယူဆခဲ့ကြလေသည်။ ဤယူဆချက်သည် ဝှိုင်ဂင်းခေါ် ဒတ်ချ်လူမျိုး သိပ္ပံပညာရှင် ကြီးတစ်ဦး၏ အလင်းနှင့်သက်ဆိုင်သော အဆို တစ်ရပ်မှ ပေါက်ဖွားလာခဲ့လေသည်။ ပုံပမာ-ကြိုးခပ်ရှည်ရှည်ကို လူနှစ်ယောက်သည် ကြိုးစတစ်ဖက်စီကိုင်ပြီး ရပ်နေကြသည် ဆိုပါစို့၊ အကယ်၍ တ ...

သဘောတရားဆိုင်ရာ ကွန်ပျူတာသိပ္ပံ
                                               

သဘောတရားဆိုင်ရာ ကွန်ပျူတာသိပ္ပံ

သဘောတရားဆိုင်ရာ ကွန်ပျူတာသိပ္ပံ ကို အထွေထွေ ကွန်ပျူတာသိပ္ပံ နှင့် သင်္ချာတို့၏ ဘာသာရပ်ခွဲတစ်ခုအဖြစ် ရှုမြင်နိုင်ပြီး ကွန်ပျူတာသိပ္ပံ၏ တွက်ချက်ခြင်း သီအိုရီ ကဲ့သို့သော သဘောတရားဆန်သည့်၊ သင်္ချာဆန်သည့် အစိတ်အပိုင်း သဘာဝများကို လေ့လာသည့် ဘာသာရပ်ဖြစ်သည်။

                                               

သိပ္ပံကွင်းရွာ၊ ဇလုပ်

သိပ္ပံကွင်းရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၉၉၃ ဖြစ်သည်။ ၎င်းရွာသည် မုံရွာမြို့ပေါ်ရှိ ရပ်ကွက် ဖြစ်သွားသည်။

သိပ္ပံကွင်းရွာ၊ မုံရွာမြို့နယ်
                                               

သိပ္ပံကွင်းရွာ၊ မုံရွာမြို့နယ်

သိပ္ပံကွင်းရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၉၆၉ ဖြစ်သည်။

                                               

ဖွံ့ဖြိုးရေးသိပ္ပံရွာ၊ စစ်ကိုင်းမြို့နယ်

ဖွံ့ဖြိုးရေးသိပ္ပံရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၁၀၀ ဖြစ်သည်။

စူပါကွန်ဒပ်တီဗီတီ
                                               

စူပါကွန်ဒပ်တီဗီတီ

စူပါကွန်ဒပ်တီဗီတီ ဆိုသည်မှာ လျှပ်စစ်ဓာတ်၏ ခုခံအား သုည ရှိသော အခြေအနေ ဖြစ်ပြီး အချို့သော ဝတ္ထုပစ္စည်းများတွင် အပူချိန် သတ်မှတ်ချက် တစ်ခု၏ အောက်သို့ ကျရောက်သော အခါတွင် ဖြစ်ပေါ်တတ်သည်။ စူပါကွန်ဒပ်တီဗီတီကို စတင်တွေ့ရှိသူမှာ ဟိုက်ကမ်မာလင်းအွန်းနပ်စ် ဖြစ်ပြီး ၁၉၁၁ ခုနှစ် ဧပြီလ ၈ ရက်တွင် လေဒန်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နှလုံး သွေးကြောစနစ်
                                               

နှလုံး သွေးကြောစနစ်

Sino-atrial node က အဆက်မပြတ်၊ စီးချက်ကျကျဖြင့် နှလုံးကိုခုန်စေသည်။ ပြောင်းလဲနေသော ခန္ဓာကိုယ် လိုအပ်သည့် သွေးပမာဏရစေရန် အနှေးအမြန်ပြောင်းနေသည်။ ယင်းကို Medulla Oblongata ခေါ် ဦးနှောက်၏ အစိတ်အပိုင်းတခုက ထိန်းပေးသည်။ ပုံမှန် နှလုံခုန်နှုန်သည် ၁ မိနစ်လျင် ၆၀ မှ ၁၀၀ 60-100 bpm ရှိသည်။ ကောင်းစွာလေ့ကျင့်ထားသော အားကစားသမား၏ နှလုံးခုန်နှုန်းသည် ၄၀-၆၀ ရှိသည်။

အင်ဒဲဗား အာကာသ လွန်းပြန်ယာဉ်
                                               

အင်ဒဲဗား အာကာသ လွန်းပြန်ယာဉ်

အင်ဒဲဗား အာကာသ လွန်းပြန်ယာဉ် သည် အမေရိကန် ပြည်ထောင်စု အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန ခေါ် နာဆာလက်အောက်ရှိ ကနေဒီအာကာသစင်တာတွင် အာကာသ ခရီးစဉ်များကို ပျံသန်းသွားလာနေသည့် ပဉ္စမမြောက် အာကာသ လွန်းပြန်ယာဉ် တစ်စီးဖြစ်သည်။ ၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ပထမဦးဆုံး ပျံသန်းခဲ့ပြီး ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် နောက်ဆုံး ခရီးစဉ်ကို စတင်ခဲ့သည်။ ဤခရီးစဉ်အပြီးတွင် အနားပေးတော့မည် ဖြစ်သည်။

အဘိုး ဝိရောဓိ
                                               

အဘိုး ဝိရောဓိ

အဘိုး ဝိရောဓိ ဆိုသည်မှာ အတိတ်ကာလသို့ အချိန်ခရီးသွားပြီး ပြောင်းလဲချက်များကြောင့် ဖြစ်လာသော ဝိရောဓိဖြစ်သည်။ ယင်းနာမည် ရလာပုံမှာ လူတစ်ယောက်သည် အတိတ်ကာလသို့ ခရီးသွားပြီး သူ့အဘိုးကို သတ်ပစ်မိရာ သူ့အဖေနှင့်အမေတို့ တည်ရှိမှုကို ဖျက်ဆီးသလိုဖြစ်၍ သူကိုယ်တိုင်လည်း မတည်ရှိတော့သည့်ဖော်ပြချက်မှ ဖြစ်သည်။ အတိတ်ကာလမှ ကဂျိုးကဂျောင်ကျသော မည်သည့်အကြောင်းအရာမဆို အဘိုးဝိရောဓိနှင့် သက်ဆိုင်သည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →