Back

ⓘ အနုပညာ - အနုပညာ, ဦးစီးဌာန, မြန်မာ့ အနုပညာ, ဂျာမန်အနုပညာ, အနုပညာပျိုးခင်း, ဘာသာရပ်များ, ကြက်တောင်ကွ, ပန်းတော့, ပန်းထိမ်, ပန်းပွတ်, လူဗာပြတိုက် ..



                                               

အနုပညာ

==အနုပညာ== လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ဟပ်ပြနိုင်သော အနုပညာသည် အဘယ်နည်း။ အနုပညာဟူသည် လူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး ဖြစ်သည်။ လူ၏ စေတနာကို လှုံ့ဆော် နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ အနုပညာသည် လူ၏ စေတနာ အလျောက် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသောပညာ ဖြစ်၍ အနုပညာ၏ အစွမ်းကြောင့် အနုပညာကို ခံစားရသူ၌ ရသ ဖြစ်ပေါ်ရသည်။ ထိုကြောင့် အနုပညာကို ရသပညာဟုလည်း ခေါ်လေသည်။ အနုပညာရသဟူသည်မှာ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်သက်ခြင်း၊ ကရုဏာဖြစ်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ တည်ငြိမ်ခြင်းတည်းဟူသော အလင်္ကာကျမ်းများအလာ စိတ်အရသာ ကိုးပါးအနက် တစ်ပါးပါးကို ခံစားရ ...

                                               

အနုပညာ ဦးစီးဌာန

၁၉၅၄ ခုနှစ်တွင် ယဉ်ကျေးမှုကောင်စီအက်ဥပဒေအရ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်သော "ယဉ်ကျေးမှုကောင်စီ" ကို ဖွဲ့စည်းခဲ့ပြီး ယင်းကောင်စီလက်အောက်တွင် ဝန်ထမ်းအင်အား၆၃ဦးပါဝင်သော ရုံးအဖွဲ့နှင့် ဝန်ထမ်းအင်အား၃၅၇ဦး ပါဝင်သော ကဇာတ်အဖွဲ့တို့ကို ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ဌာနလက်အောက်တွင် ပန်တျာနှင့် ပြဇာတ် ဌာနခွဲ၊ နိုင်ငံသုခုမပညာသင်ကျောင်း၊ မွန်ရေးရာကော်မတီနှင့် ပြက္ခဒိန်ကော်မတီတို့ကို ဖွဲ့စည်းထား ရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေးကို အကောင် အထည်ဖော်သောအခါ "ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန" ဟူသောအမည်မှ ယဉ်ကျေးမှု ဝန်ကြီးဌာန ဟူသော အမည်သို့ ပြောင်းလဲခဲ့သည်။ ယခုအခါ အနုပညာ ...

                                               

မြန်မာ့ အနုပညာ

မြန်မာ့အနုပညာ ဆိုသည်မှာ မြန်မာတို့ ဖန်တီးထားသော အနုပညာလက်ရာများကို ဆိုလိုသည်။ အနုပညာဟုဆိုရာ၌ ဘုရား၊ ကျောင်း၊ ကန်၊ တိုက်တာအဆောက်အဦးများရှိ လက်မှုအတတ်ပညာများ၊ ပန်းချီ၊ ပန်းပု၊ စာပေဂီတ၊ အက စသည့် အနုပညာများလည်း ပါဝင်သည်။ ၁၄၀၀ စီအီးကပင် အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေမည့် ပန်းချီ၊ ပန်းပုလက်ရာများကို ဖန်တီးခဲ့ကြသည်။ မြန်မာ့အနုပညာများသည် ဗုဒ္ဓဘာသာ အမှတ်အသားများဟုဆိုနိုင်သည့် မုဒြာ၊ ဇာတက စသည်တို့ကို များစွာ ဖန်တီးထားသည်။ ထို့အပြင် ဟိန္ဒူ၊ စကြာဝဠာဆိုင်ရာ၊ နတ် စသည်တို့ကို အခြေခံသော အနုပညာများစွာလည်း ရှိသည်။ ဗုဒ္ဓရုပ်ပွားတော်များမှာ ခေတ်အလိုက်ကွဲပြားမှုများရှိသည်။ မြန်မာ့အနုပညာတွင် အရေး ...

                                               

ဂျာမန်အနုပညာ

ဂျာမန်ပန်းချီဆေးရေးပညာ ၁၅ ရာစုနှစ် အစလောက်ဆီက စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် ထိုခေတ်က မှတ်သားလောက်သော ပုဂ္ဂိုလ်ကြီးများ မပေါ်ပေါက်သေးချေ။ ဖလန်းဒါးနယ်တွင် ဟူးဗတ်ဗန်အိုက် အမည်ရှိ ပန်းချီဆရာ ကြီးသည် သူ၏စိတ်ကူးတွင် ထင်မြင်သော နတ်ပြည်၏ ပုံသဏ္ဌာန်ကို ရေးဆွဲနေသည့်အချိန်တွင် ဂျာမန်တို့ကလည်း သူတို့စိတ်ကူးတွင် ထင်မြင်နေသော နတ်ပြည်ကို မှန်းဆကာ ရေးခြယ်လျက် ရှိကြသည်။ သူတို့၏ အမြင်တွင် နတ်ပြည်ဆို သည်မှာ ပန်းမျိုးစုံပွင့်သော နတ်ဥယျာဉ်ကြီး တစ်ခုဖြစ်၍ ထိုဥယျာဉ်ကြီးထဲတွင် သူတော်သူမြတ်များ စံပျော်နေထိုင်ကြ သည်ဟု အယူရှိကြသည်။ ၁၅ ရာစုနှစ် ဒုတိယပိုင်းသို့ ရောက် သောအခါ ဂျာမန်တို့သည် ဖလန်းဒါး အနုပညာရပ်မ ...

                                               

အနုပညာပျိုးခင်း

အနုပညာပျိုးခင်း သည် မြန်မာနိုင်ငံရှိ အနုပညာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ နိုဝင်ဘာလ ၁၁ရက်နေ့၊ ၂၀၁၁ခုနှစ်တွင် အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်နှင့် ဒါရိုက်တာ ဝိုင်းတို့ သည် အနုပညာပျိုးခင်း ကို စတင်တည်ထောင်ခဲ့သည်။ အနုပညာပျိုးခင်း မိတ်ဆက်ပွဲ အစီအစဉ်ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့၊ မနက် ၁၁နာရီတွင် ပါ့ခ် ရွိုင်ရယ် ဟော်တယ်၌ ပြုလုပ်ခဲ့သည်။ မင်းသမီး အသစ် ၃ ဦးကို ပရိတ်သတ်နှင့် မိတ်ဆက်ခဲ့သည်။

                                               

အနုပညာ ဘာသာရပ်များ

အနုပညာ ဘာသာရပ်များဆိုသည်မှာ လူ့ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများ၌တွေ့ရှိရသော စိတ်ကူးဉာဏ်စွမ်းဖြင့် ရသမျိုးစုံဖြစ်ပေါ်အောင် ဖန်တီးခြင်းနှင့် သက်ဆိုင်သော သီအိုရီ၊ လက်တွေ့အသုံးချမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ဖေါ်ပြချက်များကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါပညာရပ်များသည် ကျွမ်းကျင်မှုများနှင့် စိတ်ကူးဉာဏ်ကောင်းများကို အသုံးချကာ အရာဝတ္ထုများ၊ လူမှုပတ်ဝန်းကျင်များနှင့် အတွေ့အကြုံများကို ဖြစ်ပေါ်လာစေသည်။ အနုပညာ ဘာသာရပ်များခေါင်းစဉ်အောက်တွင် ဗိသုကာပညာ၊ ကြွေထည်မြေထည်အတတ်ceramics၊ ပန်းချီdrawing and painting၊ ပန်းပု၊ ရုပ်ရှင်ရိုက်ကူးခြင်းပညာfilmmaking၊ ဓာတ်ပုံပညာphotography တို့ ပါဝင်သော) အမြင်ဆိုင်ရာ အန ...

                                               

ကြက်တောင်ကွ

ကြက်တောင်ကွ သည် မြန်မာ ကာတွန်းရုပ်ရှင် ဖြစ်ကာ ၁၉၃၄ခုနှစ်တွင် ဦးဘဂျမ်းသည် ပဲရော့ရုပ်ရှင်ကုမ္ပဏီအတွက် ကာတွန်းရုပ်ရှင်ကို ဦးဟိန်းစွန်းနှင့်အတူ ရေးဆွဲရာမှ မြန်မာနိုင်ငံ၏ပထမဆုံးကာတွန်းရုပ်ရှင်အဖြစ် ပေါ်ပေါက်လာရသည်။ ကြက်တောင်ကွ ရုပ်ရှင်သည် ပေရှစ်ရာမျှ ရှည်လျား၍ စာသားအတွက် ကားချပ်ပေါင်း ရှစ်သောင်းငါးရာခန့်ရေးဆွဲ့ရပေသည်။ဤ ကာတွန်းရုပ်ရှင်သည် ဦးဘဂျမ်း၏ ပထမဆုံးရုပ်ရှင်လည်း ဖြစ်သည်။ အဆိုပါ ရုပ်ရှင်အား ၁၉၃၄ခုနှစ် စက်တင်ဘာလ ၁ဝရက်နေ့တွင် ပလာဇာရုံတွင် "သတင်းထောက်"ဇာတ်ကားနှင့်အတူ ပြသခဲ့သည်။

ပန်းတော့
                                               

ပန်းတော့

ဂူ၊ ဘုရားများ အဝင်ပေါက်အပေါ်ရှိ မုခ်တကဲတွင် အင်္ဂတေပညာဖြင့် ပန်းခတ်၊ ပန်းလက် ရုပ်ကြွ၊ ရုပ်လုံးအမျိုးမျိုးသော ပုံသဏ္ဍန် သက်ရှိသက်မဲ့ အရုပ်များ ပြုလုပ်ပူဇော်ထားခြင်းကို ပန်းတော့ပညာ ဟုခေါ်သည်။ ဗိဿနိုး၊ သရေခေတ္တရာခေတ်ကပင် ပန်းတော့လက်ရာ ပညာများကို တွေ့ ရှိနိုင်ပါသည်။

ပန်းထိမ်
                                               

ပန်းထိမ်

မြန်မာရိုးရာ လက်မှုပညာ ပန်းဆယ်မျိုးထဲမှ တစ်ခု ဖြစ်သည်။ ပန်းထိမ် သည် အဖိုးတန်သော ရွှေ၊ ငွေနှင့် သတ္တုစသည်တို့ဖြင့် လူတို့၏ လက်ဝတ်ရတနာ၊ အသုံးအဆောင် အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံ တို့ဖြင့် တွဲဖက်၍ ပြုလုပ်သော အတတ်ပညာဖြစ်သည်။

ပန်းပွတ်
                                               

ပန်းပွတ်

ယွန်းသစ်သားဖြင့် အသုံးအဆောင်များ၊ အလှအပများကို ပြုလုပ်သည့် ပညာဖြစ်သည်။ ပန်းပွတ်ပညာကို ကလပ်အမျိုးမျိုး၊ လက်ဖက်အစ်၊ ဆွမ်းအုပ်၊ နွားလှည်းဘီးများမှ သစ်သားပွတ်လုံးများ၊ ထီးဖြူ၊ ရွှေထီး လက်ရိုးလက်ကိုင်များတွင် တွေ့ ရှိနိုင်သည်။ ထို့အပြင် ပန်းပု ပညာဖြင့် ရုပ်လုံးဖော်ထားသော အကြမ်းထည်များကို ချောမွေ့ တောက်ပြောင်စေရန် ပန်းပွတ်ပညာဖြင့် ပြုလုပ်ရသည်။

လူဗာပြတိုက်
                                               

လူဗာပြတိုက်

လူဗာပြတိုက် သည် ပြင်သစ်နိုင်ငံ ပါရီမြို့ တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် လာရောက်လည်ပတ်သူအများဆုံး အနုပညာပြတိုက်တစ်ခုဖြစ်ရုံသာမက သမိုင်းဝင်အဆောက်အဦးတစ်ခုအနေဖြင့်လည်း ပြင်သစ်နိုင်ငံ၏ အထိမ်းအမှတ်တစ်ခု အဖြစ်တည်ရှိသည်။ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်း အနုပညာပစ္စည်း စုစုပေါင်း ၃၅၀၀၀ ကျော်ကို စတုရန်းမီတာ ၆၀၀၀၀ ကျော်ကျယ်ဝန်းသည့် ဧရိယာအတွင်း ခင်းကျင်းပြသထားသည်။ Mona Lisa, The Virgin and Child with St. Anne, Venus de Milo, Code of Hammurabi, Winged Victory of Samothrace

အင်စတော်လေးရှင်း အတ်တ်
                                               

အင်စတော်လေးရှင်း အတ်တ်

အင်စတော်လေးရှင်း အတ်တ် ဆိုသည်မှာ အနုပညာပုံစံ တစ်မျိုးဖြစ်ပြီး ဖန်တီးထားသည့် နေရာပေါ်တွင် မူတည်၍ ကွဲပြားသည်။ သုံးဖက်မြင် ရုပ်လုံးကြွ အနုပညာ တစ်မျိုးဖြစ်ပြီး ကြည့်ရှုသူ၏ အမြင်ကို ပြောင်းလဲအောင် ရည်ရွယ်၍ ဒီဇိုင်းလုပ်ထားသည်။ ယေဘူယျအားဖြင့် အဆောက်အဦး အတွင်း တည်ဆောက်ထားသော အနုပညာကို ရည်ညွှန်းခြင်း ဖြစ်ပြီး ပြင်ပတွင်တည်ဆောက်ထားသော အရာကို လန်းအတ် ဟု ခေါ်သည်။ သို့သော်လည်း ထိုအခေါ်အဝေါ် နှစ်ခုကြားရှိ စည်းမျဉ်းမှာ မှေးမှိန်နေသည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →