Back

ⓘ ဇီဝဗေဒ - ဇီဝဗေဒ, မျိုးရိုးခွဲခြားခြင်း, ဇီဝဗေဒ, လောက, ရုက္ခဗေဒ, ၂၃ ဇွန်, သတ္တဗေဒ, ကားလ် လင်းနီးယပ်, ကယ်လိုရီ, ကလာပ်စည်း, ဒက်အတလီ, ဂလင်း, ဂေဟဗေဒ, လိင် ..



                                               

ဇီဝဗေဒ

သက်ရှိတို့၏ တည်ဆောက်ပုံနှင့် ဆောင်ရွက်ချက်များအား သိပ္ပံနည်းကျ စမ်းသပ်လေ့လာသောဘာသာရပ်ကို ဇီဝဗေဒဟုခေါ်သည်။ ဗိုင်ဩလိုဂျီဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ အဓိပ္ပါယ်မှာ အသက် ဇီဝအကြောင်း လေ့လာဆွေးနွေးချက်ဖြစ်သည်။ ဤဝေါဟာရကို တီထွင်ခဲ့သူကား ထင်ရှားကျော်စောသော သဘာဝပညာရှင် ပြင်သစ်လူမျိုး လမတ် ဖြစ်သည်။

                                               

မျိုးရိုးခွဲခြားခြင်း (ဇီဝဗေဒ)

ဇီဝဗေဒ ၌, မျိုးရိုးခွဲခြားခြင်း-တဆိုနမီသည် ဂရိစကားမှဆင်းသက်လာပြီး ဇီဝဗေဒဆိုင်ရာအုပ်စု၊သက်ရှိများ၏ဝိသေသလက္ခဏာများ၏အခြေခံပေါ်ခွဲခြားခြင်းတို့တွင်အသုံးပြုပါသည်။ သက်ရှိများကို တဆို အဖြစ်သို့အုပ်စုဖွဲ့ထားသည်။ ၎င်းတို့ကို မျိုးရိုးခွဲခြားခြင်း အဆင့်သတ်မှတ်သည်။ ပေးထားသောအဆင့်ရှိအုပ်စုများကိုအဆင့်မြင့်ရာထူးအဆင့်မြင့်အဖွဲ့တစ်ဖွဲ့အဖြစ် စုစည်း၍ ဖန်တီးနိုင်သည်။ ခေတ်သစ်အသုံးပြုမှုတွင်အဓိကရာထူးများမှာ ဒိုမိန်း ၊ နိုင်ငံ ၊ ဖီလစ် ၊ မျိုးပေါင်း ၊ မျိုးစဉ် ၊ မျိုးရင်း ၊ မျိုးစု နှင့် မျိုးစိတ်များ ဖြစ်သည်။ ဆွီဒင်ရုက္ခဗေဒပညာရှင် ကားလ် လင်းနီးယပ် သည်လက်ရှိ taxonomy စနစ်ကိုတည်ထောင်သူအဖြစ်မှတ်ယူသည်။ သူသည်သက်ရှိ ...

                                               

လောက (ဇီဝဗေဒ)

ဇီဝဗေဒတွင် လောက သည် သက်ရှိမျိုးစဉ်တန်းအဆင့်၌ နယ်ပယ် ပြီးလျှင် ဒုတိယမြောက် အမြင့်ဆုံးအဆင့်တွင်ရှိသည်။ လောက၏ အောက်တွင် မျိုးပေါင်းစုဟု ခေါ်သည့် အုပ်စုများ ထပ်မံခွဲခြားထားသည်။ အမေရိကန် ပြဋ္ဌာန်းစာအုပ်များတွင် လောက ခြောက်မျိုးခွဲခြားထားပြီး ဗြိတိန်၊ ဩစတြေးလျ၊ လက်တင်အမေရိကနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေမှာတော့ လောက ငါးမျိုး သတ်မှတ်ကြသည်။ ခေတ်ပေါ် ကိုင်းခွဲသတ်မှတ်နည်းကို အခြေခံပြီးသတ်မှတ်တဲ့ မျိုးခွဲခြားနည်းများတွင်လောက ဆိုသည့်ဝေါဟာရကို အတိအလင်း ဖယ်ရှားထားကြသည်။ အကြောင်းမှာ လက်ဟောင်း လောကများသတ်မှတ် ခွဲခြားနည်းသည် ဘုံမျိုးရင်းခံတစ်ခုရဲ့ မျိုးဆက်ခံသက်ရှိတွေအားလုံးကို ထည့်သွင်းနိုင်ခြင်း မရှိ၍ဖြစ်သည်။

                                               

ရုက္ခဗေဒ

ရုက္ခဗေဒဆိုသည်မှာ အပင်လောကကို လေ့လာသည့် ပညာရပ်ကို ခေါ်သည်။ ထိုပညာရပ်သည် ဇီဝဗေဒ၏အရေးကြီး သော အစိတ်အပိုင်းနှစ်ခုအနက် တစ်ခုဖြစ်သည်။ ဇီဝဗေဒဆို သည်မှာ သက်ရှိမှန်သမျှကို လေ့လာသည့် ပညာရပ်ဖြစ်၍ ယင်း၏ အခြားအရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ သတ္တဗေဒ ဖြစ်သည်။

                                               

၂၃ ဇွန်

ဇွန်လ၊ ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ ရက်မြောက် ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း ရက် ကျန်သေးသည်။

                                               

သတ္တဗေဒ

သတ္တဗေဒ ဆိုသည်မှာ သတ္တဝါများအကြောင်းကို လေ့လာသည့် ပညာတရပ်ဖြစ်ပြီး ဇီဝဗေဒမှ ခွဲထွက်လာသည့် ဘာသာ တစ်မျိုးဖြစ်သည်။ သတ္တဗေဒမှာ သတ္တဝါ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးဝင်ပုံ၊ ပြုမူနေထိုင်ပုံနှင့် ဆင့်ကဲပြောင်းလဲပုံများအား အဓိကထားလေ့လာသုံးသပ်သည့် သက်ရှိဆိုင်ရာ သိပ္ပံပညာတစ်ရပ်ပင် ဖြစ်သည်။

                                               

ကားလ် လင်းနီးယပ်

ကားလ် လင်းနီးယပ် သည် ဆွီဒင်လူမျိုး ဇီဝဗေဒပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ရုက္ခဗေဒ နှင့် သတ္တဗေဒ နှစ်မျိုးလုံးကို အထူးတလည် လေ့လာလိုက်စားခဲ့၍ ဒွိနာမစနစ် ပါဝင်သည့် ခေတ်သစ်ဇီဝဗေဒ အမည်ပေးစနစ်ကို စွန့်ဦးဖော်ထုတ်ခဲ့သူ ဖြစ်ရာ သူ့ကို ခေတ်သစ်အမည်ပေးစနစ်၏ ဖခင်ကြီး ဟု လူသိများထင်ရှား၏။ ထို့အပြင် ခေတ်သစ် ဂေဟဗေဒ၏ ဖခင်ကြီးဟုလည်း သမုတ်သေးသည်။ သူပြုစုရာ စာစုအများဆုံးကို လက်တင်ဘာသာဖြင့် တွေ့ရသည်။ သူသည် ဆေးလက်တွေ့ပါရဂူဘွဲ့ကို နယ်သာလန်နိုင်ငံတွင် ရယူခဲ့ပြီး ဆရာဝန် သမားတော်တစ်ဦးအဖြစ်လည်း ရပ်တည်ခဲ့ဖူး၏။

                                               

ကယ်လိုရီ

ကယ်လိုရီ သည် ဇီဝဗေဒ ပညာရပ်တွင် ရေတစ်ကီလိုဂရမ်အား အပူချိန် ၁၅ ဒီဂရီမှ ၁၆ ဒီဂရီထိ ပူစေနိုင်သည့် အပူအားဖြစ်သည်။ အစားအစာများကို ထုတ်လုပ်ပေးနိုင်သော အပူစွမ်းအား ပမာဏကို တိုင်းထွာသော ဧကမူဖြစ်သည်။ ရူပဗေဒတွင် ရေ တစ်ဂရမ်ကို တစ်ဒီဂရီ အပူချိန်မြင့်အောင် ပြုလုပ်နိုင်သော အပူအား မည်မျှထုတ်လုပ်ပေးနိုင်သည်ကို တွက်ချက်တိုင်းထွာ သတ်မှတ်ထားကြသည်။ ဥပမာ ထမင်းတစ်ဆုပ်သည် ကယ်လိုရီအား ၁၀၄-ထုတ်လုပ်နိုင်၍ နွားနို့ တစ်အောင်စသည် ကယ်လိုရီအား ၂၀-ထုတ်လုပ်နိုင်သည်။

                                               

ကလာပ်စည်း

ကလာပ်စည်း ဆိုသည်မှာ သက်ရှိများ ဖွဲ့စည်းရာတွင် အခြေခံအကျဆုံးနှင့် အသေးဆုံး ယူနစ်တစ်ခုဖြစ်သည်။ ဗက်တီးရီးယားကဲ့သို့သော သက်ရှိများသည် ကလာပ်စည်း တစ်ခုတည်းသာရှိသည့် သက်ရှိများ ဖြစ်ကြပြီး လူသားကဲ့သို့သော အခြား သက်ရှိများမှာ ဗဟုကလာပ်စည်း သက်ရှိများ ဖြစ်ကြသည်။ အကြီးဆုံး ကလာပ်စည်းမှာ မဖောက်ရသေးသည့် ငှက်ကုလားအုတ်ဥ ဖြစ်သည်။ နောက်ဆုံး ဆဲလ်သီအိုရီ မပေါ်ပေါက် သေးမှီကာလ ၁၈၃၅ ခုနှစ်တွင် ချက်ပညာရှင် Jan Evangelista Purkyně က အဏုကြည့်မှန်ပြောင်းဖြင့် အပင်တစ်ရှူးများအား ကြည့်ရှုရာတွင် အဆံသေးလေးများကို တွေ့ရှိခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် ဆဲလ်သီအိုရီကို သိပ္ပံပညာရှင် Matthias Jakob Schleiden နှင့် Theodor Schwann တိ ...

                                               

ဒက်အတလီ

ဇီဝဗေဒ အလိုအားဖြင့် ဒက်အတလီ ဟုခေါ်သည့် ခြေလက်အင်္ဂါ နေရာချထားမှုသည် လက်ဖဝါး၊ ခြေဖဝါးပေါ်ရှိ ခြေလက်အင်္ဂါများ၏ အစဉ်လိုက် စီရီနေရာချထားမှုကို ခေါ်ဆိုပြီး တစ်ခါတရံတွင် တက္ထရွာပေါ့ ခေါ် ခြေလေးချောင်းသတ္တဝါများ၏ တောင်ပံများကို ရည်ညွှန်းရာတွင် အသုံးပြုသည့် ဂရိဘာသာစကား δακτυλος = "finger" မှ ဆင်းသက်လာသည့်အသုံး ဖြစ်သည်။ တစ်ခါတရံတွင် "-dactylia" ဟု ဆုံးသည့်အသုံးပြုမှုများလည်း ရှိသည်။ နာမဝိသေသနများအား အသုံးသတ် "-dactyl" သို့မဟုတ် "-dactylous" ဟူ၍ ရေးသားကြသည်။

                                               

ဂလင်း

ဂလင်းဆိုသည်မှာ ခန္ဓာကိုယ်ကို ပြုပြင်ဆောက်တည်ရာ၌ ၎င်း၊ ကိုယ်တွင်းမှ မလိုအပ်သော အညစ်အကြေးများကို ပြင်ပ သို့ ထုတ်ရာ၌၎င်း အလွန်အသုံးဝင်၍ အကူအညီပေးသောအင်္ဂါ ဖြစ်သည်။ ဂလင်းသည် ခန္ဓာကိုယ်၌ အနှံ့အပြားရှိသည်။ နေရာ ကိုလိုက်၍ ဂလင်းတို့၌ အရွယ်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသည်။ အချို့ဂလင်းတို့သည် ဆန်စေ့နှင့်တူကြ၍၊ အချို့လည်း အိတ် ကလေးများနှင့် တူကြသည်။ အချို့ဂလင်းတို့သည် ခပ်မြောင်း မြောင်း နေကြသည်။ အကျိတ်ကဲ့သို့ ဂလင်းများသည်လည်း ရှိသည်။ အသက်ရှင်နေသရွေ့ကာလပတ်လုံး လူတို့သည် နေ့စဉ်နေ့ တိုင်း ခန္ဓာကိုယ်အတွင်းမှ အရည်များစွာကို ထုတ်လျက်ရှိကြ ၏။ ငိုလိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိအစုံမှ မျက်ရည်များ ကျဆင်းလာသ ...

                                               

ဂေဟဗေဒ

ဂေဟဗေဒ သည် သက်ရှိများ ဖြန့်ကျက်တည်ရှိပုံ၊ ဦးရေနှင့် သက်ရှိ အော်ဂင်နစ်ဆင်များနှင့် သဘာဝဝန်းကျင်အကြား မည်သို့ အပြန်အလှန် သက်ရောက်မှု ရှိသည်ကို လေ့လာသည့် သိပ္ပံပညာတရပ်ဖြစ်သည်။ သက်ရှိ အော်ဂင်နစ်ဆင်၏ ပတ်ဝန်းကျင်တွင် ရုပ်သတ္တိများ ပါဝင်သည်။ ယင်းသတ္တများတွင် အဇီဝအချက်များဖြစ်သည့် နေရောင်ခြည်၊ ရာသီဥတု၊ ဘူမိအနေအထားနှင့် ဇီဝအချက်များဖြစ်သည့် ယင်းသက်ရှိများနှင့်အတူ ကျက်စားနေထိုင်ကြသည့် အခြားသက်ရှိများ ပါဝင်သည်။ "Ecology" ဆိုသည့် ဝေါဟာရကို နှုတ်ပြောစကားအနေဖြင့် social ecology၊ deep ecology စသည်တို့တွင် ထည့်သွင်းသုံးနှုန်းကြသကဲ့သို့ သဘာဝဝန်းကျင် သို့မဟုတ် သဘာဝဝန်းကျင် ထိန်းသိမ်းရေးဝါဒ ဟူသောစကားလုံးများ ...

                                               

ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်

ဇီဝဗေဒ ပညာတွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သို့မဟုတ် အီဗော်လူးရှင်း ဆိုသည်မှာ သက်ရှိအစုအဝေးများတွင် တွေ့ရသော မျိုးရိုးလိုက်သည့် လက္ခဏာရပ်များ အချိန်နှင့် အမျှ ပြောင်းလဲသွားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ မျိုးရိုးလိုက်သည့် လက္ခဏာများတွင် ခန္ဓာဗေဒ ဆိုင်ရာ၊ ဇီဝဓာတုဗေဒဆိုင်ရာ နှင့် အပြုအမူဆိုင်ရာ ဂုဏ်သတ္တိများ ပါဝင်ပြီး ထို လက္ခဏာများသည် မျိုးရိုး တစ်ခုမှ အခြားမျိုးရိုးတစ်ခုသို့ ပြောင်းလဲချိန်တွင် လက်ဆင့်ကမ်း သယ်ဆောင်လေ့ရှိသည်။ ဆင့်ကဲပြောင်းလဲမှုသည် အစုအဖွဲ့အတွင်းတွင် မျိုးရိုးလိုက်သည့် လက္ခဏာများ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် အချိန်တွင် ဖြစ်ပေါ်နိုင်သည်။ ထိုသို့ အပြောင်းအလဲများ ဖြစ်ရသည့် အကြောင်း ...

                                               

ဆင်ဗိုင်အိုစစ်

ဆင်ဗိုင်အိုစစ်ဆိုသည်မှာ သက်ရှိသတ္တဝါနှစ်မျိုးတို့ သဟဇာတဖြစ်ကြသော အခြင်းအရာကို ဆိုလိုသည်။ ဤသို့နှစ်ဦး နှစ်ဝ အတူပေါင်းစပ် နေထိုင်ကြသည့် အတွက် တစ်ဦးကြောင့် တစ်ဦးအပေါ်၌ များသောအားဖြင့် နစ်နာမှုမရှိချေ။ တစ်နေ ရာရာတွင် နစ်နာမှုကို အကျိုးရှိစေမှုက ဖြေဖျောက်ပေးလေ သည်။ ဤသို့ တစ်ဦးနှင့်တစ်ဦး အထောက်အပံ့ပြုသောစနစ်ကို ဆင်ဗိုင်အိုစစ်ဟု ဇီဝဗေဒသဘောဖြင့် ခေါ်ဆိုကြသည်။အပင်တို့တွင် အချင်းချင်း မှီခိုမှုအများအပြား ရှိကြသည်။ သို့သော် အတွေ့အများဆုံးမှာ သစ်ကပ်မှော်ပင်ဖြစ်သည်။ သစ် ကပ်မှော်ပင်သည် ကျောက်တုံး၊ သစ်တုံး၊ သစ်ပင်၊ မြေကြီးတို့ အပေါ်တွင်ပေါက်သည်။ ယင်းသည် အပင်တစ်ပင်တည်း မဟုတ်။ အယ်လဂါရေညှိပင်နှင့် ဖန်းဂပ် ပ ...

                                               

ဆပရိုဖစ်တစ်ဇင်း

အပင်တို့သည် များသောအားဖြင့် ကလိုရိုဖီခေါ် အစိမ်း ဓာတ်ရှိမှ မိမိတို့အလို အလျှောက်အာစာရကို ဖြစ်ထွန်းစေနိုင် သည်။ အရပ်သုံးစကားနှင့်ဆိုသော် မိမိတို့ဖာသာ မိမိတို့ အစာချက်ယူ နိုင်သည်ဟု ဆိုရမည်။ မှိုနှင့်ကျောက်ခက်ပင် တို့၌ ကလိုရိုဖီမရှိ၍ မိမိတို့ဖာသာ အစာမချက် လုပ်နိုင်ကြ ပေ။ ထိုအပင်မျိုးတို့သည် အသက်ရှင်လျက်ရှိသော အပင်နှင့် တိရိစ္ဆာန်များမှ၎င်း၊ အသက်သေပြီး ဖြစ်သော အပင်နှင့် တိရစ္ဆာန်များမှ၎င်း၊ အစာရရှိကြသည်။ သက်ရှိအပင်နှင့် တိရစ္ဆာန်များမှ အစာရရှိသော အပင်မျိုးကို ပါရဆိုက်ဟုခေါ် သည်။ သေပြီးအပင်နှင့် တိရစ္ဆာန်များမှ အစာရရှိသောအပင် မျိုးကို ဆပရိုဖိုက်ဟုခေါ်သည်။ ဆပရိုဖိုက်တို့သည်အင်ဇိုင်းခေါ် ပစ္စည်းမ ...

                                               

ဇီဝဆိုင်ရာ အမျိုးအစား ခွဲခြားခြင်း

ဇီဝဆိုင်ရာ အမျိုးအစား ခွဲခြားခြင်းသို့မဟုတ် ဇီဝဗေဒ ပညာရပ် အတွင်း သိပ္ပံနည်းကျ အမျိုးအစား ခွဲခြင်း သက်ရှိများကို ဇီဝဆိုင်ရာ အမျိုးအစား ပေါ်တွင် မူတည်၍ မျိုးစု သို့ မျိုးစိတ် စသည်ဖြင့် အုပ်စုဖွဲ့ခြင်း အမျိုးအစားခွဲခြားခြင်းတို့ပင် ဖြစ်သည်။ ခေတ်သစ် ဇီဝဗေဒပညာရပ်ဆိုင်ရာ အမျိုးအစားခွဲခြားခြင်းသည် မျိုးစိတ်များကို ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာပေါ်တွင် မူတည်၍ အုပ်စုဖွဲ့ လေ့လာခဲ့သော ကာရိုးလပ်စ် လင်းနေးယပ်စ် ၏ လုပ်ဆောင်ချက်များမှ အစပြုခဲ့သည်။ ထိုသို့သော အုပ်စုများကို ဒါဝင်၏ အမျိုးတူ ဆင်းသက်မှု နိယာမ အပေါ်တွင် မူတည်၍ ပြန်လည်သုံးသပ် ညှိနှိုင်းခွဲခြားခြင်းများကို ပြုလုပ်ခဲ့သည်။ ဒီအန်အေ ကို အချက်အလက် ...

                                               

တစ်ရှူး

တစ်ရှုး ဟူသည်မှာ ဇီဝကမ္မဗေဒအရ တစ်ခု‌သောလုပ်ငန်း ကို အတူတကွ ‌ဆောင်ရွက်လျက်ရှိကြ‌သော ဆဲအဖွဲ့အစည်း ဖြစ်သည်။ ယင်းတို့၏ ဖွဲ့စည်းတည်‌ဆောက်ပုံနှင့် မူလဖြစ်‌ပေါ်လာပုံတို့မှာ တူညီကြသည်။ တစ်ရှူးကို မြန်မာလို အသားမျှင်ဟူ၍လည်း အနက်‌ပေးကြသည်။ တစ်ရှူးကို ‌လေး မျိုးပိုင်းခြားထားသည်။ ပထမအမျိုးမှာ အက်ပီသီလျမ် တစ်ရှူး ‌ခေါ် အဖုံးတစ်ရှူးဖြစ်သည်။ အဖုံးတစ်ရှူးကား ခန္ဓာကိုယ် အ‌ဆောက်အအုံကို ဖုံးကာထား‌သော တစ်ရှူးဖြစ်သည်။ ပုံစံ ပြရလျှင် ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ အ‌ရေပြားသည် အဖုံးတစ်ရှူး ဖြင့်ပြီးသည်။ ဒုတိယအမျိုးမှာ ခန္ဓာကိုယ်၏ ကြွက်သားအဖွဲ့ တွင်ပါဝင်‌သော ရှုံ့နိုင်တစ်ရှူး ဖြစ်သည်။ အမည်နှင့်လိုက်‌အောင် ထိုတစ်ရှူး၌ပါ ...

                                               

ထရိုပီဇင်း

ထရိုပီဇင်း ဆိုသည်မှာ အပင် သို့မဟုတ် တိရစ္ဆာန်တို့၏ ကြီးထွားမှု၌၎င်း အနေအထား၌ ၎င်းဘာသာအလျောက် ပြောင်းလဲသွားစေရန် ပတ်ဝန်းကျင်က ပြုပြင်စေ့ဆော်ပေးခြင်းကို ခေါ်သည်။ ထိုပြုပြင်မှုများကို အပူကဖြစ်စေ၊ မြေဆွဲအားကဖြစ်စေ၊ လျှပ်စစ်ဓာတ်ကဖြစ်စေ၊ အလင်းကဖြစ်စေ၊ ရေကဖြစ်စေ၊ ဓာတ်ပစ္စည်းများကဖြစ်စေ၊ သို့မဟုတ် အခြားအားများကဖြစ်စေ ဖန်တီးပေးသည်။ အပူ၏ပြုပြင်မှုကို သာမိုထရိုပီဇင်းဟု၎င်း၊ မြေဆွဲအား၏ ပြုပြင်မှုကို ဂျီအိုထရိုပီဇင်းဟု၎င်း၊ လျှပ်စစ်ဓာတ်၏ပြုပြင်မှုကို ဂယ်လဗာနို ထရိုပီဇင်းဟု၎င်း၊ အလင်း၏ပြုပြင်မှုကို ဖိုတိုထရိုပီဇင်းဟု၎င်း၊ နေရောင်၏ပြုပြင်မှုကို ဟီလီယို ထရိုပီဇင်းဟူ၍၎င်း၊ ဓာတ်၏ပြုပြင်မှုကို ကင်မိုထရိုပီဇင ...

                                               

ဒီအန်အေ

DNA ဆိုသည်မှာ deoxyribonucleic acid ၏ အတိုကောက် စာလုံးဖြစ်သည်။ ဒီအန်အေသည် သတ္တဝါ၊ အပင်နှင့် ဗက်တီးရီးယားအပါအဝင် သက်ရှိအားလုံး၏ မျိုးဗီဇသင်္ကေတ ပါဝင်သည့် မော်လီကျူးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးများသည် ဒီအန်အေကို အသုံးပြု၍ သက်ရှိများအား ရောဂါကူးစက်စေသည်။ ဒီအန်အေကို သက်ရှိများ၏ ကလာပ်စည်းတိုင်းတွင် တွေ့ရှိရပြီး ယင်းကလာပ်စည်းအား မည်သို့သော ပရိုတိန်းကို ထုတ်လုပ်ရမည်ဟု ညွှန်ကြားသည်။ ကလာပ်စည်း၏ ပရိုတိန်းသည် ယင်းကလာပ်စည်း၏ အစွမ်းသတ္တိကို သတ်မှတ်ပေးသည်။ နောက်မျိုးဆက် ရင်သွေးများသည် ယင်းတို့၏ မိဘများထံမှ ဒီအန်အေကို ဆက်ခံကြသည်။ ထို့ကြောင့် ရင်သွေးများသည် မိဘများနှင့် အသားအရောင်၊ ဆံပင်အရောင်၊ မျက်လုံးအရောင် ...

                                               

နှစ်လုံးသုံး အမည်ပေးစနစ်

နှစ်လုံးသုံး အမည်ပေးစနစ် သည် သက်ရှိမျိုးစုတို့၏ တရားဝင် အမည်ပေးစနစ်ဖြစ်ပြီး၊ အမည်တစ်ခုတွင် နှစ်ပိုင်းပါဝင်သည်။ ပထမပိုင်းသည် မျိုးစု ကို ရည်ညွှန်းပြီး၊ ဒုတိယပိုင်းသည် မျိုးစိတ် ကို ရည်ညွှန်းသည်။ အင်္ဂလိပ်ဘာသာတွင် binominal nomenclature သို့မဟုတ် binary nomenclature ဟုလည်း ခေါ်ကြသေးသည်။ လက်တင်အမည် သို့မဟုတ် သိပ္ပံအမည် ဟုလည်း ရည်ညွှန်းကြသည်။ ဥပမာ၊ ခေတ်လူသားတို့သည် ဟိုမို မျိုးစုဝင် ဖြစ်ပြီး၊ ဆေပီယန်စ် မျိုးစိတ်ဝင် ဖြစ်သည့်အတွက် ဟိုမို ဆေပီယန်စ် ဟု ၎င်းကို အမည်ပေးခြင်း ဖြစ်သည်။ ဒိုင်နိုဆောအမျိုးတစ်ခုဖြစ်သည့် တိုင်ရဲန်နိုဆောရပ်စ် ရက်ခ်စ် သည် လူသိအများဆုံး သိပ္ပံအမည်တစ်ခု ဖြစ်နိုင်သည်။ ဤအမည်ပေးစ ...

                                               

ပရိုတိန်း

ပရိုတိန်း သည် အမီနို အက်စစ် များဖြင့် ဖွဲ့စည်းထားသည့် ဩဂန်းနစ် ဒြပ်ပေါင်း ဖြစ်သည်။ ကြိုးတချောင်းသဖွယ် ချိတ်ဆက်ထားသည့် အမိုင်နို အက်ဆစ်များသည် ရှည်လျားလွန်းသဖြင့် ခွေလိပ်ကာ လုံးထွေးနေသည်။ ပေါ်လီမာအတွင်းရှိ အမိုင်နို အက်ဆစ်များတွင် ကာဗောက်ဆိုင်း အုပ်စုနှင့် အမီနို အုပ်စုများအကြား ပက်တိုက်စည်း များဖြင့် ချိတ်ဆက်ထားသည်။ ပရိုတိန်းတမျိုးအား ဖွဲ့စည်းရာတွင် အမီနို အက်စစ်များအား မည်ကဲ့သို့သော အစီအစဉ်ဖြင့် ချိတ်ဆက်ပေးရမည်ကို မျိုးဗီဇခေါ် ဂျီး များတွင် သုံးလုံးတတွဲ မျိုးဗီဇသင်္ကေတ များဖြင့် သတ်မှတ်ထားသည်။ ပရိုတိန်းဖွဲ့စည်းရာ၌ စံ အမီနို အက်ဆစ် အမျိုး ၂၀ ရှိသည်။ ထိုစံအပြင် အခြားဘေ့စ် အကြွင်းအကျန်များသည ...

                                               

ပရိုတိုဇွန်းကောင်

ပရိုတိုဇွန်းကောင်သည် ဆဲလ်တစ်ခုတည်းရှိသော သတ္တဝါ ဖြစ်၍၊ ပရိုတိုဇိုဝါခေါ် မျိုးပေါင်းစုတွင် ပါဝင်သည်။ ပရိုတို ဇွန်းကောင်တို့သည် ခန္ဓာဖွဲ့စည်းပုံ၌ အရှင်းဆုံး ဖြစ်သည့်အလျောက်၊ တိရစ္ဆာန်လောကတွင် အနိမ့်ဆုံး သတ္တဝါများ ဖြစ်ကြသည်။ ပရိုဇိုဝါဟူသော စကားမှာ ဂရိလူမျိုးတို့၏ စကား ဖြစ်၍ ကနဦးတိရစ္ဆာန်ဟူ၍ အဓိပ္ပါယ် ရရှိသည်။ အခြားတိရစ္ဆာန်တို့ကိုမူ မက်တာဇိုဝါဟု ခေါ်၍၊ ထိုတိရစ္ဆာန် အပေါင်းသည် ဆဲအများဖြင့် ဖွဲ့စည်းလျက် ရှိကြ သည်။ ပရိုတိုဇွန်းကောင်မျိုးပေါင်း ၁၅,ဝဝဝ ခန့်ရှိသည်ဟု ဆို၏။ များသောအားဖြင့် ပရိုတိုဇွန်းကောင်တို့သည် သေးငယ်လွန်း လှ၍၊ ယင်းတို့ကို မိုက္ကရိုစကုပ်ဖြင့် ကြည့်မှသာလျှင် မြင်ရ သည်။ ပရိုတိုဇွန် ...

                                               

ပရိုတိုပလက်ဇမ်

ဇီဝဗေဒတွင် ပရိုတိုပလက်ဇမ်ကို သက်ရှိ၏ အခြေခံပစ္စည်းဟု ဆိုသည်။ ပရိုတို ပလက်ဇမ်ကို အပင်နှင့်တိရစ္ဆာန်တို့တွင် တွေ့ကြရသည်။ အားလုံးသော အပင်နှင့်တိရစ္ဆာန်တို့သည် ဆဲများနှင့် ပြီးလျက်ရှိ၍၊ ထိုဆဲများမှာ အမြှေးဖုံးအုပ်ထားသော သေးငယ်သည့် ပရိုတိုပလက်ဇမ်များ ဖြစ်ကြသည်။ ပရိုတိုပလက်ဇမ်သည် အရောင်မဲ့၍၊ ဂျယ်လီနှင့်တူသော ပစ္စည်းဖြစ်သည်။ အများအားဖြင့် ဆဲတွင် အပိုင်း ၂ ပိုင်း ပါဝင်သည်။ ဆဲ၏ဗဟိုပိုင်း၌ သိပ်သည်းသော ပရိုတိုပလက်ဇမ်ရှိ၍၊ ယင်းကို နျူးကလီးယပ်ဟု ခေါ်သည်။ ထိုနျူကလီးယပ်၏ အပြင်ဖက်၌ရှိသော ပရိုတိုပလက်ဇမ်ကို ဆိုက်တိုပလက်ဇမ်ဟု ခေါ်သည်။ နျူးကလီးယပ်နှင့် ဆိုက်တိုပလက်ဇမ်ထဲတွင် ဓာတ်ပစ္စည်းများ အလွန်ရှုပ်ထွေးလျက် ...

                                               

ပုစဉ်းရင်ကွဲ

ပုစဉ်းရင်ကွဲများသည် သေးငယ်ပြီး အလွန်ဆူညံသော အော်မြည်သံများကို ပေးတတ်သည်။ ၎င်းတို့သည် ထရူးဘက် ဟုခေါ်သည့် အင်းဆက်အမျိုးစားတွင် ပါဝင်သည်။ ဆူညံသော အော်သံမှာ အဖိုကောင်သည် တမ်ဘယ် ဟုခေါ်သည့် တုန်ခါနေသောဘောင်လေးများအား အသုံးပြုပြီး ဆူညံသံပြုလုပ်ကာ အမကောင်ကို ခေါ်ငင်သည်။ အမကောင်သည် ယင်းဆူညံသံကို ကြားနိုင်သော်လည်း မပြုလုပ်နိုင်ချေ။ သို့သော် ယင်းအသံကြားသည်နှင့် အမကောင်လေးသည် အဖိုကောင်အား လိုက်လံ ရှာဖွေမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့နှစ်ဦး မျိုးဆက်ပွားရန်ကြိုပမ်းပြီး အမကောင်သည် ၎င်း၏တောင်ပံကို အသုံးပြုကာ သစ်ပင် အကိုင်းအဆက်များကို လိုင်းတန်း အကြောင်းကလေးများ ပြုလုပ်ပြီး ဥများကို ထိုနေရာတွင် ဥမည်ဖြစ်သည်။ ...

                                               

ဗီဇဗေဒ မိတ်ဆက်

ဗီဇဗေဒ သည် ဂျီး ခေါ် ဗီဇများ မည်သို့လုပ်ဆောင်ကြပုံကို လေ့လာသော ဇီဝဗေဒ ပညာရပ် တစ်ခုဖြစ်သည်။ သက်ရှိများသည် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်နှင့် လက္ခဏာများကို နောက်မျိုးဆက်ထံ ဗီဇများမှတဆင့် လက်ဆင့်ကမ်းပေးလေ့ရှိသည်။ ဥပမာအားဖြင့် သားသမီးများသည် မိဘများထံမှ ဗီဇများကို မျိုးရိုးဆက်ခံခဲ့သောကြောင့် ဆင်တူမှုများရှိသည်။ ဗီဇဗေဒသည် မည်သို့သော လက္ခဏာများကို မျိုးရိုးဆက်ခံ ကြသလဲ၊ မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်သို့ မည်သို့ လက်ဆင့်ကမ်းပေးသလဲ ဆိုသည်ကို လေ့လာခြင်းဖြစ်သည်။ ဗီဇဗေဒတွင် သက်ရှိများ၏ အသွင်သဏ္ဌာန်ကို လက္ခဏာ trait ဟု ခေါ်သည်။ လူတစ်ဦးတစ်ယောက်၏ မျက်လုံး၊ အသားအရေနှင့် ဆံပင်အရောင်၊ အရပ်အမောင်း စသည့် ပြင်ပလက္ခဏာ ...

                                               

ဘိုင်အိုမက်ထရစ်

ဘိုင်အိုမက်ထရစ် ဟူသည်မှာ သိပ္ပံနှင့်နည်းပညာ တစ်ရပ်ပင်ဖြစ်သည်။ ဇီ၀ဗေဒဆိုင်ရာ သတင်းအချက်အလက်များကို တိုင်းတာသရုပ်ခွဲသော သိပ္ပံနည်းပညာဖြစ်သည်။ Biometrics ပညာကို မျက်မှောက်ကာလတွင် တိုးတက်စွာ အသုံးပြုလာကြသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ မှတစ်ဆင့် အစစ်မှန်ဟုတ်မဟုတ်စစ်ဆေးခြင်း ဆောင်ရွက်ရန် Biometrics နည်းပညာကိုအသုံးပြုလာကြသည်။

                                               

မျိုးစိတ်

သတ္တလောကရှိ တိရစ္ဆာန်များအား အမျိုးတူသော အုပ်စုများ ခွဲခြားထားခြင်းကို မျိုးပေါင်း ဟု ခေါ်သည်။ မျိုးရင်း၏အောက်တွင် မျိုးစု Genus ရှိသည်။ မျိုးစု၏အောက်တွင် မျိုးစိတ် Species ရှိသည်။ မျိုးစဉ်၏အောက်တွင် မျိုးရင်း Family ရှိသည်။ မျိုးပေါင်း၏ အောက်တွင် မျိုးစဉ် Order ရှိသည်။

                                               

မျိုးစု

သတ္တလောကရှိ တိရစ္ဆာန်များအား အမျိုးတူသော အုပ်စုများ ခွဲခြားထားခြင်းကို မျိုးပေါင်း ဟု ခေါ်သည်။ မျိုးပေါင်း၏ အောက်တွင် မျိုးစဉ် Order ရှိသည်။ မျိုးရင်း၏အောက်တွင် မျိုးစု Genus ရှိသည်။ မျိုးစဉ်၏အောက်တွင် မျိုးရင်း Family ရှိသည်။

                                               

မျိုးပေါင်းစု

ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် မျိုးပေါင်းစု သည် လောက အဆင့်အောက်ဖြစ်ပြီး၊ မျိုးပေါင်း အဆင့်၏ အပေါ် တွင်ရှိသော အဆင့်တစ်ခု ဖြစ်သည်။ အင်္ဂလိပ်ဘာသာအားဖြင့် ဖိုင်လဲမ် ဟု ခေါ်သည်။ အစဉ်အလာအရ ရုက္ခဗေဒဆိုင်ရာ အသုံးအနှုန်းတွင် ဒဗစ်ရှင်း သို့မဟုတ် မျိုးခွဲ ဟူသော ဝေါဟာရကို ဖိုင်လဲမ် အစားသုံးလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ ရေညှိ၊ မှိုနှင့်အပင်များ အမည်ပေးခြင်း စည်းမျဉ်းတွင်မူ ၎င်းအသုံးအနှုန်းနှစ်ခုကို တူညီသည်ဟု လက်ခံထားသည်။

                                               

မျိုးရင်း

သတ္တလောကရှိ တိရစ္ဆာန်များအား အမျိုးတူသော အုပ်စုများ ခွဲခြားထားခြင်းကို မျိုးပေါင်း ဟု ခေါ်သည်။ မျိုးပေါင်း၏ အောက်တွင် မျိုးစဉ် Order ရှိသည်။ မျိုးစဉ်၏အောက်တွင် မျိုးရင်း Family ရှိသည်။

                                               

မျိုးသုဉ်းခြင်း

ဇီဝဗေဒတွင် မျိုးသုဉ်းခြင်း သည် မျိုးစိတ်တစ်ခု တည်ရှိခြင်းမှ ပြတ်ဆဲသွားခြင်း ဖြစ်သည်။ ၎င်းမျိုးသုဉ်းခြင်း အချိန်ကို များသော်အားဖြင့် နောက်ဆုံး ၎င်းမျိုးစိတ်အကောင် သေသော အခိုက်အဖြစ်ယူကြသည်။ သို့သော် ၎င်းမျိုးဆက်တည်ရေးမှာမှု ၎င်း နောက်ဆုံး ၎င်းမျိုးစိတ်အကောင် မသေမှီကပင် ဆက်လက်ပြန့်ပွားရန် မဖြစ်နိုင်သောကြောင့် မျိုးသုဉ်းခြင်း အခိုက်မှာ ထိုထက်ပင် စောနိုင်သည်။ မျိုးစိတ်တစ်ခု၏ သန်စွမ်းနိုင်မှု အချိန်မှာ အလွန်ပင် ကျယ်ပြန့်သဖြင့် တိုင်းတာရန် ခက်ခဲ့သောကြောင့် ပြီးမှသာ နောက်ပြန် တွက်ချက်ယူရတတ်သည်။ ထိုအခက်အခဲသည် Lazarus taxon ခေါ် မျိုးသုဉ်းပြီးမှ ပြန်လည် ပေါ်ပေါက်လာခြင်း တို့လည်း ရှိသည်။ ဆင့်ကဲပြောင် ...

                                               

ရက်စပီရေးရှင်း

ရက်စပီရေးရှင်းဆိုသည်မှာ လေကို အဆုတ် အတွင်းသို့ သွင်းယူပြီးလျှင် အဆုတ်အတွင်းမှ လေကို အပြင်သို့ ထုတ်ပစ်ခြင်း ဖြစ်သည်။ ရက်စပီရေးရှင်းသည် ခန္ဓာကိုယ်၏ အရေးတကြီး ဆောင်ရွက်ရသော တာဝန်ဖြစ်သည်။ အဆို ပါတာဝန်ကို အသက်ရှင်စေရန် အမြဲမပြတ် ဆောင်ရွက်ရလေသည်။ တိရစ္ဆာန်များသည် ရက်စပီရေးရှင်းကို ပါးဟက်၊ အဆုတ် နှင့် လေပြွန်များဖြင့် ပြုလုပ်ကြသည်။ အချို့ တိရစ္ဆာန်များကမူ ယင်းတို့၏ အရေပြားဖြင့်ပင် ရက်စပီရေးရှင်းကို လုပ်ယူကြ သည်။ ရေနေသတ္တဝါများသည် ပါးဟက်များဖြင့် ရက်စပီရေး ရှင်းကို လုပ်ယူကြ၍ လေထုအတွင်း၌ လွတ်လွတ်လပ်လပ် နေထိုင်ကြသည့် တိရစ္ဆာန်များကမူ ယင်းတို့၏ အဆုတ်များဖြင့် ရက်စပီရေးရှင်းကို လုပ်ယူကြသည်။ သက်ရှိတို့ ...

                                               

ရောဂဗေဒ

ရောဂဗေဒသည် သဘာဝသိပ္ပံပညာမှ ခွဲထွက်သောပညာ ရပ် ဖြစ်သည်။ ဤပညာရပ်သည် လူတိရစ္ဆာန်တို့၌ ဖြစ်တတ် သော ရောဂါဟူသရွေ့ကို ရှာဖွေလေ့လာပြီးလျှင် ရောဂါဖြစ်ပေါ် ခြင်း၏ အကြောင်းရင်းနှင့် မည်ကဲ့သို့ ရောဂါဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းနှင့် မည်ကဲ့သို့ရောဂါ ဖြစ်ပေါ်လာခဲ့သည်ကို သိပ္ပံနည်းနှင့် လေ့လာသော ပညာရပ်လည်း ဖြစ်သည်။ မနုဿရောဂဗေဒသည် လူသားတို့၌ ဖြစ်တတ်သော ရောဂါဟူသရွေ့ကို ကာယဘေဒ၊ ဇီဝကိစ္စဗေဒနှင့် ဇီဝဓာတုဗေဒ တို့အပေါ်တွင် မူတည်၍ ရှာဖွေလေ့လာခြင်းကို ဆိုလိုပေသည်။ လူသားများသည် ယဉ်ကျေးမှုတိုးတက်လာသည့်အချိန်မှစ၍ ရောဂါများ၏ အကြောင်းရင်းကို တဖြည်းဖြည်း စိတ်ပါဝင်စား လာကြသည်။ သို့ရာတွင် ဂရိတို့ ကောင်းစားသောခေတ်၌ ဂရိသမားတ ...

                                               

လိင်

လိင်ဖြင့် မျိုးပွားသော သက်ရှိရုပ်စုတိုင်းတွင် ရုပ်စု တစ်ခု၏ လိင်သည် ဂမိတ် ခေါ် အဖိုမှ ထုတ်သော သုတ်ကောင်၊ အမ မှ ထုတ်သော မျိုးဥ ဖြင့် သက်မှတ်နိုင်သည်။ များသောအားဖြင့် သက်ရှိရုပ်စုတိုင်းသည် အဖို နှင့် အမ ပြင်ပ ပုံပန်းသဏ္ဌာန်ကွာခြားသည်။ ၎င်းပုံပန်းသဏ္ဌာန်ကွာခြား ခြင်းသည် လိင်စိတ် အတွေ့အကြုံ ခြားနားခြင်းကြောင့် မတူညီသော မျိုးပွားမှုကို အားပေးသည်။ ဇီဝဗေဒတွင် လိင်ကိစ္စ သည် ဂျင်း gene အပြောင်းအလည်း ဖြစ်စေပြီး ရရှိလာသော မျိုးဆက်သစ် မှာ အထီး သို့ အမ အဖြစ် သီးသန့် ဖြစ်စေသည်။ လိင်ဖက် မျိုးပွားခြင်း sexual reproduction သည် မိဘ နှစ်ခုတို့၏ အထူးပြုထားသော ဆဲလ်တို့ ဖြင့်ပေါင်းဆက်၍ မျိုးဆက်သစ် ရရှိသည်။ အဖို ...

                                               

လိင်ဖြင့်မျိုးပွားခြင်း

လိင်ဖြင့် မျိုးပွားခြင်း သည် မိဘ နှစ်ပါး တို့၏ ဂျီးများ ကို ပေါင်းစပ်၍ ကွဲပြားသော မျိုးဆက်သစ်များ ဖြစ်ပေါ်သော နည်းဖြစ်သည်။ ဂျီး မျိုးဆက်များ ပျံနှံ့ခြင်းကို ခရိုမိုဇုန်း ရှိ dixoyribonucleic acid များ ပေါင်းစပ်ခြင်းဖြင့် ဆောင်ညှင်းပြီး မျိုးဆက်သစ်တွင် ခရိုမိုဇုန်း နှစ်မျိုး သယ်ဆောင် ပါဝင်သည်။ ခရိုမိုဇုန်း နှစ်ခု ပါဝင်သော အခြေကို diploid ဟုခေါ်ပြီး ခရိုမိုဇုန်း တစ်ခုသာ ပါဝင်သော အခြေကို haploid ဟုခေါ်သည်။ diploid သက်ရှိရုပ်စု သည်လည်း မိရိုးစစ် နည်းဖြင့် ခရိုမိုဇုန်း တစ်ခုကို ကျပန်းခွထုတ်ခြင်းဖြင့် haploid ဆဲလ် အဖြစ် ပြောင်းနိုင်သည်။ မိရိုးစစ် နည်းစဉ်တွင် တူညီသော ခရိုမိုဇုန်း များအားရော၍ အသစ် ...

                                               

သုက်ကောင်

သုတ်ကောင် သည် အဖို မျိုးပွားဆဲလ် ဖြစ်သည်။ Anisogamy နှင့် oogamy ခေါ် လိင်ရှိ မျိုးပွားခြင်းတွင် ဂမိ ခေါ် အမ မျိုးပွားဆဲလ် နှင့် အဖိုမျိုးပွားဆဲလ် သုတ်ကောင်တို့မှာ အရွယ်အားဖြင့် အလွန်ကွာခြားသည်။ လူ၏ သုတ်ကောင်ဆဲလ်မှာ haploid ဖြစ်သောကြောင့် ၎င်း၏ ၂၃ ခုသော chromosome တို့က အမမျိုးဥမှ chromosome ၂၃ ခုနှင့် ပေါင်းကာ diploid ဆဲလ် အဖြစ် ပေါင်းစည်းသည်။. အမြှီးတစ်ခုပါသော သုတ်ကောင် ဆဲလ်သည် ရွေ့လျားနိုင်သောကြောင့် spermatozoon ဟုခေါ်ပြီး မရွေ့လျားနိုင်ပါက spermatium ဟု ခေါ်သည်။ သုတ်ကောင်သည် မပွားနိုင်သလို သက်တမ်း ကန့်သတ်မှုလည်းရှိသည်။ သို့သော် သန္ဓေအောင်ပြီးသောအခါ မျိုးဥဖြစ်လာပြီး သက်ရှိဖြစ်လာနိုင်သည ...

                                               

သေဆုံးခြင်း

သေဆုံးခြင်း ဆိုသည်မှာ သက်ရှိသတ္တဝါတစ်ဦး၏ ဇီဝလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခြင်းကို ခေါ်သည်။ သေဆုံးခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းအရာများမှာ အသက်အရွယ်အိုမင်းလာခြင်း၊ အခြားသတ္တဝါတစ်ကောင်၏ တိုက်ခိုက်၊ စားသောက်ခြင်းကို ခံရခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ရောဂါရခြင်း၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်သည်။ သက်ရှိသတ္တဝါ မှန်သမျှ တစ်နေ့ သေကြရသည်။ သေဆုံးပြီး မကြာမီပင် ခန္ဓာကိုယ်သည် စတင် ပုပ်ဆွေးလေသည်။ သေဆုံးပြီးနောက် ထိုသူအတွက်ရည်စူး၍ တရားများရွတ်ဆိုခြင်း၊ မန်းမှုတ်ခြင်း စသည့် နာရေးပွဲများကို ပြုလုပ်ကြလေသည်။ သေဆုံးပြီးသူ၏ ကျန်ရှိသော ခန္ဓာကိုယ်ကို မြေမြုပ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်း စသည်ဖြင့် စွန့်ပစ် ...

                                               

အက်ရှားရီကီးယား ကိုလိုင်

အက်ရှားရီကီးယား ကိုလိုင် သည် အီး ကိုလိုင် ဆိုသည့် အတိုကောက် အမည်ဖြင့် လူသိများသည့် အချောင်းသဏ္ဌာန်ရှိ ဘက်တီးရီးယားပိုး တစ်မျိုးဖြစ်ပြီး သွေးနွေးသတ္တဝါများ၏ အူလမ်းကြောင်းတွင် အတွေ့များသည်။ အီး ကိုလိုင် အမျိုးအစား အများစုမှာ ဘေးကင်းသော်လည်း အချို့မှာ လူတို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားစေနိုင်သည်။ ဘေးကင်းသော အီး ကိုလိုင်များသည် ပုံမှန် ဘက်တီးရီးယားများ ဖြစ်ပြီး ဗီတာမင် ကေ ၂ ကို စစ်ထုတ်ပေး သောကြောင့် အူလမ်းကြောင်းတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားများ မတွယ်ကပ်စေအောင် ကာကွယ်ပေးသည်။ အီး ကိုလိုင်များ၏ ဗီဇ ဂျီး သည် ပိုမိုရိုးစင်းသည့်အပြင် ကိုင်တွယ်ရ လွယ်ကူသောကြောင့် ဇီဝနည်းပညာနှင့် အဏုဇီဝဗေဒ ပ ...

                                               

အင်န်ဇိုင်း

အင်ဇိုင်း များသည် သက်ရှိများအတွင်း ဇီဝဓာတ်ပြုမှုများ၌ ဓာတ်ပြုနှုန်းကို မြန်စေ နှေးစေသည့် ဓာတ်ကူပစ္စည်းအဖြစ် ဆောင်ရွက်ပေးသော ပရိုတိန်းများ ဖြစ်ကြသည်။ အင်ဇိုင်းများ ဓာတ်ကူပြုပေးသည့် ဓာတ်ပြုမှုဖြစ်စဉ် မူလအစတွင် ပါဝင်သည့် မော်လီကျူးများကို စပ်စထြိတ် ဟုခေါ်ပြီး ဓာတ်ပြုပြီးနောက် ၎င်းစပ်စထြိတ်တို့သည် အခြား မော်လီကျူးများအဖြစ် ပြောင်းလဲသွားသည်။ သက်ရှိ ကလာပ်စည်း များအတွင်း ဓာတ်ပြုဖြစ်စဉ်များအားလုံးနီးပါး ထိုက်လျောက်သည့် နှုန်းထားအတိုင်း ဖြစ်ပွားစေရန် အင်ဇိုင်းများကို လိုအပ်သည်။ အင်ဇိုင်းတစ်မျိုးသည် စပ်စထြိတ်အချို့အတွက်သာ သတ်သတ်မှတ်မှတ် ဓာတ်ကူပေးသောကြောင့် ဆဲလ်များအတွင်း ရှိသည့် အင်ဇိုင်းများကိုမူတည ...

                                               

အစေး

အချို့အချို့သော သစ်ပင်ကြီးငယ်များ၏ အခေါက်ကို ခုတ်ထစ် ပေးလိုက်သည့်အခါ ယင်းတို့မှ စီးယိုထွက်လာသော စေးထန်း ထန်းအရည်ကို ကော်စေး၊ သို့မဟုတ် အစေးဟူ၍ခေါ် ကြသည်။ ထိုအစေးသည် ခြောက်သွေ့သွားသောအခါ ဆတ်၍ရေတွင် ပျော် နိုင်သည်။ အစေးအမျိုးပေါင်း ၁၅ဝ ခန့် ရှိသည်ဟု သိရရာများ သောအားဖြင့် ထိုအစေးများကို မုံ့၊ အရောင်တင်ဆီဆေးဘက်နှင့် အခြားစက်မှုလက်မှု လုပ်ငန်းများတွင် အသုံးပြုကြသည်။ စီးပွားရေးလောကတွင် သစ်စေးများကိုလည်း အစေးဟူ၍ပင် ခေါ်ဝေါ်သုံးစွဲကြသည်။ အမှန်မှာ အစေး ကော်စေးနှင့် သစ်စေးတို့သည် မတူကြချေ။ အစေးကော်စေးအစစ်တို့သည် အနည်းနှင့်အများ ရေတွင်ပျော်ကြ၍ သစ်စေးအစစ်တို့သည် ရေတွင် မပျော်ချေ။ တာပင်တိုင်ဆီပါသောကြော ...

                                               

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့

မေလ ၂၂ ရက်သည် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံကွဲနေ့ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ့နေ့၏ ဦးတည်ချက်မှာ သစ်တောဇီဝ မျိုးစုံမျိုးကွဲများ ဖြစ်ပါသည်။ မျိုးစုံမျိုးကွဲများဘဝ၏ အဆင့်သုံးဆင့်ဖြစ်သော မျိုးရိုး၊ မျိုးစိတ်နှင့် ဂေဟနစ်များကို ဇီဝမျိုးစုံမျိုးကွဲများဟု သတ်မှတ်ထားပါသည်။ သစ်တောများသည် ဇီဝမျိုးကွဲများ ကြွယ်ဝလှပါသည်။ ကုန်းမြေအခြေပုသည့် မျိုးစိတ်များ၏ သုံးပုံနှစ်ပုံသည် သစ်တောများတွင် ရှင်သန်မှုအတွက် မှီခိုကြနေရပါသည်။ အပင်များ၊ တိရစ္ဆာန်များနှင့် မှိုများ၏ မျိုးစိတ် ၁ ဒဿမ ၇၅ သန်းခန့်ကို သိပ္ပံနည်းကျ တွေ့ရှိပြီး ဖြစ်ပါသည်။ မျိုးစိတ် သန်း ၁၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်း ...

                                               

အမီးဗား

အမီးဗားသည် ဆဲတစ်ခုတည်းနှင့်သာ ဖွဲ့စည်းထားသော အလွန် သေးငယ်သည့် သတ္တဝါမျိုး ဖြစ်သည်။ ယင်း၏ ခန္ဓာကိုယ် တည်ဆောက်ထားပုံမှာ ရိုးရိုးနှင့် ရှင်းရှင်းဖြစ်သဖြင့် တိရစ္ဆာန် လောကတွင် အဆင့်အတန်း အနိမ့်ဆုံးနှင့် ရှေးအကျဆုံး သတ္တဝါဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။ သာမန် အမီးဗားများမှာ အလွန်သေးငယ်သောကြောင့် ပကတိ မျက်စိဖြင့် မမြင်နိုင်ဘဲ မိုက္ကရိုစကုပ် ဖြင့် ကြည့်မှသာ မြင်နိုင်သည်။ အရွယ်ပမာဏာမှာ တစ်လက်မ ၏ အပုံတစ်ရာတွင် တစ်ပုံမျှလောက်သာ ရှိသည်။ သို့သော် အကြီးဆုံး အမီးဗားမျိုးကိုမူကား မျက်စိဖြင့် သေချာစွာ ကပ် ကြည့်က သေးငယ်သော အစက်ကလေးများသဖွယ် မြင်ရသည်။ ယင်းတို့သည် ရေကန်များရှိ ရေည|ိထဲတွင်လည်းကောင်း၊ရေ ...

                                               

အရွယ်ရောက်ချိန်

ကလေးများ လူပျိုဘော် အပျိုဘော် ဝင်လာသောအခါ ကလေးဘဝမှ လူကြီးဘဝသို့ ရောက်ရန် ခြေလှမ်းပြင်နေပြီဟု ဆိုအပ်လေသည်။ ဤအရွယ်ရောက်ချိန်ကို အပျိုဖြန်း လူပျိုဖြန်းနှင့် အပျို လူပျိုလုံးဝ ဖြစ်သည့်အချိန်ဟူ၍ နှစ်မျိုးခွဲခြားနိုင်ရာ ပထမအချိန်သည် ယောကျာ်း ကလေးများအဖို့ ဆဲ့သုံးနှစ်မှ ဆဲလေးနှစ်အထိ ဖြစ်၍ မိန်းကလေးများအဖို့ ဆဲ့နှစ်နှစ်မှဆဲ့သုံးနှစ်အထိ ဖြစ်၏။ ဒုတိယအချိန်မှာ ယောကျာ်း ကလေးများအတွက် ဆဲ့ရှစ်နှစ်မှ နှစ်ဆဲ့ငါးနှစ်အထိ ဖြစ်၍ မိန်းကလေးများအတွက် ဆဲ့ခြောက်နှစ်မှ နှစ်ဆယ့် တစ်နှစ်အထိ ဖြစ်လေသည်။ ကလေးများသည် များသောအားဖြင့် လူပျိုဘော် အပျိုဘော် ဝင်စအချိန်၌ သူတို့၏ ကိုယ်လုံးကိုယ်ထည် အရပ်အမောင်း တို့သည် တစ်ရှိန်တည ...

                                               

အလင်းဖြင့် ဖွဲ့စည်းခြင်း

အလင်းဖြင့် ဖွဲ့စည်းခြင်း။ ။ သစ်ရွက်များတွင် အပင်စာဖြစ်သော ကစီချက်လုပ်ရန် ကလိုရိုဖီ၊ နေရောင်ခြည်၊ ကာဗွန်ဒိုင် အောက်ဆိုက်နှင့် ရေတို့ လိုအပ်၏။ အပင်များသည် ရေကို မြေဆီလွှာမှရ၍ ကာဗွန်ဒိုင် အောက်ဆိုက်ကို လေထဲမှ ရကြသည်။ အပင်စာ ပြုလုပ်ရန် ပစ္စည်းကြမ်းများဖြစ်သော ထိုရေနှင့်ကာဗွန်ဒိုင် အောက်ဆိုက်တို့ကို ကလိုရိုဖီနှင့် နေရောင်ခြည်တို့က သစ်ရွက်စိမ်းများတွင် အပင်စာဖြစ်လာအောင် ပြုလုပ်ပေးကြသည်။ ကစီချက်လုပ်သည်ဆိုရာ၌ ဦးစွာ ဖြစ်ပေါ် လာသော ပစ္စည်းမှာ သကြားဖြစ်၍ သကြားအားလုံးလိုလိုပင် ကစီအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ဤကဲ့သို့ သစ်ရွက်စိမ်းများ၌ နေရောင်ခြည် တွင် သကြားချက်လုပ်၍ ကစီအဖြစ် ချက်ချင်း ပြောင်း ...

                                               

အသက်တမ်း

ကမ္ဘာပေါ်တွင် တိရစ္ဆာန်နှင့် အပင်အမျိုးမျိုး ရှိသဖြင့် အသက်တမ်းတူညီသော အမျိုး အနည်းငယ်မျှသာ ရှိခြင်းသည် အံ့ဩဘွယ်ရာ မဟုတ်ချေ။ အရွယ်ရောက်ပြီး မေဖလိုင်းယင်းသည် ယင်းစားသည့် အစာကိုကြေအောင် မချေ နိုင်သဖြင့် နာရီအနည်းငယ်မျှသာ သက်တမ်းရှိလေသည်။ အမေ ရိကန် ပြည်ထောင်စု၊ ပစိဖိတ်ကမ်းခြေတစ်လျှောက်တွင် ပေါက် ရောက်သော ဆီကွိုင်ယာ သစ်ပင်ကြီးသည် နှစ်ပေါင်း လေးထောင်၊ သို့မဟုတ် ထိုထက်မကပင် အသက်ရှည်လေ သည်။ အပင်၊ သို့မဟုတ် တိရစ္ဆာအမျိုးမျိုး၏ အသက်ရှည်မှုသည် ထိုအပင်၊ သို့မဟုတ် ထိုတိရစ္ဆာန်၏ မျိုးရိုး ဇာတိပေါ်တွင် အခြေတည်လေသည်။ ပတ်ဝန်းကျင် အခြေအနေသာ မပြောင်း လဲလျှင် အပင်တစ်မျိုးမျိုး၊ သို့မဟုတ် တိရစ္ဆာန် တစ်မျိုးမျ ...

အဏုဇီဝဗေဒ
                                               

အဏုဇီဝဗေဒ

အဏုဇီဝဗေဒ သည် အဏုကြည့်မှန်ဘီလူးဖြင့်သာ တွေ့နိုင်သော သက်ရှိရုပ်စုများကို လေ့လာသည့် ပညာရပ်ဖြစ်သည်။ အဏုဇီဝဗေဒတွင် ရောဂါပိုးမွှားဗေဒ ၊ မှိုဗေဒ ၊ ကပ်ပါးကောင်ဗေဒ နှင့် ဘက်တီးရီးယားဗေဒ အစရှိသော ဘာသာရပ်ခွဲများစွာ ပါဝင်သည်။

နယ်ပယ် (ဇီဝဗေဒ)
                                               

နယ်ပယ် (ဇီဝဗေဒ)

ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် နယ်ပယ် သည် Carl Woeseနှင့် ပညာရှင်တစ်စုတို့ ဖန်တီးထားသော သုံးနယ်ပယ်ခွဲ မျိုးရိုးခွဲခြင်းစနစ် တွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ဤအဆင့်ကို ဆူပါကင်းဒမ်း ၊ ရဲလ်မ် သို့မဟုတ် အဲမ်ပိုင်ယာ ဟုလည်း ခေါ်ကြသေးသည်။

                                               

၇ ဇွန်

ဇွန်လ၊ ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ ရက်မြောက် ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း ရက် ကျန်သေးသည်။

သက်ရှိရုပ်စု
                                               

သက်ရှိရုပ်စု

ဇီဝဗေဒတွင် သက်ရှိ ရုပ်စု ဆိုသည်မှာ သက်ရှိ အရာကို ခေါ်သည်။ ၎င်းရုပ်စု တို့သည် တစ်နည်းမဟုတ်တစ်နည်းဖြင့် နှိုးဆွမှုကို တန်ပြန်ခြင်း၊ မျိုးဆက်သစ်ခြင်း၊ ကြီးထွားခြင်း နှင့် တစ်ခုတည်းဖြစ်အောင် ထိမ်းသိမ်းခြင်း တို့ရှိသည်။

Uropygial gland
                                               

Uropygial gland

ယူရိုပဂျီရော ဂလန့် ဟုခေါ်သည့် အလှဆီအကျိတ် များကို များသောအားဖြင့် ငှက်ကဲ့သို့သော တိရိစ္ဆာန်များတွင် တွေ့ရသည်။ ယင်းအကျိတ်များသည် ငှက်အများစု၏ ကြီးမားသော လျို့ဝှက်ချက်တစ်ခုဖြစ်ပြီး ၎င်းအကျိတ်မှထွက်သည့် အဆီကို အလှဆီအဖြစ် အမွှေးများအား အလှဆင်ရာတွင် အသုံးပြုသည်။ အလှဆီ၏အဓိက ဒြပ်ပေါင်းများမှာ ဒိုင်အက်စတာ ဖယောင်းဖြစ်ပြီး ယူရိုပဂျီအိုးများဟု ခေါ်သည်။

ကဲရော့တင်း
                                               

ကဲရော့တင်း

မူလက မုံလာဥနီမှ ရရှိသော အနီရောင်၊ အရောင်ပြုပစ္စည်း သုံးမျိုးစုပေါင်းဖြစ်သည်။ မြက်နှင့် သစ်ရွက်များတွင်လည်း ပါရှိကြောင်း တွေ့ရှိကြရသည်။ ကဲရော့တင်း သည် ရှုပ်ထွေးသော ဟိုက်ဒရိုကာဘွန်များ ဖြစ်သည်။ ဗီတာမင်အေ အဟာရ ရရှိစေနိုင်သော အဝါရောင် အသီးအနှံအမြစ်များတွင် ကဲရော့တင်းများ ပါရှိသည်။

ခရိုမိုဆုမ်း
                                               

ခရိုမိုဆုမ်း

အဖို၏ သုတ်ပိုး ဇီဝကလာပ်နှင့် အမမျိုးဥ ဇီဝကလာပ်တို့တွင် တွေ့ရှိရသည့် ထိုအဖို အမတို့မှ မျိုးရိုးဆက်ခံ ပါရှိလာသော ဗီဇပစ္စည်းများ ဖြစ်သည်။ သန္ဓေတည်လျက် ရှိသော သန္ဓေဥ၏ ဇီဝကလာပ်ဆဲလ်များသည် အဆင့်ဆင့် ကွဲပွားသွားရာ ဇီဝကလပ်တိုင်း၌ အမိ၏ ဇီဝပစ္စည်း ၂၃-ခုနှင့် အဖ၏ ဇီဝပစ္စည်း ၂၃-ခု အညီအမျှစီ ပါရှိသည်။ ထိုဗီဇပစ္စည်းခေါ် ကိုယ်ပွားဗီဇများအရ သန္ဓေသား၏ ဖိုမ ကွဲပြားမှုသည်လည်း ဖြစ်လာရလေသည်။ ခရိုမိုဆုမ်းမှာ အဓိကအားဖြင့် ဒီအောက်ဇီရီ ဗိုနျူကလိုက် အက်ဆစ်နှင့် ပရိုတိန်းဓာတ်ပစ္စည်းများ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →