Back

ဘူမိဗေဒ - ဘူမိဗေဒ, ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာ​ဖွေ​ရေး ဦးစီးဌာန, တောင်ငူတက္ကသိုလ်, ဝမ်ကြားပေါင်, သတ္တုတွင်း ဝန်ကြီးဌာန, မြေပုံ, ပဲခူးတက္ကသိုလ်, ကျောက်ပွ ..



                                               

ဘူမိဗေဒ

ဘူမိဗေဒ သည် ကမ္ဘာမြေကြီးရှိ ဓာတ်ဝတ္တု အဆိုင်အခဲနှင့် ၎င်းတို့၏ ပါဝင်မှုများကို လေ့လာသော သိပ္ပံဘာသာရပ် ဖြစ်သည်။ ကျောက်တုံး၊ မြေကြီး၊ ကျောက်မျက် ရတနာတို့ကို လေ့လာသော ဘူမိဗေဒသည် ပါဝင်ပေါင်းစပ်မှု အချိုးအစား၊ ပုံသဏ္ဌာန်၊ ရုပ်သဘော၊ သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအား ပုံထုခဲ့သော ဖြစ်စဉ်များကို လေ့လာသည်။ ဘူမိဗေဒ ပညာရပ်တွင် ကမ္ဘာမြေကြီးတွင် ပါဝင်သည့် ဒြပ်ပစ္စည်းများ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ယင်းတို့၏ ရုပ်သတ္တိ၊ ဒိုင်နမစ် နှင့် သမိုင်းအကြောင်းများ၊ ဖွဲ့တည်ပုံဖြစ်စဉ်၊ ရွေ့လျားပုံနှင့် ပြောင်းလဲပုံများကို လေ့လာကြသည်။ ကမ္ဘာမြေကြီး ကိုလေ့လာသောသိပ္ပံပညာ လည်း ဖြစ်သည်။ ဘူမိဗေဒ ပညာရှင် များက ကမ္ဘာ၏ သက်တမ်းကို န ...

                                               

ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာ​ဖွေ​ရေး ဦးစီးဌာန

ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်သည်။

                                               

တောင်ငူတက္ကသိုလ်

တောင်ငူတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တည်ရှိသည့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ တောင်ငူခရိုင်နှင့် အနီးအနားရှိ ကျောင်းသားကျောင်းသူများအတွက် ဝိဇ္ဇာ၊သိပ္ပံနှင့် ဥပဒေဆိုင်ရာ ဘွဲ့များနှင့် မဟာဘွဲ့သင်တန်းများကို သင်ကြားပေးနေသည်။

                                               

ဝမ်ကြားပေါင်

ဝမ်ကြားပေါင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ဖြစ်သည်။ ဝမ်ကြားပေါင်သည် ၁၉၆၈ ခုနှစ်တွင် ပေကျင်း ဘူမိဗေဒ တက္ကသိုလ် မှ ပါရဂူဘွဲ့ရ ဘူမိဗေဒ ပညာရှင် အင်္ဂျင်နီယာတစ်ဦးဖြစ်သည်။ ဘွဲ့ရပြီးနောက် ကန်းစုပြည်နယ်သို့ သွားရောက်ကာ အလုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပေကျင်းသို့ အလုပ်ပြောင်းခဲ့ပြီး ၁၉၉၃ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီ အထွေထွေ ရုံးခန်း ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြန်သည်။ ၁၉၈၉ ခုနှစ် ထျန်းအန်းမင် အရေးအခင်း ကာလအတွင်း ထိုစဉ်က ပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယံနှင့်အတူ ထျန်းအန်းမင်ရင်ပြင်သို့ သွားရောက်ကာ ဆန္ဒပြ ကျောင်းသား၊ လူထုကို တွေ့ဆုံခဲ့သည်။ ၁၉၉၈ ခုနှစ် ...

                                               

သတ္တုတွင်း ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် သတ္တုတွင်း နှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယခင်သတ္တုတွင်း ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ မြန်မာဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်း ထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်း. အမှတ်၃သတ္တုတွင်း လုပ်ငန်း. အမှတ်၁သတ္တုတွင်း လုပ်ငန်း. သတ္တုတွင်း ဦးစီးဌာန. ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနတို့ဖြစ်သည်။. အမှတ်၂သတ္တုတွင်း လုပ်ငန်း. မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း. မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း.

                                               

မြေပုံ

မြေပုံ ဆိုသည်မှာ ကမ္ဘာမြေ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတခု၏ ဒေသဆိုင်ရာ သွင်ပြင်၊ အခြေအနေများကို သင်္ကေတများဖြင့် အမှန်တကယ် တည်ရှိနေသော အရွယ်အစား နှင့် အကွာအဝေးများအား အချိုးကျစနစ်ပုံ အဖြစ် သရုပ်ပြ ရေးဆွဲ ဖော်ပြထားခြင်းဖြစ်သည်။ မြေပုံများတွင် ဖော်ပြချက်များသည် အမှန်တကယ်တည်ရှိနေသော သွင်ပြင်များ အား သင်္ကေတများဖြင့် ဖော်ပြထားခြင်းကြောင့် ဓာတ်ပုံများကဲ့သို့ ဖော်ပြနိုင်သည်ကား မဟုတ်ပေ။ မြေပုံ များအား ရှေးအခါက ကုန်သွယ်မှုခရီးစဉ်များနှင့် စစ်ပွဲများအတွက်သာ အသုံးပြုခဲ့ကြရာမှ လူမှု၊ စီးပွားရေး၊ ပညာရေး နှင့် သုတေသန နယ်ပယ်များအထိ တိုးချဲ့အသုံးပြုလာခဲ့ကြသည်။ မြေပုံ များအား မြေမျက်နှာသွင်ပြင်ပြ မြေပုံမျာ ...

                                               

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သည် သမ္မတ ဦးထင်ကျော် စတင် တာဝန်ယူချိန်တွင် သတ္တုတွင်း ဝန်ကြီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

                                               

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီး၏ အနောက်ဘက်၊ လှိုင်မြစ်အနောက်ဘက်ကမ်း ထန်းတပင်မြို့နယ် တွင် တည်ရှိသည်။

                                               

ပဲခူးတက္ကသိုလ်

ပဲခူးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ပဲခူးဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အကျယ်အဝန်းမှာ ၇၁၈.၆၅ ဧက ကျယ်ဝန်းသည်။ ပဲခူးမြို့မှ မိုင်ခန့် အကွာတွင် ရှိသည်။

                                               

ရတနာပုံတက္ကသိုလ်

ရတနာပုံတက္ကသိုလ်အား ၂၀၀၀ ခုနှစ်တွင် မန္တလေးမြို့တောင်ပိုင်း အမရပူရမြို့နယ်တွင် ရတနာပုံကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ရတနာပုံတက္ကသိုလ်တွင် မန္တလေးမြို့နှင့် အနီးအနားရှိ မြို့များမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်တက်ရောက်ကြသည်။ ၂၀၀၃ ခုနှစ်တွင် ရတနာပုံကောလိပ်မှ ရတနာပုံတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ရတနာပုံတက္ကသိုလ်၏ ပထမဦးဆုံး ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၄၁၈ ဦးကို သက်ဆိုင်ရာဘွဲ့များ အပ်နှင်းခဲ့သည်။

                                               

ဘူမိရူပဗေဒ

ကမ္ဘာမြေ၏ မူလလျှပ်စစ်ဓာတ်အား ပြောင်းလဲပုံကို လေ့လာခြင်းဖြင့် လည်းကောင်း၊ မြေပေါ်မှ မြေအောက်သို့ လျှပ်စစ်ဓာတ်များ လွှတ်၍ ပြန်လည်ဖမ်းယူကာ လေ့လာခြင်း ဖြင့် လည်းကောင်း ဓာတ်သတ္တုများ ရှိမရှိကို ခန့်မှန်းတွေးဆ နိုင်သည်။ ထို့ကြောင့် နိဂုံးချုပ်အားဖြင့် ဘူမိရူပဗေဒပညာသည် အလွန်ပင် ကျယ်ပြန့်လှသည်။ သိပ္ပံပညာရပ် အနေနှင့်လေ့လာ ရာတွင်လည်း ဘူမိဗေဒနှင့် ရူပဗေဒပညာ နှစ်ခုစလုံး လေ့လာ ရ၍ စိတ်ဝင်စားဖွယ် ကောင်းသည်။ ရေနံ၊ သတ္တုရှာဖွေရာ တွင်လည်း အသုံးဝင်ခြင်းကြောင့် စီးပွားရေးသမားဖြစ်သည့် သတ္တုတွင်း ရေနံတွင်း ရှာဖွေ သူများကို အထောက်အပံ့ အကူအညီ ဖြစ်စေ၍ ပိုမိုစိတ်ဝင်စားဖွယ် ကောင်းပေသည်။

                                               

ကျောက်စိမ်း

ကျောက်စိမ်းဟု ပြောဆိုခေါ်ဝေါ်နေကြသော်လည်း ယေဘုယျအားဖြင့် ဂျေဒိုက် နှင့် နက်ဖရိုက် ဟူ၍ ကျောက်စိမ်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးသည် အမြင်အားဖြင့် ခပ်ဆင်ဆင် တူသော်လည်း စင်စစ်တွင် တစ်ခုနှင့်တစ်ခု လုံးဝ ကွဲပြားခြားနားသည်။ ယင်းကွဲပြားမှုကို ပြင်သစ်လူမျိုး သိပ္ပံပညာရှင် ဒမား ဆိုသူက စနစ်တကျ ခွဲခြားပြသခဲ့၏။ အဆိုပါကျောက်စိမ်းနှစ်မျိုးတွင် ဂျေဒိုက်ကျောက်စိမ်းသည် ပိုမိုကောင်းမွန်လှပပြီး ပိုရှားပါးသည့် အမျိုးအစားဖြစ်သည်။

                                               

ကျောက်မျက် ရတနာ

ကျောက်မျက် ရတနာ တို့ကို ရှေးကမ္ဘာဦး လူသားများ အရိုင်းဘဝမှ အယဉ်ဖြစ်စကတည်းက စတင် သုံးစွဲခဲ့ကြကြောင်းကို လေ့လာတွေ့ရှိရသည်။ သမိုင်းမတိုင်မီက အဓိကအားဖြင့် ပုတီးစေ့များ၊ အရောင်ရှိ ကျောက်များကို မသွေးပဲ မူလပုံအတိုင်း လူ့ခန္ဓာကိုယ်တွင် အလှဆင်ခြင်းဖြင့် သုံးစွဲခဲ့ကြပြီး ယဉ်ကျေးမှု မြင့်မားလာသည့်အလျောက် ဤကျောက်မျက် အလှဆင်သည့် ဖက်တွင်လည်း ပညာရပ်များ တိုးတက်လာခဲ့သည်။ အလှဆင်ရာတွင် အမြတ်တနိုး တန်ဖိုးထားကာ အဓိက သုံးစွဲကြသည်များမှာ ကျောက်မျက်တွင်းထွက်များသာ အများဆုံးဖြစ်သည်။ သို့ဖြစ်လေရာ အဆိုပါ ကျောက်မျက်များမှာ သဘာဝ မိခင်ကမ္ဘာမြေကြီးက လူသားတို့အတွက်ပေးသော လက်ဆောင်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုလျှင် လွန်အံ့မထ ...

                                               

ကြောင်ကျောက်

ကြောင်ကျောက်၏ ဓါတုဖွဲ့စည်းမှုအရ ဩသိုကလေ့စ် ကြွေကျောက် Orthoclase feldspar နှင့် ပလေဂျီအိုကလေ့စ် ကြွေကျောက် Plagioclase feldspar တို့ တစ်လှည့်စီ ပါဝင်ဖွဲ့စည်းထားသည်။ ထို့ကြောင့် ရောင်ပြေးဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်Monoclinic system ဖြစ်ပါသည်။ သိပ်သည်းဆ ၂.၅၆ ရှိကာ မာဆင့် ၆ မှ ၆.၅ ထိရှိသည်။ ဖန်ရောင်လက်ရှိပြီး အလင်းပေါက်Transparent မှ အလင်းမှုန်Translucent ထိရှိပါသည်။ အရောင်မဲ့၊ အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်၊ ခရမ်းပြာရောင်များကို အများအားဖြင့် တွေ့ရှိရသည်။ ထင်ရှားသော ကွဲအင်နှစ်စုံသည် ၉ဝ ံ အနေအထားဖြင့် ဖြတ်သန်း တည်ရှိသည်။

                                               

ကြွေကျောက်

ကြွေကျောက်သည် ပိုတက်စီယံ၊ ဆိုဒီယံ၊ ကယ်လ်စီယံ၊ ဗေရီယံ၊ အလူမီနီယံ များဖြင့် ပေါင်းစပ်ဖွဲ့သည့် ဆီလီကိတ်ဒြပ်ပေါင်းစုကြီး ဖြစ်သည်။ ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်ဖြစ်ပြီး သိပ်သည်းဆ ၂.၅၆ မှ ၂.၇ဝ ထိရှိတတ်သည်။ မာဆင့် ၆ ရှိကာ ရောင်လက်မှာ ဖန်ရောင်လက်မှ ပုလဲရောင်လက်ထိ ရှိတတ်သည်။

                                               

ကမ္ဘာဦး တိရစ္ဆာန်များ

ကျွန်ုပ်တို့ မှီတင်းနေထိုင်သော ကမ္ဘာကြီး၏ သက်တမ်းသည် မည်ရွှေ့မည်မျှ ရှိခဲ့ပြီဟု မည်သူ မျှ မခန့်နိုင်သေးချေ။ သို့ရာတွင် ကမ္ဘာတည်လာသည်မှာ နှစ်ပေါင်း သိန်း၊ သန်းမက ကြာရှည်လာပြီ ဖြစ်ကြောင်းကား ထင်ရှားပေသည်။ ယနေ့အခြေအနေမျိုးသို့ရောက်ရှိအောင် နှစ်ပေါင်းမည်မျှ၊ ခေတ်ပေါင်းမည်မျှ သဘာဝတရားက ဖန်တီး ပြုပြင်ပေးခဲ့ရသည်ကို မှန်းဆ၍သာ ကျေနပ်ရလေသည်။ ယခုခေတ်တွင် တိုးတက်နေသောခေတ်ဖြစ်၍ လူများ သည်လည်း အစစအရာရာတွင် တိုးတက်နေကြသည့်အလျောက် ရှေးက မသိဘူးသောအရာများကို သိရှိနိုင်ကြ၏။ အတတ်ပညာ အမျိုးမျိုးကို သိရှိနိုင်ကြ၏။ အတတ်ပညာ အမျိုးမျိုး ထွန်းကားနေသဖြင့်လည်း အစစအရာရာ၌ လက်တွေ့စုံစမ်း ရှာဖွေကြ၏။ သို့ဖြစ်လေရာ မိမိတို့ ...

                                               

ကျောက်ဂွမ်း

ခရစ္စတယ်ပုံရှိ၍ အမျှင်များပါရှိသော ကျောက်မျိုးကို ကျောက်ဂွမ်းဟု ခေါ်သည်။ ဤကျောက်မျိုးမှ ကျောက်သားများ ကို ဖယ်ရှား၍ အမျှင်များကို ထုတ်ယူပြီးလျှင် သိုးမွှေးကဲ့သို့ ရက်ယူနိုင်သည်။ ကျောက်ဂွမ်းတွင် မီးခံနိုင်သော သတ္တိရှိခြင်း ကြောင့် မီးကာပစ္စည်းများ ပြုလုပ်ရာ၌ဖြစ်စေ၊ မီးခံပစ္စည်းများ ပြုလုပ်ရာ၌ဖြစ်စေ၊ အသုံးပြုသည်။ သိပ္ပံဝေါဟာရအလိုအားဖြင့် ကျောက်ဂွမ်းကို အက်စဗက်စတော့ဟု ခေါ်သည်။ ဤစကားမှာ ဂရိဝေါဟာရဖြစ်၍ မီးမငြိနိုင်ဟု အဓိပ္ပါယ်ရသည်။ ကျောက် ဂွမ်းတွင် မီးခံခြင်းနှင့် သိုးမွှေးကဲ့သို့ ရက်ယူနိုင်ခြင်းဂုဏ်တို့ ရှိကြောင်းကို အလွန်ရှေးကျသော ခေတ်ကပင် လူတို့ သိရှိခဲ့ ကြသည်။ ရှားလမိန်း ဘုရင်ထံ၌ ကျောက်ဂွမ်း ...

                                               

ကျောက်ပွ

ကျောက်ပွသည် သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်မျိုးမဟုတ်၊ သဏ္ဌာန်အားဖြင့် စပန်းရေမြှုပ်၊ ဖန်တုံး အရိုင်းတို့နှင့် ဆင်တူ၍ အဖြူရောင်မှ အညိုရောင်အထိ အရောင်အမျိုးမျိုးဖြင့် တွေ့မြင်ရတတ်သည်။ မီးတောင်ပေါက်ကွဲ ရာတွင် ထွက်လာသော ချော်ရည်တို့မှ အမြှုပ်များသည် ပြင်ပ အအေးဓာတ် နှင့် တွေ့သောအခါ ခရစ္စတယ်များ မဖြစ်မီ လျင်မြန်စွာ ခဲသွားကြသည်။ ထိုချော် မြှုပ်ခဲသည် ကျောက်ပွ ဖြစ်လာသည်။ ကျောက်ပွသည် ပွ၍ ပေါ့ပြီးလျှင် ရေ၌ ပေါလောပေါ် သည်။ အမြှုပ်အဖြစ်မှ ရုတ်ခြည်းခဲရသောကြောင့် မွှေးညှင်း ပေါက်ကဲ့သို့သော အပေါက်ငယ်တို့ဖြင့် ပြည့်လျက်ရှိ၏။ လက်၌ ဆီချေး စသော ချေးများတင်လျှင် ဤကျောက်ပွနှင့် ပွတ်၍ ဆေးကြောကြသည်။ ထိုမျှသာမက၊ ...

                                               

ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ

ကျောက်မျက်ရတနာဟု သတ်မှတ်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များစွာလိုအပ်သည်ဟု ဆိုနိုင်ပါသည်။ ၎င်းတို့မှာ- အက်ရာ Fracture. အပူစီးနိုင်မှု Thermal Conductivity. အလေးချိန် ယူနစ်များ Units of Weight တို့ဖြစ်ကြပါသည်။. ကြံ့ခိုင်ခြင်း Toughness. ကွဲအင် Cleavage. ဓါတုပစ္စည်းများကို ခံနိုင်ရည်ရှိမှု). သိပ်သည်းဆ Specific Gravity. အရောင် Colour. မာခြင်း Hadness.

                                               

ကြေးဝါ

ကြေးဝါသည် ကြေးနီနှင့် သွပ်ကို အချိုးအမျိုးမျိုး ရောစပ် ၍ ရရှိသည့် သတ္တုစပ်ဖြစ်သည်။ မာ၍ တာရှည်အသုံးခံသော သတ္တုဖြစ်၏။ တစ်ခါတစ်ရံ ကြေးဝါကို အဆိုပါသတ္တု နှစ်မျိုး အပြင် ခဲပုပ်နှင့် သံဖြူကဲ့သို့သော သတ္တုမျိုးဖြင့်လည်း ရောစပ် ပေးတတ်ကြသည်။ ကြေးဝါလုပ်နည်းကို ဥရောပတိုက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ခန့်ကပင် သိရှိခဲ့ကြလေသည်။ ထိုခေတ်အခါက လူတို့သည် ဓား၊ ပုဆိန်၊ မြားသွားနှင့် အခြား လက်နက်များကို ကြေးဝါဖြင့် ပြုလုပ်သုံးစွဲကြသည်။ ကြေးဝါကို အလွယ်တကူ ကျိုနိုင်၏။ ပုံသွန်းယူ၍ ရနိုင် သည့်အပြင် အသုံးအဆောင် အမျိုးမျိုးကိုလည်း လွယ်ကူစွာ ပြုလုပ်ယူနိုင်၏။ ရေငွေ့ရှိသော လေထဲတွင် ပစ်ထားသော် လည်း ချေးမတက်ချေ။ ကြေးဝါ ...

                                               

ဂျစ်ပဆမ်

ဂျစ်ပဆမ်။ ။ ဂျစ်ပဆမ်သည် အဖြူရောင် သို့မဟုတ် အဖြူတွင် အဝါ ရောင် အနည်းငယ်သန်းနေသော တွင်းထွက်ပစ္စည်း ဖြစ်သည်။ ဓာတုဗေဒအလိုအရ ဂျစ်ပဆမ်သည် ရေဖြင့် ပေါင်းစပ်ဖွဲစည်း ထားအပ်သော ကယ်လဆီယမ်ဆာလဖိတ် ဖြစ်၏။ ဂျစ်ပဆမ် သည် အဆိုပါဓာတ်ဆား ပျော်ဝင်ရည်များမှ ရေတဖြည်းဖြည်း အခိုးအငွေ့ဖြစ်ကာ လွင့်ပျောက်သွားပြီးနောက် ကျန်ရစ်နေသော ကျောက်ဖြစ်သည်ဟု ယူဆကြသည်။ ဂျစ်ပဆမ်ကျောက်သည် မိုးစကေးအရ မာဆင့် ၂ သာရှိသဖြင့် အလွန်ပျော့သောကြောင့် ယင်းကို လက်သည်းနှင့်ပင် ခြစ်၍ ရသည်။တစ်ခါတစ်ရံ ဂျစ်ပဆမ်ကို ဆယ်လီနိုက်ခေါ် ကြည်လင် သည့် ခရစ္စတယ်ပွင့်များအနေဖြင့် တွေ့ရ၏။ တစ်ခါတစ်ရံ လည်း အယ်လဗတ်စတာကျောက်ဖြူအနေဖြင့် တွေ့ရတတ် သည်။ ဂျစ်ပဆမ်ကို အမှ ...

                                               

စကျင်ကျောက်

ကျွန်ုပ်တို့ ထုံးကျောက်ဟုခေါ်သော ကျောက်နှင့် စကျင် ကျောက်တို့မှာ ဓာတ်သဘောအလိုအားဖြင့် ကယ်လဆီယမ် ကာဗွန်နိတ်များ ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် လူတို့ စတင် မပေါ်ပေါက်မီ နှစ်ပေါင်းသန်းပေါင်းများစွာက ပင်လယ်များတွင် ဖော်ရာမိနစ်ဖာရာခေါ် အလွန်သေးငယ်သော သတ္တဝါတစ်မျိုး ရှိလေသည်။ ဖော်ရာမိနစ်ဖာရာတို့မှာ သတ္တဝါဟု ဆိုရငြား သော်လည်း ဦးခေါင်းသို့မဟုတ် ခြေထောက်ဟူ၍ မပါရှိကြ ချေ။ အလွန်သေးငယ်သော ငထီးများနှင့် ဆင်ဆင် တူ၍ အပြင်ဖက်တွင် အခွံဖြင့် ဖုံးအုပ်လျက်ရှိသည်။ ဤသတ္တဝါ တို့သည် မရေမတွက် နိုင်လောက်အောင် များပြားလှသည့် အုပ်သင်းများဖွဲ့ကာ ပင်လယ်ရေမျက်နှာပြင်နားတွင် ကပ်လျက် နေထိုင်ကြသည်။ သေဆုံးသောအခါ သတ္တဝါတို့၏ အခွံမ ...

                                               

ထုံးကျောက်

ကမ္ဘာ့အပေါ်ယံမြေလွှာတွင် သယံဇာတအဖြစ်ဖြင့် အများအပြားတွေ့ရ၍ အသုံးလည်း အလွန်ဝင်သော ကျောက်တစ်မျိုးသည်ကား ထုံးကျောက်ပင်ဖြစ်လေသည်။ မြန်မာနိုင်ငံတွင် သထုံ၊ ကျိုက္ခမီနှင့် အခြားခရိုင်အချို့တွင် ထုံးကျောက်တောင်များကို တွေ့ရ၏။ အင်္ဂလန်ပြည် ယော့ရှိုင်းယာခရိုင်နှင့် ဒါဗီ ရှိုင်ယာခရိုင်တို့တွင်ရှိသော တောင်တန်းများသည်လည်း အများအားဖြင့် ထုံးကျောက်တောင်များပင် ဖြစ်ကြလေသည်။ ခရု၊ ကမာ၊ သန္တာကောင်မှစ၍ မရေမတွက်နိုင်သော အပေါ်ယံ အခွံမာရှိသည့် ရေသတ္တဝါများ သေကြေပျက်စီးကြသောအခါ ပင်လယ်အောက်တွင် ထိုအခွံများသည် အထပ်ထပ်စုပုံ၍ နေကြသည်။ နှစ်ပရိစ္ဆေဒ အလွန်ကြာလတ်သော် ထိုအထပ် တို့သည် ကြီးမားလာ၍ တထပ်ပေါ်တထပ် ဖိနှိပ်မှုကြော ...

                                               

နဂါးသွဲ့

ရှုပ်ထွေးသော ကယ်လ်စီယမ် ဒြပ်ပေါင်းပုံစံဖြစ်သည်။ ဖလိုရင်း ပါဝင်နေသော ကယ်လ်ဆီယမ် ဖော့စ်ဖိတ် ဒြပ်ပေါင်း Ca 10 PO 4 6 F 2 နှင့် ကလိုရင်း ပါဝင်နေသော ကယ်လ်ဆီယမ် ဖော့စ်ဖိတ် ဒြပ်ပေါင်း Ca 10 PO 4 6 Cl 2 တို့၏ ပုံဆောင်စနစ်မှာ ဆဌဂံစနစ် Haxagonal System ဖြစ်သည်။ သိပ်သည်းဆ ၃.၂ ရှိပြီး မာဆင့် ၅ ရှိပါသည်။ ဖန်ရောင်လက် ဖြစ်ပြီး အလင်းပေါက် Transparent အဖြစ် အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ မရမ်းရောင် စသည်ဖြင့်တွေ့ရှိရပါသည်။ ထူးခြားချက်အနေဖြင့် နဂါးသွဲ့တွင် နှစ်ရောင်ပြောင်းခြင်း Dichrosim ထင်ရှားပြီး အပြာရောင်နဂါးသွဲ့မှာ အပြာရောင်မှ အဝါရောင် သို့ပြောင်းလဲတတ်သည်။.

                                               

နဝရတ် ကိုးပါး

နဝရတ် ကိုးပါး ဆိုသည်မှာ ကျောက်မျက်ရတနာ ကိုးမျိုးကို ခေါ်ဆိုပါသည်။ နဝရတ်ဟူသည် နဝရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ နဝရတ် ကိုးပါးချယ်ထားသော လက်စွပ်ကို နဝရတ်လက်စွပ် ဟုခေါ်သည်။ ကဝိလကဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ နဝရတ်၊ စီခတ်အမွန်းတင် ဟုတွေ့ရသည်။ လူတို့သည် နဝရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိသည်။ ရှေးပဝေသဏီကပင် ကျောက်မျက်များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင် အပါအဝင် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုးအာနိသင်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆကြသည်။ ပတ္တမြား ဘုန်းတောက်၊ မြ ကျောက် အေးချမ်း စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား ...

                                               

မဟူရာကျောက်

မဟူရာသည် ကျစ်လျစ်မာကြောသောကျောက် သလင်းမျိုး ဖြစ်သည်။ ယင်းသည် ကျောက်ခေါင်းများ ထဲရှိ သဲစင်ထပ်များတွင် ဖြစ်ပေါ်လျှက်ရှိသည်။ မဟူရကျောက်သည် သံမဏိထက် အနည်းငယ် မာသော်လည်း သံမဏိထက် ပိုဆတ်သည်။ မဟူရာသည် အရောင်အမျိုးမျိုးတို့ဖြင့် အစင်းများထင်လျက် ရှိသည့်ပြင် သွေးလိုက် သည့်အခါ အလွန်အရောင် တောက်ပြောင်လာနိုင်သည်။ အချို့မဟူရာ ကျောက်များသည် အစင်းများဖြစ်၍ အချို့ကား လုံးချင်း မီးခိုးရောင်၊ အညိုရောင်၊ အဝါရောင်၊ အပြာရောင်၊ သို့ မဟုတ် အမည်းရောင်များ ဖြစ်ကြသည်။ အချို့ မဟူရာ ကျောက်များကို ယင်းတို့တွင် ပေါ်ထွက်နေသော အရောင်ကို လိုက်၍ အမည်အမျိုးမျိုး ပေးကြသည်။ မဟူရာကျောက်များကို များသောအားဖြင့် တောင် အမေရိကတိုက် ...

                                               

မီးခတ်ကျောက်

မီးခတ်ကျောက်သည် ကျောက်သလင်းတစ်မျိုးဖြစ်၍ ဆီလီ ကာ အများဆုံးပါဝင်သော တွင်းထွက်ကျောက်ဖြစ်သည်။ ထို ကျောက်သည် အလွန်မာ၍ ယင်းကို ခွဲစိတ်သောအခါ အလွှာအလွှာ ကွဲထွက်တတ်သည်။ အရောင်မှာ အမည်းမှ အညို၊ အုန်းခွံရောင်၊ အနီ၊ အဝါနှင့် ညိုမွဲရောင်ဟူ၍ အမျိုးမျိုး ရှိသည်။ အချို့မှာ အစက်အပြောက်ကလေးများနှင့် စွန်းထင်လျက် ရှိနေတတ်သည်။ မာသည့်နေရာတွင် မီးခတ်ကျောက်သည် သံမဏိထက်ပင် မာသေးသည်။ ဥတုဖောက်ပြန်မှု မရှိသောအခါ နက်မှောင်မာချော သော အစိုင်အခဲဖြစ်၍ နေတတ်သည်။ သို့သော် အပိုင်းအပြတ်နှင့် အကျိုးအပဲ့များမှာ ဝါဖျော့ဖျော့၊ သို့မဟုတ် ဖြူညိုညိုအကောင်များ ရှိတတ်လေသည်။ မီးခတ်ကျောက်ကို အမေရိကန် ပြည်ထောင်စုတွင် အ မြောက်အမြားတွေ့ ...

                                               

မီးတောင်

မီးတောင်ဆိုသည်မှာ မြေကြီးအောက်မှ ချော်ရည် ထွက်လာတတ်သော တောင်တစ်မျိုး ဖြစ်သည်။ မီးတောင်အများစု၏ ထိပ်ဆုံးတွင် မီးတောင်ပေါက်ဝ ရှိတတ်သည်။ မီးတောင်အတွင်းမှ ထွက်လာသော ပစ္စည်းများတွင် ချော်ရည်များ၊ ရေနွေးငွေ့များ၊ ဆာလ်ဖာလ်ဓာတ်ပေါင်းများ၊ ပြာများနှင့် ကျောက်တုံးအစအနများ ပါဝင်တတ်သည်။ မီးတောင်များကို ကမ္ဘာပေါ်တွင်သာမက အင်္ဂါဂြိုဟ်၏ လတစ်စင်းဖြစ်သော အိုလမ်ပတ်စ်လပေါ်တွင်လည်း တွေ့ရသည်။ ချော်ရည်နှင့် ဖိအားတို့ ပေါင်းစပ်သောအခါတွင် မီးတောင်ထိပ်ဝမှ ပွင့်ထွက်ပြီး မီးတောင်ပေါက်ကွဲခြင်း ဖြစ်ပေါ်သည်။ ကမ္ဘာမြေကြီးအတွင်းမှ အလွန်ပူသော ချော်ရည်ကျောက် ရည်များသည် အင်အားနုသည့် မြေပျော့မှထွက်ပေါက်ရှာ၍ အပြင် သို့ ပန်းထွ ...

                                               

သတ္တုကဲခတ်ခြင်း

သတ္တုကျောက်ရိုင်းနမူနာများ၊ သွန်းထားသည့်သတ္တုတုံးများ၊ သို့မဟုတ် သတ္တုစပ်များတွင် သတ္တုတစ်မျိုးသော်၎င်း၊ တစ်မျိုးထက်ပို၍သော်၎င်း၊ မည်သည့်အချိုးအစားပါဝင်သည်ကို သိရှိရန်အတွက် ဆန်းစစ်ရှာဖွေခြင်းကို သတ္တုကဲခတ်သည်ဟုခေါ်သည်။ သတ္တုကဲခတ်ခြင်းဖြင့် သတ္တုတွင်းပိုင်ရှင် တစ်ဦးသည် သတ္တုတွင်းမတူးမီ အကယ်၍တူးပါက အကျိုးရှိမရှိကို ကောင်းစွာဆုံးဖြတ်နိုင်ပေသည်။ ဒင်္ဂါးသွန်းလုပ်ရာ၌သော်၎င်း၊ လက်ဝတ်လက်စားပြုလုပ်ရာ၌သော်၎င်း၊အသုံးပြုသည့်အဖိုးတန် သတ္တုတုံးများတွင် ရွှေ ငွေ သတ္တုများစစ်မစစ်ကိုလည်း စမ်းသပ်နိုင်ပေသည်။ သတ္တုစပ်များတွင်သတ္တုကဲခတ်သည့်နည်း ဖြင့်မည်သည့်သတ္တုသည် မည်သည့်အချိုးအစားပါဝင်သည်ကို လေ့လာနိုင်သည်။ စ ...

                                               

သတ္တုတွင်းလုပ်ငန်း

သတ္တုတွင်း လုပ်ငန်း ဆိုသည်မှာ အဖိုးတန် သတ္တုများနှင့် အခြားသော ဘူမိဆိုင်ရာ ပစ္စည်းများကို ကမ္ဘာ့မြေမျက်နှာပြင်ရှိ ကျောက်တုံးများ၊ သတ္တုကြောများနှင့် ကျောက်မီးသွေးကြောများမှ တူးဖော်ရယူသည့် လုပ်ငန်းဖြစ်သည်။ သတ္တုတွင်း လုပ်ငန်းဖြင့် အခြေခံသတ္တုများ၊ အဖိုးတန်သတ္တုများ၊ သံ၊ ယူရေနီယမ်၊ ကျောက်မီးသွေး၊ စိန်၊ ထုံးကျောက်၊ ကျောက်ဆား နှင့် ပြာဆား အစရှိသည်တို့ကို တူးဖော်ရယူကြသည်။ စိုက်ပျိုးမွေးမြူ၍ မရနိုင်သော သို့မဟုတ် ဓာတ်ခွဲခန်းအတွင်း ဖန်တီးယူ၍ မရနိုင်သော ပစ္စည်းများကို သတ္တုတူးဖော်ခြင်းဖြင့် ရယူကြသည်။

                                               

သတ္တုနှင့်သတ္တုလုပ်ငန်း

သတ္တုကိုအဓိပ္ပါယ်တိကျစွာဖေါ်ပြရန်ခဲယဉ်းသည်။ သို့သော်သတ္တုဟုခေါ် သောဒြဗ်စင်များတွင် အပူနှင့် လျှပ်စစ်ဓာတ်လိုက်လွယ်ခြင်း၊ မာကျောခြင်း၊ ထူပိန်းခြင်း၊ အလင်းပြန်လည်ရိုက် ဟတ်နိုင်ခြင်း၊ အပြားရိုက်ခတ်နိုင်ခြင်း၊ နန်းဆွဲခံနိုင်ခြင်း၊ အလေးချိန်စီးခြင်း၊ ပစ္စည်းသန့်သန့်ဖြစ်မူ သလင်းပွင့်အနေဖြင့်တွေ့ရခြင်း၊ သာမန်အပူချိန်တွင် အစိုင်အခဲအဖြစ်၌တည်ရှိခြင်း စသည့် ဂုဏ်သတ္တိများရှိကြောင်း တွေ့ရသည်။ သတ္တုတို့၏အခြားထူးခြားသောဂုဏ်တစ်ရပ်မှာ တစ်မျိုးနှင့် တစ်မျိုးရောစပ်၍ မရေမတွက်နိုင်အောင် များပြားလှသော သတ္တုစပ်များကိုဖြစ်စေနိုင်ခြင်းပင်ဖြစ်၏။ ကမ္ဘာပေါ်တွင်တွေ့ရှိရသော ဒြဗ်စင် ၉ရ ခုအနက် ၅ရ ရာခိုင်နှုန်းခန့်သာ သတ္တု ...

                                               

သတ္တုဗေဒ

သတ္တုဗေဒ သတ္တုဗေဒဘာသာရပ်သည် Materials ဆိုသည့် အများစုများအားဖြင့် အင်ဂျင်နီယာသုံး သတ္တုများကို ထုတ်လုပ်သန့်စင် ဓာတ်ခွဲ ပြုပြင်ပေးသည့် အကြောင်းဖြစ်သည်။ ဆိုလိုသည်မှာ မြေကြီးထဲမှ mining သမားတူးထုတ်ပေးပြီဆိုလျှင် ကုန်ကြမ်းအဆင့်ထိ အဆင့်ဆင့်ရအောင်လုပ်ပေးသော အပိုင်းဖြစ်ပါသည်။

                                               

သတ္တုမီးတိုက်ဆက်ခြင်း

သတ္တုမီးတိုက်ဆက်ခြင်း ဆိုသည်မှာသတ္တုများကို အရည်ပျော် လာသည် အထိအပူတိုက်ပေးပြီးနောက် ဖိအားဖြင့်ဆက်ခြင်းကိုဆိုသည်။ သို့ဖြင့်မျိုးတူသတ္တုများကိုတစ်သားတည်းဖြစ်သွားအောင် ဆက်ပေးနိုင်သည်။ ရှေးအခါကသတ္တုမီးတိုက်ဆက်ခြင်းကိုလူတို့သည် အကျိုးရှိရှိနှင့်အသုံးပြုရမှန်းမသိခဲ့ကြပေ။ ပထမကမ္ဘာစစ် ဖြစ်လာချိန်တွင် သတ္တုထည်များကို မြန်နိုင်သမျှမြန်အောင်ပြုလုပ်ရန်လိုအပ်လာသည့်အခါကျမှ ဤနည်းသည်အရေးတကြီးခေတ်စားခဲ့သည်။ သို့သော်ထိုအချိန်က ပစ္စည်းအသေးအဖွဲပြုလုပ်သည့်လုပ်ငန်း များတွင်သာအသုံးပြုခဲ့ကြသေး၏။ ၁၉၄ဝ ပြည့်နှစ်ကျော်လွန်လာမှ ဤနည်းကိုမီးရထား၊ သင်္ဘော အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းမှစ၍ မရေတွက်နိုင်အောင်များပြားသည့်လု ...

                                               

သန္တာ

သန္တာသည် ဇီဝမူလ ကျောက်မျက်အမျိုးအစားဖြစ်ပြီး မြန်မာတို့၏ နဝရတ် ကိုးပါး စာရင်းဝင်ကျောက်မျိုးဖြစ်သည်။ အနောက်တိုင်းတွင်မူ လူနေအိမ်များ၊ ဧည့်ခန်းများတွင် အလှဆင်ပစ္စည်းအနေဖြင့်လည်း အသုံးပြုတတ်ကြပါသည်။ တွင်းထွက်ကျောက်မျက်မဟုတ်၍ ပုံဆောင်စနစ်မရှိပေ။ ဓါတုဖွဲ့စည်းမှုမှာ ဟိုက်ဒရိုကာဘွတ် ဒြပ်ပေါင်းဖြစ်သည်။ သိပ်သည်းဆ ၂.၇ဝ ရှိပြီး မာဖြင့်မှာ ၄ အောက်သာရှိသည်။ ဆီရောင်လက်ဖြစ်သော်လည်း အရောင်တင်ရာတွင် အကောင်းဆုံးအနေအထားကို မရနိုင်ပေ။ သန္တာသည် မာကြောမှုအား မကြီးသော်လည်း ပျင်းတွဲမှုအားကောင်းသည်။

                                               

အနည်ကျကျောက်

အနည်ကျကျောက် ဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် သို့မဟုတ် ရေထုထဲတွင် အရာဝတ္ထုပစ္စည်းများ အနည်ကျရာမှ ဖြစ်ပေါ်လာသော ကျောက်အမျိုးအစား ဖြစ်သည်။ အနည်ကျခြင်း ဆိုသည်မှာ ပျော်ရည်တစ်ခုအတွင်းမှ အော်ဂင်းနစ် ဒြပ်ပေါင်းများနှင့် သတ္တုဓာတ်များ အစိုင်အခဲအဖြစ် ပြောင်းလဲသွားခြင်းကို ဆိုလိုခြင်းပင် ဖြစ်သည်။ အနည်ကျခြင်းတွင် ပါဝင်သော အနည်များသည် မူလနေရာတွင် ရာသီဥတု နှင့် ရေတိုက်စားခြင်းကြောင့် ပေါ်ပေါက်လာပြီး ၎င်းတို့ကို ရေ ၊ လေ၊ အစုလိုက်အပြုံလိုက် ရွေ့လျားခြင်းနှင့် ရေခဲမြစ်များတို့ကြောင့် အနည်ကျရာ နေရာသို့ ရောက်ရှိလာကြသည်။ ကမ္ဘာ့မြေလွှာပေါ်တွင် အနည်ကျကျောက်များကို နေရာ အနှံ့အပြားတွေ့ရသော်လည်း ကမ္ဘာ့မြေလ ...

                                               

အသွင်ပြောင်းကျောက်

အသွင်ပြောင်းကျောက်ဆိုသည်မှာ လက်ရှိကျောက်အမျိုးအစားများ အသွင်ပြောင်းခြင်းမှ ဖြစ်ပေါ်လာသော ကျောက်ဖြစ်သည်။ လက်ရှိ ကျောက်အမျိုးအစား များသည် အပူချိန်နှင့် ဖိအား တို့ကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်ခြင်းပင် ဖြစ်သည်။ အသွင်ပြောင်းသော ကျောက်မျိုးမှာ မီးသင့်ကျောက်၊ အနည်ကျကျောက် သို့မဟုတ် အလွန်အိုမင်းနေသော အသွင်ပြောင်းကျောက်တို့ ဖြစ်နိုင်သည်။ ကမ္ဘာ့မြေလွှာတွင် အသွင်ပြောင်းကျောက်များကို အများဆုံးတွေ့ရပြီး အသွင်အပြင်နှင့် ဓာတ်နှင့် သတ္တုပါဝင်မှုတို့အပေါ်မူတည်၍ အမျိုးမျိုး အစားစား ခွဲခြားနိုင်သည်။ ကမ္ဘာ့မြေလွှာ၏ အောက် နက်ရှိုင်းသော နေရာတွင် ရှိနေခြင် ...

                                               

ဥဿဖယား

ဥဿဖယား ထပ်တရာသည် မြန်မာတို့အတွက် နဝရတ်ကိုးပါး စာရင်းဝင်ကျောက်ဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ပြီး အလူမီနီယံ ဓာတ်စင်ရောနှောပါဝင်သည်။ Al2 ။ ပုံဆောင်စနစ်မှာ ရွမ်းဘတ်စနစ်ဖြစ်ပြီး မာဆင့် ၈ ရှိသည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်၍ သိပ်သည်းဆ ၃.၅၃ မှ ၃.၅၆ ထိရှိပါသည်။ အရောင်ကွဲမြောက်များစွာရှိတတ်ပါသည်။

                                     

ဘူမိဗေဒ

  • ဘ မ ဗ ဒ Geology, from Greek: γη, gê, earth and λόγος, logos, speech lit. မ က အက င ပ ခ င သည ကမ ဘ မ က ရ ဓ တ ဝတ တ အဆ င အခ န င
  • ဘ မ ဗ ဒ လ လ ရ န င ဓ တ သတ တ ရ ဖ ရ ဦ စ ဌ န အင ဂလ ပ Department of Geological Survey and Mineral Exploration သည သယ ဇ တန င သဘ ဝပတ ဝန က င ထ န သ မ ရ
  • ရ ပဗ ဒဌ န ဓ တ ဗ ဒဌ န သတ တဗ ဒဌ န ရ က ခဗ ဒဌ န ဥပဒ ပည ဌ န အင ဂလ ပ စ ဌ န မ န မ စ ဌ န သမ င ဌ န ဒဿန ကဗ ဒဌ န စ တ ပည ဌ န ပထဝ ဝင ဌ န အရ တ င ပည ဌ န ဘ မ ဗ ဒ ဌ န
  • ဝမ က ပ င သည ခ န စ တ င ပ က င ဘ မ ဗ ဒ တက ကသ လ ယန တရ တ ဘ မ ဗ ဒ တက ကသ လ မ ပ ရဂ ဘ ရ ဘ မ ဗ ဒ ပည ရ င အင ဂ င န ယ တစ ဦ ဖ စ သည ဘ ရပ န က
  • ရ င ဝယ ရ လ ပ ငန မ န မ ဆ န င အဏ ဏဝ ဓ တ ဗ ဒပစ စည ထ တ လ ပ ရ င ဝယ ရ လ ပ ငန ဘ မ ဗ ဒ လ လ ရ န င ဓ တ သတ တ ရ ဖ ရ ဦ စ ဌ နတ ဖ စ သည
  • ဓ တ ဗ ဒ - ဒ ပ - ဒ ပ စင - ဒ ပ ပ င - ဓ တ ရ ပဗ ဒ - အဏ မ - အဟ န - ဘ မ ဗ ဒ - ကမ ဘ - မ - ရ
  • န င လမ ပမ ဆက သ ယ ရ ပ မ ပ မ စသည ဖ င မ ပ မ က ပထဝ ဝင န င ဘ မ ဗ ဒ နယ ပယ မ သည စ ပ ရ လ မ ရ န င င ရ မ အစ ဆ သ ပ ပ ပည ရပ မ အထ အက င အရ
  • မ တ င ဦ စ ဌ န မ န မ သစ လ ပ ငန သတ တ တ င ဦ စ ဌ န ဘ မ ဗ ဒ လ လ ရ န င ဓ တ သတ တ ရ ဖ ရ ဦ စ ဌ န အမ တ သတ တ တ င လ ပ ငန
  • ဌ န သမ င ဌ န သင ခ ဌ န သတ တဗ ဒ ဌ န ရ က ခဗ ဒ ဌ န က န ထ တ ဓ တ ဗ ဒ ဌ န ဘ မ ဗ ဒ ဌ န ဒဿန က ဌ န အရ တ င ပည ဌ န ဓ တ ဗ ဒ ဌ န ရ ပဗ ဒ ဌ န ဥပဒ ဌ န စ မ ရ ဌ န ခ
  • စ တ ပည အရ တ င ပည ဓ တ ဗ ဒ ရ ပ ဗ ဒ သင ခ သတ တဗ ဒ ရ က ခဗ ဒန င ဘ မ ဗ ဒ စသည ဘ သ ရပ မ က သင က ပ ခ ပ သည - ပည သင န စ တ င န သင တန သ
                                     
  • က န ထ တ ဓ တ ဗ ဒ ရ ပဗ ဒ န ကလ ယရ ပဗ ဒ ရ က ခဗ ဒ အဏ ဇ ဝဗ ဒ သတ တဗ ဒ ဘ မ ဗ ဒ မန ဿဗ ဒဘ သ ရပ တ က တက ရ က လ လ သင ယ န င သည ရတန ပ တက ကသ လ တ င
  • က န ပ တ န ထ င သ ကမ ဘ မ က အက င က လ လ သ သ ပ ပ ပည ဖ စ သည ဤပည သည ဘ မ ဗ ဒ န င ရ ပဗ ဒပည န စ ရပ ပ င စပ ပ ထ က သ ပည ဖ စ အထက ပ သ ပ ပ ပည
  • စသည တ ပ ဝင သည ထ က င အဏ ဏဝ ဗ ဒ ပည ရ င တစ ဦ သည ဇ ဝဗ ဒ ဓ တ ဗ ဒ ဘ မ ဗ ဒ ရ ပဗ ဒ ပထဝ စသည ဘ သ ရပ မ မ လ လ ဆည ပ ရ စည စနစ မ က ပ န လည သဘ ပ က ရန
  • ရ က ခဗ ဒ သတ တဗ ဒ အ ယ ဗ ဗ ဒ ခန ဓ ဗ ဒ ရ ဂ ဗ ဒ က မ လဗ ဒ ဓ တ ဗ ဒ ဇ ဝဓ တ ရ ပဗ ဒ ဘ မ ဗ ဒ နက ခတ တဗ ဒ သတ တ ဗ ဒ ဇလဗ ဒ အဏ ဏဝ ဗ ဒ အက တမ န ထရ န ပရ တ န အ လက ထရ န
  • က ပ င ခ ပ ခ န စ တ င စတန ဖ ဒ တက ကသ လ မ ဘ မ ဗ ဒ ဘ သ ရပ ဖ င ဘ ရရ ခ သည ထ န က အမ ရ ကန ဘ မ ဗ ဒ အသင တ င ခဏဝင ရ က လ ပ က င ခ ပ ဩစတ လ အ ရ န င
  • တ စ ရသည က က စ မ င န စ သက ခ သည ဒ သက လ ပ န စ န စ တက အပ တ င တတ ယန စ ဘ မ ဗ ဒ တက ရန ခ န စ ရန က န တက ကသ လ သ ရ က လ သည သ ပ ပ ကန တင ရ က ဖ ထ င
  • ခ န စ တ င အခ ခ ပည အထက တန အ င မ င ခ ပ ရန က န တက ကသ လ မ ဘ မ ဗ ဒ ဘ သ ရပ ဖ င သ ပ ပ ဘ ရရ ခ သည ယခ အခ တ င ခင ပ န ဖ စ သ က က ဝဏ ဏန င
  • အရ တ င ပည ဌ န ဓ တ ဗ ဒဌ န ရ ပဗ ဒဌ န သင ခ ဌ န သတ တ ဗ ဒဌ န ရ က ခဗ ဒဌ န ဘ မ ဗ ဒ ဌ န ဦ စ အ င က င အ ပ က - - မ - - ဦ စ အ င က င အ ပ က
  • ခ န စ တ င ဘ မ ဗ ဒ ဘ သ ရပ ဖ င သ ပ ပ ဘ ရရ ခ သည ခ န စ မ ခ န စ အထ မ န မ ရ န က ပ ရ ရ င တ င ဘ မ ဗ ဒ ပည ရ င အဖ စ လ ပ က င ခ သည
  • သက ရ က င က န မ ဖ စ သ ရ စ ဓ တ သတ တ တစ မ သ တစ ခ ထက မကပ ဝင န င သည ဘ မ ဗ ဒ ရ စ န န တင မ မ သည အမ အ ဖ င phyllosilicate ဓ တ သတ တ မ ဖ င ဖ စည ထ ပ
  • ခ န စ အ က တ ဘ ရက သည ကန ဒ ပ ည ပရ က န ထ င သ အတ င ပင ခ ဘ မ ဗ ဒ ပည ရ င ဖ စ သည သ သည ယ င ဟ မ စ ဘ စဝ ရ သ က န င မဟ ဒ ဝ က င ယ တ
                                     
  • ဖ စ စဉ မ န င ပတ သက သ တ ဗဟ သ တက အသ ပ က သည ကမ ဘ မ သ ပ ပ တ င ဘ မ ဗ ဒ လ လ ခ င လ တ ဖ န င ကမ ဘ အတ င ပ င က မ သ ဖ စည ပ အပ င လ ထ
  • ပရ င မ တ Primates သည ဘ မ ဗ ဒ ရ ဟ င သ တ သနန င မန ဿဗ ဒအပ အဝင ပည ရပ နယ ပယ မ မ ပည ရ င မ န င သ တ သ မ စ တ ဝင စ သည က ရ ရ
  • ဘ မ ဗ ဒ တ င က က က အမ ခ ခ ထ ပ မ မ သင က က ခ အပ က င ဖ စ သ က က အနည က က က ခ ရ စ တ င အနည အန စ ထ င ဖ စ လ သ က က န င
  • ဆ သည ဂ မ တ တက ဂ မ တ ဟ ခ သည အင ဂလ ပ ဘ သ အ ဖ င ဂ နက ဟ ခ ဘ မ ဗ ဒ အမည မ ပ င ရ ပ ဖ စ သည အဆင မ မ အန ရင ဟ ဆ သည ယင က မ န မ န င င
  • စ ပ ဗ မ န စ ပ ဆ ရ ဦ က ထ န ယ ဆရ တ အရ င သ ရ န ဒ ဘ ဝ သ လက ပ ရ ဒ က တ တင သ န ဘ မ ဗ ဒ သန ခ င စ ရင အစ ရင ခ စ ခ န စ လ ဦ ရ န င အ မ ထ င စ သန ခ င စ ရင
  • တ ဖ စ သည သ ပ ပ ဘ သ ရပ မ မ ဓ တ ဗ ဒ ရ ပဗ ဒ သင ခ သတ တဗ ဒ ရ က ခဗ ဒ ဘ မ ဗ ဒ က န ထ တ ဓ တ ဗ ဒ ဇ ဝဓ တ ဗ ဒ မ လ ဝသဗ ဒ ဇလဗ ဒ က န ပ တ သ ပ ပ အဏ ဇ ဝဗ ဒ
  • ရည ရ ယ ရ သ ထ တ ဝ ခ သည ထ အပ င ပထဝ သမ င မန ဿဗ ဒ ရ ပဗ ဒ ဓ တ ဗ ဒ ဘ မ ဗ ဒ ရ က ခဗ ဒ သတ တဗ ဒ ဇ ဝဗ ဒ ဝ ဏ ဇ ဇဗ ဒ ဘ ဂဗ ဒ သင ခ န င င ရ သ ပ ပ
  • အထက တန က င တ တ င ပည သင က ခ သည ရန က န ဝ ဇ ဇ န င သ ပ ပ တက ကသ လ မ ဘ မ ဗ ဒ ဘ သ ရပ ဖ င သ ပ ပ ဘ န င H.G.P., R.L တ က ရရ ခ သည ဧရ ဝတ တ င ဒ သက
  • စ တ တ ဖ စ သ ရ မ ဓ စ တ တ က ဖ မ န င သည ဟင သ က န သည ဘ မ ဗ ဒ ပည ရ င ဒ က တ ည ည အဆ အရ လ န ခ သ န စ ပ င သန ခန ကပင
                                               

ကျောက်ကတ္တရာ

ကျောက်ကတ္တရာ ဆိုသည်မှာ ကျောက် ရော၍နေသော ကတ္တရာမျိုး ဖြစ်သည်။ ကျောက်ကတ္တရာတွင် သဲကျောက်နှင့် ထုံးကျောက်တို့သည် သဘာဝအလျောက် ကတ္တရာနှင့် မြဲမြံစွာ ရောနေကြ၏။ တစ်ခါတစ်ရံ ကျောက်ကတ္တရာကို ဗစ်တျူမီနပ် ကျောက် ဟူ၍လည်း ခေါ်လေ့ ရှိ၏။ ကျောက်ကတ္တရာသည် ရိုးရိုးကတ္တရာကဲ့သို့ပင် လမ်းခင်းရန်အတွက် အသုံးဝင်၏။ ကျောက်ကတ္တရာကို ကမ္ဘာအနှံ့အပြား၌ ရရှိ၏။ အများဆုံးရနိုင်သော ဒေသများမှာ အမေရိကန်ပြည်ထောင်စု၊ စစ္စလီကျွန်း၊ အယ်လဆက်နယ်၊ အီတလီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံတို့ ဖြစ်ကြသည်။

ကျောက်ဖြစ်ရုပ်ကြွင်း
                                               

ကျောက်ဖြစ်ရုပ်ကြွင်း

ကျောက်ဖြစ်ရုပ်ကြွင်းသည် တိရစ္ဆာန်များ ၊ အပင်များ နှင့် အခြား သက်ရှိသက်မဲ့ အရာဝတ္တုများ သေဆုံးပြီးနောက် အပူချိန်နှင့် ဖိအားကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း ပုံစံ ပျက်ယွင်းမသွားပဲ နဂိုမူလ ပုံစံအတိုင်း ကျောက်ဖြစ်နေသည့် ရုပ်ကြွင်းများ ဖြစ်ကြသည်။ ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ရုပ်ကြွင်းများ၏ အရေးပါပုံကို သိလာကြ၍ သီးခြားပညာတစ်ရပ်အဖြစ် လေ့လာသင်ကြား ကြလေသည်။

သတ္တုကျောက်ရိုင်း
                                               

သတ္တုကျောက်ရိုင်း

သတ္တုကျောက်ရိုင်းဆိုသည်မှာ ကျောက်အမျိုးအစားဖြစ်ပြီး ၎င်းကျောက်များအတွင်း သံ၊သတ္တု၊ ရွှေ၊ ကြေးအစရှိသော သဘာဝသယံဇာတများပါဝင်သည်။ ၎င်းကျောက်ရိုင်းများကို မိုင်းတွင်းများမှ ထုတ်ယူရရှိသည်။

Users also searched:

ဘူမိဗေဒ,

...
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →